
Ep 95+96
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
95+96
ဘာသာပြန်သူ-သကြားလုံး
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၉၅)
သံမဏိတပ် ဖွဲ့စည်းခြင်း(၂)
အုပ်ချုပ်သူ အကြီးကဲအဖြစ်ရွေးချယ်ခြင်းမှာ ဒုတိယဦးလေး ထက်ပိုပြီးတော့ သင့်လျော်တဲ့လူဆိုတာ မရှိဘူး။ အဘိုးက အသက်ရွယ် ကြီးရင့်နေပြီး ထိုကိစ္စလေးနဲ့တော့ အဘိုးကို ဒုက္ခ မပေးချင်ဘူး။ စဉ်းစားကြည့်မယ်ဆိုရင် ဦးလေးက အခုချိန်မှာ စိတ်ဓာတ်ကျဆင်းနေတာ စစ်တပ်ကို ဦးဆောင်ခွင့် ပေးလိုက်ရင်တော့ဦးလေးမှာ ယုံကြည်ချက်တွေရှိလာနိုင်တယ်။ ယုံကြည်ချက်ကို မြှင့်တင်ပေးရာလည်း ရောက်မယ်။
“ကျန်ရှိတဲ့ လူတွေ အတွက်တော့….”
ယွမ်လော့ဖုန်းလည်း အမျိုးသမီး အုပ်စုဘက်လှည့်ပြီးတော့ စကားပြောတယ်။
“ပြင်းထန်သော မီးတောက်အဖွဲ့လို့ နာမည်ခေါ်စေမယ်။ ဒီနာမည်ကို ရွေးရတဲ့ ရည်ရွယ်ချက်က မီးလို့ တောက်လောင်ပြီးတော့ ဘယ်နေရာသွားသွား ရဲစွမ်းသတ္တိ ရှိနေစေဖို့ပဲ။ ”
“ကျွန်မတို့ သခင်မလေး အမိန့်ကို လိုက်နာပါမယ်။” ပြင်းထန်သော မီးတောက်အဖွဲ့ဝင် အားလုံးက ရိုသေစွာ ဂါရဝပြုတယ်။
“မှတ်ထားရမှာက ရှင်တို့တွေက စစ်သည်တွေ မဟုတ်ဘူး။ ထို့ကြောင့် အယူဝါဒ အလေ့ထတွေနဲ့ စည်းကမ်းတင်းကျပ်နေမှ မဟုတ်ဘူး။ တခြားလူတွေကို ကာကွယ်တယ်ဆိုတာ ရှင်တို့ ယူထားရမယ့် တာဝန် ဝတ်တရား မဟုတ်ဘူး။ ရှင်တို့တွေ ကာကွယ်ဖို့ လိုအပ်တာက ယွမ်မိသားစု ၊ ယွမ်အိမ်တော် ။ ရှင်တို့တွေ မိသားစုတွေကို ကယ်တင်ဖို့ ကြိုးစားချင်တယ် ဆိုရင်တော့ ကျွန်မ တတ်နိုင်သမျှ ရှင်တို့တွေကို ကူညီပေးနိုင်တယ်။ လူစိမ်း တစ်ယောက်ကို ကူညီခဲ့ရင် ရှင်တို့ ဘာပြန်ရနိုင်မှာ မို့လဲ။ ကျွန်မစစ်တပ်က လူအားလုံးကို အရေးမပါတဲ့ လူတွေ မဖြစ်စေချင်ဘူး။ ဒါပြင် ရှင်တို့တွေ တတ်နိုင်သမျှ ကြိုးစားနိုင်တယ်။ အားလုံး ထိပ်ဆုံးကို ရောက်နိုင်ရမယ်။”
ယွမ်လော့ဖုန်း မည်သည် စစ်သည်ကိုမှ လစ်လျူမရှုဘူး။ အားလုံးက သူမလေးစားမှုနဲ့ ထိုက်တန်တယ်။
သို့သော်လည်း လေးစားမှုက လေးစားမှုပဲ။ သူတို့ကို အလွယ်တကူတော့ မယုံကြည်နိုင်ဘူး။ လွတ်မထားနိုင်ဘူး။ သူမနှလုံးသားထဲမှာ ဘယ်အရာမှ မိသားစုနဲ့ မိတ်ဆွေတွေထက် အရေးပိုကြီးတယ် ဆိုတာ မရှိဘူး။ သူမနဲ့ သတ်ဆိုင်မှုမရှိတဲ့ တခြားလူတွေအတွက် သူမ မိသားစုနဲ့ ငြိစွန်း ပတ်သတ်ခွင့် မပြုနိုင်ဘူး။ သူမ မိသားစုကို ပြသနာဖြစ်ခွင့် မရှိစေရဘူး။ သူမဘဝမှာ မိသားစုသာ အဓိကဖြစ်တယ်။
ရဲ့လင်း သဘောကျစွာ ရယ်မောလိုက်တယ်။ ယွမ်လော့ဖုန်းက သူထင်ထားတာထက် ပိုပြီးတော့ ရှုပ်ထွေးပြီး ခန့်မှန်းရခက်တာပဲ။
သူနားလည်နေတယ် ။ ဥပမာပြောရရင် ယွမ်လော့ဖုန်းက သစ်ပင်အမြစ်တစ်ခုကို ယူပြီး သူအိမ်မှာ စိုက်မယ်။ တဖြည်းဖြည်း ကြီးထွားလာစေပြီးတော့ အမြင့်ဆုံး တစ်နေရာကို ရောက်စေမယ်။
(ပြောရရင်တော့ သူမကို သစ္စာရှိလာအောင် မက်လုံပေးမယ်။ ဆုပေး ၊ ဒဏ်ပေး စနစ်ကို သုံးမယ်။ မြှောက်ပင့်ပြောဆိုမယ်။ မိသားစုဝင်အဖြစ် ဆက်ဆံတယ်ဆိုတဲ့ သဘောထားကြီးမှုကု် ပိုင်ဆိုင်ကြောင်းပြပြီးတော့ နောက်ဆုံး သူမကို သစ္စာခံယူလာအောင် လုပ်ဆောင်တာပဲ။ )
ထိုအရာမျိုးကို သစ္စာရှိအောင်လုပ်ဆောင်ခြင်းလို့ ခေါ်တယ်။
“သခင်မလေး သံမဏိအဖွဲ့မှာ အုပ်ချုပ်သူ ခေါင်းဆောင် နဲ့ လက်ထောက် ခေါင်းဆောင် ရှိနေပြီဆိုတော့ မီးတောက် အဖွဲ့ ခေါင်းဆောင်က ဘယ်သူလဲ။”
မီးတောက်အဖွဲ့မှ သွက်လက်ပြီးတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးက မေးတယ်။
“မင်း နာမည် ဘယ်လို ခေါ်လဲ။ ” ယွမ်လော့ဖုန်း မျက်ခုံးပင့်လိုက်ပြီးတော့ မိန်းကလေးကို ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းက သူမနာမည်ကိုမေးတော့ မိန်းကလေးနှလုံးသားက လှုပ်ခါသွားတယ်။
“ကျွန်မ နာမည်က ကျုံးလင်အော်”
“ကျုံးလင်အော်” ယွမ်လော့ဖုန်း ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက် တယ်။
“နာမည်လေးက လှသားပဲ။ မင်းကို လက်ထောက် အုပ်ချုပ်သူ အဖြစိ ခန့်အပ်တယ်။ လေ့ကျင်မှု စတင်ရင် မင်းက တခြားလူတွေထက် ပိုပြီးတော့ ကြိုးစား အားထုတ်ရမယ်။ မင်း မကြိုးစားနိုင်ရင်တော့ မင်းရာထူးကို တခြားလူဆီ ပေးအပ်ရမှာပဲ။”
ကျုံးလင်အော် စိတ်လှုပ်ရှားလွန်းလို့ ထခုန်မတတ်ပဲ။ လူတွေ အများကြီးထဲက ယွမ်လော့ဖုန်းက သူမကို လက်ထောက် ရာထူးပေးတယ်။ သူမ အမြန်ဆုံး ကျိန်ဆို လိုက်တယ်။
“သခင်မလေး မစိုးရိမ်ပါနဲ့။ သခင်မလေးကို စိတ်မပျက်စေ ရပါဘူး။ ”
ယွမ်လော့ဖုန်း ခေါင်းညိတ်ပြလိုက်ပြီးတော့
“မီးတောက်အဖွဲ့ အုပ်ချုပ်သူအတွက်လည်း ရွေးချယ်ထားပြီးသားပဲ။ သူမရောက်လာရင် ရှင်တို့ သူမ အမိန့်ကို နာခံရမယ်။”
ကျုံးလင်အော် ပထမဆုံး အခွင့်ရေးကို အမိရဆုပ်ကိုင်လိုက်တာကို ကြည့်ရင်း တခြားမိန်းကလေးတွေ နောင်တရနေရတယ်။ သူမတို့တွေ ရဲဝ့ံ့စွာ မမေးရဲခဲ့ဘူး။ ယွမ်လော့ဖုန်း သူမတို့ကို သတိထားမိခဲ့ရင် ထိုနေရာကို သူမတို့ ပိုင်ဆိုင်ရမယ်။ ယွမ်လော့ဖုန်း ပြောတာကို နားထောင်ရင်း သူမတို့ရဲ့ စိတ်ပျက်နေတဲ့ နှလုံးသားမှာ မျှော်လင့်ချက် ရောင်ခြည် သမ်းလာခဲ့တယ်။
သူတို့မှာ အခွင့်ရေးတစ်ခုတော့ ကျန်ရှိနေသေးတယ်။ ကျုံးလင်အော်ထက် ပိုသာလွန်ရင်တော့ သူမတို့ ထိုနေရာကို ပိုင်ဆိုင်နိုင်တာပဲ။
မိန်းကလေးတိုင်းက ပြိုင်ဆိုင်ချင်လာတယ်။ ပိုပြီးတော့ သန်မာချင်လာတယ်။ ချက်ချင်းပဲ လေ့ကျင့်မှုကို စတင်ချင်လာတယ်။
“ရဲ့လင်း ၊ ကျုံးလင်အော် ။ ကျွန်မ ရှင်တို့နှစ်ယောက်ကို တာဝန်ပေးမယ်။ နေ့တစ်ဝက်အတွင်းမှာ တွင်း၃ခုကို ရေအပြည့် ဖြည့်နိုင်ဖို့ အတွက် အားလုံးကို ဦးဆောင်ပါ။ မနက်ဖြန် တရားဝင် လေ့ကျင့်မှု စတင်မယ်။”
“ဟုတ်ကဲ့ပါ သခင်မလေး ။”
ရဲ့လင်းနဲ့ ကျုံးလင်အော် ရိုသေစွာပြန်လည်ဖြေကြားတယ်။
သံသယ ဝင်နေစရာ ထပ်မလိုအပ်တော့ အချိန်အနည်းငယ်အတွင်းမှာ အားလုံးကို ယွမ်လော့ဖုန်း ယဉ်ကျေး ကျိုးနွံလာအောင် လုပ်ဆောင် နိုင်ခဲ့တယ်။
Chapter-95
End
အပိုင်း(၉၆)
သံမဏိတပ်ဖွဲ့စည်းခြင်း(၃)
သူမမြေအောက်လေ့ကျင့်ရေး စခန်းက ထွက်လာပြီးနောက်မှာ ဆေးစံအိမ်တော်မှ ရုန်အကြီးကဲက သူမ ကုသပေးဖို့အတွက် လူနာတစ်ယောက် ခေါ်လာကြောင်း ချင်ယန် သတင်းလာပို့တယ်။ ချင်ယန်မျက်နှာမှာ စိတ်လှုပ်ရှားနေတာကို အထင်းသား မြင်နေရတယ်။ ရုန်အကြီးကဲ ရှာနေတဲ့ နတ်ဆေးသမားတော်ဆိုတာ သူမ သခင်မလေးလား။
“သခင်မက အရမ်းတော်တယ်။ ဆေးစံအိမ်တော်က ရုန်အကြီးကဲ ကိုယ်တိုင် ဆေးကုသဖို့အတွက် အိမ်တော်ကို လာရောက်ရတယ်။ အစေခံလေး တကယ် ဂုဏ်ယူမိပါတယ်။”
ယွမ်လော့ဖုန်းလည်း ချင်ယန်ရဲ့ ချစ်စရာကောင်းပြီး နီရဲနေတဲ့ ပါးဖောင်းဖောင်းလေး နှစ်ခုကို ကြည့်ပြီးတော့
“ဘာတွေကို ဂုဏ်ယူနေလည်း ဆိုတာ ပြောပါဦး။”
“တကယ်တော့ ဒီက အစေခံလေးက နတ်ဆေးဆရာမလေးရဲ့ အစေခံဖြစ်ရတာကို ဂုဏ်ယူနေတာပါ။ သခင်မလေးအတွက် ခက်ခဲတဲ့ အချိန်တွေ ကျော်လွန်သွား ခဲ့ပါပြီ။ ကံကောင်းမှုတွေ စတင်လာပြီ။ ကောင်းမွန်တဲ့ အချိန်တွေလည်း စတင်လာခဲ့ပြီ။ အိမ်ရှေ့စံမင်းသားက သခင်မလေးကို စွန့်ပစ်လိုက်တာ ကျေးဇူးတင်စရာ ကောင်းတယ်။ သူ့အဆင့်တန်းနဲ့ သခင်မလေးက ဘယ်လိုမှ မလိုက်ဖက်ဘူး။ သခင်မလေးက နှိုင်းယှဉ်လို့ မရနိုင်အောင် မြင့်မားတယ်။”
ချင်ယန် ဒေါသထွက်စွာ ထိုစကားကို ပြောနေတယ်။ ကွမ်လန်က သခင်မလေးကို ရက်စက်ခဲ့တာတွေကို စဉ်းစားလိုက်တိုင်း သူမ နှလုံးသား နာကျင်ရတယ်။ ဒေါသထွက်ရတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ ဒေါသဖြစ်တဲ့ စိတ်နဲ့ ခါးသီးတဲ့ ခံစားချက်ကြောင့် သူမ အံကြိတ်ထားလိုက်တယ်။
“ချင်ယန် ….နင် လက်ခံနိုင်တယ်ဆိုရင် နင်ကို ပိုပြီးတော့ သန်မာလာနိုင်တဲ့ အခွင့်ရေး ပေးလို့ ရတယ်။ လက်ခံနိုင်လား။”
ယွမ်အိမ်တော်တစ်ခုလုံးမှာ အဘိုးနဲ့ ဒုတိယဦးလေးကလွဲရင် သူမအယုံကြည်ရဆုံးက ဒီကလေးမလေး ချင်ယန်တစ်ယောက်တည်း ရှိတယ်။
အရင်အချိန်က ယွမ်မိသားစုမှာ သူမလေးတစ်ယောက်ပဲ ယွမ်လော့ဖုန်းကို စစ်မှန် ရိုးသားတဲ့ စိတ်နဲ့ ချစ်ခင်ပေးတယ် ၊ လေးစားပေးတယ် ၊ ကာကွယ်ပေးတယ်။ တွေ့ကြုံရသမျှ ဘေးဒုက္ခတွေကို သူမရှေ့က မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးတယ်။ သူမကိုယ်စား နာကျင်မှုတွေကို ခံစားပေးတယ်။
ချင်ယန်လည်း ယွမ်လော့ဖုန်းကို ဝေခွဲမရစွာ ငေးကြည့်နေလိုက်တယ်။
“သန်မာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမယ်။ ဒီအစေခံလေးက ဘာလို့ သန်မာဖို့ လိုအပ်တာလဲ။ ဒီအစေခံလေးက သခင်မလေး အပါးတော်မှာ အမြဲ ခစားချင်ခဲ့တာပါ။ နောက်ပြီးတော့ သခင်မလေးက အခုချိန်မှာ နတ်ဆေးသမားတော်တစ်ယောက်ပဲ။ သခင်မလေး နောက်လိုက်အစေခံလုပ်ရတာက ပိုပြီးတော့ သန်မာတဲ့ မိန်းကလေး ဖြစ်ရတာထက် ပိုပြီးတော့ ကောင်းပါတယ်။ အနည်းဆုံးတော့ ဒီအစေခံလေး နေမကောင်းရင် စိတ်ပူစရာ မလိုအပ်တော့ဘူးပေါ့။ ”
“ချင်ယန် နင်ပိုပြီးတော့ သန်မာလာရင် ၊ စွမ်းအားရှိလာရင် ငါအတွက် အလုပ်ကိစ္စတွေ ဖြေရှင်းဖို့ ကူညီပေးနိုင်တာပေါ့။ မဟုတ်ဘူးလား။”
ယွမ်လော့ဖုန်းလည်း ချစ်ဖို့ကောင်းတဲ့ ချင်ယန်မျက်နှာလေးကို ကြည့်ပြီးတော့ ထပ်မေးလိုက်တယ်။
ချင်ယန် မျက်တောင်ခပ်လိုက်တယ်။
“သခင်မေလေးကို ကူညီပြီးတော့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ အစေခံလေး ပိုပြီးတော့ သန်မာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာချင်ပါတယ်။ ဒီနေ့ သခင်မလေး ထူးဆန်းနေတယ်။ ဘာလို့ ဒီလို မေးခွန်းမျိုးတွေ မေးနေရတာလဲ။”
ယွမ်လော့ဖုန်းလည်း ခေါင်းခါပြီး ရီလိုက်တယ်။ ချင်ယန်မေးတဲ့ မေးခွန်းကိုတော့ သူမ ပြန်မဖြေတော့ဘူး။
“ သွားမယ်လေ။ နေမကောင်းတဲ့ လူနာကို အရင်ဆုံး ဆေးကုသပေးရမယ်။ ငါ ပြောတဲ့ အဓိပ္ပါယ်ကို မကြာခင်မှာ နားလည်လာလိမ့်မယ်။”
အိမ်တော်ကြီးမှာ ယွမ်လော့က လက်ဖက်ရည်ကို ဖြည်းဖြည်းလေး သောက်နေတယ်။ သူမျက်လုံးက မသိမသာ တံခါးပေါက်ဝကို ခိုးခိုး ကြည့်နေရတယ်။ သူမျက်လုံးမှာ စိတ်ရှုပ်ထွေးနေတာကို အထင်းသား တွေ့နေရတယ်။
“ရုန်အကြီးကဲ ၊ နင်အကြီးကဲ ခဏလောက်တော့ ထပ်စောင့်ပေးပါနော်။ မြေးဆိုးလေးက လမ်းလျှောက်တာ အရမ်းနှေးလွန်းတယ်။ လာနေလောက်ပါပြီ။ မကြာခင်ရောက်လာ တော့မှာပါ။ ခဏလေးပါပဲ။ ”
တော်မျိုးနွယ်က လာရောက်တာဆိုရင်တော့ ယွမ်လော့ ဒီလောက်အထိ စိတ်ရှုပ်ထွေး နေရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်တော်ကို ရောက်လာတဲ့ဧသည်က ဆေးအိမ်တော်က ရုန်အကြီးကဲ ဖြစ်နေတာပဲ။ လာရတဲ့ အကြောင်းပြချက်ကလည်း ယွမ်လော့ဖုန်းကို တွေ့ချင်လို့တဲ့။ ရုန်အကြီးကဲ ဘေးနားက အဘိုးအိုကလည်း သာမန်ပုဂ္ဂိုလ် တစ်ယောက် မဟုတ်ဘူး။ မဟုတ်ရင်တော့ ရုန်အကြီးကဲက ရိုသေလေးစားစွာ နင်အကြီးကဲလို့ ခေါ်မှာ မဟုတ်ဘူး။
နင်အကြီးကဲ ဘေးနားမှာ ရပ်နေတဲ့ ချောမောတဲ့ မိန်းကလေးရဲ့ အရည်ချင်းကိုလည်း ကောင်းစွာ မသိနိုင်ဘူး။ ထိုကောင်မလေးက မွေးရာပါ အရည်ချင်း အလွန် ကောင်းမွန်တယ်လို့ ခန့်မှန်းလို့တော့ ရတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ကျော်ကြားခဲ့တဲ့ ယွမ်ချင်ရာထက်တော့ အနည်းဆုံး အရည်ချင်း မနိမ့်ဘူးဆိုတာတော့ သိနိုင်တယ်။
“ဟား…ဟား…”
နင်အကြီးကဲ သဘောကျစွာ နှစ်ကြိမ် ရယ်မောလိုက်တယ်။ ရေနွေးခွက်ကို ဘေးနားကို ချထားလိုက် ပြီးတော့
“စစ်သူကြီးယွမ်… ကျွန်တော်တို့တွေ ထပ်ပြီးတော့ စောင့်နေနိုင်ပါတယ်။ အလျင်မလိုပါဘူး ။”
နင်အကြီးကဲက စကားပုံတစ်ခုကို ထပ်ပြီးတော့ပြောတယ်။
“ဘုရင်က စိတ်ပူတော် မမူဘူး ။ဒါပေမယ့် မိန်းမဆိုးကတော့ သေလောက်အောင် စိုးရိမ်တော်မူနေတယ်တဲ့။ ”
အဘိုးအို လည်း ရှက်ရှက်နဲ့ ချောင်းခြောက် နှစ်ခါဆိုးပြီးတော့ အရှက်ရတာကို ဖုံးကွယ်တဲ့ အနေနဲ့ ဒေါသထွက်ချင်ယောင် ဆောင်လိုက်တယ်။
“မြေးဆိုးလေး… အမြဲတမ်း နောက်ကျတယ်။ ရောက်လာ လို့ကတော့ သေချာစွာ ဆိုဆုံးမရမယ်။”
ထိုသို့သော စကားကိုပြောနေသော်လည်း သူမြေးလေးကို အပြစ်မပြောရက် ၊ အပြစ်မတင်ရက် ၊ မဆူနိုင်ပါဘူး ။ သူ့တစ်ဦးတည်းသော ချစ်စရာ မြေးလေး ၊ မိတဆိုး ဖတဆိုးလေး…။
Chapter-96
End
Bạn đang đọc truyện trên: Truyen247.Pro