Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 93+94

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

ဘာသာပြန်ဆိုသူ-Jelly Candy Flower

🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸

စာစဉ်(၅)

93+94

အပိုင်း(၉၃)

ကိုယ်ဘက်တော်သား ဖြစ်အောင် ဆောင်ရွက်ခြင်း(၃)

မိန်းမပျိုလေးရဲ့ စွဲမက်ဖွယ်ကောင်းပြီးတော့ ယုံကြည်မှု အပြည့်ရှိတဲ့ အသံက သူတို့နှလုံးသားမှာ တွယ်ညှိနေတယ်။ လူတိုင်းက ခေါင်းမော့လိုက်ပြီးတော့ လှပတဲ့ ပန်းချီကားထဲက ပုံရိပ်လေးကဲ့သို့ ချောမောလှပတဲ့ မိန်းမပျိုလေးကို အံသြစွာ ငေးကြည့်လိုက်တယ်။

လူတိုင်းက လစ်လျူရှု ထားတဲ့ တန်ဖိုးမရှိဘူးဆိုတဲ့ သခင်မလေးလား။ အခုလက်ရှိမှာ သူမက တုနှိုင်းကင်းမဲ့စွာ လှပလွန်းတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က အိမ်ရှေ့စံမင်းသားကို အရူးမူး ချစ်နေတဲ့ မိန်းကလေးဆိုတာ ယုံနိုင်စရာတောင် မရှိဘူး။ လှလွန်းတယ်။

“သခင်မလေး ဘာလို့လဲ။ ”

လူအုပ်ကြားထဲမှ လူတစ်ယောက်က ဦးဆောင်ပြီး စကားပြောလာတယ်။ စစ်သူကြီးက စစ်သည်စုဆောင်း ချင်တယ် ဆိုရင် အရည်ချင်းရှိသော ပါရမီရှိသော လူတွေကို မရွေးချယ်ဘဲ သူတို့ကို ဘာလို့ ရွေးချယ်ရတာလဲ။

ယွမ်လော့ဖုန်းလည်း လူအုပ်ကြားထဲမှ သူမကို စကား ပြောလာတဲ့ လူကို ကြည့်လိုက်တယ်။

“အဖြေက ရှင်းပါတယ်။ အားလုံးကို ကြည့်လိုက်တဲ့အချိန်မှာ  မွေးရာပါ အရည်ချင်း မရှိဘူး။ ဒါပေမယ့် အားလုံးက ဇွဲလုံလဝီရိယ ရှိတယ်။ တိုင်းပြည်မှာ ပါရမီရှင်တွေပဲ ထိပ်ဆုံးမှာ ရှိနေရမယ်လို့ ဘယ်သူပြောလဲ။ မင်း အရည်ချင်းက သာမန်ဖြစ်နေလည်း ကြိုးစားအားထုတ်ရင် ၁၀ဆ သို့မဟုတ် အဆ၁၀၀ဆလောက် သာမန်လူထက် ပိုတော်သွားနိုင်တယ်။ အမှိုက်လူသားဆိုတဲ့ စကားကို ငါ မယုံကြည်ဘူး။ ဘယ်သူမှ အမှိုက် အဖြစ် မွေးဖွားလာတာ  မဟုတ်ဘူး။ ကြိုးစား အားထုတ်ချင်စိတ် အပေါ်မှာဘဲ မူတည်တယ်။”

မိန်းကလေးရဲ့အသံကအားလုံးရဲ့သွေးတွေ  ပွက်ပွက်ဆူချင်လာတဲ့ အထိ လှုံေဆော်မှုကို ပေးတယ်။ ရဲစွမ်း သတ္တိကို ဖြစ်ပေါ်စေတယ်။

ဟုတ်တယ်။ လောကကြီးမှာ ဘယ်သူမှ အမှိုက်အဖြစ် မမွေးဖွားလာဘူး။ ဒါဆို သူတို့က သာမန် လူသားအဖြစ် မွေးဖွားလာလည်း ဘာဖြစ်လဲ။ သူတို့  ပိုပြီးတော့ ကြိုးစား အားထုတ်ရင်တော့ သူတို့ ပါရမီရှင် ဖြစ်လာနိုင်တာပဲ။

ယွမ်လော့ဖုန်း ထိုလူတွေရဲ့ ခံစားချက်ကို သိမြင်လိုက်တယ်။

“အားလုံးရဲ့ ဇွဲလုံလ ဝီရိယအပေါ် မူတည်ပြီးတော့ စစ်သူကြီး အိမ်တော်မှာ နေထိုင်နိုင်တယ်။ အရည်ချင်းမရှိတဲ့လူ၊ ကြိုးစား အားထုတ်မှု မရှိတဲ့လူကို ငါတို့အိမ်တော်က မလိုအပ်ဘူး။ လေ့ကျင့်မှု မရှိတဲ့လူကို စစ်သူကြီး အိမ်တော်က ကန်ထုတ်မယ်။ စစ်သူကြီး အိမ်တော်က ထွက်သွားရင်တော့ အခွင့်ရေးကို မဆုတ်ကိုင်တဲ့အတွက်   နောင်တရ ရလိမ့်မယ်။”

မိန်းကလေးရဲ့ လှပတဲ့ မျက်နှာထားကို ကြည့်ရင်း ရဲ့လင်းနှလုံးသား လှုပ်ရှားရတယ်။ နှစ်အနည်းငယ်ကြာရင်  လွေ့ကျင်းတိုင်းပြည်နဲ့ တိုက်ခိုက်တဲ့လူက ယွမ်လော့ ကိုယ်စား ယွမ်လော့ဖုန်း ဖြစ်လာမယ်။ လွေ့ကျင်း တိုင်းပြည်ကို တစ်ညအတွင်း စစ်ရှုံးစေတော့မှာပဲ။

မိန်းကလေးက အင်အား မတောင့်တင်းသေးဘူး။ ဒါပေမယ့် သူမစကားလုံးတွေက လူတိုင်းစိတ်ကို အားအင် ဖြစ်စေတယ်။ လှုံဆော်စေတယ်။   သူမ စကားလုံးတွေနဲ့ စစ်သည်တွေကို လှိုက်လှိုက်လှဲလှဲ ယုံကြည်မှုကို  ဖြစ်စေတယ်။  စစ်သူကြီး ယွမ်လော့ မဆိုထားနဲ့ ယွမ်မိသားစုရဲ့ နံပါတ်၁ မျိုးဆက် ယွမ်ချင်ရာတောင် ထူးခြားတဲ့ အပြုမူ ၊ အရည်ချင်းမျိုး မပိုင်ဆိုင်နိုင်ဘူး။

“ငါ ပြောသင့်တာကို ပြောပြီးပြီ။ ကျန်တာ နင်တို့ သဘောထားနဲ့ပဲ သက်ဆိုင်တယ်။ တစ်ချိန်လုံး ကျောက်တုံး အခန်းထဲမှာ နေရတာ စိတ်ပျက်နေတယ်မလား။ မင်းတို့ကို ရွေးချယ် ခွင့် မပေးခဲ့ဘူး။ မင်းတို့ အားလုံးကို စစ်သူကြီး အိမ်တော်က ခေါ်ထားနိုင်တယ်။”

ယွမ်လော့ဖုန်း အားလုံးကို ခြုံငုံကြည့်လိုက်ပြီးတော့   ပြုံးလိုက်တယ်။

“ပါဝင်ဆောင်ရွက်မယ့်လူအားလုံးအတွက် ပြင်ဆင်ထားပြီးသာ။  ဒါပေမယ့်  ဒီလမ်းကို ဆက်လျှောက်မယ်ဆို ရင်တော့ တစ်ခုတော့ သတိပေး လိုက်မယ် လေ့ကျင့်ရေး ကိစ္စကို တခြား ဘယ်သူကိုမှ မပြောရဘူး။ စည်းကမ်း ဖောက်ဖျက်မယ်ဆိုရင်  ရဲ့လင်းရဲ့ ကံကြမ္မာကို ကြည့်ထားလိုက်ပါ။”

အားလုံးရဲ့ နှလုံးသားတွေ တုန်လှုပ် ခြောက်ခြားရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတ်လန့်စွာ ငေးကြည့်    နေတယ်။

“သခင်မလေး အမိန့်ကို ဂရုတစိုက် အားလုံး နာခံပါမယ်။”

“ကောင်းပြီ။ ” ယွမ်လော့ဖုန်းလည်း မယုံကြည်နိုင်တဲ့ မျက်ဝန်းနဲ့ ရဲ့လင်းကို ကြည့်လိုက်တယ်။

“ရဲ့လင်း.. ဒါပြီးရင် ရှင်ကို ဖြတ်သန်းခွင့် ကတ်ပေးမယ်။ စစ်သူကြီးအိမ်တော်က အချိန်မရွေး ထွက်သွားခွင့် ရှိတယ်။ ထွက်သွားပြီးတော့ နန်းတော်ကို သတင်းသွားပို့လို့ ရတယ်။ ဘာတွေကို သတင်းပို့ရမလဲဆိုတာ ရှင် ကောင်းစွာ နားလည်မယ်ထင်တယ်။”

ရဲ့လင်း ရယ်မောလိုက်တယ်။

“ကွမ်တု ဘယ်လောက်ပဲ တော်နေပါစေ။ မင်းကိုတော့  မမီပါဘူး။ သူတို့တွေက မင်းကို ရှုံးနိမ့်ဖို့ ကံတရားပါလာတာပဲ။”

ရဲ့လင်း မသိတာက လက်ရှိယွမ်လော့ဖုန်းက အတိတ်က ယွမ်လော့ဖုန်း မဟုတ်ဘူးဆိုတာပဲ။ တခြားလူတွေရဲ့ အမြင်ေ၀ဝါးစေဖို့ အမှိုက်ဆိုတဲ့ ဂုဏ်ကို ယူပြီးတော့ နုံချာချင်ယောင်ဆောင်နေတယ်လို့သာ သူတွေးနေမှာပါ။

ယွမ်လော့ဖုန်းလည်း ထပ်ပြီးတော့ ရှင်းပြမနေတော့ဘဲ

“သွားမယ်။ရှင်တို့ကို မြေအောက်လေ့ကျင့်ရေး စခန်းကို ခေါ်သွားမယ်။”

Chapter-93

End

အပိုင်း(၉၄)

သံမဏိတပ် ဖွဲ့စည်းခြင်း(၂)

မြေအောက်လေ့ကျင့်ရေးစခန်းက မြေပြင်မှ ၅၀၀မီတာ အနက် ကွာဝေးတယ်။ သိုင်းပညာ လေ့ကျင့်ဖို့အတွက် စင်မြင့်ကလွဲရင် ကြီးမားနက်ရှိုင်းတဲ့ တွင်း၃ခု အားလုံး မျက်စီရှေ့မှာ ရုတ်တရက်ပေးပေါက်လာတယ်။

အားလုံးက ကြီးမား နက်ရှိုင်းတဲ့ တွင်း၃ခု မသေချာ မရေရာမှုများနှင့်ဘာဆက်ပြောရမှန်းမသိအောင် ငေးမောကြည့်နေတယ်။

အားလုံးတွေေ၀ မိန်းမောပြီးတော့ စိတ်ရှုပ်ထွေးနေတဲ့  အချိန်မှာ  ယွမ်လော့ဖုန်း အနည်းငယ် ခန္ဓာကိုယ်ကို ရွေ့လိုက်ပြီး အားလုံးကိုမာနဝင့်ကြွားစွာ ခြုံငုံကြည့် လိုက်တယ်။ သူမ အသံက မထင်မှတ်ထားလောက်အောင် တန်ခိုး အာဏာနဲ့ ပြည့်စုံတယ်။ စွမ်းအား တစ်ခုရှိနေသလိုပဲ။  ထိုအသံက လူအားလုံးဆီ တဖြည်းဖြည်း ပျံလွင့်သွားတယ်။

“အားလုံး လူအယောက်၂၀၀ရှိတယ်။ အယောက်၁၀၀က

ယောကျာ်းလေး၊ နောက်ထပ် အယောက်၁၀၀က

မိန်းကလေး ။ ဒါကြောင့် အခုချိန်က စပြီးတော့ ယောကျာ်း ၊ မိန်းမ အုပ်စု နှစ်စု ခွဲမယ်။ ယောကျာ်း အုပ်စုက သံမဏိလို့ စိတ်ဓာတ်ရှိမယ်။ ထိုကြောင့် သံမဏိ အုပ်စုလို့ နာမည်တွင်မယ်။”

ယောကျာ်းလေးအားလုံးရဲ့ ကိုယ်ဟန်အနေထားက သေနတ်တစ်လက် ကဲ့သို့ ဖြောင့်မတ်စွာ ရပ်တယ်။ ( သတိ အနေထား) အခုချိန်မှာ သူတို့ကို လေ့ကျင့်ရေး မစတင်ရသေးပါဘူး ။ ဒါပေမယ့် သူတို့ ပုံစံက လေ့ကျင့်ရေး အပြည့် လုပ်ဆောင်ထားတဲ့ စစ်သား တစ်ယောက်လိုပဲ။ သူတို့စိတ်နဲ့ ခန္ဓာကိုယ်က လေတိုက်ရင် မလဲတော့မယ့်  ကျောက်တုံး တစ်ခုလိုပဲ။

“ကျွန်တော်တို့ သံမဏိအဖွဲ့ အခုချိန်ကစပြီးတော့ မီးတောင်ကိုလည်း ဖြတ်ကျော်မယ်။ ရေပြင်ကိုလည်း ရဲဝံ့စွာ ဖြတ်ကျော်ပါမယ်။ သခင်မလေး အတွက် ဘယ်တော့မှ သတ္တိမကြောင်ပါဘူး။ တုံ့ဆိုင်းနေခြင်း မရှိစေရပါဘူး။”

ယွမ်လော့ဖုန်း ကျေနပ်စွာ ပြုံးလိုက်တယ်။ သူမရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မျက်ဝန်းနက်တွေက ရဲ့လင်းဘက်ကို လှည့်ကြည့်လိုက်တယ်။

“ရဲ့လင်း  ရှင်က လွေ့ကျင်းတိုင်းပြည်က မင်းသာ၃ဆိုတော့  တခြားလူနဲ့နှိုင်းယှဉ်လိုက်ရင်တော့ စစ်လေ့ကျင့်မှုအတွက် ပိုပြီးတော့ အတွေ့ကြုံရှိတာပေါ့။ သံမဏိအဖွဲ့ရဲ့ အုပ်ချုပ်သူ  လက်ထောက် တပ်မှူးအဖြစ်ဆောင်ရွက်ပါ။ ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်။”

ရဲ့လင်း အံသြလွန်းလို့ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေ မိတယ်။ အံသြထူးဆန်းစွာ ယွမ်လော့ဖုန်းကို  ငေးကြည့်နေမိတယ်။

အရင်က သူ…ကွမ်တုကို ကူညီပြီးတော့  သူမကို  ထောက်ချောက်ဆင်ဖို့   ကြိုးစားခဲ့တယ်။  ဒါပေမယ့်  အခုတော့  ဒီမိန်းကလေးက   သူကို  လက်ထောက် အုပ်ချုပ်သူ  ရာထူးကို  တိုးမြှင့်ပေးလိုက်တယ်။  သူ အစက တွေးထင်ခဲ့တာက သူအသက်ရှင်သန်ခွင့်  ရရင် သူကျေနပ်တယ်ဆိုတဲ့ သဘောထား တစ်ခုတည်း ရှိခဲ့တာ။  ယွမ်လော့ဖုန်းက သူမရဲ့ ရန်သူဖြစ်ခဲ့ဖူးတာကို အလေးမထားဘဲ   သူကို အရေးပါ အရာရောက်တဲ့   ရာထူးကိုလည်း ပေးအပ်ခဲ့တယ်။

သူ့နှလုံးသားမှာ ထူးဆန်းတဲ့ ခံစားချက်တွေ  ဖြစ်ပေါ်  နေတယ်။  သူနှလုံးသားမှာ   ယွမ်လော့ဖုန်းကို   တရားမျှတမှု  ရှိတဲ့ လူတစ်ယောက်လို့ တွေးထင်နေမိတယ်။

“ရဲ့လင်း… ရှင်  ကျွန်မကို ထောက်ချောက်ဆင်ပြီးတော့ ဆန့်ကျင်ဖို့  ကြိုးစားခဲ့သော်လည်း  ကျွန်မ  ရှင့်အရည်ချင်းကို  အသိမှတ်ပြုပါတယ်။  အခုချိန်ကစပြီးတော့  ကျွန်မကို နှစ်နှစ်ကာကာ သစ္စာရှိပြီး လေးစားမယ်ဆိုရင်တော့  ကျွန်မ ရှင်ကို တောက်ပတဲ့  အနာဂတ်ကို ပေးအပ်နိုင်ပါတယ်။”

ယွမ်လော့ဖုန်းလည်းချီတုံချတုံဖြစ်နေပြီး  နှေးကွေး  လေးလံ   နေတဲ့ လူငယ်လေးကို ကြည့်လိုက်တယ်။ သူမ ပြောသင့်တာကို  ဆက်ပြီးတော့  ပြောလိုက်တယ်။

“သို့သော်လည်း ရှင်ကျွန်မကို နောက်တစ်ကြိမ် သစ္စာ ထပ်ဖောက်တာကို သိခဲ့ရင်တော့  ရှင်ကို ထိန်းချုပ်ဖို့အတွက်  ရိုးရှင်းတဲ့ အဆိပ်ခတ်တဲ့ နည်းလမ်းကို သုံးတော့မှာ မဟုတ်ဘူး။   ရှင့်ဘဝကို  သေရတာထက်  ပိုဆိုးရွားတဲ့ ဘဝရောက်ရတဲ့အထိ ကျွန်မသေချာပေါက်  နှိပ်စက်  ကစားပြမယ်။ ”

ရုတ်တရက်  ရဲ့လင်းနှလုံးသား  ထိတ်လန့် တုန်လှုပ်ရတယ်။  ဒါပေမယ့်   ယွမ်လော့ဖုန်းက  သူမပြောတဲ့ စကားအတိုင်း  သေချာပေါက် လုပ်ဆောင်မယ်ဆိုတာ  သူသိနေတယ်။

ရဲ့လင်း ကြိုးစားအားယူပြုံးလိုက်ပြီးတော့  ရှုပ်ထွေးနေတဲ့  ခံစားချက်နဲ့ တွေးဝေစွာ  ယွမ်လော့ဖုန်းကို ငေးကြည့် တယ်။

“အခုချိန်ကစပြီးတော့  ကျွန်တော်ဘဝကို  သခင် ပိုင်ဆိုင် ပါတယ်။”

“ရှင့်စကားကို ရှင့်  မှတ်ထားပါ။ ”

ယွမ်လော့ဖုန်းလည်းတခြားသံမဏိအဖွဲ့ဝင်တွေကို    လှည့်ကြည့်လိုက်တယ်။   မာနကြီးပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အပြုမူတွေကို သူမ မျက်နှာပေါ်မှာ  အထင်သား  မြင်တွေ့ ခံစားနိုင်တယ်။ 

“ အားလုံး  မှတ်ထားပါ။ ကျွန်မကို သစ္စာဖောက်ဖို့  မည်သူကိုမှ  ခွင့်ပြုမှာ မဟုတ်ဘူး။  သစ္စာဖောက်သူ ရှိရင်လည်း  ကျွန်မ သေချာပေါက်  အလွတ်ပေးမှာ  မဟုတ်ဘူး။ ကျွန်မကို သစ္စာရှိတဲ့ လူတိုင်းက အခုချိန်ကစပြီး ကျွန်မ အဖွဲ့ဝင်တွေပဲ။  ကျွန်မ  အားနည်းသူတွေကို  ကာကွယ်ပေးမယ့် ။ ရှင်တို့ရန်သူက  ကျွန်မရန်သူပဲ။  မင်းတို့မိသားစုက  အားလုံးရဲ့ မိသားစုဝင် ဖြစ်ရမယ်။ ”

လူအုပ်ကြီး တိတ်ဆိတ်သွားတယ်။ အားလုံးက ယွမ်လော့ဖုန်း လှုပ်ရှား သွားလာတာကို ကြည့်နေတယ်။ သူတို့နှလုံးသား ပျော်ရွှင် မိတယ်။

ဘယ်သခင်မှ သူတို့အစေခံရဲ့ ရန်သူကို သူတို့ရန်သူအဖြစ် မယူဆပါဘူး။ အစေခံတွေကို နှိပ်ချတယ်။  အစေခံ  မိသားစု ကိုလည်း ကိုယ့်မိသားအဖြစ် မယူဆပေးဘူး။  ထိုစကားနဲ့ လူတိုင်းရဲ့ စိတ်ထဲမှာ  ယွမ်လော့ဖုန်းကို သစ္စာခံယူခြင်းစိတ်  ရင်ထဲမှာ ဖြစ်ပေါ်နေပြီးသားပဲ။

“သခင်မလေး…”

ခန့်မှန်းခြေ အသက် ၁၆နှစ် ၊ ၁၇နှစ် အရွယ်ရှိသော လူငယ်လေးတစ်ယောက်က လက်မြှောက်ပြီးတော့ မဝံ့မရဲ စကားဆိုတယ်။

“မင်းသား၃က ကျွန်တော်တို့အဖွဲ့ရဲ့  လက်ထောက်အုပ်ချုပ် သူဆိုတော့ အုပ်ချုပ်သူ  အကြီးကဲက ဘယ်သူလဲ။”

ယွမ်လော့ဖုန်း ပြုံးလိုက်ပြီးတော့

“မင်းတို့ အုပ်ချုပ်သူ အကြီးကဲက လျိုဝှက်ဆန်းကြယ်တဲ့ စရိုက် ရှိတယ်။ ရက်အနည်းငယ်ကြာမှ မင်းတို့တွေ့ ရအောင်  ခေါ်လာခဲ့မယ်။ ဒါပေမယ့် အုပ်ချုပ်သူ  အကြီးကဲ  အကြောင်းကို  ဘယ်သူကိုမှ ပြောဆိုခွင့်  မရှိဘူး။ ပြစ်မှုကျူးလွန်းသူကို နိုင်ငံတော်ကို သစ္စာဖောက်မှုနဲ့  ပြစ်ဒဏ်ချမှတ် စေရမယ်။”

Chapter-94

End

Bạn đang đọc truyện trên: Truyen247.Pro