
Ep 91+92
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
ဘာသာပြန်သူ-Jelly candy Flower
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
Ep91+92
အပိုင်း(၉၁)
ကိုယ့်ဘက်တော်သားဖြစ်အောင် ဆောင်ရွက်ခြင်း(၁)
ရဲ့လင်း ခန္ဓာကိုယ် နာကျင်မှုကြောင့် တဆတ်ဆတ် တုန်ရီနေတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ့မိခင် မိဖုရားကြီးရီ မမျှော်လင့်ဘဲ ဆုံးပါးခဲ့တယ်။ သူ့မယ်တော် သေဆုံးပြီး
နောက်ပိုင်းမှာ မိဖုရားရုန်က မိဖုရားကြီး အဖြစ် ရွေးချယ်
ခံခဲ့ရတယ်။သူမသားတော် ထီးနန်းဆက်ခံ ရဖို့အတွက်နဲ့
သူကို လွေ့ကျင်းတိုင်းပြည်ရဲ့ဓားစာခံအဖြစ် ပို့ဆောင်ဖို့ အတွက် ခမည်းတော်ကို အကြံဉာဏ် ပေးခဲ့တယ်။ ခမည်းတော်ကလည်း ငြိမ်းချမ်းရေးရဖို့ အတွက် ထိုသဘောတူညီချက်ကို လက်ခံခဲ့တယ်။
ထို့ကြောင့်လည်း သူ ဓားစာခံအဖြစ် ရာထူးလျော့ချ ခံရပြီးတော့ ထိုလူတွေနဲ့ ပြောဆိုဆက်ဆံ နေရတာပေါ့။
“မင်းပြောတာ မှန်ပါတယ်။ ငါ ဘာလို့ ဓားစာခံအဖြစ် ရာထူး လျော့ချခံရလဲဆိုတာကို ငါ ကောင်းစွာ နားလည်ပါတယ်။”
ရဲ့လင်း ဘဝကို နာကြည်းနေတဲ့ပုံပဲ။ နာကြည်းမုန်းတီး
နေတဲ့ စိတ်နဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ငါ ဓားစာခံ မဖြစ်လည်း ငါ့မိထွေးတော်က ငါကို အလွတ်ပေးမယ်မထင်ပါဘူး။”
ယွမ်လော့ဖုန်း ပြုံးပြီးတော့ လူချောလေးကို ကြည့်လိုက် တယ်။
“ဒါဆို ရှင်က ကျွန်မအဘိုးကို ဘေးဒုက္ခပေးပြီးမှ ကူညီပေးသူလို့ ယူဆတယ်ပေါ့။ ဒီလိုဆိုတော့ ကျွန်မ ရှင်ကို မေးပါရစေ။ ရှင်ကို ခွေးဘုရင်က အိမ်တော်ကို လွှတ်လိုက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ”
ရဲ့လင်းကိုစစ်သူကြီးအိမ်တော်ကို ခွေးဘုရင်က ပို့လိုက်တယ်ဆိုတာ အိမ်တော်ကို စောင့်ကြည့်ဖို့
ဆိုတာတော့ သူမ ယုံကြည်ဖို့ ခဲယဉ်းတယ်။
ရဲ့လင်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းပြီး ကျောက်ရုပ်
ဖြစ်သွား သလိုပဲ။ ယွမ်လော့ဖုန်းကို အမှန်တရားကို မပြောခင်မှာ သူခဏတာ တိတ်ဆိတ်စွာ တွေးဝေနေမိတယ်။
“စစ်သူကြီးအိမ်တော်က သတင်းကို စုံစမ်းခိုင်းတဲ့အပြင်
ခွေးဘုရင်က မင်းကို မြူစွယ် ဖြားယောင် ခိုင်းတယ်။ မင်းကို ငါနဲ့ ကိုယ်ဝန်ရှိစေရမယ်တဲ့။ ငါ့ ကလေးကို မင်းက မွေးရမယ်။ ”
ထိုစကားကို ပြောတဲ့အချိန်မှာ ရဲ့လင်းမျက်နှာက
ရှက်စိတ်ကြောင့် နီရဲနေတယ်။ မျက်နှာ ဘယ်ထားရ မလဲ မသိလောက်အောင် ရှက်နေမိတယ်။
ယွမ်လော့ဖုန်း မျက်ဝန်းနက်မှာ ဒေါသရိပ်သမ်းနေတယ်။
“ဘာ ရည်ရွယ်ချက်နဲ့လဲ။”
ရဲ့လင်းလည်း ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“တကယ်လို့ မင်းက ငါနဲ့ကိုယ်ဝန်ရှိရင် စစ်သူကြီး အိမ်တော်က တိုင်းပြည်ကို သစ္စာဖောက်ပြီးတော့ ရန်သူနိုင်ငံနဲ့ ပူးပေါင်းမှုနဲ့ ပြစ်ဒဏ်ချမှတ် ခံရမယ်။ ငါက ခုချိန်မှာ ဓားစာခံ ဖြစ်နေပေးမယ့်လည်း ငါတို့ တိုင်းပြည်မှာတော့ ငါက ဘုရင်ရဲ့ တတိယမြောက် သားတော ် ဖြစ်နေသေးတယ်။”
ရဲ့လင်းပြောစကားအရဆိုရင် ကွမ်တုက သူကို သူလျိုအဖြစ် လွှတ်လိုက် ရုံတင်မက စစ်သူကြီးအိမ်တော်ကို
မှားယွင်း စွပ်စွဲပြီးတော့ ဖယ်ရှား ချင်နေတာပဲ။ ဘေးအန္တရယ် ရှိပြီး အဆိပ်ပြင်း၊ ဉာဏ်များတဲ့ ဘုရင်တစ်ပါးပဲ။
သနားစရာကောင်းတဲ့ စစ်သူကြီးယွမ်က တိုင်းပြည် အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တယ် ။ သားနဲ့ ချွေးမလည်း စစ်ပွဲမှာ သေဆုံးခဲ့ရတယ်။ သနားစရာကောင်းတဲ့ စစ်သူကြီးကို ဒီလိုအဆုံးသတ်မျိုးနဲ့ သေဆုံးစေချင်သေးတယ်ပေါ့။
“ခွေးဘုရင်က စစ်တုရင် ကစားပွဲကောင်း တစ်ခုကို ကစားချင်နေတာပဲ။”
ယွမ်လော့ဖုန်း လှပစွာ ပြုံးလိုက်တယ်။ သူမပုံစံက မာနဝင့်ကြွား နေတဲ့ ပုံစံကို အထင်းသား မြင်နေရတယ်။
“ကံဆိုးသွားရှာပြီ။ စစ်သူကြီးအိမ်တော်ကို လျော့တွက် ခဲ့တာပဲ။ သူက ယွမ်လော့ဖုန်းကို လျော့တွက် လိုက်တာပဲ။”
ခွေးဘုရင် ထင်နေတာက ယွမ်လော့ဖုန်းက ချောမော ကြည့်ကောင်း
နေသော ယောကျာ်းလေးတွေကို ကြိုက်နှစ်သက်တယ်ပေါ့။ သူ့ထောက်ချောက်မှာ ကျဆုံးမယ်လို့ ထင်နေတာလား။ ဒါပေမယ့် လက်ရှိ ယွမ်လော့ဖုန်းက လွန်ခဲ့တဲ့ လပိုင်းလောက်က ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့တဲ့ အိမ်ရှေ့စံ မင်းသား အချစ်ကို မျှော်လင့် နေခဲ့တဲ့ ယွမ်လော့ဖုန်း မဟုတ်တော့ဘူး။ နောက်ပြီးတော့ ပြည့်စုံချောမောတဲ့ ယွမ်ရှောင်လည်း သူမဘေးနားမှာ ရှိနေပေးတယ်။ သူမက ဘာကြောင့် တတိယမြောက် မင်းသား ရဲ့လင်းကို ထပ်ကြိုက်နေရမလဲ။
“ရဲ့လင်း”
ယွမ်လော့ဖုန်းလည်း ရဲ့လင်းကို ကြည့်ပြီးတော့ ပြုံးလိုက်တယ်။
“ခွေးဘုရင်ကို ကူညီပြီးတော့ စစ်သူကြီးအိမ်တော်ကို လျိုဝှက် ကြံစည်တာ နင်က ဘာအကျိုးခံစားခွင့် ရမှာမို့လဲ။”
ရဲ့လင်းမျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့လာပြီးတော့ နာကြည်းမုန်းတီးစွာ ပြောတယ်။
“ဓားစာခံတစ်ယောက်အနေနဲ့ ငါမှာ ဘာအကျိုးခံစားခွင့် ရှိမလဲ။ အမိန့်ကို နာခံရုံအပြင် ဘာမှ မရှိဘူး။”
“ရဲ့လင်း….ရှင်မှာ ဘာရည်ရွယ်ချက်ရှိရှိ ကျွန်မ
ဂရုမစိုက်ဘူး။ ရှင်က တခြားတိုင်းပြည်က မင်းသား
ဖြစ်နေတာလဲ ကျွန်မ အာရုံမထားဘူး။ ရှင် ကျွန်မကို ဆန့်ကျင်ချင်လာဆိုတာ တစ်ခုတည်းပဲ သိချင်တယ်။”
ယွမ်လော့ဖုန်း မျက်ဝန်းတွေက ခက်ထန်မှုကို ဖော်ပြနေတယ်။
“ဒီတစ်ချက်တည်းနဲ့ ကျွန်မ သိချင်တာ လုံလောက်ပြီ။”
ရဲ့လင်း ခန္ဓာကိုယ်က ကြောက်စိတ်ကြောင့် တဆတ်ဆတ် တုန်နေတယ်။ သူ သိနေတယ်။ သူ ကွမ်တုကို မကူညီချင်ဘဲ အမိန့် နာခံခဲ့ပြီး သူမကို ဆန့်ကျင်ရင်တော့ သူမ လုံး၀ ခွင့်လွှတ်မှာ မဟုတ်ဘူး။
ကြာပွတ်ရိုက်သံ
ရဲ့လင်း တိတ်ဆိတ်နေတဲ့အချိန်မှာ မိန်းမပျိုလေးက သူ့အနားကို တံလျှပ်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာတယ်။
သေးသွယ်တဲ့ လက်ချောင်းတွေက သူ့လက်မောင်းကို ဖမ်းကိုင်ထားတယ်။ စူးရှတဲ့ နာကျင်မှုကို သူ့ခန္ဓာကိုယ်က ခံစား လိုက်ရတယ်။ ရဲ့လင်း ဆက်ပြီးတော့ သည်းမခံနိုင်လောက်အောင် နာကျင်ရတယ်။ သူ နာကျင်စွာ အော်ဟစ်လိုက်တယ်။
‘ဘန်း’
မိန်းမပျိုလေးက သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ် လဲလျောင်း သွားအောင် ပစ်လွှင့်လိုက်တယ်။
ရဲ့လင်း သူ့ခံတွင်းကို ပိတ်ဖို့တောင် အချိန်မရလိုက်ဘူး။ မိန်းကလေးက သူ့ပါးစပ်ထဲကို ဆေးရည်တွေ အတင်း တိုက်တယ်။
Chapter-91
End
အပိုင်း(၉၂)
ကိုယ့်ဘက်တော်သားဖြစ်အောင် ဆောင်ရွက်ခြင်း(၂)
“ဝက်ကဲ့သို့ အော်မြည်သည်”
ရဲ့လင်းမျက်နှာကို ကြည့်ရတာ နာကျင်မှုကို အတော်ခံစားနေရတယ်။ ကံကြမ္မာအပြောင်းလဲကို ခံစားနေရတဲ့ သူရဲ့ လှပတဲ့မျက်လုံးတွေမှာ ထိတ်လန့်မှုတွေနဲ့ ပြည့်နေတယ်။
သူ့အတွင်းအင်္ဂါတွေမှာ မီးတောက်နေသလို ခံစားနေရတယ်။ သူ ချက်ချင်း သေသွားချင် စိတ်တွေ ပေါက်လာတယ်။
“မင်း… ငါကို ဘာဆေးတွေ တိုက်လိုက်တာလဲ။”
ရဲ့လင်း သူ့လည်းပင်းကို သူဆွဲညှစ်ရင် ဒေါသတကြီး ကြည့်လိုက်တယ်။ သူရဲ့ ချောမောတဲ့မျက်နှာက နာကျင်မှုကြောင့် အကျည်းတန် ရုပ်ဆိုးနေတယ်။ သူ့အသံကို နားထောင်ရတာ နှလုံးသားတွေ ကွဲကြေမတတ် နာကျင်နေပုံပဲ။
“အဆိပ်ဆေးမြစ်က ဖော်ထုတ်ထားတဲ့ အရည်ကို တိုက်လိုက်တာလေ။ ရှင်အတွက် သီးသန့် ပြင်ဆင်ပေးထားတာလေ။ ရှင်က စစ်သူကြီးအိမ်တော်ကို ထောက်ချောက်ဆင်ဖို့ ရောက်လာတော့လည်း ရှင့်တစ်သက်မှာ မေ့မရနိုင်လောက်တဲ့ အထိ နာကျင်မှုကို ခံစားရအောင် လုပ်ပေးရတာပေါ့။”
ယွမ်လော့ဖုန်း မြေပြင်ပေါ်မှာ လူးလိမ့်နေတဲ့ လူငယ်လေးကို မောက်မာစွာ ကြည့်လိုက်တယ်။ သူမ လူယုတ်မာအပြုံး ပြုံးလိုက်တယ်။ သူမ စကားကို ဆက်လက်ပြောလိုက်တယ်။
“ကျွန်မက သစ္စာဖောက်တာကို သည်းမခံနိုင်ဆုံးပဲ။ ကျွန်မကို သစ္စာဖောက်တဲ့လူကို သေရတာထက် ဆိုးရွားတဲ့ ဘဝကို ရောက်စေရမယ်။”
ဆေးနတ်ဘုရား လျိုဝှက်နယ်မြေအတွင်းမှာ ရှောင်မိုတစ်ယောက် မျက်တောင်မခတ် ကြည့်နေတယ်။ သူ့သခင်မရဲ့ စိတ်နေသဘောထားကို သူနားလည်တယ်။ သူလျိုကို ကိုယ့်ဘက်တော်သား ဖြစ်အောင် ဆောင်ရွက်နေတာပဲ။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ မျောက်ကို သတိပေးချင်လို့ ကြက်ကို သတ်နေတာပေါ့။ (ပြောရမယ်ဆိုရင်တော့ ဘုရင်ကို သတိပေးချင်လို့ သူလျိုကို နှိပ်စက်နေတာပေါ့။ )
သူမ ရည်ရွယ်ချက်က ရှိနေတဲ့ လူတွေ အားလုံးကို သူမကို သစ္စာဖောက်တဲ့လူက အဆုံးသတ်မကောင်းနိုင်ဘူးဆိုတာ နားလည်စေချင်တယ်။ သေရတာထက် ဆိုးတဲ့ ဘဝကို ပိုင်ဆိုင်စေရမယ်။ လူတိုင်း ကြောက်လန့် တုန်လှုပ်နေတယ်။ တချို့ကတော့ ယွမ်လော့ဖုန်းကို သစ္စာဖောက်တဲ့လူထဲမှာ မပါလို့ ဝမ်းသာနေကြတယ်။
“ငါကို သတ်လိုက်ပါတော့။ တောင်းပန်ပါတယ်။ ငါကို သတ်လိုက်ပါ။”
ရဲ့လင်းအသံက အသံပြာနေပြီးတော့ အရမ်းကို နာကျင်ခံစားနေရပုံပဲ။ သူ…မာနဝင့်ကြွားနေတဲ့ ယွမ်လော့ဖုန်းကို အသနားခံတဲ့ မျက်ဝန်းတွေနဲ့ တောင်းပန်ဝပ်တွားစွာ ကြည့်လိုက်တယ်။ သူမျက်ဝန်းကလည်း နာကျင်ရလွန်းလို့ မျက်ရည် စီးကျနေတယ်။
မီးကဲ့သို့တောက်လောင် နာကျင် ခံစားရတာထက် သေသွားတာက ပိုပြီး ကျေနပ် အားရစရာ ကောင်းတယ်။
“ ငါကို သစ္စာဖောက်တဲ့လူကို အလွယ်တကူ သေခွင့် မပေးနိုင်ဘူး။ သစ္စာဖောက်ကို တဖြည်းဖြည်းချင်း နှိပ်စက်ပြီးတော့ နာကျင်ခံစားစေမယ်။”
ယွမ်လော့ဖုန်း ကျေနပ်အားရစွာ ပြုံးလိုက်တယ်။
“ရဲ့လင်း ရှင်ကို ကျွန်မ သေခွင့်လည်း မပေးနိုင်သလို ကျွန်မကို သစ္စာရှိလာအောင် လုပ်ဆောင်ရမှာပဲ။ ရှင်တစ်ဘဝလုံး ကျွန်မအပေါ်မှာ သစ္စာရှိနေရမယ်။ ကျွန်မတစ်ယောက်တည်းပဲ လက်ရှိ ရှင့်နာကျင်မှုကို ဝေဒနာကို သက်သာစေမယ်။ ထိုကြောင့် အခုချိန်ကစပြီးတော့ ရှင့်ဘဝက ကျွန်မလက်ထဲမှာ ရှိတယ်။”
ရဲ့လင်း ဘာကိုမှ ဆက်မတွေးချင်တော့ဘူး။ သူ သဘောတူညီမှုကို ပြသဖို့ ခေါင်းမညိတ်ခင်မှာ နာကျင်စွာ စကားဆိုတယ်။
“ ငါ ကတိပေးပါတယ်။ ငါမင်းကို သစ္စာရှိပါမယ်။ ငါကို အလွတ်ပေးပါတော့။ ငါ အနူးညွှတ်တောင်းပန်ပါတယ်။”
ယွမ်လော့ဖုန်း နာကျင်နေတဲ့ ရဲ့လင်းအနားကို တဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်ပြီးတော့ သူမလက်ထဲက ငွေရောင် အပ်ကို ရဲ့လင်းနှလုံးသားကို ထိုးစိုက်လိုက်တယ်။
ငွေအပ် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီးနောက်မှာ စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားသလိုပဲ ။ ပြင်းထန်တဲ့ နာကျင်မှုက တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်။
“ငွေအပ်က ရှင့်နာကျင်မှုကို ခဏတာပဲ သက်သာစေနိုင်တယ်။ အခုချိန်ကစပြီးတော့ ရှင် လတိုင်း ကျွန်မပြင်ဆင်ပေးတဲ့ ဆေးရေချိုးကန်မှာ ရေချိုးရမယ်။ မဟုတ်ရင်တော့ ရှင်နောက်ကို နာကျင်မှုက အဆုံးအစ မရှိ အရိပ်လို လိုက်နေလိမ့်မယ်။”
သူမ ရဲ့လင်းကို မယုံကြည်နိုင်ဘူး။ အဆိပ်ဖြေဆေးကို မပေးနိုင်ဘူး။ သူကို ထိန်းချုပ်ထားနိုင်မယ့် နည်းလမ်း တစ်ခုပဲရှိတယ်။
ရဲ့လင်းခန္ဓာကိုယ်က မြေပြင်ပေါ်မှာ လဲလျောင်းနေတယ်။ သူ့နဖူးမှာ ချွေးတွေ ပြည့်နေတယ်။ သူ အရမ်းကို အားနည်းနေပြီး စကားတစ်ခွန်းတောင် မပြောနိုင်တဲ့ အထိပဲ။ မြေကြီးပေါ်မှာ လေကို အားယူပြီးတော့ ရှုနေရတယ်။
ယွမ်လော့ဖုန်း မတ်တပ်ရပ်လိုက်ပြီးတော့ သူမရဲ့ စွဲမက်ဖွယ် မျက်ဝန်းနက်တွေက လူတိုင်းကို ကြည့်လိုက်တယ်။ သူမပုံစံ လွှမ်းမိုး ချုပ်ချယ်တဲ့ ပုံစံရှိပြီးတော့ သူမပြောတဲ့ စကားလုံးတိုင်းက မောက်မာလွန်းတယ်။
“သစ္စာဖောက်တွေအတွက် တန်ရာတန်ကြေးကို အားလုံး နားလည်ပြီးလား။ ငါ…ယွမ်လော့ဖုန်းက သစ္စာဖောက်တဲ့ လူကို အမုန်းဆုံးပဲ။ တစ်ယောက်ယောက်က ငါကို သစ္စာဖောက်ရင် သူတို့အတွက် သေရတာထက် ဆိုးရွားတဲ့ ဘဝကို ရောက်စေဖို့ ငါမှာ နည်းလမ်း မြောက်မြားစွာ ရှိတယ်။ ဒါပေမယ့် နင်တို့အားလုံး ငါကို သစ္စာဖောက်ဖို့ အခွင့်ရေး မရစေရဘူး။ ရဲ့လင်း ဘယ်လောက်ပဲ တိတ်တဆိတ် ဖုံးကွယ်ပြီးနေလည်း ငါ ရှာနိုင်တယ်။”
လူအားလုံး တိတ်ဆိတ်သွားတယ်။ ယွမ်လော့ဖုန်းရဲ့ မာန အရှိန်ဝါအောက်မှာ တစ်ယောက်မှ အသက်ပြင်းပြင်း မရှု ရဲဘူး။
ယွမ်လော့ဖုန်း လူအားလုံးကို ကြည့်လိုက်ပြီးတော့ စကားကို ဆက်ပြောတယ်။
“ငါကို သစ္စာဖောက်တဲ့လူကို လောကကြီးအဆုံးသတ်အထိ လိုက်ပြီးတော့ အပြစ်ပေးမယ်။ သို့သော်လည်း ငါကို အစွမ်းကုန် သစ္စာရှိတဲ့လူကိုတော့ တောက်ပတဲ့ အနာဂတ် ပေးမယ်။
မင်းတို့တွေက မွေးရာပါ အရည်ချင်း မရှိဘူးဆိုတာ ငါသိတယ်။ တခြားလူတွေက မင်းတို့တွေကို အနိုင်ကျင့်ပြီးတော့ အထင်သေးတယ် မလား။ ငါကို သစ္စာခံရင် ထိပ်ဆုံးဆိုတဲ့နေရာကို ဖမ်းဆုပ်နိုင်တဲ့ အခွင့်ရေးကို ငါ ပေးမယ်။”
Chapter-92
End
Bạn đang đọc truyện trên: Truyen247.Pro