Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 89+90

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

စာစဉ်(၅)

ဘာသာပြန်သူ-Jelly candy Flower

89+90

🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸

အပိုင်း(၈၉)

နန်းတော်မှ သူလျိုများ(၃)

'ကြွက်အော်သံ'

ယွမ်လော့ဖုန်း နို့လက်ဖက်ရည်လေးအကြောင်းပြောတာနဲ့ နို့လက်ဖက်ရည်လေးက သူကိုသတိထားမိအောင် အသံပြုတယ်။ မကြာခင်မှာပဲ နို့ရည်ကဲ့သို့ ဖြူဖွေးတဲ့ ကြွက်ဖြူလေးကို တွေ့လိုက်ရတယ်။

"မြေအောက်လှိုင်ခေါင်းတူးလို့ ပြီးပြီလား။"

ယွမ်လော့ဖုန်းလည်း ကြွက်လေးကို လက်ပေါ်တင်ပြီး မေးတယ်။

"သိမ်းထားဖို့ပြောတဲ့ အသီး၃ခုကို ချန်ထားရဲ့လား။"

နို့လက်ဖက်ရည်လေးက ထိတ်ထိတ်ပျာပျာ ခေါင်းညိတ်ပြတယ်။ ချစ်ဖို့ကောင်းတဲ့အမူရာလုပ်ပြပြီးတော့ ဆုလာဘ်တောင်းနေတဲ့ပုံစံပေါ့။

"စောင့်ကြည့်ခိုင်းထားတဲ့လူတွေက ဘယ်လိုလဲ။ ဘယ်ကို သွားလဲ။"

နို့လက်ဖက်ရည်ကေ မနက်မှာ မြေအောက်လှိုင်ခေါင်းတူးဖော်ပြီး ညဘက်မှာ စုဆောင်းထားတဲ့ စစ်သည်တွေကို စောင့်ကြည့်ရတယ်။ ဆုလာဘ်အနေနဲ့ ယွမ်လော့ဖုန်းက စိတ်စုစည်းဆေးရည် ပေးတယ်။

"ကြွက်အော်သံ" နို့လက်ဖက်ရည်လေးက ခေါင်းကို နောက်တစ်ကြိမ်ညိတ်တယ်။ယွမ်လော့ဖုန်းကို ငေးကြည့်နေတယ်။

"ဒါက ဆုလာဘ်"

ယွမ်လော့ဖုန်းလည်း စိတ်စုစည်းဆေးရည်ကို ယူပြီးတော့ နို့လက်ဖက်ရည်လေးကို ပေးလိုက်တယ်။

နို့လက်ရည်လေးက စိတ်စုစည်းဆေးရည်ကိုယူပြီးတော့ အဖုံးကို သူ့သွားလေးနဲ့ ဖွင့်တယ်။ ဆေးရည်တွေကို အမြန်ဆုံးသောက်လိုက်တယ်။

ရွှေရှာကြွက်လေးက လူနဲ့ခြားနားတယ်။ သူရဲ့ စိတ်စွမ်းအားတိုးမြှင့်ဖို့ဆိုရင်တော့ ဆေးမြစ်တွေကို အဆုံးအစမရှိ အများကြီး စားရမယ်။ ဒီစိတ်စုစည်းဆေးရည်က ဆေးမြစ်တွေက ဖော်စပ်ထားတာဆိုတော့ ပုံမှန်အားဖြင့် သူစားတဲ့အစာပေါ့။ သို့သော်လည်း စိတ်စုစည်းဆေးရည်ထက် စိတ်စွမ်းအားဆေးမြစ်နဲ့ဆိုရင် ပိုစွမ်းအားတိုးစေတယ်။

“ကြွက်အော်သံ ကြွက်အော်သံ”

စိတ်စုစည်းဆေးရည် အားလုံးကို ကုန်အောင် သောက်ပြီးနောက်မှာ နို့လက်ဖက်ရည်က ယွမ်လော့ဖုန်းကြားအောင်အသံပြုတယ်။ သူ့လက်နဲ့ခြေထောက်တွေနဲ့ အမူရာလုပ်ပြီးတော့ စကားပြောတယ်။

“သခင်…သူပြောတာက သံသယရှိတဲ့လူက စစ်သူကြီးအိမ်တော်က ထွက်ခွာသွားတယ်တဲ့  ။ သူနောက်ကို နောက်ယောင်ခံလိုက်တော့ မိန်းမဆန်တဲ့ အသံနဲ့ လူတစ်ယောက်ကို စာပေးလိုက်တယ်တဲ့။ ”

ယွမ်လော့ဖုန်း စိတ်ထဲမှာ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေတဲ့ မေးခွန်းကို ရှောင်မိုက သေချာစွာ ရှင်းပြတယ်။

ကြည့်ရတာ ရှောင်မိုလေး စိတ်မဆိုးတော့ဘူးထင်တယ်။

“မိန်းမဆန်တဲ့အသံဆိုတော့”ယွမ်လော့ဖုန်း စဉ်းစားခန်းဝင်နေတယ်။

“နန်းတော်က မိန်းမစိုးတွေက လွဲရင် ထိုအသံနဲ့ ဘယ်သူမှ မပြောဘူး။ ကြည့်ရတာ ဘုရင်က စစ်သူကြီးအိမ်တော်ကို မယုံကြည်တာကြောင့် သူလျို လွှတ်ထားတာထင်တယ်။ နို့လက်ဖက်ရည်လေး လမ်းပြ။ ငါ အဲ့လူကို မြင်ချင်တယ်။”

သူမ ဒီရက်ပိုင်းအတွင်းမှာ နန်းတော်က သူလျိုတွေကို ဖမ်းဖို့အတွက် အခွင့်ကောင်းကို စောင့်နေခဲ့တာ။ ကြည့်ရတာ သူလျိုတွေက စိတ်မရှည်တော့ဘူးထင်တယ်။ ရုပ်လုံးပေါ်လာပြီ။ သူတို့ ရည်ရွယ်ချက်ကို အလျင်မြန်ဖော်ထုတ်လိုက်ပြီးပဲ။

“ကြွက်အော်သံ ကြွက်အော်သံ” နို့လက်ဖက်ရည်လေးက ဂုဏ်ယူဝင့်ကြွားစွာ အသံပြုပြီးတော့ ယွမ်လော့ဖုန်း လက်ပေါ်က သုတ်သုတ်ပျာပျာ ပြေးဆင်းသွားတယ်။ တံခါးဘက်ကို အလျင်မြန်ပြေးသွားတယ်။

ယွမ်လော့ဖုန်းလည်း ထပ်ပြီးတော့ တွေးမနေတော့ဘဲ ကြွက်လေးနောက်ကို လိုက်သွားတယ်။

မှောင်မဲစိုထိုင်းနေတဲ့ ကျောက်တုံးအခန်းထဲမှာ လူများပြည့်နှံနေတယ်။လူအယောက်၂၀၀လုံးက  ကျောက်တုံးခန်းမထဲမှာ နေထိုင်နေတယ်။ မထင်မှတ်ထား လောက်အောင် လူပြည့်နေတယ်။

ယွမ်လော့ဖုန်းရဲ့လစ်လျူရှုမှုကို ရက်အတော်ကြာခံစားရပြီးနောက်မှာ  လူအားလုံး စိတ်မရှည်တော့ဘူး။ စစ်သူကြီးအိမ်တော်က ကောင်းမွန်တဲ့ လစာမပေးထားရင်တော့ ထောင်နဲ့တူတဲ့ အခန်းထဲမှာ ဘယ်သူက နေမလဲ။

ဆူညံတဲ့နေတဲ့ လူအုပ်စုရဲ့ ဆွေးနွေးသံက လူတစ်ယောက်ရဲ့ အော်သံက လွှမ်းမိုးသွားပြီးတော့ အားလုံးကို တိတ်ဆိတ်သွားစေတယ်။

“ကြည့်ရတာတော့ အားလုံးက ဒီရက်ပိုင်းမှာ အဆင်ပြေ တယ်ထင်တယ်။ အားအင်ပြည့်ပြီးတော့ စကားကျယ်ကျယ်  ပြောနိုင်နေတာပဲ။”

မိန်းကလေးအရိပ်က ကျောက်တုံးခန်းမမှာ ထင်ဟပ်နေတယ်။   မိန်းကလေးက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ပြိုင်ဘက်ကင်းတဲ့ အလှကို ပိုင်ဆိုင်ထားတယ်။ သူမရဲ့ မျက်ဝန်းနက်လေးတွေက ဆူညံနေတဲ့ လူအားလုံးကို တိတ်ဆိတ်သွားစေတယ်။

“ယွမ်မိန်းကလေး”

မကျေမနပ်ဖြစ်နေတဲ့အသံကို လူအုပ်ကြားမှာ ကြားလိုက် ရတယ်။

“ကျွန်တော်တို့တွေကို လူစုခိုင်းပြီးတော့ ဒီနေရာက မိန်းကလေးက ထွက်သွားတယ်။ ကျွန်တော်တို့တွေကို အာရုံမထားဘူး။ မိန်းကလေးက ဘာလုပ်စေချင်တာလဲ။  ကျွန်တော်တို့ကို ဒီလိုမျိုး ပြုမူချင်လို့ အိမ်တော်ကို ခေါ်လာ တာလား။”

Chapter-89

End

အပိုင်း(၉၀)

နန်းတော်မှ သူလျိုများ(၄)

ယွမ်လော့ဖုန်းလည်း သူမကို  ပြောတဲ့လူကို လှည့်ကြည့်လိုက်တယ်။

ငယ်ရွယ်ချောမောတဲ့ရုပ်သွင်ကို ပိုင်ဆိုင်တဲ့ ကောင်လေးက မကျေနပ်တဲ့ အသံနဲ့ စကားဆိုတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဒီကျောက်တုံးအခန်းမှာ နေရလို့ မကျေနပ်လို့ ထင်တယ်။ မျက်နှာကတော့ ကြည်လင်ဖြူဖွေးနေတာပဲ။ လူချောတစ်ယောက်ပဲ။ ဒါပေမယ့် သူ့မျက်ဝန်းတွေက ဘဝအပြောင်းလဲ အတွေ့ကြုံကြောင့် နာကျင်မှုကို ခံစားနေရတာကို ထင်ဟပ်နေတယ်။

“ရှင့်နာမည်ပြော”

ယွမ်လော့ဖုန်း လူချောလေးကို ကြည့်လိုက်ပြီးတော့ နှုတ်ခမ်းထော့ပြီးတော့ မေးလိုက်တယ်။

လူချောလေးကတော့ ယွမ်လော့ဖုန်း သူကို အလျင်အမြန် သတိထားမိသွားမယ်လို့ မထင်ထားဘူးထင်တယ်။ အံသြစွာ ယွမ်လော့ဖုန်းကို  ငေးကြည့်နေမိတယ်။

“ရဲ့လင်း။ ငါ့နာမည်က ရဲ့လင်း။”

“ငါ သိချင်တာက နင့်နာမည်အမှန်။ နင့်နာမည်အမှန်ကို ငါကို ပြောစမ်းပါ။” ယွမ်လော့ဖုန်း စိတ်မရှည်တဲ့အသံနဲ့ ပြောတယ်။

ရဲ့လင်း မျက်ဝန်းက ဟိုကြည့်ဒီကြည့်နဲ့ ဂနာမငြိမ်ဖြစ်နေတယ်။

“ရဲ့လင်းက ငါ့နာမည်အမှန်ပဲ။”

“ကောင်းပြီးလေ ။ ဒါဆို နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးမယ်။ နင့် မနေ့ညက ဘယ်နေရာကို သွားခဲ့လဲ။ယွမ်လော့ဖုန်းလည်း လူချောလေးကို ပြုံးပြီး ကြည့်နေလိုက်တယ်။”

ဘယ်သူမှ သူမအမြင်အာရုံနဲ့ စေ့စပ်သေချာမှုက မလွတ်မြောက်နိုင်ပါဘူး။

လူချောလေးက လန့်တဲ့စိတ်ကြောင့် မျက်နှာမှာချွေးပြန်နေတယ်။ သူ မနေ့ညက ထွက်သွားတုန်းက သူနောက်ကို ဘယ်သူမှ နောက်ယောင်ခံ မလိုက်ခဲ့ပါဘူး။ ဒါဆို ဘာလို့ ယွမ်လော့ဖုန်းက သူကို မေးရတာလဲ။ သူ့အခြေကို ရိပ်မိသွားအောင် အစ်မေးနေတာလား။

လူချောလေးက သိနိုင်မယ်မထင်ဘူး။ မနေ့ညက သူ့နောက်ကို သက်ရှိလူသား ဘယ်သူမှ လိုက်မချောင်းခဲ့ပါဘူး။ သို့သော်လည်း ရွှေရှာကြွက်လေးတစ်ယောက်သာ လူချောလေးနောက်ကို လိုက်ချောင်းခဲ့တာလေ။

“ရဲ့လင်း” ယွမ်လော့ဖုန်းအပြုံးက ပိုပြီးတော့ သက်ဝင်လှပလာတယ်။

“ပြောရမယ်ဆိုရင် လွေ့ကျင်းတိုင်းပြည်က စစ်ရှုံးသွားတော့  ငြိမ်းချမ်းရေးရဖို့အတွက် လွေ့ကျင်းရဲ့ အရည်ချင်းရှိတဲ့ တတိယယောက်မင်းသား ရဲ့လင်းကို ဓားစာခံ အနေနဲ့ထားခဲ့တယ်။ တတိယမြောက် မင်းသားက မျိုးဆက်သစ် ပါရမီရှင်တစ်ယောက်ပဲ။ သနားစရာကောင်းစွာ ဓားစာခံအဖြစ် နေထိုင်နေရတာပဲ။ သူများ ကျွန်ဖြစ်ဖို့ ကံတရားပါလာတယ်ထင်တယ်။ ဒါကြောင့် ငါနင်ကို မေးချင်တာက နင်ကို ရဲ့လင်းလို့ ခေါ်ရမလား။ မင်းသား၃လို့ ခေါ်ရမလား။”

လူငယ်လေးမျက်နှာက ချက်ချင်းပြောင်းလဲသွားပြီးတော့ ယွမ်လော့ဖုန်းကို မုန်းတီးစွာ ၊ တုန်လှုပ်စွာ စိုက်ကြည့်နေတယ်။

“မင်း….ဘယ်လို သိနေတာလဲ။”

စစ်သူကြီးအိမ်တော်က သခင်မလေးက အသုံးမဝင်တဲ့ အမှိုက်လို့ ပြောနေတာ အမှန်မဟုတ်ဘူးပဲ။  သူရဲ့ မူလဇစ်မြစ်ကို ကောင်းစွာ သိမြင်နေတာပဲ။

“အိမ်ရှေ့စံမင်းသားက ရှင်ကို စစ်သူကြီးအိမ်တော်ကို ပို့လိုက်တဲ့အချိန်မှာ နင်က လျိုဝှက်ဆက်သွယ်မှုလုပ်ခဲ့တယ်။ နန်းတွင်းမိန်းမစိုးနဲ့ နင် မနေ့ညက ခိုးတွေ့ခဲ့တယ်။ ရှင်ကို ကျွန်မသက်တော်စောင့်တွေက ရိပ်မိသွားတယ်။ ”

ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးက ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးတယ်။

“တကယ်တော့ ကျွန်မ ရှင့်နာမည်ကို မေးတဲ့အချိန်က ရှင်အမှန်အတိုင်း ရဲ့လင်းလို့ ဖြေခဲ့တယ်။ ရှင် …ကျွန်မမေးတဲ့ မေးခွန်းကို အမှန်တိုင်းသာ မဖြေခဲ့ရင် ကျွန်မက ရှင့်နာမည်နဲ့ ရှင့်အကြောင်းကို သိမှာ မဟုတ်ဘူး။ ရှင့်နာမည်ကို အမှန်ပြောပြီးတော့ ရှင့်အပြစ်ကို ကျွန်မကို ဝန်ခံလိုက်တာပဲ။”

“လွေ့ကျင်းတိုင်းပြည်ရဲ့ မိဖုရားကြီးရီက ရှင့်အမေ ဟုတ်တယ်မလား။ ဒီနာမည်နဲ့ဆိုရင် ရှင်ကို မသိတဲ့လူ ရှိမှာ မဟုတ်ဘူး။ နန်းတော်က ဘယ်သူက ရှင်ကို အိမ်တော်မှာ သူလျိုလာလုပ်ဖို့ အမိန့်ပေးထားတာလဲ။ ဘာအမိန့်ကြောင့် အိမ်တော်မှာ နေရတာလဲ။”

ရဲ့လင်း သဘောကျစွာ တခစ်ခစ်ရယ်မောလိုက်တယ်။

“ယွမ်လော့ဖုန်း…အားလုံးကပြောနေတာတော့  မင်းက အသုံးမဝင်တဲ့ အမှိုက်မတဲ့။ စစ်သူကြီး နာမည်နဲ့ အာဏာကို အလွဲသုံးစား လုပ်နေတဲ့ မိန်းကလေးတဲ့ မိန်းကလေးတဲ့။ ကံမကောင်းတာတော့ လောကကြီးမှာရှိတဲ့လူတွေက ကန်းနေတာပဲ။ ဘယ်သူမှ မင်းအကြောင်းကို သေချာမသိဘူးပဲ။ မင်းပြောတာမှန်ပါတယ်။ ငါက ရဲ့လင်း။ မင်းတို့ ဘုရင်က ငါကို စစ်သူကြီးအိမ်တော်မှာ ၂နှစ်နေဖို့ ပြောတယ်။ ၂နှစ်ပြည့်ရင်တော့ ငါ့တိုင်းပြည်ကို ပြန်လို့ ရမယ်တဲ့။ အဘိုးကြီး ယွမ်လော့ကြောင့်သာ မဟုတ်ရင် ငါတို့လွေ့ကျင်းက စစ်ရှုံးမှာ မဟုတ်ဘူး။ ငါလည်း ဓားစာခံဖြစ်မှာ မဟုတ်ဘူး။”

ရဲ့လင်းမျက်ဝန်းမှာ အမုန်းနဲ့ နာကျင်မှုကို ခံစားရတယ်။

“ရဲ့လင်း… ဒီကိစ္စက တကယ်ပဲ ကျွန်မအဘိုးအမှားလို့ ထင်နေတာလား။ ကျွန်မ ဝန်ခံတယ်။ ကျွန်မအဘိုးက ရူးသွပ်စွာ သစ္စာရှိတယ်။ ခွေးဘုရင်ပေးသမျှ အမိန့်ကို နာခံတယ်။ သို့သော်လည်း သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘူး။ ရှင် အမှန်တကယ် မုန်းသင့်တဲ့လူက ခွေးဘုရင်။  ဘာကြောင့် ဓားစာခံဖြစ်လာရလဲဆိုတာ တခြားလူတွေထက် ရှင်က ပိုသိပါတယ်။ ”

Chapter-90

End

Bạn đang đọc truyện trên: Truyen247.Pro