
Ep 87+88
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
ဘာသာပြန်သူ-Jelly candy Flower
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၈၇)
နန်းတော်မှသူလျို(၁)
သူမအတိတ်ဘဝတုန်းက အင်တာနက်ပေါ်က ဖတ်ရတဲ့ စာကြောင်းလေး တစ်ခုကြောင့် ယွမ်လော့ဖုန်း နှလုံးသားလေး တုန်လှုပ်မိတယ်။
ထိုစကားလေး တစ်ခွန်းက
"မင်းလေး လူတစ်ယောက်ကို သတ်ချင်ရင် ကိုက မင်းဓားကိုင်နိုင်ဖို့ ကူညီပေးမယ်။"
ယွမ်ရှောင်က ထိုစကားကို မပြောသော်လည်း သူပြောတဲ့စကားနောက်ကွယ်က အဓိပါ္ပယ်ကတော့ အတူတူပါပဲ။
ယွမ်လော့ဖုန်းရဲ့နှလုံးသားလေး ရင်ခုန်မိတယ်။ သူမရှေ့မှာ ရပ်နေတဲ့ အေးတိအေးစက်နိုင်ပြီးတော့ ခမ်းနားထည်ဝါတဲ့ ယောကျာ်းလေးကို တောက်ပတဲ့ ရွှန်းလဲ့တဲ့မျက်ဝန်းနဲ့ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။
"ယွမ်ရှောင်....ကျွန်မ ရှင့်စွမ်းအားကို မလိုအပ်ပါဘူး။ ကိုယ့်ဘာသာ ကြိုးစားရပ်တည်နိုင်တယ်။"
ယွမ်ရှောင်လည်း မျက်မှောင်ကြုတ်လိုက်ပြီးတော့ ယွမ်လော့ဖုန်းပြောတဲ့ စကားကို စဉ်းစားနေတယ်။ခဏအကြာတော့ စိတ်ဖြတ်ချက်ခိုင်မာတဲ့ အေးစက်တဲ့ မျက်ဝန်းတစ်စုံနဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"ငါက မင်းမုန်းတဲ့လူရဲ့လက်နဲ့ခြေထောက်တွေကို ချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဆို သူ မင်းကို မရုန်းနိုင်တော့ဘူး။ မင်း လိုအပ်သလို မင်းဒေါသကို ဖြေဖျောက် နိုင်တာပဲ။"
ယွမ်ရှောင်က ယွမ်လော့ဖုန်းစကားကို စိတ်အားထက်သန်စွာ ပြန်လည်ဖြေဆိုတယ်။
ယွမ်ရှောင်ပုံစံက အရမ်းတည်ငြိမ်နေပြီးတော့ ပြောသမျှစကားလုံးတွေကို ယုံကြည်နိုင်တယ်လို့ ခံစားရတယ်။
"ယွမ်ရှောင်...ရှင် ကျွန်မကို ဘာလို့ ကောင်းကောင်း ပြောဆိုဆက်ဆံ ရတာလဲ။" ယွမ်လော့ဖုန်း မေးချင်တဲ့မေးခွန်းတွေကို မေးလိုက်တယ်။သူမရဲ့ နက်နဲသိမ်မွေ့တဲ့မျက်ဝန်းတွေက ယွမ်ရှောင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။
ယွမ်ရှောင် နှုတ်ခမ်းပါးလေးက ပြုံးလိုက်ပြီးတော့ အေးစက်တဲ့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
"ငါမသိဘူး ။ဒါပေမယ့် ငါနားလည်တာတော့ ငါမင်းကို ကာကွယ်ပေးချင်တယ်။"
'ငါမင်းကို ကာကွယ်ပေးချင်တယ်ဆိုတဲ့'စကားလုံးက ယွမ်လော့ဖုန်းအာရုံကို တုန်ခါသွားစေတယ်။ ယွမ်လော့ဖုန်းလည်း ခေါင်းကိုက် သက်သာသွားအောင် ခေါင်းကို နှိပ်လိုက်ပြီးတော့
"ယွမ်ရှောင်... ရှင်ပြောလို့ပြီးသွားရင်လည်း ထွက်သွားတော့လေ ။ ကျွန်မ တိတ်ဆိတ်စွာ အနားယူတော့မယ်။"
ယွမ်ရှောင်က သူမအမိန့်ကို ဆန့်ကျင်ပြီးတော့ ယွမ်လော့ဖုန်းအနားကို ခြေလှမ်းနှစ်လှမ်း ထပ်လှမ်းလာတယ်။
"ယွမ်ရှောင်..."
အမိန့်နားခံခြင်း မရှိတဲ့ ယွမ်ရှောင်ကိုကြည့်ရင်း ယွမ်လော့ဖုန်း မသိမသာ မျက်ခုံးတွန့်လိုက်တယ်။ သူမ ခေါင်းကိုမော့လိုက်ပြီးတော့ ထိုအမျိုးသားရဲ့ အေးတိအေးစက်သွင်ပြင်ကို ကြည့်လိုက်တယ်။ ထိုအမျိုးသားရဲ့ နွေးထွေးတဲ့ လက်တစ်စုံက သူမရင်ဘတ်ပေါ်ရောက်လာတယ်။
ယွမ်လော့ဖုန်း မကျေမနပ်ကြည့်လိုက်ပြီးတော့ သူမမျက်ဝန်းမှာ ဒေါသရိပ်တွေ လှိုင်းထန်နေတယ်။
ယွမ်ရှောင်ကဲ့သို့ ဖြူစင်ရိုးသားတဲ့ ကောင်လေးတစ်ယောက်က သူမကို ဆွဲဆောင်နိုင်ဖို့အတွက် အစပျိုး ဦးဆောင်သူ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။
သူမ ထိုကောင်လေးကို စဖို့ စဉ်းစားနေစဉ်မှာပဲ နွေးထွေးတဲ့ ခံစားချက်က သူမရင်ဘတ်မှ တစ်ဆင့် စိတ်ဝိဉာဉ်ထဲကို တဖြည်းဖြည်း ရောက်ရှိလာတယ်။ မူလအားနည်းနေတဲ့ သူမစိတ်ဝိဉာဉ်က ပြန်လည်ကောင်းမွန်လာတယ်လို့ ခံစားလာရတယ်။
တစ်ချိန်တည်းမှာပဲ သူမရှေ့ဘက်မှ ကောင်လေးရဲ့လက်ချောင်းလေးတွေက သူမရင်ဘတ်ပေါ်သို့ နောက်တစ်ကြိမ် အားနဲ့ ထပ်ဖိလာတယ်။
မိန်းကလေးရဲ့ နူးညံတဲ့ခန္ဓာကိုယ်လေးကို ထိတွေရင် သူ့နှလုံးသားထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ မီးတောင်ကြီး ပေါက်ကွဲတော့မလို ပူလောင်လာပြီးတော့ မသင့်တော်နဲ့ ခံစားချက်ကို ခံစားရတယ်။
ယွမ်ရှောင် သူအသက်ရှုနှုန်းကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးတော့ သူမစိတ်ဝိဉာဉ်ကို သူ့စိတိစွမ်းအားနဲ့ ချက်ချင်း ကုသပေးလိုက်တယ်။
"စိတ်စွမ်းအား တိုးတက်ဖို့ ဒီနည်းလမ်းကို အသုံးမပြုပါနဲ့လို့ သခင်ကို ကျွန်တော်ပြောခဲ့တယ်။ ဒါပေမယ့် သခင် နားမထောင်ခဲ့ဘူး။"
ရှောင်မိုရဲ့ စိတ်မကောင်းဖြစ်နေတဲ့အသံလေးက သူမစိတ်ထဲရောက်ရှိလာတယ်။
"သခင်ကို ခွင့်လွှတ်စေချင်တယ်ဆိုရင် သခင်က ယွမ်ရှောင်ကို သန့်ရှင်းစွာ ရယူပိုင်ဆိုင်ရမယ်။ ဘာပဲဖြစ်ဖြစ် ဒီကလေးလေး ယွမ်ရှောင်က ဘာအတွေ့ကြုံမှ မရှိသေးတော့ ဆုံးရှုံးရတဲ့လူက သခင်တစ်ယောက်တည်း မဟုတ်ပါဘူး။"
ယွမ်လော့ဖုန်းလည်း ရှောင်မိုရဲ့ကလေးဆန်တဲ့စကားတွေကို ဂရုတစိုက်နားထောင်မနေဘူး။
ရှောင်မိုခေါင်းမာပြီးတော့ ဆက်တိုက်ပြောနေတယ်။
"သခင်... စွမ်းအာကြီးမားတဲ့လူတစ်ယောက် မဖြစ်ချင်တော့ဘူးလား။ စွမ်းအားကြီးမာဖို့အတွက် ဖြတ်လမ်းနည်းရှိလာပြီလေ။မြူစွယ်ဖျားယောင်တဲ့ မိန်းကလေးတွေရဲ့ နည်းလမ်းကို အနည်းငယ်သုံးရုံပါပဲ။ "
မြူစွယ်ဖျားယောင်နည်း!
သူမ ခံတွင်းမှ သွေးအန်လာပြီး သူမရှေ့က ယွမ်ရှောင်ကို တွန်းထုတ်လိုက်တယ်။ဘယ်လိုပဲပြောပြော ရေခဲတုံးကိုတော့ အပေါစားမိန်းကလေးပုံစံနဲ့ မချဉ်းကပ်ချင်ပါဘူး။
Chapter-87
End
(AN-ကိုယ် crushလေးကို ဘယ်လိုချဉ်းကပ်မလဲ။)
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်၅
အပိုင်း(၈၈)
နန်းတော်မှ သူလျိုများ(၂)
"ဘာဖြစ်လို့လဲ။ နေမကောင်းဘူးလား။" ယွမ်လော့ဖုန်းက သူကို ထူးဆန်းစွာ ကြည့်နေတာကြောင့် အနည်းငယ် စိတ်မချမ်းသာဖြစ်မိတယ်။
" ရှင်ကို အရမ်းအရသာရှိမယ်ပုံပဲလို့ တစ်ယောက်ယောက်က ပြောဖူးလား။"
အမှန်ပြောရရင် သူမရှေ့မှာ ရပ်နေတဲ့ကောင်လေးက လူတွေကို စွဲမက်စေတဲ့ အရည်ချင်းကို ပိုင်ဆိုင်တယ်။ သူရဲ့ တည်ကြည်တဲ့ပုံစံနဲ့ ကောင်းမွန်ပြည့်စုံတဲ့မျက်နှာပုံစံကြောင့် ပိုင်ဆိုင်ချင်လွန်းတဲ့ လူတွေကြောင့် ပြစ်မှုတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် သူ့ရဲ့ကြွက်သားအပြည့်နဲ့မက်မောဖွယ် ခန္ဓာကိုယ်က လုံးဝ ပြည့်စုံတယ်။ သူ့ရဲ့အပေါ်အဝတ်ကို ချွတ်ပြီးတော့ အပြင်ထွက်လို့ကတော့ သူ့ရင်ဘတ်ပေါ်က ကြွက်သားက နူးနူးညံညံနဲ့ ပေါ်လာတော့မယ်။
ယွမ်ရှောင်လည်း ယွမ်လော့ဖုန်းကို အံသြစွာ ငေးကြည့်နေမိတယ်။ သူမဘာပြောလဲဆိုတာ နားမလည်နိုင်ဖြစ်နေတယ်။
"မပြောဖူးပါဘူး။" ယွမ်ရှောင်က ယွမ်လော့ဖုန်းကို ရိုးသားစွာ ပြန်ဖြေတယ်။
ယွမ်လော့ဖုန်းပြောသကဲ့သို့ သူကို မည်သူမှ မပြောရဲပါဘူး။ သူရဲ့ အဆင့်တန်းကိုသိတဲ့မိန်းကလေးတွေက မျက်နှာဖုံးနောက်ကွယ်က သူမျက်နှာပုံစံကို ရှာဖွေလေ့ရှိတယ်။ ဒါပေမယ့် သူ့မျက်နှာကို သိတဲ့မိန်းကလေးတိုင်းက အသက်ရှင်ဖို့ အခွင့်ရေးမရှိဘူး။
ယွမ်လော့ဖုန်းလည်း ယွမ်ရှောင်ရှက်နေတဲ့ပုံစံကို တစိမ့်စိမ့်ကြည့်ရင်း သဘောတကျရယ်မောတယ်။
"ယွမ်ရှောင်.... ဘယ်အချိန်ထိ ကျွန်မရင်ဘတ်ပေါ် လက်တင်ထားဦးမလဲ။"
ယွမ်လော့ဖုန်းလည်း သူမရင်ဘတ်မှ မဖယ်သေးတဲ့ ယွမ်ရှောင်လက်ကိုကြည့်ရင် သူမရယ်မောချင်စိတ်ဖြစ်လာတယ်။
လက်ကို မဖယ်ရှားခင်မှာ ယွမ်ရှောင်ရဲ့ခံစားချက်မဲ့တဲ့မျက်နှာက ရှက်စိတ်ကြောင့် တင်းမာလာပြီး အေးစက်စွာ စကားပြောတယ်။
"မင်း ခန္ဓာကိုယ်က အဆင်ပြေသွားပြီ။ ငါထွက်သွားသင့်ပြီ။"
သူ့ခြေလှမ်းဘယ်လောက်မြန်မြန် ယွမ်လော့ဖုန်း သူ့ရင်ထဲက ထိတ်လန့်နေစိတ်ကို သိနေတယ်။
"ဒီကောင်လေးက ယော်ကျာ်းနဲ့မိန်းမ ကိစ္စနဲ့ပတ်သတ်ရင်တော့ နလပိန်းတုံးပဲ။"
သူမအိမ်ခန်းက ထွက်ခွာသွားတဲ့ကောင်လေးကို ယွမ်လော့ဖုန်းလည်း ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ကြည့်နေလိုက်တယ်။
"သူက လေ့ကျင့်မှု ကင်းမဲ့နေတာပဲ။"
..........
အိမ်တော်တစ်ခုလုံးက ယွမ်ရှောင်...ယွမ်လော့ဖုန်းကို ပွေ့ချီသွားတာ သိနေပြီးဖြစ်တယ်။အပြင်မှာ လက်ဖက်ရည်သောက်ရင်း ဆွေးနွေးပွဲလုပ်နေတဲ့ ယွမ်လော့မှာ ထိုသတင်းကို ကြားတာနဲ့ အိမ်တော်ကို အမြန်ဆုံးနည်းနဲ့ ပြန်လာခဲ့ရတယ်။ ယွမ်လော့ဖုန်း ဘေးကင်းတာကို သိရတော့မှ သူ စိတ်အေးချမ်းရတော့တယ်။
ယွမ်လော့ဖုန်းမှာ ထိခိုက်မှုမဖြစ်သော်လည်း ကာကွယ်ပေးတတ်လွန်းတဲ့ အဘိုးအိုကတော့ ဒေါသကြောင့်ပေါက်ကွဲနေတော့တယ်။ ယွမ်လော့ဖုန်း မထိန်းထားရင် အဘိုးအိုက နန်းတော်အထိသွားပြီးှတော့ ကျင်းလင်းကို ပြသနာရှာပြီး ဖြစ်တယ်။
တချိန်တည်းမှာပဲ လုံယွမ်ရဲ့တော်ဝင်မြို့တော်တစ်ခုလုံး အုတ်အုတ်သဲသဲဖြစ်နေတယ်။ ယွမ်အိမ်တော်က ယွမ်လော့ဖုန်းကို ကျင်းလင်း ပြသနာတာကြောင့်တော့ မဟုတ်ဘူး။ ကျင်းလင်းက ဆေးစံအိမ်တော်ကို ဖျက်စီးတာကြောင့် ရုန်အကြီးကဲ ဒေါသအရမ်းထွက်ပြီး နန်းတော်ကို လူလွှတ်လျော်ကြေးတောင်းတာကြောင့်ပဲ။
ကျင်းလင်း ဘာစကားမှ မဆိုနိုင်လောက်အောင် နာကျင်ခံစားရတယ်။ သူ ဘာဆက်ပြောနိုင်ဦးမလဲ။ သူ မှားယွင်းစွာ စွပ်စွဲခံရတာလေ။ သူကို ဘယ်သူက. ယုံကြည်ပေးမလဲ။ ယုံကြည်ပေးမယ့်လူ မရှိဘူး။
နာကျင်မှုကို ရင်ထဲထားရင် တိတ်ဆိတ်စွာနေတာအကောင်းဆုံးပဲ။ သူ့ကံဆိုးမှုကို လက်ခံရင်း ဆေးစံအိမ်တော်က တောင်းဆိုတဲ့ လျော်ကြေးပေးဆောင်ရတာပေါ့။
တစ်ညအတွင်းမှာ လုံယွမ်ရဲ့ဂုဏ်သိက္ခာရှိတဲ့ တော်ဝင်သမားတော်က လူမွဲတစ်ယောက်ဖြစ်သွားတယ်။ လက်ရှိမှာ ဆေးမြစ်လည်း မဝယ်နိုင်တော့ဘူး။
ပြသနာဖန်တီးခဲ့တဲ့ ယွမ်လော့ဖုန်းက အိမ်တော်မှာ အေးချမ်းစွာ စိတ်စွမ်းအားလေ့ကျင့်နေတယ်။ တခြားဘာပြသနာမှ ဝင်မပါဘဲနဲ့ပေါ့။
......
အနောက်ဘက်တောင်တန်း
ယွမ်လော့ဖုန်းက ရေချိုးကန်အတွင်း ရေစိမ်နေပြီးတော့ သူမမျက်ဝန်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။ သူမ လေကို တစ်ဝရှုသွင်းလိုက်ပြီးတော့
"ရှောင်မို အစောပိုင်းလေ့ကျင့်သူ အမြင့်အဆင့်ကို ရောက်ပြီ။"
"ဟွန့်" ရှောင်မိုက ယွမ်လော့ဖုန်းစကားကို စိတ်ပျက်နေတယ်။
"စကားနားထောင်ပြီးတော့ ယွမ်ရှောင်နဲ့ စုံတွဲလေ့ကျင့်ရင် အလယ်လတ်အဆင့်ရောက်တာ ကြာပြီ။
ယွမ်လော့ဖုန်းမျက်နှာ မည်းမှောင်သွားတယ်။ဒီကောင်လေး ခုချိန်ထိ လက်မလျော့သေးဘူးပဲ။
"ထားလိုက်ပါတော့။ ငါတို့တွေ စိတ်စွမ်းအားလေ့ကျင့်တာကို ထပ်ပြီးတော့ မဆွေးနွေးတော့ဘူး။ နို့လက်ရည်လေးကို ပေးထားတဲ့တာဝန် ပြီးဆုံးသွားသင့်ပြီ။"
Chapter-88
End
ကြိုက်နှစ်သက်ပါက like and shareလေး
Bạn đang đọc truyện trên: Truyen247.Pro