Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 84+85+86

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

စာစဉ်(၅)

84+85+86

***စာစဉ်ထွက်တဲ့ အထိမ်းမှတ်အနေနဲ့ Triple update အပိုလက်ဆောင်***

အပိုင်း(၈၄)

ရုန်အကြီးကဲဒေါသထွက်ခြင်း(၁)

ကျင်းလင်းပြုံးလိုက်ပြီးတော့ ယွမ်လော့ဖုန်းနောက်က အဘိုးအိုနှစ်ယောက်ကို ကြည့်လိုက်တယ်။

အဘိုးအိုနှစ်ယောက်မျက်နှာက ဒေါသကြောင့် မည်းမှောင်နေတာ သိသားနေတယ်။ သူ့စကားကြောင့် ဒေါသထွက်သွားတာလား။အဘိုးအိုနှစ်ယောက်က ဘာစကားမှဆက်ပြောမနေသော်လည်း သူ့ဘာစကားဆက်ပြောမလဲဆိုတာဘသိချင်နေသလိုပဲ။

ကျင်းလင်းထင်နေတာကအဘိုးအိုနှစ်ယောက်က သူပြောနဲ့စကားကို ယုံကြည်လက်ခံနေတယ်ပေါ့။ ဒါကြောင့် သူပြောချင်တာကို ဆက်ပြောလိုက်တယ်။

"အသုံးဖြုန်းကြီး ၊ ဉာဏ်များ ၊လက်ရဲ ဇက်ရဲနိုင်တဲ့ သူမလိုလူကို  ကောင်းမွန်စွာ ပြောဆိုဆက်ဆံလို့ မရဘူး။ သူမကို အသက်ငယ်လွန်းလို့ အကြီးကဲနှစ်ယောက်က ကာကွယ်ပေးနေတာကို နားလည်ပါတယ်။ အကြီးကဲနှစ်ယောက် သူမကြောင့် အမြင်အာရုံတွေ မကန်းသွားဖို့ မျှော်လင့်ပါတယ်။"

နင်အကြီးကဲ မဲ့ပြုံး ပြုံးလိုက်တယ်။ ဆေးစံအိမ်တော်ရဲ့ ခန်းမဆောင်မှာ ကျင်းလင်းအသံက ပျံလွင့်နေတယ်။

"ဒါဆို မနေ့က မုဝူစွမ်းရဲ့ဆရာဆိုတာ မင်းလား။"

ကျင်းလင်း ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားတယ်။ 'နင်' အကြီးကဲကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။ ကျင်းလင်း မျက်မှောက်ကြုတ်လိုက်ပြီးတော့

"ဟုတ်တယ် ငါက မုဝူစွမ်းရဲ့ ဆရာ။ဒါပေမယ့် ကြည်ညိုစရာကောင်းတဲ့ အစ်ကိုတော်က ဘယ်သူလဲဆိုတာတော့ မသိဘူး။"

"ငါလား...."

'နင်' အကြီးကဲ မဲ့ပြုံးပြုံးလိုက်ပြီးတော့

"ဒီကအဘိုးအိုကြီးက မနေ့က မင်း နေမကောင်းချင်ယောင်ဆောင်တဲ့ လူလိမ်ဆိုတဲ့ အဘိုးပေါ့။"

အကြောင်းစုံကိုသိသွားပြီးနောက်မှာ ကျင်းလင်း ကြောက်လွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားတယ်။ ရုန်အကြီးကဲရှေ့မှာ ရပ်နေတဲ့ အဘိုးအိုကို တုန်လှုပ်ချောက်ချားစွာ လှမ်းကြည့်လိုက်တယ်။

'နင်'အကြီးကဲက လုံယွမ်က မဟုတ်တော့ ကျင်းလင်း မမှတ်မိတာ မဆန်းပါဘူး။ သို့သော်လည်း ထိုလူက ရုန်အကြီးကဲနဲ့အတူရှိနေတယ်ဆိုတော့ သာမန် ပုဂ္ဂိုလ် ၊ သာမန်အဆင့်တန်းတော့ မဟုတ်လောက်ဘူး။ အစတည်းက အလျင်စလို သတိလက်လွတ် မပြောခဲ့သင့်ဘူး။

မုဝူစွမ်း မနေ့ညက တွေ့ခဲ့က အဘိုးအိုက သူရှေ့က ပုဂ္ဂိုလ်လား။

"နင် အကြီးကဲ"

ရုန်အကြီးကဲက ကျင်းလင်းကို လစ်လျူရှုပြီး နင်အကြီးကဲကို အံသြစွာ လှမ်းကြည့်ပြီး မေးလိုက်တယ်။

"မင်း စောနကပြောတဲ့ ကျော်ကြားတဲ့သမားတော်ဆိုတာ ယွမ်မိန်းကလေးလား။"

"အမှန်ပဲပေါ့။"

'နင်'အကြီးကဲ ခေါင်းညိတ်ပြလိုက်ပြီး ရုန်အကြီးကဲကို အံအားသင့်စွာ ကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ။ ဒီမိန်းကလေးက မြင့်မားတဲ့ ဆေးပညာစွမ်းရည် ပိုင်ဆိုင်တာကို မယုံကြည်ဘူးလို့တော့ ငါကိုမပြောနဲ့။"

ရုန်အကြီးကဲ ကျေနပ်အားရစွာပြုံးလိုက်ပြီးတော့

"မဟုတ်ရပါဘူး ။ ငါက ယွမ်မိန်းကလေးရဲ့ ဆေးပညာစွမ်းရည်ကို အကြွင်းမဲ့ယုံကြည်ပါတယ်။ ငါ မင်းကိုပြောတဲ့ နတ်ဆေးသမားတော်က ယွမ်မိန်းကလေးပါပဲ။ ငါတို့ ဘယ်သမားတော်က ပိုပြီးဆေးပညာထူးချွန်လဲဆိုတာ ပြိုင်ဆိုင်ချင်နေခဲ့တာ တကယ်တမ်းတော့ တစ်ယောက်တည်း ဖြစ်နေတာပဲ။"

အဘိုးအိုနှစ်ယောက်ရဲ့ စကားဝိုင်းကို နားထောင်ရင်း ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ တကယ်တမ်းတော့ အဘိုးအိုနှစ်ယောက်က သူမကို အသုံးပြုပြီးတော့ ယှဉ်ပြိုင်ချင်နေတာပဲ။

ရုန်အကြီးကဲလည်း မပြောသင့်တာကို ပြောမိသွားမှန်း သတိရသွားပြီးတော့

"ယွမ်မိန်းကလေး... အဘိုးတို့နှစ်ယောက်က အရာရာကို ယှဉ်ပြိုင်ရတာ နှစ်သက်တယ်။ ဒါကြောင့် စိတ်ထဲမထားပါနဲ့။ အခုတော့ ယှဉ်ပြိုင်လို့မရတော့ဘူး။ အဘိုးတို့နှစ်ယောက်က ယွမ်မိန်းကလေးကို ကိုယ့်ဘာသာ ယှဉ်ပြိုင်ခိုင်းသလို ဖြစ်နေပြီလား။"

"အို့စ်"

ယွမ်လော့ဖုန်း မျက်နှာပေါ်က အပြုံးက ပိုအသက်ဝင်လာပြီး ဆွဲဆောင်မှုရှိလာတယ်။ မျက်စောင်းထိုးပြီး ရုန်အကြီးကဲကို ကြည့်လိုက်တယ်။

ရုန်အကြီးကဲလည်း ယွမ်လော့ဖုန်းအကြည့်ကြောင့် ရှက်လာမိတယ်။ စကားပြောတာလည်း ကတိုက်ကရိုက်ဖြစ်လာပြီးတော့  လျိုဝှက်ထားလို့မရဘူးဖြစ်နေတယ်။ အထူးသဖြင့် ယွမ်လော့ဖုန်းရှေ့မှာ ပေါ့....

ပထမတော့ 'နင်'အကြီးကဲစကားကိုကြားတော့ သူတွေးဝေနေမိတယ်။  နောက်တော့ 'ရုန်'အကြီးကဲပြောတာကြားတော့ ပိုပြီးတော့ အံအားသင့်မိတယ်။ တခြားသူတွေ ဘာတွေပြောနေမှန်းကိုတောင် မသိလောက်အောင် တွေးဝေမိန်းမောနေမိတယ်။

သူ့စိတ်ထဲမှာတော့ အသံတစ်ခုတည်းသာ ပဲ့တင်ထပ်နေတယ်။

အမှိုက်မ ယွမ်လော့ဖုန်းက တကယ်ပဲ ဆေးပညာမှာ ကျွမ်းကျင်တာလား။ ပုရွတ်ဆိတ်က ဆင်ကို အဓမ္မကြံတယ်ဆိုတဲ့ စကားထက် ပိုရယ်စရာကောင်းနေတယ်။

"ကျင်းလင်း...မင်းက ထွက်မသွားချင်တော့လည်း ငါက မောင်းထုတ်ရုံပဲပေါ့။"

ရှက်နေတာကို ပယ်ပျောက်စေဖို့ ရုန်အကြီးကဲလည်း ကျင်းလင်းဘက်လှည့်ပြီးတော့ ပြသနာရှာလိုက်တယ်။

"ငါ့အမိန့်အတိုင်း...ကျင်းလင်းကို တံခါးအပြင်ကို ဆွဲထုတ်သွားစမ်း။ အခုကစပြီးတော့ ငါ့ဆေးစံအိမ်တော်က တော်ဝင်မျိုးနွယ်က ဘယ်သူကိုမှ မကြိုဆိုဘူး။"

Chapter-84

End

အပိုင်း(၈၅)

ရုန်အကြီးကဲ အကြံစည်

“ရုန်အကြီးကု  အမိန့်တော် အတိုင်းပါ။”

ရုန်အကြီးကဲ အမိန့်ပေးပြီးတာနဲပ  အမည်းရောင် ဝတ်စုံနဲ့လူတစ်စု  ဆေးစံအိမ်တော်မှ  ထွက်ပေါ်လာတယ်။

အမည်းရောင်ဝတ်စုံနဲ့လူတွေက ကျင်းလင်းကို  ဝက်တစ်ကောင်ကဲ့သို့  ချီမသွားပြီေးတာ့ ဆေးစံအိမ်တော် အပြင်ဘက် မြောင်းထဲကို ပစ်လိုက်တယ်။

ဘန်း

ကျင်းလင်းလည်း မြေကြီးပေါ်က ခဲခဲယဉ်းယဉ်း ကြိုးစားထလိုက်တယ်။ ဖွတ်ဖွတ်ကျေနေသောအခြေနေကို ဂရုမစိုက်နိုင်ဘဲ ညစ်ပတ်ပေတူးနေတဲ့အခြေနေနဲ့ လူအုပ်ကြားမှ ပြေးထွက်သွားတယ်။

"ရုန်အကြီးကဲ ၊ နင်အကြီးကဲ"

ဆေးစံအိမ်တော်အတွင်းမှာ ယွမ်လော့ဖုန်းမျက်နှာက မပျော်ရွှင်တဲ့ စိတ်မကြည်တဲ့ အခြေနေရှိနေတယ်။ စိတ်ဓာတ်ကျတဲ့အသံနဲ့ ပြောတယ်။

"ဒီနေ့ ကျွန်မ အရမ်းပင်းပန်းနေပြီ။ နေမကောင်းတာကို ကုသချင်ရင်တော့ မနက်ဖြန်မှ ယွမ်အိမ်တော်ကို လူလွှတ်လိုက်ပါ။ စစ်သူကြီးအိမ်တော်မှာ ဆေးကုသပေးပါမယ်။"

ရုန်အကြီးကဲတွေးတောမိန်းမောနေပြီး တစ်ခုခုကို ပြောဖို့ ကြံရွယ်နေစဉ်မှာပဲ ယွမ်လော့ဖုန်းက အရင်ဆုံး ပြောချင်တာပြောသွားတယ်။ သူ စကားတစ်ခွန်းမှ မပြောခဲ့ရဘူး။သူ့ဘေးနားက နင်အကြီးကဲက သူကို ဘေးနားတွန်းထုတ်တယ်။

သူကိုယ်စား ခေါင်းညိတ်ပြပြီးတော့ ယွမ်လော့ဖုန်းကို ဖော်ရွေ့တဲ့ မျက်ဝန်းနဲ့ကြည့်တယ်။

"မိန်းကလေးယွမ် ပြန်ပြီးတော့ အနားယူလိုက်ပါ။ မနက်ဖြန်မှ အဘိုးတို့တွေ မင်းကို စစ်သူကြီးအိမ်တော်မှာ လာရှာပါမယ်။"

"ကောင်းပါပြီ။"

ယွမ်လော့ဖုန်းလည်း ဘာမှဆက်ပြောမနေတော့ပဲ။ သူမလက်မောင်းနှစ်ဖက်နဲ့ ယွမ်ရှောင် လည်းပင်းကို ဖက်တွယ်လိုက်တယ်။ သူမ မျက်ဝန်းကို ဖြေညှင်းစွာ မှေးဆက်လိုက်တယ်။

"ယွမ်ရှောင်...ကျွန်မကို အိမိပြန်ခေါ်သွားပေးပါ။"

ယွမ်ရှောင်ပြုံးလိုက်ပြီးတော့ ယွမ်လော့ဖုန်းကို သူလက်မောင်းနဲ့ သတိုးသမီး ချီသလို ချီပိုးပြီး ဆေးစံအိမ်တော်မှ ခြေလှမ်းကျဲကျဲနဲ့ ထွက်ခွာသွားတယ်။

"စိတ်ပျက်စရာကောင်းတဲ့ ကျင်းလင်း"

ယွမ်ရှောင်က ယွမ်လော့ဖုန်းကို ပွေ့ချီပြီး ထွက်သွားပြီးနောက်မှာ ရုန်အကြီးကဲ ဒေါသကို မထိန်းချုပ်တော့ဘဲ နောက်ဆုံးတော့ ပေါက်ကွဲတော့တယ်။

"ဒီနေ့ ယွမ်မိန်းကလေးနဲ့ ငါ သဘောတူညီမှု ယူထားပြီးသား။ နောက်ဆုံးတော့ ကျင်းလင်း ပြသနာရှာလိုက်လို့ ယွမ်မိန်းကလေးဒေါသထွက်ရတယ်။ ဒါရန်ကို ဆေးမကုသပဲ ထွက်သွားရပြီ။ ဒါရန်ဆေးကုသမှု နောက်တစ်ကြိမ် နှောက်နှေးရပြန်ပြီ။"

ရုန်အကြီးကဲ သိနေတယ်။ ကျင်းလင်းကြောင့်သာ မဟုတ်ရင် ယွမ်လော့ဖုန်းက ဒီလို ပြန်သွားမှာ မဟုတ်ဘူး။ ကျင်းလင်း ဆေးစံအိမ်တော်မှ အရှက်ကွဲပြီး ဆုံးရှုံး နစ်နာမှုရှိနေတာ်ဆိုရင်တောင် ငါ့ရင်ထဲက ဒေါသကို ပယ်မဖျက်နိုင်ဘူး။

ရုတ်တရက် ရုန်အကြီးကဲ တစ်စုံတစ်ခုကို သတိရသွားပြီးတော့ ဆေးစံအိမ်တော်မှာ ဆေးမြစ်တွေ သိမ်းဆည်းတဲ့ အံဆွဲကို ဆွဲဖွင့်လိုက်တယ်။ ကျယ်လောင်တဲ့အသံနဲ့အတူ တန်ဖိုးရှိတဲ့ဆေးမြစ်အားလုံး မြေကြီးပေါ်မှာ လွင့်စင်သွားတယ်။

ခဏတာအတွေးလွန်ပြီးနောက်မှာ စိတ်စုစည်းဆေးရည်ကိုလည်း ဆွဲယူလိုက်ပြီး မြေပြင်ပေါ် သွန်ချလိုက်တယ်။ ပုလင်းကိုလည်း ရိုက်ခွဲလိုက်တယ်။

ခွမ်း

စိတ်စုစည်းဆေးရည်ထည့်ထားတဲ့ပုလင်းငယ်လေးက သေးငယ်တဲ့ ဖန်စငယ်လေးအဖြစ် ပြောင်းလဲသွားတယ်။ နှင်းကဲ့သို့ ဖြူဖွေးတဲ့ စိတ်စုစည်းဆေးရည်က မြေပြင်ပေါ်မှာ ဖိတ်စင်နေရာမှ တဖြည်းဖြည်း အငွေ့ပျံပျောက်ကွယ်သွားတယ်။

"ရုန်အကြီးကဲ"

နင်အကြီးကဲ အံသြစွာ ငေးကြည့်နေမိတယ်။ သူ အသိပြန်ဝင်လာတဲ့အချိန်မှာ အလောတကြီး အော်ပြောလိုက်တယ်။

"မင် ရူးသွားတာလား။"

ရုန်အကြီးကဲလည်း နင်အကြီးကဲ ပြောတာကို ဂရုမစိုက်နိုင်ဘဲ ဆေးမြစ်တွေကို ဒေါသတကြီး မြေပြင်ပေါ်ကို ပစ်ချလိုက်တယ်။ တန်ဖိုးရှိတဲ့ဆေးမြစ်တွေကို ခွဲခြားလို့မရအောင် ရောထွေးနေတယ်။ ရုန်အကြီးကဲ အသက်ပြင်းပြင်းရှုလိုက်ပြီးတော့ ဆေးစံအိမ်တော်မှ လူအားလုံးကို အေးစက် ရက်စက်စွာ ကြည့်လိုက်တယ်။

"ဘယ်သူမှ ဒီနေ့ကိစ္စကို လျှောက်ပြောဖို့ ခွင့်မပြုနိုင်ဘူး။ အထူးသဖြင့် ယွမ်မိန်းကလေး အကြောင်းကိုပေါ့။ တစ်ယောက်ယောက်က ပေါက်ကြားစေလို့ကတော့ ဆေးစံအိမ်တော်က သေလောက်အောင် အပြစ်ပေးမယ်။"

အားလုံးက အနည်းငယ်မျှ မလှုပ်ရဲဘူး။ အသံလည်း မထွက်ရဲတဲ့အထိ ကြောက်လန့်နေတယ်။ ကတုန်ကရီနဲ့ ကျိန်ဆိုပြောဆိုတယ်။

"ရုန်အကြီးကဲ စိတ်မပူပါနဲ့ ကျွန်တော်တို့အသတ်ကို ပေးရမယ်ဆိုရင်တောင် စကားတစ်ခွန်းမှ ဖွင့်မပြောပါဘူး။"

"ကောင်းပြီ။"

ရုန်အကြီးကဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

"တစ်ခုရှိသေးတယ်။ ငါ မင်းတို့ကို သတင်းတစ်ခုကို ဖြန့်စေချင်တယ်။ ကျင်းလင်းက စစ်သူကြီးယွမ်ရဲ့ မြေးလေး ယွမ်လော့ဖုန်းကို ဆေးစံအိမ်တော်မှာ ပြသနာရှာပြီး ဒုက္ခပေးတယ်လို့ ပြောရမယ်။ဒါပေမယ့် ယွမ်မိန်းကလေးရဲ့ သက်တော်စောင့်က ကာကွယ်ပေးလိုက်တာကြောင့် သူရဲ့ ယုတ်ညံတဲ့အစီစဉ်ကျဆုံးခဲ့ရတယ်လို့။ သက်တော်စောင့်နဲ့တိုက်ခိုက်မှုကြောင့် ဆေးစံအိမ်တော်က ဆေးမြစ်တွေ ပျက်စီး ဆုံးရှုံးမှုဖြစ်ရတယ်။ တန်ဖိုးရှိတဲ့စိတ်စုစည်း ဆေးရည်ကိုလည်း ချမ်းသာခွင့်မပေးဘဲ ဖျက်စီးခဲ့တယ်လို့ ပြောရမယ်။"

ရုန်အကြီးကဲရဲ့အပြုမူကြောင့် နင်အကြီးကဲ ဘာဆက်ပြောရမှန်းမသိအောင် တွေးဝေမိန်းမောသွားတယ်။

အပေါ်စီးက ပြောဆိုဆက်ဆံတာပဲ။ရုန်အကြီးကဲ တစ်စုံတစ်ယောက်ကို မုန်းမိပြီးဆို ထိုလူက လွတ်လမ်းမရှိဘူးပဲ။

Chapter-85 End

အပိုင်း(၈၆)

ရုန်အကြီးကဲရဲ့အကြံစည်(၁)

"လင်းရှောင်... ငွေကိုနောက်မှ တွက်ချက်ပေးမယ်။ ငွေစာရင်းကို နန်းတော်ကိုယူသွားလိုက် ။ ပျက်စီးဆုံးရှုံးမှုကို ကျင်းလင်းက ပေးလျော်ရမယ်လို့ပြောလိုက်။ ကျင်းလင်း ကံကောင်းမှုကို ပျက်စီးအောင် မလုပ်ရရင် ရုန်အကြီးကဲ မဟုတ်တော့ဘူး။"

ရုန်အကြီးကဲ မျက်လုံးက မီးဝင်းဝင်းတောက်နေပြီးတော့ ဒေါသထွက်လွန်းလို့  အံကြိတ်ထားတယ်။

နင်အကြီးကဲလည်း ဘာမှဆက်ပြောမနေတော့ဘဲ ခေါင်းကိုသာတွင်တွင်ခါလိုက်တယ်။

"ကျင်းလင်းကို ဒေါသထွက်လွန်းလို့ ရူးသွားပြီးလို့ထင်ခဲ့တာ။ ဒါပေမယ့် မင်း ပြသနာရှာဖို့ ဒီနည်းလမ်းသုံးမယ်လို့ မထင်ထားခဲ့ဘူး။ဆေးစံအိမ်ရဲ့ အင်အားနဲ့ဆိုရင်တော့ ကျင်းလင်း လျော်ကြေးမပေးဘဲ မနေရဲပါဘူး။

"ဟွန့်...ကျင်းလင်းက အဘိုးကြီးကို ဒေါသထွက်အောင် လာရန်စတာလေ။ ယွမ်မိန်းကလေးကိုလည်း အိမ်တော်ပြန်သွားစေတယ်။ သွေးထွက်သံယိုမဖြစ်ဘဲနဲ့ ကျင်းလင်းကို ထွက်သွားခွင့် မပြုနိုင်ဘူး။ အခု ဆေးစံအိမ်ကို ကျင်းလင်းပြသနာရှာသွားတယ်လို့ သတင်းဖြန့်လိုက်တော့ ကျင်းလင်းနောက်ထပ် ပြသနာရှာရဲမှာ မဟုတ်တော့ဘူး။ ဆေးစံအိမ်တော်က ပျက်စီးသမျှကိုလည်း ကျင်းလင်း တာဝန်ယူပေးရတော့မယ်။ ဒါပေမယ့် မင်းတို့တွေ ကျင်းလင်းဘက်က ကူညီဖြေကြားလို့ကတော့ ဆေးစံအိမ်တော်က အလွတ်ပေးမယ်မထင်နဲ့။

ရက်စက်ကြမ်းကြုတ်သော အကြည့်နဲ့ အေးစက် လေးနက်သောအသံနဲ့ ရုန်အကြီးကဲပြောတယ်။

"အဘိုး"

နင်ရှင်း သူမအဘိုးကို  ဘေးကတွဲပေးရင် အပြုံးမျက်နှာနဲ့ စကားဆိုတယ်။

"ရုန်အကြီးကဲ ယွမ်မိန်းကလေးအတွက် လက်စားချေပေးတော့ အဘိုးစိတ်ပူစရာမလိုတော့ဘူး။ ဒါပေမယ့် ကျင်းလင်းဆိုတဲ့လူက ကိုယ့်ပြသနာကိုယ်ရှာတာပဲနော်။"

နင်အကြီးကဲလည်း အပြုံးလေးနဲ့ စကားဆိုတယ်။

"ရှင်းအာလေးပြောတာမှန်တယ်။ ရုန်အကြီးကဲက ဖြေရှင်းလိုက်တော့ အဘိုးကြီးကို ဘယ်လိုအပ်တော့မလဲ။ ကျင်းလင်ကတော်ဝင်သမားတော်ဖြစ်နေလည်း အဘိုးက ဝင်ဖြေရှင်း ပြသနာရှာလိုက်ရင် သူကိုယ်သူ အဆင့်မြင့်တယ်ထင်သွားဦးမယ်။"

ထိုစကားကိုပြောပြီးနောက်မှာ နင်အကြီးကဲပုံစံက မာနဝင့်ကြွားနေတဲ့ ပုံစံဖြစ်နေတယ်။ နင်မိသားစုရဲ့ မိသားစုခေါင်းဆောင် ဖြစ်တာကြောင့် သူအနေနဲ့ မာနဝင့်ကြွားတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ မာနဝင့်ကြွားဖို့လည်း အခွင့်ရေးရှိပါတယ်။ ထိုအချက်က ငြင်းဖွယ်ရာ မရှိပါဘူး။

************

ယွမ်အိမ်တော်

ယွမ်လော့ဖုန်းကို ယွမ်ရှောင်ပွေ့ချီခေါ်လာပြီးနောက်မှာ ယွမ်အိမ်တော်မှာ အုတ်အုတ်သဲသဲ ဖြစ်သွားတယ်။ချင်ယန် စစ်သူကြီးယွမ်လော့ကို အမြန်ဆုံးအကြောင်းကြားစမ်းပါ။ ယွမ်ရှောင် အနောက်ဘက်တောင်ကုန်း စံအိမ်တော်ကို ဝင်သွားတဲ့နောက်ကို ချင်ယန်လိုက်လာခဲ့တယ်။

သို့သော်လည်း ချင်ယန်ကိုအခန်းထဲကို ခြေတစ်လှမ်းမျှ ဝင်ခွင့်မပြုဘဲနဲ့ တံခါးကိုပိတ်လိုက်တာ ချင်ယန်နှာခေါင်းညှပ်သွားတယ်။ ဒဏ်ရာရလုနီးပါးပဲ။

ချင်ယန် စိတ်ညစ်စွာ တံခါးပေါက်ဝနားမှာ ရပ်နေလိုက်တယ်။

"အခုတော့ သခင်မလေးမှာ ယွမ်ရှောင်ရှိနေတော့ အစေခံလေးကို မလိုအပ်တော့ဘူးပေါ့။ သခင်မလေးက သူငယ်ချင်းထက် ချစ်သူကို ပိုအလေးထားတယ် ထင်ပါတယ်။စစ်သူကြီး ပြန်လာတာကို စောင့်မျှော်နေတာပဲ ကောင်းပါတယ်လေ။"

***********

ယွမ်လော့ဖုန်းလည်း အခန်းဝင်ပေါက်နားမှာရပ်နေတဲ့ အမျိုးသားကို ကြည့်နေလိုက်တယ်။ မျက်မှောင်ကြုတ်လိုက်ပြီးတော့

"ယွမ်ရှောင် ထွက်သွားရင်ကောင်းမယ်။"

ယွမ်ရှောင် အနည်းငယ်မျှ ရွေ့မသွားဘဲ ဖြူဖျော့အားနည်းနေတဲ့ မိန်းကလေးကို ကြည့်နေလိုက်တယ်။

"အစောတည်းက စွမ်းအားကို အလွန်အကြူး မသုံးခဲ့သင့်ဘူး။"

ယွမ်လော့ဖုန်းလည်း အားအင်ဖျော့တော့စွာ မျက်ဝန်းကို မှေးစင်းလိုက်တယ်။ သူမရဲ့ စွမ်းအားအဆင့်က အစောပိုင်းစိတ်စွမ်းအားလေ့ကျင့်သူရဲ့ အလယ်လတ်အဆင့်ကိုသာ ရောက်ရှိနေသေးတယ်။ ဒါပေမယ့် ကျင်းလင်းက အလယ်လတ်စိတ်စွမ်းအားလေ့ကျင့်သူ အဆင့်နိမ့်စွမ်းအားကို ရောက်နေပြီ ဖြစ်တယ်။ သူမနဲ့ အဆင့်နှစ်ဆင့်လောက် ကွာခြားတယ်။ ကျင်းလင်းကို မလှုပ်ရှားနိုင်အောင် လုပ်နိုင်တာက  ဆေးနတ်ဘုရားလျိုဝှက်သေင်္ကတထဲက စွမ်းအားကို အတင်းရယူ ခဲ့တာကြောင့်ပဲ။

ဒါကြောင့် ကျင်းလင်းကို အနိုင်ရဖို့ စိတ်စွမ်းအားကို အသုံးပြုရတယ်။ ကျင်းလင်းကို အချိန်တခဏအတွင်း ရှုံးနိမ့်သွားစေဖို့ သူမစွမ်းအားအများကြီးကို သုံးလိုက်ရတယ်။

ထိုနည်းလမ်းရဲ့အကျိုးဆက်က ပေါ့သေးသေးမဟုတ်ဘူး။ ထိုအကျိုးဆက်ကြောင့် စိတ်စွမ်းအား မူလအခြေနေပြန်လာဖြစ်လာတာတောင် သူမ အရမ်း အားနည်နေသေးတယ်။ ဒါကြောင့် ယွမ်ရှောင်ကို ပွေ့ချီခိုင်းရတာပါ။

ယွမ်လော့ဖုန်း မျက်လုံးကို အားယူကြိုးစားဖွင့်လိုက်ပြီးတော့ မာနဝင့်ကြွားချင်ကင်းမဲ့တဲ့အသံနဲ့ အားနည်းစွာ ပြောတယ်။

"ကျွန်မ အဆင်ပြေပါတယ်။ အရင်ဆုံး ပြန်လိုက်ပါဦး။"

အခုချိန်မှာ အရမ်းကို နာခံတဲ့ယွမ်ရှောင်က ယွမ်လော့ဖုန်းစကားကို မလိုက်နာတော့ဘူး။ ယွမ်ရှောင်တစ်ယောက် မထွက်သွားတဲ့အပြင် သူမရှေ့နားကို ပို၍တိုးကပ်လာတယ်။ သူမျက်လုံးက သူမကိုတည်ကြည်စွာ ကြည့်နေပြီး ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပြောတယ်။

"မင်းကိုယ်စား ကို့ကို လက်စားချေခွင့် မပေးရတာလဲ။"

ယွမ်လော့ဖုန်း မျက်လုံးကို ကြိုးစားအားယူဖွင့်ပြီးတော့ သူမဘေးနားက ကောင်လေးကိုကြည့်လိုက်တယ်။

"ကျွန်မ ပြသနာကို ကိုယ့်ဘာသာဖြေရှင်းချင်လို့ပါ။"

သူမက စိတ်စွမ်းအားနိမ့်နေလည်း ကျင်းလင်းကို သူမကိုယ်တိုင်သာ သင်ခန်းစာပေးချင်တဲ့ ဆန္ဒရှိတယ်။

"ရှင့်ခွန်အားကို ရှင်ပိုင်ဆိုင်တယ်။ ကျွန်မ မပိုင်ဆိုင်ဘူး။ ယွမ်ရှောင်...ရှင် နားလည်လား။"

"မင်းအတွက် ကို့ခွန်အားကို လိုအပ်တယ်ဆိုရင်တော့.... "

ကောင်လေးရဲ့ ရက်စက်တတ်တဲ့မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်လိုက်ပြီးတော့

"ကို့ခွန်အားတွေကို မင်းလည်း ပိုင်ဆိုင်ပါတယ်။"

Chapter86

End

Bạn đang đọc truyện trên: Truyen247.Pro