
Ep 76 +77+78
အပိုင်း(၇၆)
မင်းလေးကို မပျော်ရွှင်အောင် လုပ်တဲ့လူတိုင်း သေသင့်တယ်(၂)
ယွမ်လော့ဖုန်း သူမနှလုံးထဲမှာ မပျော်ရွှင်သလို ခံစားရတယ်။ ဒီကောင်လေး တစ်ခုခု ဖြစ်နေပြီလား။
လရောင်က တောက်ပနေတယ်။ အမျိုးသားလေးရဲ့ မျက်နှာပေါ် ဖြာဆင်းနေတယ်။ အမျိုးသားလေးရဲ့ ဝတ်စုံကလည်း အမည်းရောင် ဖြစ်ပြီးတော့ ညလည်းနက်လာပြီး ပတ်ဝန်းကျင်ထုက မည်းမှောင်နေတာကြောင့် သူ့ခန္ဓာကိုယ်က လရောင်အောက်မှာ ပျောက်နေတယ်။ သူ့ရဲ့ မျက်နှာပုံစံက အပြစ်ကင်းစင်တယ်။ အမည်းရောင် မျက်ဝန်းတွေက ညကောင်းကင်ယံကဲ့သို့ မည်းနက်နေတယ်။ တံခါးကို တွန်းဖွင့်ပြီး ဝင်လာတဲ့ ယွမ်လော့ဖုန်းကို စိုက်ကြည့်နေတယ်။
“မင်း ပြန်လာပြီလား”
ထိုအမျိုးသားက ဆွဲဆောင်မှုရှိပြီး သံလိုက်ကဲ့သို့ ဆွဲငင်နေတယ်။ တခြားသူ့ရဲ့ နှလုံးသားကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်။
“ဟုတ်တယ်” ယွမ်လော့ဖုန်းလည်း မျက်ခုံးလေးကို အပေါ်ကို တွန့်လိုက်ပြီးတော့
“ကျွန်မကို ဘာလို့ လာရှာတာလဲ”
အေးတိအေးစက် အမျိုးသားက ယွမ်လော့ဖုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးတော့
“ငါ စာအုပ်ကို ရှာလာခဲ့ပြီလေ။ မင်းနဲ့ အတူတူ စာအုပ်ကို လေ့လာချင်လို့”
ယွမ်လော့ဖုန်းလည်း နောက်တစ်ကြိမ် မျက်ခုံးတွန့်လိုက်ပြီးတော့ ထိုရေခဲတုံး ဆုပ်ကိုင်ထားတဲ့ အဝါရောင် စာအုပ်လေးကို လှမ်းကြည့်လိုက်တယ်။
ချွိုင်းကုန်းတု
မိန်းမပျိုလေးရဲ့ အကြွင်းမဲ့ လှပတဲ့ မျက်နှာလေး အံ့ဩမှုတွေ ပြည့်နေတယ်။ သူမရှေ့မှာ ရပ်နေတဲ့ ကိုရေခဲတုံးကို စူးစိုက်စွာ ကြည့်နေလိုက်တယ်။
“ယွမ်ရှောင် ... ရှင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလား”
အမျိုးသား တစ်ယောက်က မင်းကို ချွိုင်းကုန်းတု စာအုပ်ကို ကိုင်ပြီးတော့ အခန်းထဲမှာ အတူတူ ဖတ်ပြီးတော့ လေ့လာချင်တယ်လို့ ပြောရင်တော့ မင်းလည်း ညစ်ညမ်းတဲ့ အတွေးတွေ တွေးမိမှာပဲလေ။ ထိုရေခဲတုံး ပုံစံက အရင်က ဘယ်လိုပဲ အပြစ်ကင်းစင်ပြီးတော့ ဖြူစင်တယ်လို့ပဲ ပြောပြောပေါ့။
ယွမ်ရှောင် စိတ်ရှုပ်ထွေး သွားတယ်။ သူမက ထိုစာအုပ်ကို ကြည့်ပြီးနောက် ဘာလို့ ဒေါသထွက် နေတာလည်း ဆိုတာ နားမလည်ဘူး။
“ငါ တကယ် ရည်ရွယ်တာပါ”
လင်းချုံး ပြောတာတော့ ချွိုင်းကုန်းတု စာအုပ်က လူနှစ်ယောက် အတူတူ လေ့လာရတယ်တဲ့။ ဒါကြောင့်လည်း သူအချိန် အကြာကြီး သူမကို စောင့်နေခဲ့တာပေါ့။
ဘယ်လိုပဲ တွေးကြည့် တွေးကြည့် လင်းချုံးက သူ့တပည့်တစ်ယောက် ဖြစ်တယ်။ သူ့ကို ဘယ်တော့မှ လှည့်စားမှာ မဟုတ်ဘူး။
“ယွမ်ရှောင်”
ယွမ်လော့ဖုန်း တခစ်ခစ် ရယ်မောလိုက်ပြီးတော့ ရေခဲတုံးရဲ့ ခန္ဓာကိုယ်ကို နံရံဘက်ကို တွန်းလိုက်တယ်။ သူမ မျက်ဝန်းမှာ အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ရှိနေတယ်။
“ရှင် ဘာစာအုပ်ကို ကိုင်ထားတယ်ဆိုတာ သိရဲ့လား။ ငါတို့ အတူတူ လေ့လာဖို့ သယ်လာတာလား”
ယွမ်ရှောင် မျက်မှောင်ကြုတ် လိုက်ပြီးတော့ သူ့နှလုံးသားမှာ တစ်ခုခု လွဲမှားနေသလို နောက်ဆုံးတော့ ခံစားလာရတယ်။
“ပေးလိုက်တဲ့လူက လင်းချုံးပါ။ စာအုပ်ကို ပေးလိုက်တဲ့အချိန်က မင်းနဲ့အတူတူလေ့လာဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ ဒါကြောင့် မင်းကို လာရှာတာပါ”
“လင်းချုံးဆိုတာ ဘယ်သူလဲ”
“ငါ့လက်အောက် ငယ်သားပါ”
ကိုရေခဲတုံးရဲ့ အသံခပ်သြသြ အသံက ယွမ်လော့ဖုန်းကို အံ့ဩသွားစေတယ်။ ယွမ်ရှောင်ရဲ့ သရုပ်အမှန်က တစ်ခုခုတော့ ရှိမယ်လို့ ထင်မိတယ်။ သူမှာ ယုတ်မာတဲ့ စိတ်ထား မရှိဘူးလို့ ရှောင်မို ပြောကတည်းက သူ့သရုပ်အမှန်ကို ရှာမနေတော့တာပါ။
“ရှင်က တခြားလူတွေ ဘာပြောပြော ယုံတာလား”
ယွမ်လော့ဖုန်း မျက်လုံးကို မှေးလိုက်ပြီးတော့ သူမခန္ဓာကိုယ်နဲ့ ယွမ်ရှောင်ကို နံရံကပ်တဲ့အထိ အတင်းဖိကပ် ထားလိုက်တယ်။ ယွမ်ရှောင် အနည်းငယ်မျှ မလှုပ်ရဲဘူး။ သူ့ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်ပြီး ခြောက်သွေ့လာသလို ခံစားရတယ်။ သူအရင်က တစ်ခါမှ မခံစားဖူးတဲ့ ထူးဆန်းတဲ့ ခံစားချက်ပဲ။
“ယွမ်ရှောင်... ကျွန်မ ရှင့်ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်။ မုအိမ်တော်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ အချိန်က အမိန့်ပေးလိုက်တဲ့ လူက ရှင်လား”
ထိုကိစ္စက ယွမ်အိမ်တော်နဲ့ မုအိမ်တော်ရဲ့ မုန်းတီးမှုပဲ။ အမတ်ချုပ် မုအိမ်တော်ကို မီးရှို့ရဲတယ်လူတွေက အများကြီး မရှိဘူး။
“သူတို့က မင်းကို မပျော်ရွှင်စေဘူး”
ကိုရေခဲတုံးအသံက အေးစက်ပြီးတော့ အသံခပ်ပြတ်ပြတ် ဖြစ်တယ်။
“မင်းလေးကို မပျော်ရွှင်အောင် လုပ်တဲ့လူတိုင်း သေသင့်တယ်။ မင်းကိုယ်စား ကလဲ့စားချေတာကို မကြိုက်တာကြောင့် သူတို့ကို မသတ်ဘဲ အသက်ရှင်ခွင့် ပေးထားတာ”
ယွမ်လော့ဖုန်း နှလုံးသား ရုတ်တရက် တုန်လှုပ်သွားတယ်။ သူမက ဘဝနှစ်ခုကို အသက်ရှင်ခဲ့ရတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအတွက် တခြားလူကို သတ်ဖို့ ဆန္ဒရှိတဲ့ ပထမဆုံးသော ယောက်ျားလေးပဲ။
“ယွမ်ရှောင်... ချွိုင်းကုန်းတုကို ငါနဲ့အတူတူ လေ့လာဖို့ မလိုအပ်ပါဘူး”
ပုံမှန်အခြေအနေ ပြန်ဖြစ်သွားပြီးနောက် ယွမ်လော့ဖုန်း မျက်ဝန်းမှာ စနောက်ချင်စိတ်တွေ တွေ့နေရတယ်။
“ရှင်အခု ဒီစာအုပ်ကို ဖွင့်ကြည့်လို့ရပြီ။ ရှင် နားမလည်တာရှိရင် ကျွန်မ ရှင့်ကိုသင်ပေးမယ်။ ဘယ်လိုလဲ”
အထူးသဖြင့် ယွမ်ရှောင်က နာခံတတ်ပြီးတော့ ယောက်ျားကောင်း တစ်ယောက်ပါ။ အထူးသဖြင့် ယွမ်လော့ဖုန်းကိုပေါ့။ ယွမ်လော့ဖုန်းပေးတဲ့ အမိန့်တိုင်းကို နာခံဖို့ အသင့်ပဲ။
***
အပိုင်း(၇၇)
ကံမကောင်းသော လင်းချုံး(၁)
မိန်းကလေးရဲ့ စကားသံကို ကြားပြီးနောက် သူ စိတ်အားထက်သန်စွာ ချွိုင်းကုန်းတုကို ဖွင့်လိုက်တယ်။
အဝါရောင် စာအုပ်အတွင်းမှာ ယောက်ျားနဲ့ မိန်းမရဲ့ အမျိုးမျိုးသော ပုံစံကို မြင်တဲ့အချိန်မှာ အမြင်အာရုံတွေ ဝေဝါးလာပြီးတော့ အေးစက်တဲ့ သူ့ပုံစံက ပိုပြီး အေးစက်လာတယ်။
ယောက်ျားနဲ့ မိန်းမကြား ချစ်ခြင်းမှာ ယွမ်ရှောင်က အဖြူရောင် စာရွက်လေး တစ်ရွက်ပါ။ သူ့ကို အရူးလုပ်ခံရတာ ဖြစ်နိုင်တယ်။ ချွိုင်းကုန်းတုမှာ ပုံဖော်ထားတာက ရုပ်ပုံတွေပဲ ဖြစ်တာကြောင့် သူဘယ်လို နားလည်နိုင်မလဲ။
လင်းချုံး
နှလုံးသားထဲမှာ မီးဝင်းဝင်း တောက်လာပြီးတော့ လက်ထဲမှာရှိတဲ့ အဝါရောင်စာအုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။
လင်းချုံးက ဒီလိုစာအုပ်မျိုးကို ယူလာတာလား။ အရေးကြီးဆုံးက ထိုစာအုပ်ကို ယွမ်လော့ဖုန်း ရှေ့မှာ ဖွင့်ရတယ်လို့။
ကံမကောင်းတဲ့ လင်းချုံးကတော့ သူ့သခင်ကို သူ့ကို သတ်ချင်လောက်တဲ့ အထိ ဒေါသထွက်နေတာကို မသိရှာပါဘူး။ အခုနေ့ကစပြီးတော့ ကောင်းမွန်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရတော့မှာ မဟုတ်ပါဘူး။
“ငါ...”
ယွမ်ရှောင် နှလုံးသားမှာ ရှုပ်ထွေးလာပြီးတော့ ယွမ်လော့ဖုန်းကို သူ အပြစ်ကင်းကြောင်း ရှင်းပြချင်လာတယ်။ သူ့ကို ရာဂကြွပြီးတော့ ညစ်ညမ်းတဲ့ ယောက်ျားလေး အုပ်စုထဲ မထည့်စေချင်ဘူး။
သူ့ခေါင်းကို လှည့်လိုက်တယ်။ ရှင်းပြဖို့ အချိန်တောင် မမီလိုက်ပါဘူး အစနောက်သန်တဲ့ မျက်ဝန်းတစ်စုံနဲ့ တွေ့ကြုံလိုက်ရတယ်။
ကောင်မလေးက ပြုံးနေပြီးတော့ သူ့ရှေ့က ကောင်လေးကို အကဲခတ်နေတယ်။ စိတ်ဝင်စားမှု အပြည့်နဲ့ပေါ့။ သူမပုံစံက သူမရှေ့က ပြီးပြည့်စုံတဲ့ ပန်းပုရုပ်ကို စိတ်ဝင်တစား အကဲခတ် နေသလိုပေါ့။
အခုချိန်မှာ သူတို့နှစ်ယောက်ကြားက ထိစပ်မှုက အရမ်းကို နီးကပ်နေတယ်။ သူမခန္ဓာကိုယ်က အမွှေးနံ့ သင်းသင်းလေးကို ရနေတယ်။ သူ့အသက်ရှူနှုန်းတွေ မြန်ဆန်လာပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင် ခြောက်သွေ့ လာပြီး အဖျားတက်သလို ခံစားရတယ်။ သူ ရုတ်တရက် မြင်လိုက်ရတဲ့ ယောက်ျားနဲ့ မိန်းမတစ်ယောက်နဲ့ တစ်ယောက် ဖက်တွယ်ထားတဲ့ပုံက သူ့စိတ်ထဲ ဘာလို့ ပေါ်လာရတာလဲ။
“ချွိုင်းကုန်းတုကို ငါနဲ့အတူတူ လေ့လာချင်တာလား”
ယွမ်လော့ဖုန်းအသံက သူ့ကို လွှမ်းမိုးနေတယ်။ မိုးခြိမ်းသံကဲ့သို့ ပဲတင့်ထပ်လာပြီး သူ့စိတ်တွေ သည်းမခံနိုင် လောက်အောင် ဖြစ်လာတယ်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လာတယ်။
ယောက်ျားလေးဘက်က မူမမှန်တဲ့ အာရုံကို ရတဲ့အချိန်မှာ ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ ယွမ်ရှောင် ခန္ဓာကိုယ်ကို အဝေးကို တွန်းလိုက်တယ်။
“ယွမ်ရှောင် ရှင် ကျွန်မကို ချွိုင်းကုန်းတု စာအုပ်အတူတူ လေ့လာဖို့ ကျွန်မကို လာရှာတယ်။ နောက်တစ်ကြိမ် ဆိုရင်တော့ ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူးနော်”
ယွမ်လော့ဖုန်း ခန္ဓာကိုယ်က သူ့ကို လွှတ်ပေးလိုက်ပြီး နောက်မှာ သူ အနည်းငယ် စိတ်သက်သာရာ ရသလို ခံစားနေရတယ်။ အကြင်နာမဲ့ပြီးတော့ ခံစားချက်မဲ့တဲ့ သူ့လိုလူ တစ်ယောက်က မိန်းကလေး တစ်ယောက်ကြောင့် ဘာလို့ ရင်ခုန်နေသလဲ ဆိုတာ နားမလည်နိုင်ဘူး။
“ရှင်အခု ထွက်သွားလို့ ရပြီ” ယွမ်လော့ဖုန်း... လက်ကို ခါလိုက်ပြီးတော့ သူ့ရှေ့မှာ ရပ်နေတဲ့ အမျိုးသားကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။
“အခုကစပြီးတော့ ရှင့်တပည့်ပြောတာကို မယုံနဲ့။ သူနဲ့ ဝေးဝေးနေ”
ယွမ်လော့ဖုန်းရဲ့ စကားတွေက သူ့အနာဂတ်ကို ပိတ်ပင်လိုက်တယ် ဆိုတာ သနားစရာ လင်းချုံးက မသိရှာပါဘူး။
“ကောင်းပါပြီ” ယွမ်ရှောင် နာခံစွာ ခေါင်းညိတ်လိုက်တယ်။
“မင်းသူ့ကို မကြိုက်ဘူး ဆိုရင်တော့ ငါနှင်ထုတ်လိုက်ပါမယ်”
“နှင်ထုတ်မယ်။ မလိုအပ်ပါဘူး။ အခုကစပြီးတော့ သူပြောတာ အားလုံးကို မနားထောင်ရင် ပြီးပြီလေ”
ယွမ်လော့ဖုန်း ပြုံးလိုက်ပြီးတော့ ယွမ်ရှောင်အနား ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်ပြီးတော့ သူ့ကို နံရံထပ်ကို ထပ်တွန်းလိုက်တယ်။
“ကျွန်မ တစ်ယောက်တည်း ရှင့်ကို လေ့ကျင့်ပေးနိုင်တယ် ဆိုတာ မှတ်ထားပါ”
ယွမ်လော့ဖုန်း သူ့အနား ကပ်လာလေ အသက်ရှူနှုန်းတွေ မြန်လာပြီးတော့ အသက်ရှူရ ခက်စေတယ်။ ကံကောင်းတာက ဒီတစ်ခေါက်တော့ ယွမ်လော့ဖုန်းက သူ့ကို ထပ်ပြီးတော့ မနှိပ်စက်တော့ဘူး။
ကိုရေခဲတုံး ကြိုးစား ပြုံးလိုက်ပြီးတော့ ယွမ်လော့ဖုန်းကို အမည်းရောင် မျက်ဝန်းတွေနဲ့ ခံစားချက် ရှုပ်ထွေးစွာ စိုက်ကြည့်နေတယ်။ အဆုံးစမဲ့တဲ့ ကောင်းကင်ယံမှာ လှည့်ထွက်မသွားခင် သူမကို လေးနက်စွာ ကြည့်လိုက်တယ်။
***
အပိုင်း(၇၈)
ကံမကောင်းသော လင်းချုံး(၂)
“သခင် အခွင့်အရေးကောင်းကို ဘာလို့ လွတ်အောင် လုပ်ရတာလဲ။ သူ့ကို ဘာလို့ ဆွဲမစားရတာလဲ။ ဘာလို့လဲ” ရှောင်မိုရဲ့ မကျေမနပ် အသံကို စိတ်ထဲမှာ ကြားနေရတယ်။
“စုံတွဲ စိတ်စွမ်းအား လေ့ကျင့်ရမှာလေ။ တိုးတက်မှုက နည်းနည်းလေး မဟုတ်ဘူး။ သူ့ကို သန့်ရှင်းစွာ မစားသုံးရတာလဲ”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ယွမ်ရှောင်ဆိုတဲ့ ကောင်လေးက လေ့ကျင့်မှု အားနည်းတယ်။ ငါ သူ့ကို လေ့ကျင့်ပေးပြီးတော့မှ ဒီစကားကို ထပ်ပြောတာပေါ့။ နောက်ပြီးတော့ ငါ ... ယွမ်ရှောင်ကို အနည်းငယ် စိတ်ဝင်စားသော်လည်း သူ့အတွက် ချစ်ခြင်းမေတ္တာက တိုးတက်မှု မရှိသေးဘူး”
“သခင်... ယွမ်ရှောင်က ဘာမကောင်းတာ ရှိလို့လဲ။ သူက သခင် အလိုကျ ဆောင်ရွက်ပေးတယ်။ သခင်အမိန့်ကို လိုက်နာတယ်။ ခန္ဓာကိုယ်ကလည်း ဆန်းပြားတယ်။ သူ့အင်အားကလည်း ထူးဆန်းတယ်။ အထူးသဖြင့် သူက တခြားမိန်းကလေးနဲ့ မထိတွေ့ရသေးဘူး။ သူက ဘယ်နယ်ပယ်မှာ လေ့ကျင့်ဖို့ လိုအပ်နေသေးတာလဲ”
ရှောင်မို အရမ်းကို စိတ်မကျေမနပ် ဖြစ်နေခဲ့တယ်။ ဒီလို အခွင့်ရေးကောင်းကို သခင် လက်လွှတ်လိုက်တယ်။ သူသာဆိုရင် အရင်ဆုံး ဆွဲစားပြီးတော့ နောက်မှ ထပ်ပြောမယ်။ ခံစားချက်ကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင် ရမယ်တဲ့လား။
ညက ရေကဲ့သို့ပဲ။ ယွမ်အိမ်တော်ရဲ့ တိတ်ဆိတ်တဲ့ ခြံဝင်းအတွင်းမှာ ရေထဲသို့ ပလုံပလုံနဲ့ တစ်ခုခု အသံကို ကြားနေရတယ်။ ရေစက်တွေက နေရာတိုင်းကို ပျံ့လွင့်နေတယ်။ ယောက်ျားလေးရဲ့ ပြည့်စုံတဲ့ မျက်နှာပေါ်မှာ ရေတွေ ဖြန်းထားသလို ဖြစ်နေတယ်။
ထိုအမျိုးသားက သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အေးစက်တဲ့ရေထဲ နှစ်မြှုပ်ထားတယ်။ သူ့ခန္ဓာကိုယ်မှ အဖျားတက်သလို ပူနေတာကို လျှော့ချနေတယ်။ သူ့ခန္ဓာကိုယ် ပြန်လည် အဆင်ပြေမှ ရေကန်ထဲမှ ထွက်လာခဲ့တယ်။ မြေပြင်ပေါ်မှာ ရပ်နေခဲ့တယ်။
သူ့ရဲ့ရှည်လျားတဲ့ အမည်းရောင် ဝတ်စုံက ရေစိုရွှဲနေပြီး ခန္ဓာကိုယ်အတိ ကိုယ်က ကပ်နေတယ်။ ကြွက်သားအပြည့် ခန္ဓာကိုယ်ကို လရောင်အောက်မှာ မြင်နေရတယ်။
သူ့ရဲ့ဆံပင်တွေက စိုရွှဲနေတယ်။ ရေစက်ရေပေါက်တွေက မျက်နှာမှ ကျဆင်းနေတယ်။ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းကိုသာ မိန်းကလေး တစ်ယောက်သာ မြင်သွားခဲ့ရင် သူ့ရဲ့ဆွဲဆောင်မှုမှာ ကျဆုံးမှာပဲ။
“လင်းချုံး မင်းခံရမယ့် ပြစ်ဒဏ်ကို တိုးလိုက်ပြီ”
လင်းချုံး ဂါရဝပြုပြီးတော့ အမှောင်ထဲမှ ထွက်ခွာသွားတာကိုတော့ ဘယ်သူမှ မသိလိုက်ပါဘူး။ သူရေကန်ထဲက ထွက်လာတဲ့အချိန်မှာ သူလွှင့်ပစ်ထားခဲ့တဲ့ ချွိုင်းကုန်းတု စာအုပ်ကို တွေ့လိုက်ရတယ်။ သူခဏတာ တွေးတောလိုက်ပြီးနောက် ချွိုင်းကုန်းတု စာအုပ်ကို ယူပြီးတော့ အနောက်ဘက် တောင်တန်းကို ထွက်လာခဲ့တယ်။
***
ဆေးစံအိမ်တော်က စိတ်စုစည်းဆေးရည်ကို ရောင်းချပြီး နောက်ပိုင်းမှာ ပိုပြီးတော့ နာမည်ကြီးလာတယ်။ ပထမဦးဆုံး မနက်ပိုင်းမှာဆိုရင် စိတ်စုစည်းဆေးရည်ကို ဝယ်ဖို့ လူတွေ အများကြီး လာရောက်လေ့ရှိတယ်။ ကံကောင်းတာက ယွမ်လော့ဖုန်းက ဆေးရည် အများကြီး ပေးထားလို့ပေါ့။
တစ်ချိန်တည်းမှာပဲ ဆေးစံအိမ်တော်ရဲ့ အတွင်းခန်းမ အတွင်းမှာ ရုန်အကြီးအကဲက သူ့ရှေ့မှာ ထိုင်နေတဲ့ မြေးအဘိုး နှစ်ယောက်ကို ကြည့်ပြီး ရယ်မောနေတယ်။
“နင် အကြီးအကဲ လုံယွမ်ကို မတော်တဆ ရောက်လာတာလား။ ဒီမနက်မှ ရောက်တာမလား။ ဘယ်လိုလဲ နတ်ဆေးသမားတော်ကို ရှာတွေ့ပြီလား”
အဘိုးအို နင်က ကုသလို့ မရတဲ့ ရောဂါကို အရင်က ခံစားနေခဲ့ရတာ။ ဖျားနာနေတဲ့ ပုံစံဖြစ်နေခဲ့တာ။ ဒီနေ့တော့ တောက်ပပြီး စွမ်းအား ပြည့်နေသလိုပဲ။ သူ့ဘဝကို ကယ်တင်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားပြီ ထင်တယ်။
“ရုန်အကြီးအကဲ ပြောတာ မှန်ပါတယ်။ ကျော်ကြားတဲ့ သမားတော်ကို တကယ် ရှာတွေ့သွားပါပြီ။ ငါတို့ သိတယ်လူတော့ မဟုတ်ဘူး။ လူအများကြားမှာ ပုန်းကွယ်နေတဲ့ ဂုဏ်သိက္ခာရှိတဲ့ သမားတော် တစ်ယောက်ပဲ။ ငါ့ရောဂါက ကုသသလို ကောင်းသွားပြီ”
“အို့” ရုန်အကြီးအကဲ မျက်ခုံးတွန့် လိုက်ပြီးတော့
“တကယ် ကောင်းတာပဲ။ ငါတို့ဆေးစံအိမ်က မင်းကို မကုသပေးနိုင်လို့ နှလုံးသားထဲမှာ အပြစ်ရှိသလို ခံစားခဲ့ရတယ်။ မင်း ပြန်လာမယ်ဆိုတော့ ငါ မင်းကို သမားတော် တစ်ယောက်နဲ့ မိတ်ဆက် ပေးချင်ခဲ့တာ။ သူက အရမ်းထူးခြားတဲ့ ပါရမီရှင် သမားတော် တစ်ယောက်ပဲ။ မန်လော့အဆိပ်ကို ကုသနိုင်တယ်။ ဒါရန်ကို ပြန်ခေါ်လာတာ”
ထိုစကားကို ကြားပြီးနောက် နင် အကြီးအကဲ အံ့ဩပြီး ပြုံးလိုက်မိတယ်။
“လုံယွမ်မှာ ပါရမီရှင် အများကြီး ရှိသလိုပဲ။ ငါတွေ့လိုက်တဲ့ လူကလည်း ပါရမီရှင်ပဲ။ ဒီတစ်ခေါက်တော့ ရုန်အကြီးအကဲကို ဒုက္ခပေးစရာ မလိုတော့ဘူး။ သမားတော်က ငါ့ကို ကုသပေးဖို့ ကတိပေးပြီး သွားပြီ။ ငါ သမားတော်ရဲ့ စွမ်းရည်ကို ယုံကြည်တယ်။ ငါတို့နှစ်ယောက်လုံးသိတဲ့ သမားတော် နှစ်ယောက်မှာ တူညီတဲ့ ဆေးပညာ ကျွမ်းကျင်မှု ရှိမှာပါ”
ထူးခြားတဲ့ သမားတော်က အတူတူပဲဆိုတာ အဘိုးအိုနှစ်ယောက် မသိခဲ့ပါဘူး။
***
Bạn đang đọc truyện trên: Truyen247.Pro