Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 62

အပိုင်း(၆၂)

ပွဲတော်ဖိတ်ကြားခံရခြင်း(၄)

 

တော်ဝင်သက်တော်စောင့်က ဂါရဝပြုပြီးတော့ ပြန်လည် ထွက်ခွာသွားတယ်။
သက်တော်စောင့် ထွက်သွားပြီးနောက် ယွမ်လော့ မျက်မှောင်ကြုတ်ပြီးတော့ မေးလိုက်တယ်။
“ဒီတစ်ခေါက်... အိမ်ရှေ့စံမင်းသားက ဘာလုပ်ချင်တာလဲ”
ယွမ်လော့ဖုန်းလည်း ဖိတ်စာကို ပိတ်လိုက်ပြီးတော့
“ဒီညနေမှာ အိမ်ရှေ့စံမင်းသားက ချင်းမြစ်ဘေးနားမှာ ပွဲတော်ကျင်းပမယ်။ လုံယွမ်ရဲ့ ငယ်ရွယ်တဲ့ တော်ဝင်မျိုးနွယ်တွေ အားလုံးက ပွဲတော်ကို တက်ရောက်မယ်။ ဖိတ်စာ လာပို့ပေးတယ်ပေါ့။ ဒါပေမဲ့ အရင်အချိန်တုန်းက သူ ပွဲတော်တွေ အများကြီး ကျင်းပခဲ့တယ်။ ကျွန်မကို ဘယ်တော့မှ မဖိတ်ခဲ့ဘူး။ အခုတော့ မုဝူစွမ်းအတွက် သူ့ရဲ့ချစ်မေတ္တာကို ကျွန်မရှေ့မှာ ကြွားလုံးထုတ်တော့မယ် ထင်တယ်။ ကျွန်မကို သိက္ခာချချင်နေတာ ထင်တယ်”
“မြေးလေးနဲ့ အိမ်ရှေ့စံမင်းသားက စေ့စပ်ထားတာ ဖျက်သိမ်းပြီးပြီ။ သူက ဒီလို ဖိတ်ကြားဖို့ လိုအပ်လို့လား”
“အဘိုး မေ့နေပြီလား။ အိမ်ရှေ့စံမင်းသားက သမီးနဲ့ စေ့စပ်တာကို ဖျက်ချင်ခဲ့တာလေ။ ဒါပေမဲ့ ယွမ်အိမ်တော်က စေ့စပ်တာ ဖျက်သိမ်းတာကို အရင် တောင်းဆိုခဲ့တာလေ။ သမီးက အိမ်ရှေ့စံမင်းသားကို စွန့်ပစ်ခဲ့တဲ့လူ ဖြစ်သွားတယ်လေ။ လူတိုင်းက အိမ်ရှေ့စံမင်းသားရဲ့ နှလုံးသားကို မုစူစွမ်းက ပိုင်ဆိုင်တယ်လို့ ပြောနေလည်း သူ့ကို အရှက်ရစေတာပဲလေ။ သူ့ကို ဆုံးရှုံးသွားတယ် ဆိုတာကို သမီးကို သိစေချင်နေတာလေ။ တခြား ဘယ်နေရာမှာမှ ယောက်ျားကောင်း ရှာမတွေ့နိုင်ဘူးလို့ သိစေချင်နေတာလေ”
ကောက်ကျစ်တဲ့ အပြုံးလေးကို သူမမျက်နှာမှာ ဖန်တီးလိုက်တယ်။
“သူက ကြွားလုံး ထုတ်ချင်တော့လည်း ပါရမီ ဖြည့်ပေးရတာပေါ့”
“ဖုန်းအာ... သမီးကို သွားဖို့တော့ အကြံမပေးချင်ဘူး”
ယွမ်လော့ မျက်မှောင်ကြုတ် လိုက်တယ်။
“အခုချိန်မှာ မြေးလေးက စိတ်စွမ်းအား လေ့ကျင့်နိုင်သော်လည်း အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်ရင်တော့ အရည်အချင်းက ကွာခြားနေသေးတယ်။ ပွဲတော်ကို သွားရင် အကျိုးမဲ့တာတွေ ဖြစ်လာနိုင်တယ်”
ယွမ်လော့ဖုန်းရဲ့ မျက်ဝန်းတွေက အရောင်တောက်နေပြီးတော့ သူမပုံစံက ယုံကြည်ချက်တွေ ပြည့်နေတယ်။
“စိတ်မပူပါနဲ့ အဘိုး။ သမီးကို ဘယ်သူမှ အခွင့်ရေး မယူစေရဘူး”
အကျိုးမဲ့တဲ့လူက အမြဲတမ်း တခြားလူပဲ ဖြစ်ရမယ်။ သူမ မဖြစ်စေရဘူး။
“မြေးလေး... ယွမ်ရှောင်ကို အတူတူ ခေါ်သွားချင်လား”
ယွမ်လော့ နှလုံးသားထဲမှာ စိုးရိမ်မှုတွေ ရှိနေပါသေးတယ်။
သူ့နှလုံးသားထဲမှာတော့ ထိုလူတွေ ဆာလောင်မွတ်သိပ်နေတဲ့ ဝံပုလွေတွေနဲ့ ရိုင်းစိုင်းတဲ့ ကျားသစ်တွေနဲ့ တူတယ်။ နူးညံ့့တဲ့ သူ့မြေးလေးက သူတို့တွေ ကိုက်တာကို ဘယ်လိုခံနိုင်ပါ့မလဲ။
“ယွမ်ရှောင်က ထိုလူတွေကို ရင်ဆိုင်နိုင်တယ်”
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ် လိုက်ပြီးတော့
“တစ်ယောက်တည်း သွားတာ လုံလောက်ပါတယ်။ သမီး ဒီညပွဲတော်အတွက် ပြင်ဆင်လိုက်ဦးမယ်။ အိမ်မှာပဲ စိတ်မပူပဲ စောင့်နေလိုက်”
သူမလည်း ယွမ်လော့ပခုံးကို ပုတ်လိုက်တယ်။ ဆန်းကြယ်စွာ ပြုံးလိုက်ပြီးတော့ ထွက်ခွာသွားတယ်။
 

***
 


ချင်းမြစ်ကမ်းဘေး
ဗျပ်စောင်းသံက ပျံ့လွင့်နေတယ်။ ကြီးမားတဲ့ ဇိမ်ခံသင်္ဘောပေါ်မှာ  ပါရမီရှင် လူငယ်လေးတွေက ကျယ်လောင်စွာ ကဗျာ၊ ခွန်းထောက်၊ တမ်းချင်း၊ သီချင်းတွေနဲ့ ရှုပ်ထွေးတဲ့ စိတ်စွမ်းအား လေ့ကျင့်ခြင်းတွေကို စပ်ဆိုနေတယ်။ လူအများ ဝိုင်းရံခံနေရတဲ့ ကွမ်လန်နဲ့ မုဝူစွမ်းက လူအများ လွန်လွန်ကဲကဲ မြှောက်စားခြင်းရဲ့ ပစ်မှတ် ဖြစ်နေတယ်။
“ဒီနေ့ ယွမ်လော့ဖုန်း လာမယ်လို့ အိမ်ရှေ့စံမင်းသား ပြောခဲ့တယ်မလား။ ဘာလို့ မလာသေးတာလဲ”
စစ်အမတ်ချုပ်သား ဂန်လင်းက ရုတ်တရက် မေးလာတယ်။
လူအုပ်ကြီးက အရင်လို ဆူညံမနေတော့ပဲ ချက်ချင်း တိတ်ဆိတ်သွားတယ်။
“အိမ်ရှေ့စံမင်းသား… ဘာလို့ အမှိုက်မ ယွမ်လော့ဖုန်းကို ဒီနေရာကို ဖိတ်ထားရတာလဲ။ သူမလို အမှိုက်မက ငါတို့နဲ့ ပြောဆိုဆက်ဆံဖို့ အရည်အချင်း မရှိဘူး”
“ဟုတ်တယ်… အရင်က သူမကို အမှိုက်မလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ မကြာခင်က သူမလုပ်ခဲ့တာတွေကို ကြည့်ရရင်တော့ ပထမ ယွမ်အိမ်တော်ရဲ့ ငွေတွေအားလုံးကို သုံးလိုက်တယ်။ သူမအတွက် အစေခံနဲ့ အစောင့်အသစ်တွေကို ရှာခိုင်းတယ်။ စစ်သူကြီးယွမ်က အသက်ကြီးနေပြီ။ အခုချိန်ထိ ခက်ခက်ခဲခဲ အလုပ်ကြိုးစား နေရတယ်။ သူမလို လူမျိုးက ဘာလို့ မသေရတာလဲ”
“သူမက အသိစိတ်လည်း မရှိဘူး။ ကျေးဇူး သိတတ်မှုလည်း မရှိဘူး။  အိမ်ရှေ့စံမင်းသားက သူမမှာ မွေးရာပါ အရည်အချင်း ချို့ယွင်းတာကို စာနာပြီး ဇနီးအဖြစ် လက်ထပ်ယူပြီးတော့ စေ့စပ်တာကို ဖြည့်ဆည်း ပေးချင်သေးတာလား။ လူအများရှေ့မှာလည်း ချောမောတဲ့ ကောင်လေးကိုလည်း ဖက်တယ်။ သူမလောက် အရှက်မဲ့တဲ့ မိန်းကလေးဆိုတာ လောကမှာ မရှိတော့ဘူး”
ထိုလူတွေက ယွမ်လော့ဖုန်းကို သိမ်ငယ်အောင် ပြောဆိုနေတာကို ကြားရတာ မုဝူစွမ်းနှလုံးသားမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေစေတယ်။ သူမမျက်နှာမှာတော့ အမူအရာ မပြပါဘူး။ အရင်လို ကြော့ရှင်းလှပပြီး ကျက်သရေရှိတဲ့ အပြုံးလေးသာ သူမမျက်နှာမှာ ရှိနေတယ်။
“ဒီကိစ္စက အိမ်ရှေ့စံမင်းသားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ သူမကို ဖိတ်ခိုင်းလိုက်တာ ကျွန်မပါ။ သူမကို ပွဲတော်လာခိုင်းတယ် ဆိုတာ ရှင်းနေတာပဲ။ စေ့စပ်ပွဲဖျက်သိမ်းတာကို လျော်ကြေးအနေနဲ့ နင်တို့တွေထဲက တစ်ယောက်ကို သူမအတွက် ရွေးချယ်ပေးမလို့ပါ။
 

***

Bạn đang đọc truyện trên: Truyen247.Pro