
Ep 61
အပိုင်း(၆၁)
ပွဲတော်ဖိတ်ကြားခံရခြင်း(၃)
သူ့အသံက ခပ်ပြတ်ပြတ်အသံ ဖြစ်နေတယ်။ ဒါပေမဲ့ စိတ်စွမ်းအားလှိုင်းတွေ ပါဝင်နေတယ်။ သူ့အနားမှာရှိတဲ့ လူကိုကြားစေတယ်။ အသံကိုကြားတာနဲ့ မီးခိုးရောင်ဝတ်စုံနဲ့ ယောက်ျားလေး တစ်ယောက်က လျင်မြန်စွာ ဝင်လာတယ်။ ယွမ်ရှောင်ရှေ့မှာ ဒူးထောက်ဂါရဝ ပြုလိုက်တယ်။
“သခင်... ဘာအမိန့်ရှိလို့ပါလဲ”
ယွမ်ရှောင်လည်း တစ်ခဏတာ တိတ်ဆိတ် နေလိုက်ပြီးတော့ ပြောတယ်။
“မင်း... မိန်းမတွေနဲ့ အမြဲ ထိတွေ့နေဖူးလား”
“အမ်” လင်းချုံးလည်း အံ့ဩမှင်တက်သွားမိတယ်။ သူ့သခင်က သူ့ကိုခေါ်တာက ဒီမေးခွန်းမေးမယ်လို့ ဘယ်တော့မှ မထင်ထားမိဘူး။
အရင်က ယွမ်လော့ဖုန်း သူ့ကို တွေ့သွားမှာ ကြောက်တာကြောင့် အဝေးမှာပဲ နေခဲ့တယ်။ ယွမ်လော့ဖုန်းက ယွမ်ရှောင်ကို ပြောတဲ့အသံက တိုးလွန်းတယ်။ ဒါကြောင့် သူတို့တွေ ဘာအကြောင်း ပြောနေလဲဆိုတာ မကြားရဘူး။
“ဒါက...” လင်းချုံးလည်း သူ့ခေါင်းကို ကုတ်နေခဲ့တယ်။
“သခင့်အနားမှာ မိန်းကလေးဆိုတာ မရှိဘူး။ ဒါကြောင့် ကျွန်တော်မျိုးမှာ မိန်းကလေးနဲ့ မကြာခဏ ထိတွေ့မှုမရှိပါဘူး။ သို့သော်လည်း လုပ်ငန်းတစ်ခု ပြီးစီးသွားတိုင်း ကျွန်တော်မျိုး အပျော်စံအိမ်ကို တစ်ခါတစ်ရံ သွားလည်ပါတယ်”
“မင်း...ချွိုင်းကုန်းတု ဆိုတာကို သိလား”
ယွမ်ရှောင်လည်း မျက်မှောင်ကြုတ်ပြီး နောက်တစ်ခု ဆက်မေးနေတယ်။
လင်းချုံးကို လုံးဝ အံ့အားသင့် သွားစေခဲ့တယ်။ ဘယ်မျိုးသော မြှူဆွယ်မှုမျိုးကြောင့် သခင်က ချွိုင်းကုန်းတုကို မေးရတာလဲ။
“သခင်... ချွိုင်းကုန်းတုကို လိုချင်လို့လား”
“ဟုတ်တယ်” ယွမ်ရှောင် အသံခပ်သြသြနဲ့ ပြန်ဖြေတယ်။
“ချွိုင်းကုန်းတုကို ကူးရေးထားတာကို ငါလိုချင်တယ်”
“.....” လင်းချုံးလည်း စကားမပြောနိုင်လောက်အောင် အံ့ဩ တုန်လှုပ်သွားတယ်”
သခင်က တကယ်ကို ချွိုင်းကုန်းတုကို ဖတ်ကြည့်ချင်တာလား။ အခုကစပြီးတော့ အသိမြင်တွေ ပွင့်တော့မှာလား။
“ဟုတ်ကဲ့ပါ နောက်လိုက် အမိန့်တော်ကို နာခံပါမယ်”
လင်းချုံးလည်း ရိုသေစွာ ဂါရဝပြုတယ်။ သူပြောစရာ တစ်ခုရှိတာကို တွေးမိသွားပြီးတော့
“သခင်... ယွမ်အိမ်တော်ကဲ့ အနောက်ဘက် တောင်တန်းမှာ တခြားလူတစ်ယောက် ရှိနေတယ်လို့ ကျွန်တော်မျိုး ခံစားရတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိဘူး”
ထိုအမျိုးသားရဲ့ အေးစက်တဲ့အကြည့်တွေက လင်းချုံး ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာပြီးတော့ လင်းချုံးကို ခိုက်ခိုက်တုန်အောင် ကြောက်လန့်စေတယ်။ သူလည်း လျင်မြန်စွာ ခေါင်းငုံ့လိုက်ပြီးတော့
“ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ”
သူ့သခင်က စွမ်းအား အရမ်းကြီးမားတာကို သူမေ့လို့မဖြစ်ဘူး။ သခင့်စွမ်းအားနဲ့ တခြားလူရှိတာကို ခန့်မှန်းတွက်ချက်လို့ ရပါတယ်။ သို့သော်လည်း သူက ဘာမှလည်း မပြောဘူး။ ရှာဖွေခြင်းလည်း မရှိခဲ့ဘူး။ ထိုလူနဲ့ ယွမ်မိသားစုက ဆက်နွှယ်မှုရှိတယ်လို့ ကောက်ချက်ချလို့ ရတယ်။
သူက ကျိုးကြောင်း မစဉ်းစားပဲ ထိုကိစ္စကို ပြောလိုက်တယ်။ သခင်က အလွယ်တကူ သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။
“ပြန်သွားပြီးတော့ မင်းရဲ့အပြစ်ကို ခံယူပါ”
ထိုအမျိုးသားရဲ့ အသံက အေးစက်ပြီးတော့ ခံစားချက်မဲ့နေတယ်။
“ကျွန်တော်မျိုး... အမိန့်ကို နာခံပါ့မယ်”
ချွေးအေးတွေက လင်းချုံးရဲ့ နဖူးပေါ်မှ ကျဆင်းလာတယ်။
“သူ့သခင်ရဲ့ အပြစ်ပေးမယ့် အမိန့်ကို စဉ်းစားလိုက်တာနဲ့ ဆံပင်တွေ အဆုံးထိ ထောင်လာတဲ့အထိ ကြောက်လန့်မိတယ်”
“မင်းနဲ့ မသက်ဆိုင်တာတွေကို စိတ်ထဲ မထားပါနဲ့ ကိုယ့်အကြောင်း ကိုယ်သိပါ။ ငါပြောတာကို မှတ်ထား” ပြောပြီးတာနဲ့ ယွမ်ရှောင်လည်း အိမ်ထဲကို ဝင်သွားတယ်။ အိမ်တံခါးနား ဝင်ခါနီးမှာပဲ
“ချွိုင်းကုန်းတုကို ယူလာပေးပြီးတာနဲ့ ပြန်ပြီးတော့ အပြစ်ပေးတာ လက်ခံလိုက်”
ယွမ်ရှောင် ထွက်သွားပြီးနောက်မှာ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီးတော့ မြေပြင်ပေါ် လဲကျသွားတယ်။
“ပါးစပ်ကို ပိတ်ထားခဲ့သင့်တာ။ အခုတော့ အပြစ်ပေးခံရတော့မယ်”
***
ယွမ်အိမ်တော်ရဲ့ အဓိကခန်းမဆောင်
အဘိုးအိုပုံစံက စိတ်မရှည် ဖြစ်နေတယ်။ သူ့ရဲ့ တည်ငြိမ်ပြီး အသက်အရွယ် ကြီးရင့်နေတဲ့ မျက်နှာက တံခါးအပေါက်ဝကို ကြည့်နေတယ်။ သူ ငေးကြည့်နေစဉ် အတွင်းမှာ လှပတဲ့ မိန်းကလေးတစ်ယောက် အခန်းထဲကို ဝင်လာတယ်။ ယွမ်လော့လည်း သူ့လက်ကို ယွမ်လော့ဖုန်းဘက် ရွေ့လျားလိုက်ပြီးတော့ ဖော်ရွေစွာပြောတယ်။
“ဖုန်းအာ... အဘိုး အနားကို လာပါဦး”
ယွမ်လော့ဖုန်းလည်း ယွမ်လော့အနားကို လျှောက်လာခဲ့တယ်။ သူမရဲ့ အကြည့်တွေက အိမ်ရှေ့စံအိမ်တော်ရဲ့ အစောင့်ဝတ်စုံ ဝတ်ထားတဲ့ လူဘက်သို့ ပြောင်းလဲသွားတယ်။
“ဘာကိစ္စရှိလို့ အိမ်ရှေ့စံမင်းသားက ငါ့ကို လာရှာခိုင်းတာလဲ”
“အိမ်ရှေ့စံမင်းသားက သခင်မလေးကို ပွဲတော် ဖိတ်ကြား ခိုင်းလိုက်တာပါ”
ဖိတ်ကြားတယ်။
ယွမ်လော့ဖုန်းလည်း အစောင့်လက်ထဲက ဖိတ်စာကို ယူလိုက်တယ်။ ဖိတ်စာမှာ ပါဝင်တဲ့ အကြောင်းအရာကို စေ့စေ့စပ်စပ် ဖတ်ရှုပြီးနောက်မှာ သူမ တခစ်ခစ် ရယ်မောလိုက်တယ်။
“ငါနားလည်ပြီ။ ပွဲတော်ကို တက်ရောက်မယ်လို့ အိမ်ရှေ့စံမင်းသားကို ပြန်ပြောလိုက်။
***
Bạn đang đọc truyện trên: Truyen247.Pro