Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 60

အပိုင်း(၆၀)

ပွဲတော်ဖိတ်ကြားခံရခြင်း(၂)

 
ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေ အတွင်းမှာ ထွက်ခွာသွားပြီးနောက် သူမ အသိပြန်ဝင်လာတဲ့ အချိန်မှာ အခန်းထဲကို ပြန်ရောက်နေပြီ ဖြစ်တယ်။ လက်တစ်ခုက သူမပါးကို ပွတ်သပ်နေတယ်လို့ ခံစားရတယ်။ ပူလောင်တဲ့ လက်ဖျားထိပ်လေးတွေက သူမမျက်လုံးတွေကို ချက်ချင်း ဖွင့်စေတယ်။ သူမလက်က တခြားလူလက်ကို ဆုပ်ကိုင်လိုက်တယ်။ သူမရဲ့ မျက်ဝန်း ကျဉ်းလေးတွေက အန္တရာယ်အငွေ့သက်တွေ လက်နေတယ်။
“ယွမ်ရှောင် နင် ဘာလုပ်တာလဲ”
ဒီနေရာမှာ ယွမ်ရှောင် မဟုတ်ဘဲ တခြားလူတစ်ယောက်သာ ဆိုရင် အခန်းအပြင်ကို ကန်ထုတ်လိုက်ပြီ။
“ငါမင်းကို စောင့်ကြည့်နေချင်လို့ပါ”
ကောင်လေးရဲ့မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို စိုက်ကြည့်နေတယ်။ ကြည်လင်တဲ့ မျက်ဝန်း အကြည့်တွေက လျှပ်စစ်လှိုင်းကဲ့သို့ပဲ ယွမ်လော့ဖုန်းရဲ့ နှလုံးသားကို အတိုင်းဆမဲ့စွာ လှုပ်ခတ်စေတယ်။
ဒီကောင်လေးက ယောက်ျားလေးနဲ့ မိန်းကလေးကြားက ဆက်ဆံရေးအကြောင်း ဘာမှသိတာ မဟုတ်ဘူး။ ကိလေသာစိတ်ကြီးတဲ့ အတွေးကို တွေးတတ်မလဲ။ သူမတစ်ယောက်တည်း အတွေးလွန်နေခဲ့တာပါ။
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းပုံစံက ပုံမှန် ပြန်ဖြစ်လာတယ်။ သူမ နွမ်းလျစွာ ပြုံးလိုက်တယ်။
“အခန်းထဲကို ခိုးဝင်လာတာမလား။ အိပ်ရာကို နွေးထွေးပေးချင်လို့ မလား”
ကောင်လေးရဲ့အကြည့်တွေက ယွမ်လော့ဖုန်းကို ရိုးသား တည်ကြည်စွာ ကြည့်တယ်။
“မင်းက အေးတာကို ကြောက်တယ်မလား။ နေ့တိုင်း မင်းအိပ်ရာကို နွေးထွေးအောင် လုပ်ပေးမှာပါ”
“....”
ယွမ်လော့ဖုန်းအမူအရာက ရေခဲတုံးကဲ့သို့ အေးခဲသွားပြီး ကူရာမဲ့စွာ သက်ပြင်းချလိုက်တယ်။
“ယွမ်ရှောင်... နင်... မိန်းကလေးတွေကို ထိဖူးလား”
ယွမ်ရှောင်လည်း သူ့ခေါင်းကို ရိုးသားစွာ ခါလိုက်တယ်။
“အစေခံတွေလည်း ထိဖူးလား”
“မထိဖူးဘူး”
“ချွိုင်းကုန်းတုကို ဖတ်ရမယ်”
“ချွိုင်းကုန်းတုဆိုတာ ဘာလဲ”
ကောင်လေးက မျက်မှောင်ကြုတ်လိုက်ပြီးတော့ ဘာမှမသိစွာ ယွမ်လော့ဖုန်းကို ပြောနေတယ်။
ယွမ်လော့ဖုန်းလည်း သူမရဲ့ နဖူးလေးကို ထိလိုက်တယ်။
“စိတ်စွမ်းအား လေ့ကျင့်တာအပြင် ပုံမှန်အားဖြင့် တခြား ဘာလုပ်သေးလဲ”
“လူသတ်တယ်”
ယောက်ျားလေးရဲ့အသံက လူသတ်တာကို ထမင်းစား ရေသောက်သလို ပုံမှန်ပြောနေတယ်။ လူသတ်တာက သူ့နေ့စဉ်ဘဝရဲ့ အစိတ်ပိုင်းတစ်ခု ဖြစ်နေခဲ့တာ။
“.....”
ယွမ်လော့ဖုန်းလည်း ပြောစရာ စကားမဲ့သွားတယ်။ မိန်းကလေး တစ်ယောက်ကို ဘယ်တော့မှ မထိခဲ့ဘူးတဲ့ ယောက်ျားလေးဆိုတာ တိုင်းပြည်မှာ ရှိနေသေးမယ်လို့ မထင်ထားခဲ့ဘူး။ ဒီ အရင်နှစ်တွေမှာ သူ ဘယ်လို အသက်ရှင် နေထိုင်ခဲ့တာလဲ။
ပြောရမယ်ဆိုရင် လုံရှောင်ပြည်နယ်က ဟွာရှား မဟုတ်ဘူး။ ဟွာရှားမှာဆိုရင်တော့ အိမ်မှာ နေရင်းလည်း တစ်လောကလုံးကို နားလည်နိုင်တယ်။
“ယွမ်ရှောင်”
ယွမ်လော့ဖုန်းလည်း သူ့နှုတ်ခမ်းထောင့်လေးကို အနည်းငယ် တွန့်ကွေးလိုက်တယ်။ သူမရဲ့ လှပတဲ့မျက်နှာလေးမှာ စွဲမက်ဖွယ် အပြုံးလေးကို ပန်ဆင်လိုက်တယ်။
“ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေး အကြောင်းကို လုံးဝမသိတဲ့ ရှင်က အပြင်ကိုသွားရင် မိန်းမတစ်ယောက်ရဲ့ လှည့်စားမှုမှာ မကျဆုံးဖို့ နှလုံးသားနဲ့ ခန္ဓာကိုယ်ကို ဘယ်လို စီစဉ်မလဲ”
ယွမ်ရှောင်နဲ့ ပတ်သက်ပြီးတော့ သူမ သိချင်တာတွေ များနေတယ်။ အဖြူထည်လေး ဖြစ်အောင် ဒီနှစ်တွေမှာ သူဘယ်လို အသက်ရှင် နေထိုင်ခဲ့တာလဲ။
အမျိုးသားလေးက မျက်မှောင်ကြုတ် လိုက်ပြီးတော့
“ငါ့အနားကို လာချင်တဲ့ မိန်းကလေးတွေ အားလုံးကို သတ်ခဲ့တယ်”
သူက မိန်းကလေးတွေ ခန္ဓာကိုယ်က အမွှေးရနံ့တွေကို ရွံရှာမုန်းတီးတယ်။ သူ့အနားကို လာချဉ်းကပ်ချင်တဲ့ မိန်းမတိုင်းကို ဝံပုလွေစာ ကျွေးတယ်။ အထူးသဖြင့် ထိုမိန်းမတွေ မျက်လုံးက ကြည့်တဲ့ ခံစားချက်တွေက သူကို အကြောင်းပြချက်မရှိ ရွံရှာ အော်ဂလီဆန်စေခဲ့တယ်။
ယွမ်လော့ဖုန်း တစ်ယောက်တည်းသာ....
သူမအနားမှာ နေရတာ စိတ်ရှုပ်မှုကိုလည်း မခံစားရဘူး။ သူမအနားမှာ နီးနီးကပ်ကပ် နေချင်တယ်။
“သခင်မလေး”
ထိုအချိန်မှာပဲ ချင်ယန်က အိမ်အပြင်ဘက်မှ အလျင်အမြန် ပြေးဝင်လာတယ်။ အသက်ရှူဖို့ ခဏနားလိုက်ပြီးတော့
 “အိမ်ရှေ့စံမင်းသားက လူတစ်ယောက် ပို့လိုက်တယ်။ သခင်မလေးကို တွေ့ချင်တယ်လို့ ပြောနေပါတယ်”
ယွမ်လော့ဖုန်း အနောက်ဘက် တောင်တန်းမှာ နေထိုင်စဉ်မှာ ချင်ယန်နဲ့ ယွမ်ရှောင် နှစ်ယောက်သာ လာခွင့်ပေးထားခဲ့တယ်။ သို့သော်လည်း ဒုတိယဦးလေးကို တွေ့ခွင့်တော့ မပြုခဲ့ဘူး။
“အိမ်ရှေ့စံမင်းသား” ယွမ်လော့ဖုန်းလည်း အိပ်ရာက ဆွဲထလိုက်တယ်။
“အိမ်ရှေ့စံမင်းသား က ငါ့ကို ဘာလို့ လာရှာတာလဲဆိုတာ သိရတော့မှာပဲ”
ချင်ယန်က ယွမ်လော့ဖုန်း နောက်ကို ပျော်ရွှင်စွာ လိုက်ပါသွားတယ်။ တံခါးအပြင်ကို ဦးတည် ထွက်ခွာသွားတယ်။
ပုံရိပ်နှစ်ခု လုံးဝပျောက်ကွယ် သွားပြီးနောက်မှာ ယွမ်ရှောင် မျက်မှောင်ကြုတ် လိုက်ပြီးတော့ အေးစက်စွာ ခေါ်လိုက်တယ်။
“လင်းချုံး”
 

***

Bạn đang đọc truyện trên: Truyen247.Pro