Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 59

အပိုင်း(၅၉)

ပွဲတော် ဖိတ်ကြားခံရခြင်း(၁)

 
အနောက်တောင်တန်း
ယွမ်လော့ဖုန်းလည်း အိမ်တော်ထဲ အလျင်အမြန် ဝင်လိုက်ပြီး တံခါးမြန်မြန် ပိတ်လိုက်တယ်။ အိပ်ရာဘက်ကို အလျင်အမြန် လမ်းလျှောက်သွားပြီးတော့ လဲလျောင်းလိုက်တယ်။ အဖြူရောင် အလင်းတန်းက အခန်းထဲကို ဝင်ရောက်လာတယ်။ သူ သတိဝင်လာတဲ့အချိန်မှာ ဆေးနတ်ဘုရား လျှို့ဝှက် သင်္ကေတ နယ်မြေထဲကို ရောက်ရှိနေပြီ ဖြစ်တယ်။
ချစ်စရာကောင်းတဲ့ ပန်းရောင်မျက်နှာလေးက သူမအမြင်ထဲ ဝင်ရောက်လာတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးမှာ ကြောက်ရွံ့စရာကောင်းပြီး မကျေမနပ်ပုံစံ ဖြစ်နေတယ်။ အမည်းရောင် မျက်ဝန်းတွေက သူမအမှား လုပ်ထားမိသလို ကြည့်နေတယ်။
“သခင်က ကျွန်တော့်ကို ရက်အနည်းငယ်ကြာမှ လာတွေ့တယ်။ ကျွန်တော်လည်း တစ်ချိန်လုံး အရမ်းပျင်းနေရတယ်”
ယွမ်လော့ဖုန်းရဲ့ ပြိုင်ဘက်ကင်းတဲ့ မျက်နှာလေးမှာ စွဲမက်ဖွယ်ရာ ပြုံးလိုက်တယ်။
“ရှောင်မို... မေးစရာရှိလို့ ဒီနေရာကို လာခဲ့တာ။ စစ်သူကြီးအိမ်တော်ရဲ့ မီတာ၅၀ဝအတွင်း တခြားလူတွေ လာလို့ မရအောင် လုပ်နိုင်သလား”
ရှောင်မိုအကြည့်တွေက ပိုပြီးတော့ စိတ်ပျက်နေသလို ဖြစ်လာတယ်။
“သခင်က ဒီနေရာကို လိုအပ်တာရှိမှ လာတယ်။ လိုအပ်တာမရှိရင် ကျွန်တော့်ကို လာမတွေ့တော့ဘူးလား”
“သခင်ပြောတဲ့ နည်းလမ်းတော့ ကျွန်တော့်မှာ မရှိဘူး။ သို့သော်လည်း စစ်တပ် လေ့ကျင့်တာကို တခြားလူတွေ မသိစေချင်ရင်တော့ သခင် နို့လက်ဖက်ရည်လေး အကူအညီကို ယူနိုင်တာပဲ။ ရက်အနည်းငယ် အတွင်းမှာ မြေအောက်လေ့ကျင့်ရေး အဆောက်အဦကို တူးဖော်နိုင်တယ်။ အဲ့နေရာမှာ စစ်တပ်ကို လေ့ကျင့်ရင်တော့ တခြားလူတွေ သတိထားမိမှာ မဟုတ်ပါဘူး။
ယွမ်လော့ဖုန်း တိတ်ဆိတ်နေလိုက်တယ်။
ကျောက်တုံးခန်းမက ဧရာမကြီးမားတယ်။ ဒါပေမဲ့လည်း လေ့ကျင့်မယ့်လူတွေကလည်း အတော်ကို များနေတယ်။ လေ့ကျင့်စရာနေရာ မရှိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ယွမ်အိမ်တော် ခြံဝင်းထဲမှာ လေ့ကျင့်မယ် ဆိုရင်လည်း တခြားလူတွေ အလွယ်တကူ သိသွားပြီး သတင်းပျံ့နှံ့ သွားနိုင်တယ်။ ယွမ်အိမ်တော်အတွက် အကျိုးမဲ့စရာတွေပဲ ဖြစ်လာနိုင်တယ်။
“သခင်... စိတ်စွမ်းအား ဆေးမြစ်တွေ အောင်မြင်စွာ ကြီးထွားလာပါပြီ။ နို့လက်ဖက်ရည်လေး အတွက် ခူးလို့ရပါပြီ။ နို့လက်ဖက်ရည်လေး အတွက် နောက်တစ်ဆင့်ကို ကျော်ဖြတ်လို့ ရနိုင်ပါတယ်။ နို့လက်ဖက်ရည်လေးကို မြန်မြန် တိုးတက်စေချင်တယ် ဆိုရင်တော့ တန်ဖိုးရှိတဲ့ စိတ်စွမ်းအား ဆေးမြစ်တွေကို များများ ပြင်ဆင်ထားရပါမယ်”
ရှောင်မိုလည်း ယွမ်လော့ဖုန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။
“ကြွက်အော်သံ”
နို့လက်ဖက်ရည်လေးက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။ မျက်လုံး ဝိုင်းဝိုင်းလေးတွေက ဆေးစိုက်ခင်းထဲက စိတ်စွမ်းအား ဆေးမြစ်တွေကို ကြည့်နေပြီး သွားရည်ကျလု နီးပါးပါပဲ။
“နို့လက်ဖက်ရည်လေးရဲ့ လက်ရှိအဆင့်က အစောပိုင်း အနိမ့်စားအဆင့်။ အဆင့်တစ်ဆင့် တိုးပြီးတာနဲ့ အစောပိုင်း အလယ်အလတ်အဆင့်ကို ရောက်မယ်။ အခု အင်အားက သူမအတွက် အသုံးမဝင်သေးဘူး။ ဒါပေမဲ့ တွင်းတူးတဲ့နှုန်းက ပိုပြီးတော့ မြန်လာတယ်”
ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးရဲ့ ခေါင်းလေးကို နူးညံ့့စွာ ပုတ်လိုက်တယ်။
“သွား စားလိုက်တော့။ စိတ်စွမ်းအား ဆေးမြစ်တွေ အားလုံးက နင့်အတွက်ပဲ။ ယွမ်အိမ်တော်ရဲ့ မြေအောက်လေ့ကျင့်ရေး အဆောက်အအုံကို နင်နဲ့ ထားခဲ့မယ်”
“ကြွက်အော်သံ”
နို့လက်ဖက်ရည်လေးက ပျော်ရွှင်စွာ အော်ဟစ်နေတယ်။  ယွမ်လော့ဖုန်းလက်မှ ဆင်းပြီး ခုန်ပေါက်နေတယ်။ အစာကို တစ်စစီ စားနေတယ်။
“စိုက်ခင်းထဲမှာ အရင်နေ့က ဝယ်ခဲ့တဲ့ ဆေးမြစ်တွေကို စိုက်ပါ။ စိုက်ခင်း အရွယ်အစားက ဆေးမြစ်၁၀မျိုးကို စိုက်ပျိုးနိုင်တယ်။ ဆေးမြစ်၁၀မျိုးက ဆေးရည်နှစ်မျိုးကို ဖော်စပ်လို့ရတယ်။ ထိုဆေးရည်နှစ်မျိုးက စိတ်စုစည်း ဆေးရည်နဲ့ ကျောက်ဖရုံသီး သန့်စင်ဆေးရည် ဖြစ်တယ်”
ရှောင်မို မျက်တောင် ခတ်လိုက်တယ်။ သူ့အသံက သကြားလုံးလေးကဲ့သို့ နူးညံ့့ချိုသာနေတယ်။
“စိတ်စွမ်းအားဆေးမြစ်မှ ဖော်စပ်တဲ့ စိတ်စုစည်းဆေးရည်က တစ်လလောက် ဆက်တိုက် အသုံးပြုလို့ရတယ်။ ပုံမှန်ဆေးမြစ်က ဖော်ထုတ်တဲ့ ဆေးရည်က တစ်ရက်ကြာတာနဲ့ အကျိုးသက်ရောက်မှု မရှိတော့ဘူး။ တစ်ပတ်ကြာရင် လုံးဝအစွမ်းပြယ်သွားပြီ။ ကျောက်ဖရုံသီး သန့်စင်ဆေးရည်ကို ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေထဲမှာ မှတ်တမ်း တင်ထားတာတော့ လူတစ်ယောက်ရဲ့ မွေးရာပါ အရည်အချင်းကို တိုးတက်စေတယ်။ လူတစ်ယောက်က အမှိုက်ဖြစ်နေရင်လည်း ဆေးရည်ကို မကြာခဏ အသုံးပြုမယ်ဆိုရင် ပညာရှင်တစ်ယောက် အဖြစ် ပြောင်းလဲသွားနိုင်တယ်”
ယွမ်လော့ဖုန်း မျက်ဝန်းထဲမှာ မြင်နေတာတော့
“ကျောက်ဖရုံသီး သန့်စင်ဆေးရည်” အမှိုက်တွေကို ပြုစုပျိုးထောင်ဖို့ ယုံကြည်ချက် ရှိနေရတဲ့ အကြောင်းပြချက်ကတော့ ဆေးနတ်ဘုရား လျှို့ဝှက်နယ်မြေကြောင့်ပေါ့။
“ဒီဆေးမြစ်တွေကို စိတ်စွမ်းအား ဆေးမြစ်တွေ အဖြစ် ပြောင်းလဲဖို့ ဘယ်နှရက် ကြာမလဲ”
“ရက်ပေါင်း၁၅ရက်”
၁၅ရက်
ရှောင်မိုရဲ့ စကားကိုကြားတော့ ယွမ်လော့ဖုန်း ခဏ တိတ်ဆိတ်သွားတယ်။
“လူအယောက်၂၀ဝကို ထိန်းချုပ်နိုင်ဖို့ အချိန်၁၅ရက်ကို အသုံးပြုရဦးမှာပဲ”

***

Bạn đang đọc truyện trên: Truyen247.Pro