Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 58

အပိုင်း(၅၈)

မာယာ(၃)

 
ဒီကိစ္စက မုချင်ချောင်ကို ဒေါသ အရမ်း ထွက်စေတယ်။ မုရှန်းကို သေလောက်အောင်အထိ ရိုက်နှက်ခဲ့တယ်။
ဒုတိယသတင်းက ညက မုအိမ်တော်ကို သူခိုးဝင်ခဲ့တယ်။ မုအိမ်တော်ရဲ့ စာကြည့်ဆောင်နဲ့ ရတနာခန်းကို မီးလောင်ပြာချခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အမှုန့်ဖြစ်အောင် ခြေမွှ ဖျက်ဆီးခဲ့တယ်။ မုချင်ချောင်ကိုလည်း သူခိုးက ရိုက်နှက်ခဲ့တယ်။ အိမ်ရာထဲမှာ သုံးလလောက် လဲလျောင်း နေရမယ်လို့ ခန့်မှန်းရတယ်။
ကွမ်တုလည်း ထိုသတင်းကို ကြားတဲ့အချိန်မှာ အရမ်း ဒေါသထွက်နေတယ်။ သူခိုးကို ရှာဖို့ အမိန့်ပေးထားတယ်။ ဆူဆူညံညံအသံတွေက တော်ဝင်မြို့တော်က လူတိုင်းကို မလုံခြုံသလို ခံစားရစေတယ်။ ချမ်းသာပြီး အာဏာရှိတဲ့လူတွေက သူခိုးတွေကို ကြောက်လန့်နေရတယ်။ အာဏာမဲ့တဲ့ လူတွေကတော့ သူခိုးအဖြစ် စွပ်စွဲခံရမှာ ကြောက်လန့်နေရတယ်။
သို့သော်လည်း ဒီလူတွေ အားလုံးက အတွေးလွန်နေခဲ့တာပါ။ သူခိုးက အမတ်ချုပ် မုအိမ်တော်ကို အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပြန်ထွက်သွားနိုင်တယ်။ ကြီးကြီးမားမား နှောင့်ယှက်သွားနိုင်တယ် ဆိုတာ သေချာပေါက် ပုံမှန်မဟုတ်ပါဘူး။
ပုံမှန်လူထုထဲမှာ သူခိုးကိုရှာလို့ မရနိုင်ပါဘူး။
ထိုသတင်းနှစ်ခုက ယွမ်လော့ဖုန်းနားထဲ ရောက်လာပါတယ်။ သူ့မျက်ခုံး တွန့်လိုက်ပြီးတော့
“မုရှန်းက ငါ့ကို ရောင်းမစားဘူးပဲ”
မုရှန်းက ကတိကို တည်မယ်လို့ မထင်ထားခဲ့ဘူး။ သေလောက်အောင်အထိ ရိုက်နှက်ခဲ့သော်လည်း ငွေ၄၅သန်းကို တကယ် သုံးခဲ့တဲ့နေရာကို မပြောဘဲနဲ့ လိမ်လည် ပြောဆိုခဲ့တယ်။
ခရီးသွားကုန်သည်က တကယ်မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အမတ်ချုပ်မုက ကြိုးစားရှာဖွေနေလည်း အသုံးမဝင်ပါဘူး။ နောက်ပြီးတော့ အခုချိန်မှာ မုချင်ချောင်က အိပ်ရာထဲ လဲလျောင်း နေရတာပါ။ မုရှန်းရဲ့ ပါးစပ်က ထွက်လာတဲ့ ခရီးသွားကုန်သည်ကို ရှာဖို့ အချိန် ဘယ်လိုလုပ် ရှိနိုင်မလဲ။
“သခင်မလေး... ကျွန်မတော့ သူခိုးကို လေးစားတယ်။ အမတ်ချုပ် မုအိမ်တော်ကို သွားရဲတယ်”
ချင်ယန် ရိုသေလေးစားစွာ ပြောတယ်။
“အဲ့လူတွေက သခင်မလေးကို အနိုင်ကျင့်ခဲ့တယ်။ သူခိုးက ကျွန်မတို့တွေ ဒေါသကိုဖြေလျော့ဖို့ ကူညီပေးခဲ့တာပဲ”
“နင်… သူခိုးကို ရိုသေလေးစားနေစရာ မလိုပါဘူး” ယွမ်လော့ဖုန်းလည်း ချင်ယန် ပါးလေးကို ဖျစ်လိုက်တယ်။
“နင်က ငါကိုပဲ ဂါရဝပြု လေးစားနေဖို့ လိုအပ်တယ်”
“သခင်မလေး... အတော်ကို ပြောင်းလဲသွားပြီ။ တခြားလူတွေက သခင်မလေးကို အမှိုက်မလို့ ခေါ်နေသေးတယ်။ သခင်မလေး ဒီလို လူစားမျိုး မဟုတ်ပါဘူး”
“သူတို့ပါးစပ်နဲ့ သူတို့ပြောချင်တာ ပြောပါစေ” ယွမ်လော့ဖုန်းလည်း မျက်ခုံးတွန့်ပြီးတော့ မြင်းလှည်းပေါ်က ရပ်လိုက်တယ်။
“သွားမယ်။ မနေ့က ငါ့အတွက် အဘိုးက လူစုဆောင်းပေးပြီးပြီ။ ရွေးချယ်ထားတဲ့ လူတွေကို သွားကြည့်မယ်”
ခြံဝင်းအလယ်မှာ လူပေါင်း၁၀၀ကျော် ရပ်နေတယ်။ အခြေခံအားဖြင့် ယောက်ျားလေး ၁၀၀ နဲ့ မိန်းကလေး ၁၀ဝကျော် ရှိတယ်။ ခြံဝင်းထဲကို လှည့်လည် ကြည့်ရှုနေတယ်။ မနီးမဝေး တစ်နေရာမှ အဖြူရောင် ဝတ်စုံနဲ့မိန်းကလေး လျှောက်လာတာကို တွေ့တော့ လူအုပ်ကြီးက တဖြည်းဖြည်း တိတ်ဆိတ်သွားတယ်။
“တော်ဝင်မိသားစုက အရမ်းကြိုးစား အားထုတ်ထားတာပဲ။ ပါရမီနိမ့်တဲ့လူတွေကို ရှာပေးဖို့ ကပ်စေးမနှဲဘူးပဲ”
ယွမ်လော့ဖုန်းလည်း ပျင်းရိစွာ သန်းလိုက်တယ်။ ညှို့ယူဖမ်းစားနိုင်တဲ့ မျက်ဝန်းတွေက ခြံဝင်းထဲက လူတိုင်းကို ခြုံငုံကြည့်လိုက်တယ်။
ထိုလူတွေရဲ့ ပါရမီက အရမ်းနိမ့်တယ်။ အရင် ယွမ်လော့ဖုန်းထက်တော့ သာပါသေးတယ်။ တခြားလူတစ်ယောက်က ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အလယ်အလတ်အဆင့်ကို ကြိုးစား ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ တစ်ဘဝလုံးစာ အနိမ့်ဆုံးအဆင့်ကိုပဲ ခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်နိုင်မယ်။
“ဖုန်းအာ” ယွမ်လော့လည်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီးပြီတော့ ကူရာမဲ့စွာ ပြောလိုက်တယ်။
“အားလုံးကို အိမ်ရှေ့စံမင်းသားကိုယ်တိုင် ရွေးချယ်ပေးထားတာပဲ။ အဘိုးလည်း သမီးဆန္ဒကို ဦးစားပေးထားပါတယ်။ အားလုံးက အသက်၁၈နှစ်အောက်ပါ”
“အဘိုး... စိတ်မပူပါနဲ့။ အခုအားလုံးကို ရွေးချယ်လိုက်မယ်။ သမီးမှာ နည်းလမ်း ရှိပါတယ်” ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်တယ်။
“ဒီလူတွေ အားလုံးကို ယွမ်အိမ်တော်ရဲ့ ကျောက်တုံးခန်းမထဲမှာ ထားမယ်”
ယွမ်လော့လည်း ခဏတာ သတိလက်လွတ် ဖြစ်သွားတယ်။
“ဒုတိယဦးလေးရှိတဲ့ နေရာကို ပြောနေတာလား...”
ကျောက်တုံးခန်းမက ဒုတိယဦးလေး အရင်က နေခဲ့တဲ့နေရာပါ။
သူ့စကားပြောခါနီးမှာ ပြန်မျိုသိပ်လိုက်ပြီးတော့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
ယွမ်လော့ဖုန်းလည်း အဘိုး ဘာပြောချင်တာလဲ ဆိုတာ သိတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။
“ဟုတ်တယ် အဲ့နေရာမှာပဲ ထားမယ်။ အချိန်ရောက်လာရင် နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတာ ရှင်းပြမယ်။ အခုတော့ ပင်ပန်းလို့ အနောက်ဘက် တောင်တန်းမှာ သွားအနား ယူလိုက်ဦးမယ်။
ပြောပြီးတာနဲ့ ယွမ်လော့ကို ဘာမှ ထပ်မေးခွင့် မပြုတော့ဘဲ အနောက်ဘက် တောင်တန်းကို ဦးတည် ထွက်သွားခဲ့တယ်။
 

***

Bạn đang đọc truyện trên: Truyen247.Pro