
Ep 57
အပိုင်း(၅၇)
မာယာ(၂)
အနောက်ဘက်တောင်တန်း
အမျိုးသားတစ်ယောက်က တောအုပ်အလယ်မှာ ရပ်နေတယ်။ အမည်းရောင် ဝတ်စုံက လေပြည်ထဲမှာ လွင့်နေတယ်။ သူ့ရဲ့အသံက အေးစက်ပြီးတော့ ခပ်သြသြဖြစ်တယ်။ တခြားလူတွေကို ကျောချမ်းစေတယ်။
“ငါရှာခိုင်းထားတဲ့ ကိစ္စက ဘယ်လိုလဲ”
လင်းချုံးက သူ့ရှေ့မှာ ဒူးထောက်နေတယ်။ သူ့ဦးခေါင်းကို မမော့ရဲဘူး။ သူ့ခန္ဓာကိုယ်က တောင့်တင်းနေတယ်။
“သခင့်အမိန့်တော်အတိုင်း နောက်လိုက် ရှာဖွေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်တည်းက အမတ်ချုပ် မုအိမ်တော်က စစ်သူကြီးအိမ်တော်ကို ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။ စစ်ပွဲလျှို့ဝှက်ချက်ကို ရန်သူနိုင်ငံဆီကို ပေါက်ကြားစေခဲ့ပြီးတော့ ယွမ်သခင်မလေး မိဘတွေကို သေဆုံးစေခဲ့ပါတယ်။ တခြားကိစ္စ တစ်ခုကတော့ ယွမ်အိမ်တော်ရဲ့ ဒုတိယသခင်လေး ယွမ်ချင်ရာ အကြောင်းပါ။ ယွမ်ချင်ရာကို ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ဖြစ်ခဲ့ပါတယ်။ စစ်သူကြီးယွမ်လော့ ကိုယ်တိုင် နန်းတော်ကို သွားရောက် အကူအညီ တောင်းခဲ့ပါတယ်။ မုဝူစွမ်းရဲ့ဆရာ ကျင်းလင်းက အကူအညီ တောင်းတာကို တားဆီးပြီးတော့ ယွမ်ချင်ရာကို သေစေခဲ့ပါတယ်”
ယွမ်ရှောင် ဘာမှမပြောခဲ့ဘူး။ သို့သော်လည်း ပတ်ဝန်းကျင်ကြီးက ကြောက်လန့်စရာ ကောင်းနေတယ်နေလို့ လင်းချုံး ခံစားနေရတယ်။ ပြင်ပစွမ်းအားတွေက သူ့ခန္ဓာကိုယ်မှာ လေးလံနေသလိုပါပဲ။
“တတိယအချက် အနေနဲ့...” လင်းချုံး တံတွေးမျိုချလိုက်တယ်။
“ယွမ်သခင်မလေးက အရင်က အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားတာပါ။ အိမ်ရှေ့စံမင်းသားရဲ့ နှလုံးသားထဲမှာ မုဝူစွမ်းရှိနေတယ်။ နောက်ပြီးတော့ မကြာခင်က မုဝူစွမ်းက အိမ်ရှေ့စံမင်းသားကို အကြံပေးခဲ့တယ်။ လူအများရှေ့မှာ ယွမ်သခင်မလေးကို လူချောလေး တစ်ယောက်နဲ့ စွပ်စွဲဖို့ပေါ့။ ယွမ်သခင်မလေးရဲ့ ဂုဏ်သိက္ခာကျဆင်းပြီး သေလုနီးပါးဖြစ်အောင် ကြိုးစားခဲ့တယ်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားက သူမပေးတဲ့ အကြံဉာဏ်ကို နားမလည်တာကြောင့် အဆင်ပြေဖို့ တခြားလူတစ်ယောက်ကို ငှားရမ်းခဲ့တယ်။ အကုန်လုံးကို သတင်းဖွခဲ့တယ်။ ဒီအကြောင်းက တတိယအရေးကြီးတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ဒီရက်တွေ အတွင်းမှာ နောက်လိုက် တခြားကိစ္စ တစ်ခုကို ရှာတွေ့ခဲ့ရပါတယ်။ ယွမ်သခင်မလေးကို မုအိမ်တော်က တစ်ယောက်က အနိုင်ကျင့် စော်ကားခဲ့ပါတယ်”
အခုချိန်မှာ ယွမ်လော့ဖုန်းက ယွမ်ရှောင်အတွက် အရမ်း အရေးကြီးတယ် ဆိုတာ လင်းချုံး နားလည်နေပါပြီ။ သခင်နှစ်သက်တာကို လိုချင်ရင်တော့ ယွမ်လော့ဖုန်း နောက်လိုက်ဖို့ လိုအပ်ပါတယ်။ ဒီရက်အတောတွင်းမှာ သူလည်း သေချာစေ့စပ်စွာ ရှာဖွေခဲ့ပါတယ်။
သူ စုံစမ်းသမျှကို ယွမ်ရှောင်ကို သတင်းပေးပြီးနောက်မှာ လင်းချုံး မေးလိုက်တယ်။
“သခင်... ကျွန်တော်… မုအိမ်တော် တစ်ခုလုံးကို မီးရှို့လိုက်ရမလား။ တော်ဝင်မျိုးနွယ် တစ်ခုလုံးကို ဖယ်ရှားလိုက်ရမလား။ မုအိမ်တော်က ယွမ်သခင်မလေးကို အနိုင်ကျင့်တာကို တော်ဝင်မျိုးနွယ်က ခွင့်ပြုထားတယ်။
ယွမ်ရှောင်ရဲ့ ခံစားချက်မဲ့တဲ့ မျက်နှာကို ကြည့်ရင်နဲ့ လင်းချုံးရဲ့ ခံစားချက်တွေ ခက်ခဲလာတယ်။ သို့သော်လည်း လင်းချုံးက သူ့သခင်ရဲ့ စိတ်အခြေအနေကို ခံစားလို့ရတယ်။
အကောင်းဆုံးသော သာဓကအရ ပြောရမယ် ဆိုရင်တော့ သူ့ခန္ဓာကိုယ်ကို ဖိထားတဲ့ စွမ်းအားက ပိုပြီးတော့ ကြီးမားလာပြီးတော့ လေထန်လာသကဲ့သို့ ခံစားရပြီး အသက်ရှူရခက်စေတယ်။
လင်းချုံး ငိုချင်လာပါပြီ။ သူက သခင်ကို သတင်းလာပေးတာလေ။ သူ့ကို ကြောက်အောင်လုပ်ဖို့ လိုအပ်လို့လား။ သခင်ကို ဆန့်ကျင်ဘက် ဖြစ်အောင် ပြောင်းလဲနိုင်တဲ့ လူက သန်မာတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်း ရှိရမယ်။ သခင်က ရူးလောက်အောင် ကြောက်ရွံ့စေနိုင်တယ်။
“သူမကိစ္စကို တခြားလူက ဝင်နှောင့်ယှက်တာကို မကြိုက်ဘူး”
လက်စားချေတာက ကိုယ်တိုင်ချေတာ အကောင်းဆုံးနဲ့ အကျေနပ်ဆုံးပဲ။
လင်းချုံးရဲ့ ကြောက်ရွံ့နေတဲ့ အခြေအနေအောက်မှာ ယွမ်ရှောင်လည်း နောက်ဆုံး စကားပြောလာတယ်။ သူ့အသံက ပုံမှန်အတိုင်း အေးစက်နေတယ်။
“မုအိမ်တော်ကလူတွေ မသေရင် အဆင်ပြေတယ်”
သူ့ဒေါသကို ဖိနှိမ်မယ်လို့တော့ မဆိုလိုဘူး။ သခင်ဆိုလိုတဲ့ အဓိပ္ပာယ်က သူ့ကို ရုတ်တရက် ထိတ်လန့်စေတယ်။ သူတို့တွေ လိုချင်သလောက် မုအိမ်တော်ကို နှိပ်စက်လို့ ရတယ်လို့ ဆိုလိုတာပဲ။
“သခင့်အမိန့်အတိုင်း နောက်လိုက် နာခံပါမယ်”
လင်းချုံး ရိုသေလေးစားစွာ ဂါရဝပြုလိုက်တယ်။ ဒီတစ်ခေါက်တော့ သေချာ လုပ်ဆောင်ရမယ်။ မုအိမ်တော်က သူတို့သခင်မကို အနိုင်ကျင့်ခဲ့တာပဲ။ ဒီလူဆိုးတွေကို လွှတ်ပေးလို့ မဖြစ်ဘူး။
ဟုတ်တယ်။ လင်းချုံးနှလုံးသားထဲမှာ ယွမ်လော့ဖုန်းက သူတို့ အနာဂတ်သခင်မ ဖြစ်တယ်။ မဟုတ်ရင် သခင်က သူ့ပုံစံအစစ်မှန်ကို ဖုံးကွယ်ပြီးတော့ စစ်သူကြီးအိမ်တော်မှာ ကိုယ်ရံတော်အဖြစ် နေထိုင်ပါ့မလား။
နောက်တစ်နေ့မှာ
သတင်းနှစ်ခုက လုံယွမ်တိုင်းပြည်မှာ ပျံ့နှံ့နေတယ်။ ပထမတစ်ခုက အမတ်ချုပ် မုအိမ်တော် လုယက်ခံရတယ်။ သူတို့ဆုံးရှုံးသွားတဲ့ ငွေတွေကို မုရှန်း ခိုးသွားခဲ့တာ။ တစ်ဘဝစာလုံး သုံးလို့ရတဲ့ငွေတွေကို ခရီးသွားကုန်သည် တစ်ယောက်ဆီက ဆေးဖက်ဝင် ဂျင်းဆင်းကို ဝယ်ဖို့ သုံးခဲ့တယ်။ စစ်ဆေးကြည့်တော့ သာမန် ဂျင်းဆင်းဖြစ်နေတယ်။ တစ်ယောက်ယောက်က သူ့ကို ငွေ ၄၅သန်းကို လိမ်လည်ယူခဲ့တယ်။
***
Bạn đang đọc truyện trên: Truyen247.Pro