Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 56

အပိုင်း(၅၆)

 
ကွမ်တုရဲ့ မျက်ဝန်းမှာ အံ့ဩမှုတွေနဲ့ တဖျတ်ဖျတ် လက်နေတယ်။ သူတစ်ပါး ဒုက္ခရောက်နေတာကို ပိုပြီးတော့ အားရကျေနပ်နေတယ်။
“စစ်သူကြီး ကူညီပေးခဲ့တာတွေ မရေတွက်နိုင်အောင် များပြားပါတယ်။ တော်ဝင်သားတော်နဲ့ တော်ဝင်မျိုးနွယ်တွေထက် သာလွန်ပြီး နေထိုင်ရတာကို မင်းရဲ့မြေးမလေး ယွမ်လော့ဖုန်းကို နှစ်သက် ပျော်ရွှင်တယ်လား။ ကိုယ်တော်က အိမ်ရှေ့စံမင်းသားကို လူ စုဆောင်းတာ ကူညီဖို့ ပြောလိုက်ပါမယ်”
“အရှင်မင်းကြီးရဲ့ သနားကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးရဲ့ အကူအညီကို တောင်းဆိုချင်တာလေး ရှိနေပါသေးတယ်” ယွမ်လော့လည်း အိုမင်းနေတဲ့ သူ့မျက်နှာလေးကို မော့လိုက်ပြီးတော့ ကူရာမဲ့စွာ ကြည့်လိုက်တယ်။
“အရှင်မင်းကြီးလည်း ကြားမိမှာပါ။ ကျွန်တော်မျိုး မြေးလေးက ဆေးတွေကို အရမ်းနှစ်သက်နေတယ်။ ဒါကြောင့်လည်း စစ်သူကြီးအိမ်တော်ရဲ့ ငွေတွေအားလုံးကို သုံးလိုက်တယ်။ အဘိုးအိုကြီးက သူတို့ အားလုံးကို မထောက်ပံ့နိုင်တော့ဘူး။ အမှုထမ်း အဘိုးအိုကြီး ကိုယ်စား အရှင်မင်းကြီးက သူတို့တွေ လစာကို ပေးနိုင်မလား”
“ဖြစ်သင့်ပါတယ်။ ဖြစ်သင့်ပါတယ်” ကွမ်လန်မျက်နှာမှာ အပြုံးတွေ ဝေဆာနေတယ်။
“ယွမ်အိမ်တော်ရဲ့ အစေခံနဲ့ အစောင့်တွေရဲ့ လစဉ် လစာငွေကို နန်းတော်က ပေးမယ်။ ယွမ်အိမ်တော်ကို ထူးချွန်လို့ ပေးအပ်တဲ့ ဆုလာဘ်အဖြစ် ပေးမယ်”
ယွမ်လော့လည်း ကြမ်းပြင်ပေါ်မှ ထရပ်လိုက်တယ်။ အဘိုးအို မျက်နှာမှာအပြုံးတွေ ဝေဆာနေတယ်။
အဖေနဲ့သား နှစ်ယောက်စလုံး  စဉ်းစားဉာဏ်မရှိဘူး။ ကြောက်ခမန်းလိလိ အဖွဲ့သားတွေက ယွမ်အိမ်တော်က ထွက်ပေါ်လာတော့မှာပဲ။ ထိုလူတွေကို အိမ်ရှေ့စံမင်းသားက ရွေးချယ်ပေးပြီးတော့ နန်းတော်က ပိုက်ဆံပေးရမှာပဲ။ သားအဖနှစ်ယောက်စလုံး သိလို့ကတော့ သေလောက်အောင် ဒေါသထွက် နေတော့မှာပဲ။
“ခမည်းတော် စစ်သူကြီးယွမ်က ဘာလိုချင်နေတာလဲ ဆိုတာ တွေးမိလား။ သားတော်အထင်တော့ လူစုဆောင်းပြီးတော့ မြင်းဝယ်ချင်နေတာ ထင်တယ်။ (ပုန်ကန်ချင်နေတာ ထင်တယ်)”
“သူတို့က တကယ်ကို လူစုဆောင်းပြီးတော့ မြင်းဝယ်ချင်နေတာ ဆိုရင်တော့ နန်းတော်ကို သတင်းလာပို့မယ်လို့ မထင်ဘူး။ တော်ဝင်မိသားစုကိုလည်း အကူအညီ လာတောင်းမှာ မဟုတ်ဘူး”
ကွမ်လန်လည်း လှောင်ပြောင် သရော်လိုက်တယ်။
“ဒါဆိုလည်း အားလုံးက အမှိုက်မ ယွမ်လော့ဖုန်းကြောင့်လို့ ကိုယ်တော် ယုံကြည်လိုက်ပါမယ်။ စစ်သူကြီးယွမ်အတွက် လူစုဆောင်းတာကို လန်အာ ကူညီလိုက်ပါ။ အားလုံးက နိမ့်ကျတဲ့ အရည်အချင်း ရှိရမယ်နော်”
ကွမ်လန်အကြည့်တွေက အပြင်ဘက်သို့ ပြောင်းလဲသွားပြီးတော့ စကားကို ဆက်ပြောတယ်။
“ခမည်းတော် စိတ်မပူပါနဲ့။ စစ်သူကြီးယွမ် အိမ်တော် အဆုံးသတ်သွားအောင် ရွေးချယ်ပေးလိုက်ပါမယ်။ ပထမဆုံး ပိုက်ဆံတွေ အားလုံးကို ယွမ်လော့ဖုန်းက သုံးလိုက်ပြီ။ စစ်သူကြီးယွမ်လော့ကို နားပူနာဆာ လုပ်နေပြီ။ ကြာရင်တော့ စစ်သူကြီးယွမ်လော့လည်း အသက်တိုမှာပဲ။  ယွမ်လော့ဖုန်းက သူ့ကို သေလောက်အောင် ဒေါသထွက်စေရမယ်”
 ကွမ်လန်နှလုံးသားထဲမှာ တွေးမိတာက စစ်သူကြီးယွမ်လော့က ဘာမှအသုံးမဝင်တဲ့ ယွမ်လော့ဖုန်းကို ပြုစုပျိုးထောင်ခဲ့တယ်။  ယွမ်လော့ဖုန်းကြောင့်လည်း စစ်သူကြီးအိမ်တော်က နိမ့်ကျခဲ့ရတယ်။
“တကယ်တော့ ကိုယ်တော်က ယွမ်လော့ဖုန်းကို သားတော်ရဲ့ ကိုယ်လုပ်တော် ဖြစ်စေချင်သေးတယ်။ အခုတော့ သူမလိုလူမျိုးက သားတော်ရဲ့ ကိုယ်လုပ်တော် ဖြစ်ဖို့တောင် မထိုက်တန်ဘူး။ ယွမ်လော့သေသွားရင် သူမက လုံးဝ အသုံးမဝင်တော့ဘူး” ကွမ်တုအသံက အရမ်းကို အေးစက်နေတယ်။
“ပြောရမယ်ဆိုရင် မုအိမ်တော်က မုဝူစွမ်းက အများကြီး ပိုသာတယ်။ သူမက ထူးချွန်တဲ့ မွေးရာပါ အရည်အချင်းတွေကို ပိုင်ဆိုင်တယ်။ ကိုယ်ရည်ကိုယ်သွေးလည်း ကောင်းမွန်တယ်။ အလှပကလည်း တိုင်းပြည် ကိုယ်စားပြုပဲ။ ကျင်းလင်းရဲ့ တပည့်လည်း ဖြစ်တယ်။ လုံယွမ်တိုင်းပြည်မှာ မုဝူစွမ်း တစ်ယောက်သာ သားတော်နဲ့ လိုက်ဖက်ညီတယ်”
ကွမ်လန်က  သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်တယ်။
 “အမှိုက်မ ယွမ်လော့ဖုန်း တည်ရှိနေတာက နှိုင်းယှဉ်လို့မရတဲ့ မုဝူစွမ်း အရည်အချင်းတွေကို ထုတ်ဖော်ခွင့် မရှိစေဘူး”
တော်ဝင်မျိုးနွယ် အတွက်က ယွမ်လော့ဖုန်းလိုအပ်တဲ့ လူကို စုဆောင်းဖို့ ရက်အနည်းငယ်ပဲ လိုအပ်ပါတယ်။ သို့သော်လည်း ထိုလူတွေရဲ့ အရည်အချင်းကို ကြည့်ပြီးတော့ စစ်သူကြီးယွမ်လော့တော့ စိတ်ရှုပ်ရတော့မယ်။
ထိုလူတွေ အရည်အချင်းနဲ့လည်း အနာဂတ်မှာ စစ်သည်လည်း မဖြစ်နိုင်ဘူး။ ယွမ်လော့လည်း ထိုအချက်ကို သိသော်လည်း အိမ်တော်ကို ခေါ်ဆောင်သွားခဲ့တယ်။
 

***

Bạn đang đọc truyện trên: Truyen247.Pro