Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 55

အပိုင်း(၅၅)

မာယာ(၁)

 
အဘိုးအိုက သူ့အဖြူရောင် မုတ်ဆိတ်မွေးတွေကို ထိကိုင်နေပြီး မျက်နှာတစ်ပြင်လုံးမှာ ကျေနပ်မှုတွေ ပြည့်နေတယ်။
“အဘိုး... သမီးကို ပြီးဆုံးအောင် ကူညီရမယ့်ကိစ္စတစ်ခု ရှိသေးတယ်” ယွမ်လော့ဖုန်းလည်း နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်တယ်။
“အခုချိန်မှာ အဘိုးက စစ်အာဏာကို ခွေးဘုရင်ကို ပြန်ပေးပြီးသွားပြီ။ ဒါကြောင့် အခုချိန်မှာ သမီးတို့ ယွမ်အိမ်တော်က ကိုယ်ပိုင်အင်အားကို ထူထောင်ရမယ်”
အဘိုးအိုလည်း ခဏလောက် တိတ်ဆိတ် လိုက်ပြီးတော့
“ဖုန်းအာ သမီးလည်း ဒီကိစ္စကို သေသေချာချာ စဉ်းစားသင့်တယ်။ အင်အားစုဆောင်းဖို့ အတွက်ဆိုရင် စစ်သည်အသစ်တွေကို လိုအပ်တယ်။ ဒီလှုပ်ရှားမှုက အရမ်း ကြီးမားလွန်းတယ်။ ဘုရင်မင်းမြတ် သံသယ ဖြစ်သွားနိုင်တယ်။ တော်ဝင်မိသားစုက အဘိုးတို့ကို ဖိနှိပ်ခဲ့ရင် ယွမ်မိသားစုရဲ့ လက်ရှိအခြေအနေနဲ့  သူတို့ကို အောင်မြင်စွာ ရင်ဆိုင်လို့ မရဘူး”
“အဘိုး... သမီး ဒီကိစ္စကို စေ့စေ့စပ်စပ် စဉ်းစားပြီးပါပြီ” အမည်းရောင် မျက်ဝန်းတွေက တောက်ပနေတယ်။ ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။
“မကြာသေးခင်က မုရှန်းကို သမီး လူအများရှေ့မှာ ရိုက်နှက်ခဲ့တယ်။ သမီး ဂုဏ်သိက္ခာက ကျဆင်းသွားပါပြီ။ လူတိုင်းကလည်း ဒီအကြောင်းကို သိနေပါပြီ။ ဒီလိုဖြစ်နေတော့လည်း သမီးရဲ့ မကောင်းသတင်း ပိုပြီးတော့ ပျံ့နှံ့သွားလည်း ဂရုမစိုက်တော့ပါဘူး။ သမီးအိမ်မှာ စိတ်ကောက်နေတယ်လို့ ပြောလိုက်ပါ။ အဘိုးကို အစောင့် ၁၀၀နဲ့ အိမ်စေ ၁၀ဝကို ရှာပေးဖို့ အဘိုးကို နားပူနေတယ်လို့ ခွေးဘုရင်ကို လျှောက်တင်လိုက်ပါ”
အဘိုးအိုက တွေဝေမိန်းမောသွားပြီးတော့ ချီတုံချတုံဖြစ်နေတယ်။
“ဖုန်းအာ မကောင်းဘူးလို့ ထင်တယ်နော်။ ယွမ်အိမ်တော် အတွက် ကိုယ်ပိုင် စစ်တပ်ကို မြေးလေးက ဖွဲ့စည်းချင်တယ်။ ဒီကိစ္စကို တော်ဝင်မိသားစုကို အကူအညီတောင်းခဲ့ရင် ဘုရင်က မွေးရာပါ ချို့ယွင်းနေတဲ့ အရည်အချင်းရှိတဲ့ လူတွေကို ရွေးချယ်ပေးလိမ့်မယ်”
“သမီး... ထိုလူတွေရဲ့ မွေးရာပါ အရည်အချင်းကို ဂရုမစိုက်ဘူး။ သူတို့မှာ ခန္ဓာကိုယ် ချို့ယွင်းမှု မရှိရဘူး။ အသက် ၁၈နှစ်အောက် ရှိမယ်ဆိုရင်တော့ သမီး ကျေနပ်နိုင်ပါတယ်”
 
မွေးရာပါ ပါရမီချို့ယွင်းတာကို သူမလျစ်လျူရှုလို့ ရတယ်။ သူမမှာ ဆေးနတ်ဘုရား လျှို့ဝှက် သင်္ကေတကို ပိုင်ဆိုင်တယ်လေ။ သူတို့တွေ အရည်အချင်း တိုးတက်လာအောင် နည်းလမ်းပေါင်းစုံကို သုံးလို့ရတယ်။
“ဖုန်းအာ... သမီး မစဉ်းစားရသေးတာ တစ်ခုရှိသေးတယ်။ စစ်သည်တွေ စုဆောင်းဖို့ ဘုရင်ကို အကူအညီတောင်းရသည် သူလျှိုတွေကို ထည့်လိုက်လိမ့်မယ်။ ငါတို့တွေ လုပ်သမျှကို ဘုရင် သိသွားမယ်”
ယွမ်လော့ရဲ့ စကားသံကိုကြားတော့ ယွမ်လော့ဖုန်းလည်း ပြုံးလိုက်တယ်။ သူမမျက်နှာမှာ ယုံကြည်မှုတွေ ပြည့်နေတယ်။
“သူက ပို့ရဲတော့လည်း သမီးက လက်ခံရဲတာပေါ့”
ဘယ်လိုမျိုးသော ယုံကြည်မှုမျိုးက မာနကြီးသော မသင့်လျော်သော စကားလုံးတွေကို ပြောရဲစေတာလဲ။
ယွမ်လော့လည်း သက်ပြင်းချလိုက်တယ်။ သူလည်း ရုတ်တရက် နားမလည်နိုင်ဘူး။
“ဖုန်းအာ... အဘိုးနန်းတော်ကို ဝင်လိုက်ဦးမယ်။ လူစုဆောင်းတာကို ကူညီပေးဖို့ နန်းတော်က လူတွေကို သွားရှာဦးမယ်”
“ကောင်းပါပြီ” ယွမ်လော့ဖုန်းလည်း မျက်တောင် ခတ်လိုက်တယ်။
“အဘိုး... ဘုရင်နဲ့ တွေ့ရင်တော့ ငွေကို ခြိမ်းခြောက်ညှစ်ယူဖို့ မမေ့နဲ့နော်။ လူတိုင်းက ယွမ်မိသားစုရဲ့ စုဆောင်းထားတဲ့ငွေတွေကို သမီးက ဖြုန်းလိုက်တယ်လို့ သိနေတာပါ။ ထိုစကားကို သေချာအောင် ဟန်ဆောင်ပေးလိုက်ပါ”
အဘိုးအိုလည်း ပြောစရာ စကားတွေ ပျောက်ဆုံးနေခဲ့တယ်။ သူမအတွက် နန်းတော်က လူတွေကို စုဆောင်းပြီး စစ်တပ်ဖွဲ့စည်း ချင်တာက သူမရဲ့ စစ်မှန်တဲ့ အကြောင်းပြချက်လား ဆိုတာတော့ သူမသိတော့ပါဘူး။
 တော်ဝင်စာကြည့်ဆောင်ထဲကို ဝင်လိုက်တဲ့အချိန်မှာပဲ ဘုရင်ကွမ်တုကို တွေ့လိုက်ရတယ်။ အိမ်ရှေ့စံမင်းသားလည်း စာကြည့်ဆောင်ထဲမှာ တွေ့လိုက်ရတယ်။ သူ့ပုံစံက ချီတုံချတုံဖြစ်နေတယ် ဒါပေမဲ့ မကြာခင်မှာပဲ အမူအရာကို ပြောင်းလဲလိုက်တယ်။ စစ်သူကြီးအိမ်တော်မှာ တောက်ပ တက်ကြွနေသောလည်း အခုချိန်မှာတော့ သူ စိတ်ဓာတ်ကျနေခဲ့တယ်။
“စစ်သူကြီး ဘာလို့ ကိုယ်တော်ကို လာတွေ့ရတာလဲ”
ကွမ်တုလည်း စစ်သူကြီးယွမ်လော့ရဲ့ စိတ်ဓာတ်ကျနေတဲ့ပုံစံကို တွေ့ရတော့ သူ့နှလုံးသားထဲမှာ ပျော်ရွှင်နေမိတယ်။ ဘာမှ ထပ်တွေးနေစရာ မလိုတော့ဘူးလေ အားလုံးက အမှိုက်မ ယွမ်လော့ဖုန်းကြောင့်ပဲ ဖြစ်ရမယ်။ သေချာပေါက် နောက်ထပ် ပြဿနာရှာ ထားလို့ပဲဖြစ်ရမယ်။
“အရှင်မင်းကြီး”
ယွမ်လော့… ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်တယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ သူ့ပုံစံက ပိန်ပါးပြီးတော့  အားအင်ချည့်နဲ့ နေတယ်။ စိတ်ထိခိုက် ခံစားနေရတဲ့ ပုံစံပါပဲ။
“အမှုထမ်းဟောင်း အဘိုးအိုရဲ့ မြေးမလေးက စစ်သူကြီး အိမ်တော်မှာ အစေခံ အသစ်တွေကို လိုချင်နေပါတယ်။ စစ်သူကြီးအိမ်တော်က အစေခံက အရမ်း နည်းလွန်းတော့ သခင်မလေးအဖြစ် နေထိုင်ရတာ မသင့်တော်သလို ခံစားရတယ်လို့ ပြောနေပါတယ်။ ဒါကြောင့်လည်း အဘိုးအိုကြီးကို အစေခံအယောက် ၁၀၀ နဲ့ အစောင့် ၁၀၀စီ ပေးဖို့ ပူဆာနေပါတယ်။ ကျွန်တော်မျိုးလည်း အသက်ကြီးရင့်နေပါပြီ ကျွန်တော်မျိုး ဘယ်လို ကြိုးစားပေးရပါ့မလဲ။ ဒါကြောင့် အရှင်မင်းကြီးကို အကူအညီ လာတောင်းရတာပါ”
 

***

Bạn đang đọc truyện trên: Truyen247.Pro