Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 53

အပိုင်း(၅၃)

ကြောက်လန့်နေသော အဘိုးအို(၃)

 

ထိုစကားသံကို ကြားတော့ ရုန်အကြီးအကဲ စိတ်ပျက်စွာ သရော်မိတယ်။
“ယွမ်လော့ဖုန်းက စိတ်စွမ်းအား မလေ့ကျင့်နိုင်သော်လည်း သူမရဲ့ဆေးပညာနဲ့ လောကမှာရှိတဲ့ အာဏာရှိတဲ့ လူတွေအားလုံးကို သူမအတွက် သေပေးနိုင်အောင် လုပ်နိုင်တယ်။ သူမက စိတ်စုစည်း ဆေးရည်ကိုလည်း ပိုင်ဆိုင်တယ်။ မနေ့ညက ဆေးရည်ကို တစ်ညလုံး စစ်ဆေး ကြည့်ပြီးသွားပြီ။ ဒါပေမဲ့ စိတ်စုစည်း ဆေးရည်ရဲ့ ဆေးညွှန်းနဲ့ ဖော်စပ်နည်းကို စဉ်းစားလို့ မရဘူး။ ဒီကိစ္စသာ ပျံ့နှံ့သွားရင်တော့ အိမ်ရှေ့စံမင်းသားတော့ ငိုပြီးတော့ သူမကို တောင်းပန်တော့မယ် ဆိုတာ ငါ မြင်ယောင်သေးတယ်”
“ဟားဟား”
ဖုန်းရာလည်း စိတ်မထိန်းနိုင်စွာ အော်ရယ်လိုက်တယ်။
“ရုန်အကြီးအကဲ သိရဲ့လား အိမ်ရှေ့စံမင်းသားက ယွမ်လော့ဖုန်းကို အသိဉာဏ် ကင်းမဲ့တယ်လို့ လှောင်ပြောင် နေသေးတယ်။ စိတ်စုစည်း ဆေးရည်ကို သုံးဖို့ အရည်အချင်း မရှိဘူးလို့ ပြောနေသေးတာ။ နောက်ပိုင်း သူ့ပုံစံကို မြင်ချင်သေးတယ်။ အလွန်ကို ရယ်စရာ ကောင်းနေမှာပဲ”
“တကယ်ပဲ သူက အဲလိုပြောတာလား”
ရုန်အကြီးအကဲလည်း အရမ်း အံ့ဩနေတယ်။ သူ တစ်ခဏတာလောက် တိတ်ဆိတ် နေလိုက်ပြီးတော့ စကားဆိုတယ်။
“အရင်က အိမ်ရှေ့စံမင်းသားကို လူကောင်းလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီလို စိတ်ဓာတ်ရှိမယ်လို့ မထင်ထားခဲ့ပါဘူး။ ဖုန်းရာ၊ မုရုန် ... နောင်အနာဂတ်မှာ တော်ဝင်မျိုးနွယ်ကို ငါ့ကို လာရောက် တွေ့ဆုံရင်တော့ ငါဘယ်သူ့ကိုမှ မတွေ့ဆုံနိုင်ဘူး။ ဘုရင်ကိုယ်တိုင် လာရောက် တွေ့ဆုံရင်လည်း သူ့ကို အသိမှတ်ပြုပြီးတော့ လာမတွေ့နိုင်ဘူး”
အခုချိန်မှာ ဖုန်းရာနဲ့ မုရုန် နှစ်ယောက်စလုံး အလွန် အံ့အားသင့် မိသွားတယ်။
“ရုန်အကြီးအကဲ ... ယွမ်လော့ဖုန်းကို အထင်ကြီး လေးစားတာကို နားလည်ပါတယ်။ ဒါရန်ကို ကုသပေးမှာကြောင့်လည်း ကျေးဇူးတင်နေတယ် ဆိုတာ နားလည်လို့ ရပါတယ်။ သို့သော်လည်း ယွမ်လော့ဖုန်းကြောင့် တော်ဝင်မျိုးနွယ်တွေကို လာရောက် တွေ့ဆုံခွင့်မပြုဘဲ တံခါးပိတ်ထားမယ် ဆိုရင်တော့ စိုးရိမ်မိတယ်”
“ဖုန်းရာ ... မင်း နားမလည်ပါဘူး။ သူမ ဘယ်နေရာက ဆေးပညာကို လေ့လာခဲ့လဲဆိုတာ မေးခဲ့သော်လည်း သူ့ဆရာ မကြိုက်တာကြောင့် မပြောနိုင်ဘူးလို့ ပြန်ပြောတယ်။ သူမရဲ့ဆရာက ငါထင်နေတဲ့လူပဲ ဖြစ်ရမယ်။ ထိုလူရဲ့ ဆေးပညာက အရမ်းကို ထူးချွန်ပြီးတော့ ထိပ်တန်းပဲ။ အများနဲ့မတူ ထူးခြားတဲ့ စိတ်အခြေအနေ ရှိတယ်။ ယွမ်လော့ဖုန်းက တကယ်ကို သူ့တပည့်ဆိုရင်တော့ ငါတို့တွေ သူမကို အမှားကျူးလွန်လို့ မရဘူး”
ဖုန်းရာ တစ်ခဏတာ အတွေးလွန် သွားခဲ့ပြီးတော့
“ရုန်အကြီးအကဲ ပြောတာက ယွမ်လော့ဖုန်းက နတ်ဆေးသမားတော်ရဲ့ တပည့်လို့ ဆိုလိုချင်တာလား”
“ငါလည်း သေချာ မပြောနိုင်သေးဘူး။ ဒါပေမဲ့ သူကလွဲရင် ဘယ်သူကမှ ဒီလိုတပည့်မျိုးကို မသင်ကြားပေးနိုင်ဘူး။ ဒါရန်... မန်လော့အဆိပ်ဝေဒနာကို ခံစားနေရတဲ့အချိန်က နတ်ဆေးသမားတော်ကို ကုသပေးဖို့ အတွက် တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ငါ့တောင်းဆိုချက်ကို ငြင်းခဲ့တယ်။ ယွမ်လော့ဖုန်းက ဒါရန်ရောဂါကို တကယ် ကုသနိုင်ခဲ့ရင်တော့ သူမက နတ်ဆေး သမားတော်ရဲ့ တပည့်ဆိုတာကို ငါ အာမခံနိုင်တယ်”
ရုန်အကြီးအကဲက သူ့ဦးခေါင်းကို မော့လိုက်ပြီးတော့ ဖုန်းရာကို ကြည့်လိုက်ပြီးတော့ အမိန့်ပေးလိုက်တယ်။
“ဖုန်းရာ ... အခုချိန်ကစပြီးတော့ ငါ့လက်ထဲမှာ အဆိပ်ဖြေနည်းရှိတယ်။ ငါ တစ်ခါတည်း ပြန်ရဦးမယ်။ ငါဒီကိစ္စတွေကို မင်းလက်ထဲ အပ်ထားခဲ့မယ်။ မင်း... ယွမ်လော့ဖုန်းကို အရမ်း လိုက်နှောင့်ယှက် မနေနဲ့။ သူငယ်ချင်း အရမ်းဖွဲ့မနေနဲ့။ တခြားလူအတွက် မင်းအပြုမူတွေက အဆင်မပြေဖြစ်စေတယ်”
“ဟုတ်ကဲ့ ကျွန်မ နားလည်ပါပြီ ရုန်အကြီးအကဲ”
ဖုန်းရာရဲ့ မျက်ဝန်းတွေက အရင်ကလို  ချစ်စရာကောင်းတာတွေ မရှိတော့ဘူး။ တည်ငြိမ်တဲ့ပုံစံကို အစားထိုးလိုက်တယ်။

***
 


ယွမ်လော့ဖုန်းလည်း ယွမ်အိမ်တော် ခန်းမအတွင်းကို ဝင်လိုက်ရုံပဲ ရှိသေးတယ် အဘိုးအိုရဲ့ သက်ပြင်းချသံကို ကြားလိုက်ရတယ်။
အခန်းထဲကို ယွမ်လော့ဖုန်း ဝင်လာတာကို အဘိုးအို တွေ့လိုက်ရတယ်။ ယွမ်လော့ဖုန်းကို မကျေနပ်တဲ့ အကြည်နဲ့ ကြည့်လိုက်တယ်။
“ဖုန်းအာ ... အဘိုးကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား။ စိတ်စုစည်း ဆေးရည်ဝယ်ဖို့ကို ဘာလို့ ယှဉ်ပြိုင်ခွင့် မပေးတာလဲ။  လက်ရှိ သမီးမှာ မွေးရာပါ အရည်အချင်း ရှိတယ်ဆိုတာ အဘိုး နားလည်ပါတယ်။ ဒါပေမဲ့ သမီးမှာ စိတ်စုစည်း ဆေးရည်ကိုသာ ပိုင်ဆိုင်ခဲ့ရင် သမီး စိတ်စွမ်းအား လေ့ကျင့်တာ ပိုမို မြန်ဆန်လာမှာပေါ့”
ယွမ်လော့ဖုန်းလည်း သူမခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီးတော့ ပခုံးတွန့်ပြီးတော့ စကားဆက်လိုက်တယ်။
“သမီးက စိတ်စုစည်း ဆေးရည်ကို ရောင်းပြီးတော့ ငွေဆယ်သန်း ရအောင်လုပ်ခဲ့တယ်။ အခုတော့ အဘိုးက ငွေသန်း၂၀နဲ့ ပြန်ဝယ်တော့ မလို့လား။ အဘိုး... ပိုက်ဆံကို ဖြုန်းချင်တယ် ဆိုရင်လည်း ဒီလိုနည်းလမ်းနဲ့ မဖြုန်းတီးနဲ့လေ။ ပိုက်ဆံအပိုငွေရဖို့အတွက် အဘိုးမြေးအတွက် လွယ်ကူတယ်များ ထင်လို့လား”
“မြေးဆိုးလေး... တကယ်ပဲ နင့်အဘိုးက ငွေတွေကို ဖြုန်းတီးနေတယ်လို့ ထင်နေတာလား။ နင်....”
အစကတော့ ငွေဖြုန်းတယ်ဆိုတဲ့ စကားသံကိုကြားတော့ အဘိုးအိုက ဒေါသထွက်လာပြီးတော့ ရက်စက်စွာ ဒီမိန်းကလေးကို အပြစ်ပြောချင်လာတယ်။ ဒါပေမဲ့ ပြောဖို့ ပြင်နေစဲမှာပဲ
“ဘာပြောလိုက်တယ်။ စိတ်စုစည်းဆေးရည်က မြေးလေး ရောင်းလိုက်တယ်လို့ ပြောလိုက်တာလား”
 

***

Bạn đang đọc truyện trên: Truyen247.Pro