Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 52

အပိုင်း(၅၂)

ကြောက်လန့်နေသော အဘိုးအို(၂)

 

“မှန်ပါတယ်” ယွမ်လော့ဖုန်းလည်း ခေါင်းညိတ် ပြလိုက်တယ်။ သူမ တံခါးကိုမှီထားပြီး သူမအသံက နွမ်းလျနေတယ်။ စိတ်မရှည်သလို ဖြစ်နေတယ်။
“နင်ပြောစရာ မရှိတော့ရင်တော့ ဆေးမြစ်တွေကို ငွေချေးတော့မယ်။ ငါ့မှာ တခြားလုပ်စရာ ကိစ္စတွေ ရှိနေသေးတယ်။ ရောဂါကုသချင်လို့ ငါ့ကိုရှာတာ ဆိုရင်တော့ ငွေသန်း၅၀ မပေးရင်တော့ ငါ ကုသမပေးနိုင်ဘူး”
ယုံကြည်မှု အရမ်း ရှိပြီးတော့ မာန ဝင့်ကြွားနေတာပဲ။
ယခုအချိန်မှာ ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကြောင့် ရုန်အကြီးအကဲကို မုရုန်ပြောချင်ခဲ့တဲ့ ယွမ်လော့ဖုန်း အကြောင်းတွေကို ဘယ်က စပြောရမှန်း မသိဖြစ်သွားတယ်။
“မင်း မန်လော့အဆိပ်ကို တကယ်ဖြေဆေး ပေးနိုင်ရင်တော့ ငွေသန်း၅၀မပြောနဲ့ မင်း ငွေသန်း ၁၀ဝ တောင်းဆိုခဲ့ရင်လည်း ငါက ပေးဖို့ ဆန္ဒရှိတယ်”
ရုန်အကြီးအကဲက ယွမ်လော့ဖုန်းကို လေးနက်စွာ ပြောတယ်။
ဖုန်းရာနဲ့ ပတ်သက်နေတာကြောင့် သူ အရမ်းကို ယုံကြည်မှုရှိတယ်။ ဖုန်းရာ ရှာထားတဲ့လူက ဘယ်တော့မှ အမှားမဖြစ်နိုင်ဘူး။
“ဟမ်” ယွမ်လော့ဖုန်းလည်း သူမ မေးရိုးလေးကို ထိလိုက်တယ်။ ပျင်းရိစွာ ပြုံးလိုက်တယ်။
“နင်တို့ ဆေးစံအိမ်တော်က အရမ်းကို ရက်ရောတာပဲ။ ငါက နင်တို့ရဲ့ ငွေသန်း၁၀၀ကို လက်မခံရင်လည်း နင်တို့တွေ စိတ်ဓာတ်ကျနေဦးမယ်။ ကောင်းပြီလေ။ ငါက မန်လော့အဆိပ်ကို ဖြေပေးမယ်။ နင်တို့က ငွေ သန်း၁၀ဝ ပေးလိုက်ပါ။ နောက်ထပ် စိတ်စုစည်းဆေးရည် ရောင်းရငွေ ခွဲတမ်းကို ပြောင်းလဲချင်တယ်။ စိတ်စုစည်းဆေးရည် တစ်ဖုံစာကို ငွေ သန်း၂၀ရရင် ငါက ၁၉သန်း ယူမယ်”
ရုန်အကြီးအကဲ အံ့အားသင့် သွားမိတယ်။ သူက သာမန်ကာလျှံကာ သန်း၁၀ဝပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဒီကောင်မလေးက ပွင့်ပွင့်လင်းလင်း ဈေးတင်လိုက်တယ်။  ခဏနေပါဦး။
ရုတ်တရက် ရုန်အကြီးအကဲ သတိပြန်ဝင်လာတယ်။ သူ့ရဲ့ အံ့အားသင့်နေတဲ့ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်” ဘာကို ဆိုလိုတာလဲ။ စိတ်စုစည်း ဆေးရည်က မင်းပိုင်တယ်လို့ ဆိုလိုတာလား။  မင်း တခြား စိတ်စုစည်း ဆေးရည်တွေ ပိုင်ဆိုင်သေးလား”
“ဟား ဟား” ဖုန်းရာ ... စိတ်မထိန်းနိုင်စွာ ရယ်လိုက်တယ်။
“ရုန်အကြီးအကဲကို သတင်းပေးဖို့ မေ့သွားတယ်။ အခက်ခဲဆုံးသော မေးခွန်းတွေကို ဖြေဆိုခဲ့တဲ့ ပညာရှင်နဲ့ အရောင်းရဆုံးသော စိတ်စုစည်း ဆေးရည်ကို ဖော်စပ်ခဲ့တဲ့လူက တစ်ယောက်တည်းပါပဲ။ သူတို့ နှစ်ယောက်လုံးကလည်း ဒီမိန်းကလေးပါပဲ”
ရုန်အကြီးအကဲ ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ရီလာတယ်။ သူ့ရဲ့မျက်ဝန်းတွေမှာ မယုံကြည်မှုတွေနဲ့ ပြည့်နေတယ်။
စိတ်စုစည်း ဆေးရည်က ၁၄နှစ်အရွယ် မိန်းကလေး တစ်ယောက်က ဖော်စပ်ခဲ့မယ်လို့ သူမ မျှော်လင့်ထားခဲ့ဘူး။
“မိန်းကလေး ... မင်း... မန်လော့အဆိပ်ကို အမှန်တကယ်သာ ကုသပေးနိုင်ခဲ့ရင် မင်း တောင်းဆိုသမျှကို လက်ခံပေးနိုင်တယ်”
ဒီအချိန် အတောအတွင်းမှာ ရုန်အကြီးအကဲ ကိုယ်တိုင်လည်း မန်လော့အဆိပ်ကို မကုသနိုင်ခဲ့ဘူး။ သူခန့်မှန်းလို့ မရနိုင်တဲ့ အချက်တစ်ချက်က အဖြေထဲမှာ ရှိနေတယ်။ ဒါကြောင့်လည်း အဆိပ်ဖြေဆေးကို ယွမ်လော့ဖုန်းကိုယ်တိုင် ဖော်စပ်မှသာ အဆင်ပြေနိုင်မယ်။
“ကောင်းပြီလေ” ယွမ်လော့ဖုန်းလည်း ရုန်အကြီးအကဲကို စိုက်ကြည့်လိုက်တယ်။
“ကျွန်မ ဒီကိစ္စကို တခြားလူတွေ အများကြီးကို မသိစေချင်ဘူး။ အဆိပ်ကို ကုသပေးစေချင်တဲ့ အချိန်ရောက်ရင်တော့ ကျွန်မကို လာရှာဖို့ ယွမ်အိမ်တော်ကို လူတစ်ယောက် လွှတ်လိုက်ပါ”
ရုန်အကြီးအကဲ မျက်ဝန်းတွေက တဖျတ်ဖျတ် လက်နေတယ်။
“မိန်းကလေးကို နောက်ဆုံး မေးခွန်းတစ်ခု မေးလို့ရမလား။ မင်း ဘယ်နေရာမှ ဆေးပညာကို လေ့လာခဲ့တာလဲ”
“တောင်းပန်ပါတယ်။ ကျွန်မ ဆရာက သူ့အကြောင်းကို တခြားလူတွေကို ပြောတာကို မကြိုက်ဘူး။ ဒီမေးခွန်းကို ကျွန်မ မဖြေပေးနိုင်ဘူး”
ယွမ်လော့ဖုန်းလည်း သမ်းဝေလိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။
“နင့်မှာ တခြားကိစ္စ မရှိတော့ရင်တော့ ကျွန်မ အရင်ဆုံး သွားတော့မယ်။ စိတ်စုစည်းဆေးရည် အတွက်ကတော့ တခြားဆေးရည်တွေ ရှိရင်တော့ နောက်တစ်ခါ ယူလာခဲ့မယ်”
သူမ စကားလုံးတွေ ဆုံးသတ်သွားပြီးနောက် ယွမ်လော့ဖုန်းလည်း လှည့်ပြီးတော့ ထွက်သွားခဲ့တယ်။ သူမ အခန်းတံခါးပေါက်ဝနားကို လမ်းလျှောက်သွားပြီးတော့ နောက်ဘက်ကို ပြန်မလှည့်တော့ပဲ သူမ စကားဆိုလိုက်တယ်။
“ဖုန်းရာ ... ညီမက အစ်မကို ဒုက္ခပေးရတော့မယ်။ ဆေးမြစ်တွေကို စစ်သူကြီး အိမ်တော်ကို ပို့ပေးပါလား။ နောက်မှပဲ စစ်သူကြီး အိမ်တော်ကို ပြန်လာတော့မယ်”
သူမ တခြားသူတွေနဲ့ ဘာမှ မတိုင်ပင်နေတော့ပဲ အခန်းထဲမှ ထွက်သွားခဲ့တယ်။
“မုရုန်... ယွမ်လော့ဖုန်းရဲ့ အစစ်မှန်က ဘယ်သူလဲ”
ယွမ်လော့ဖုန်းရဲ့ ထွက်ခွာသွားတဲ့ ပုံရိပ်လေးကို ရုန်အကြီးအကဲ ကြည့်နေရင်းနဲ့ မေးခွန်းမေးတယ်။ အတွေးထဲမှာ နစ်မျောနေတယ်။
“ရုန်အကြီးအကဲ... ဒီယွမ်လော့ဖုန်းက စစ်သူကြီးယွမ်လော့ တစ်ဦးတည်းသော မြေးလေးပါ။ ဒါပေမဲ့ အမှိုက်မအဖြစ် မွေးဖွားလာခဲ့တယ်။ စိတ်စွမ်းအား မလေ့ကျင့်နိုင်ခဲ့ဘူး။ အတိတ်က သူမက အိမ်ရှေ့စံမင်းသားနဲ့ စေ့စပ်ထားခဲ့တယ်။ ဒါပေမဲ့ မကြာခင်က အိမ်ရှေ့စံမင်းသားက သူမနဲ့ စေ့စပ်တာကို ဖျက်သိမ်းလိုက်တယ်။ အိမ်ရှေ့စံမင်းသားနဲ့ အမတ်ချုပ်မုအိမ်တော်က မုဝူစွမ်းက ရင်းနှီးတယ်လို့တော့လည်း ကျွန်တော် ကြားတယ်”
“မုဝူစွမ်း”
ရုန်အကြီးအကဲ မျက်မှောင်ကြုတ် လိုက်တယ်။
“ငါ့ကို တွေ့ချင်လို့ မကြာခဏ ရောက်လာတဲ့ မိန်းကလေးပေါ့”
“ဟုတ်ပါတယ်။ သမီးပါပဲ”
 

***

Bạn đang đọc truyện trên: Truyen247.Pro