Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 51

အပိုင်း(၅၁)

ကြောက်လန့်နေသော အဘိုးအို(၁)

 
“သခင်မလေးယွမ် ... အမှန်တိုင်း ရိုးရိုးသားသား ပြောလိုက်ပါ စကားလုံးတွေနဲ့ ဖုံးကွယ်မနေနဲ့တော့။ အရင်ရက် အနည်းငယ်က စိတ်စုစည်းဆေးရည် လာရောင်းတဲ့ မိန်းကလေးက သခင်မလေး ဟုတ်တယ်မလား”
ဖုန်းရာ သူမခါးလေးကို ခါယမ်းလိုက်ပြီးတော့ ဆွဲဆောင်မှုရှိစွာ ယွမ်လော့ဖုန်းအရှေ့ကို လမ်းလျှောက်လာတယ်။
“ညီမလေး သိထားရမှာက လူတစ်ယောက်ရဲ့ပုံစံက အမျိုးမျိုး ပြောင်းလဲနေပါစေ ထိုလူ့ခန္ဓာကိုယ်က အမွှေးရနံ့ကိုတော့ ပြောင်းလဲလို့ မရနိုင်ဘူး။ အစ်မက အမွှေးရနံ့နဲ့ ပတ်သက်ပြီး အာရုံခံစားနိုင်တယ်။
ယွမ်လော့ဖုန်းလည်း သူမ ပါးရိုးလေးကို ထိလိုက်ပြီး ပြုံးလိုက်တယ်။
“အစ်မဖုန်းရာက ခွေးနှစ်မှာ မွေးခဲ့မယ်လို့ ညီမလေး မထင်ထားခဲ့ဘူး”
ဖုန်းရာကဲ့သို့ အတွေ့အကြုံရှိတဲ့ လူတစ်ယောက် အရှေ့မှာ ဘယ်လောက်ပဲ ဖုံးကွယ်ဖို့ ကြိုးစားနေလည်း အသုံးမဝင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာ ပိုကောင်းပါတယ်။
“အစ်မက ညီမလေးကို မေးစရာ တစ်ခုကျန်သေးတယ်”
ဖုန်းရာ... သူမနှုတ်ခမ်းလေးကို ဖုံးကွယ်လိုက်ပြီးတော့ ပျံတံတံနန့်တန့်တန့် ပြုံးလိုက်တယ်။
“ညီမလေးက မန်လော့အဆိပ် ဖြေနည်းကို ရေးလိုက်တဲ့သူလား”
ယွမ်လော့ဖုန်းရဲ့ အမည်းရောင် မျက်ဝန်းလေးတွေမှာ အံ့အားသင့်မှုတွေနဲ့ တဖျတ်ဖျတ် လက်နေတယ်။  ပြန်မဖြေခင်မှာ ခဏ အတွေးလွန်ခဲ့ပြီ။
“သေချာပေါက် ညီမ ဖြစ်နေတယ်ဆိုတာ ဘယ်လို သိနေတာလဲ”
“ဒါဆို ညီမလေးပေါ့” ဖုန်းရာနှလုံးသားမှာ ပျော်ရွှင်ကြည်နူးမိတယ်။
“သခင်မလေးယွမ်... အစ်မနောက်ကို လိုက်ခဲ့ပါ။ ရုန်အကြီးအကဲက ညီမလေးကို မြင်ချင်နေပါတယ်”
ရုန်အကြီးအကဲ
ထိုနာမည်ကို ကြားတော့ ယွမ်လော့ဖုန်းကို အံ့အားသင့် သွားစေတယ်။
“ရုန်အကြီးအကဲက ကျွန်မကို တွေ့ချင်နေတာလား။ ဆေးစံအိမ်တော်က ရုန်အကြီးအကဲက မာနကြီးတယ်လို့တော့ ကျွန်မကြားဖူးတာပဲ။ တော်ဝင်မျိုးနွယ်နဲ့ မြင့်မြတ်တဲ့ မျိုးနွယ်စုတွေကိုပါ လက်ခံမတွေ့ဆုံဘူးတဲ့။ အခု ကျွန်မကို ဘာလို့ တွေ့ချင်နေတာလဲ ဆိုတာကို နားမလည်ဘူး”
“သခင်မလေးယွမ်... အစ်မနောက်ကို လိုက်ခဲ့ရင် နားလည် သွားပါလိမ့်မယ်”
 

***
 


အတွင်းစံအိမ်တော်အတွင်း
ရုန်အကြီးအကဲက သူ့လက်ထဲမှာ လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ကိုင်ထားတယ်။ သူ့ဘေးနားက သက်လတ်ပိုင်းလူကို စကားပြောနေတယ်။
“စိတ်စုစည်းဆေးရည် ထုတ်လိုက်တာက အံ့ဩတုန်လှုပ်ဖွယ် ကောင်းလောက်အောင် ပွက်လောရိုက် သွားတာပဲ။ ဆေးက တစ်ခွက်စာသာ ရှိနေတာက ရှက်စရာပဲ။ မုရုန် ငါမင်းကို ရှာခိုင်းထားတဲ့လူရဲ့ တည်နေရာကို သိသွားပြီလား”
မုရုန်ရဲ့မျက်နှာက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။
“အခုလက်ရှိ အချိန်မှာတော့ နတ်ဆေးဆရာရဲ့ ထူးခြားတဲ့ အချက်နှစ်ခုကိုသာ သိရပါသေးတယ်။ ပထမ တစ်ချက်က သခင်မလေးဖုန်းရဲ့ စကားအရ လျှို့ဝှက် ဆန်းကြယ်တဲ့ နတ်ဆေးဆရာက မိန်းကလေး တစ်ယောက်ပါ။ ဒုတိယအချက်နေနဲ့ မိန်းကလေးက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပါတယ်။ သို့သော်လည်း များပြားလှတဲ့လူတွေ အများကြီးထဲမှာ ထိုအချက်နှစ်ခုတည်းနဲ့ လူတစ်ယောက်ကို ရှာဖို့ဆိုတာ အလွန် ခက်ခဲပါတယ်”
“နင် သူမကို မရှာနိုင်လည်း ရအောင်ရှာရမယ်။ ဆေးစံအိမ်တော်ရဲ့ အာဏာ အားလုံးကို သုံးပြီးတော့ ရှာဖွေလိုက်”
ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သမားတော်ရဲ့ တည်နေရာက ဆေးစံအိမ်တော် တစ်ခုလုံးရဲ့ အသက်ရှင် ရပ်တည်မှုနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် သူလည်း သူမကို ရအောင် ရှာရမယ်။
တံခါးခေါက်သံက အပြင်ဘက်တံခါးမှ ထွက်ပေါ်လာတယ်။ ရုန်အကြီးအကဲ ပြန်ဖြေတာကို စောင့်မနေတော့ပဲ ဖုန်းရာရဲ့ အရိုးထိစွဲအောင် ဆွဲဆောင်မှုရှိတဲ့အသံက အခန်းအပြင်ဘက်မှ ထွက်ပေါ်လာတယ်။
“ရုန်အကြီးအကဲ... မန်လော့အဆိပ်ဖြေနည်းကို ရေးခဲ့တဲ့ သမားတော်ကို ကျွန်မ ရှာတွေ့ခဲ့ပါပြီ”
ရုန်အကြီးအကဲ လက်တွေက ကတုန်ကရီ ဖြစ်နေတယ်။ သူ့လက်ထဲက လက်ဖက်ရည်ခွက် ပြုတ်ကျလုနီးပါးပါပဲ။ သူလည်း ထိုင်ခုံပေါ် ဆူညံစွာ ထရပ်လိုက်တယ်။ သူ့ရဲ့အရမ်း စိတ်လှုပ်ရှားနေတဲ့ အသံက စကားသံတွေကို ထစ်စေတယ်။
“သူ့ကို အခန်းထဲကို အမြန်ဝင်ခိုင်းလိုက်”
သူ့အသံက ပျံ့လွင့်သွားပြီးတော့ အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ချစ်စရာကောင်းတဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက အခန်းထဲကို အရင်ဆုံး ဝင်လာတယ်။ ဖုန်းရာရဲ့ အနောက်ဘက်က နှင်းကဲ့သို့ ဖြူဖွေးတဲ့အင်္ကျီကို ဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်လေးက ရုန်အကြီးအကဲ မျက်ဝန်းထဲကို ဝင်ရောက်လာတယ်။
မိန်းမပျိုလေးက အရမ်းကို လှပစွာ မွေးဖွားလာတာပဲ။ သူမ အသားရေက အဖြူရောင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေတာပဲ။ တုနှိုင်းကင်းတဲ့ မြို့တော် အလှလေးပဲ။ ဉာဏ်များသောပုံစံ ရှိသောလည်း နွမ်းလျနေသောပုံစံ ရှိတယ်။ တခြားသူတွေကို လွှမ်းမိုးနိုင်တဲ့ အရည်အချင်း ရှိတယ်။ တခြားသူတွေက သူမကို သတိမထားမိပဲ မနေနိုင်အောင် ပြည့်စုံတယ်။
“ယွမ်လော့ဖုန်း”
နံပါတ်၁ အမှိုက်မလေးပါလား။ မုရုန်တစ်ယောက် ယွမ်လော့ဖုန်း နာမည်ကို မကြာဖူးတာတော့ မဖြစ်နိုင်ပါဘူး။ ဖုန်းရာ ရှာတွေ့တဲ့လူက သူမလား။ သူ့နှလုံးသားထဲမှာ အံ့အားသင့်မိတယ်။
အခုချိန်မှာ ရှာဖွေလို့မရနိုင်တဲ့ အကြောင်းပြချက်အရ  လက်ရှိ ယွမ်လော့ဖုန်းက သူ့အတိတ်က တွေ့ခဲ့ဖူးတဲ့ ယွမ်လော့ဖုန်းနဲ့ ခြားနားတယ်။
“မင်းက မန်လော့အဆိပ် ဖြေနည်းကို ရေးခဲ့တဲ့ သမားတော်လား”
ရုန်အကြီးအကဲ မျက်ဝန်းတွေက အံ့ဩမှုတွေနဲ့ အရောင်လက်နေတယ်။ သူ အံ့ဩမှုက ယွမ်လော့ဖုန်း အကြောင်းကို သိသွားလို့ မဟုတ်ပါဘူး။ လျှို့ဝှက်ဆန်းကြယ်တဲ့ သမားတော်က အရမ်း ငယ်ရွယ်လွန်းနေလို့ပါ။ ဒီလောက် ငယ်ရွယ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူမအသက်ကို ကြည့်ရတာ ၁၄နှစ် ... ၁၅နှစ် အရွယ်သာ ရှိမယ်။
 

***

Bạn đang đọc truyện trên: Truyen247.Pro