Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 40

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(၄၀)

မင်းတစ်ယောက်တည်းသာ

အနောက်ဘက်တောင်တန်း

အိမ်ပုလေးအတွင်းမှာ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက သူမအဝတ်စားတွေကို ဖြည်းညင်းစွာ ချွတ်လိုက်တယ်။ ရေနွေးရေချိုးကန်နားကို လမ်းလျှောက်လာခဲ့တယ်။ ရေချိုးကန်ထဲကို သူမ လက်ထဲမှ ကြွေပုလင်းမှ ဆေးရည်တွေကို ဂရုတစိုက်လောင်းချလိုက်တယ်။ ရေချိုးကန်က အဖြူရောင်နိုနှစ်ရောင် အဖြစ်ပြောင်းလဲသွားတယ်။

သူမ ရေချိုးကန်ထဲကို ဝင်လိုက်တဲ့အချိန်မှာ သူမခန္ဓာကိုယ်ထဲမှ စိတ်စွမ်အားတွေ ဖြာထွက်နေသလို ခံစားရတယ်။ သူမစိတ်ထဲမှာ လန်းဆန်းပြီး တိုးတက်မှုရှိတယ်လို့ ခံစားရတယ်။

“ရှောင်မို …ငါ စတင်ပြီးတော့ စိတ်စွမ်းအားလေ့ကျင့်တော့မယ်။ ပတ်ဝန်းကျင်အခြေနေကို စောင့်ကြည့်ရင် ငါကို ကူညီပေး။ တစ်ယောက်ယောက်လာရင် ငါကို ချက်ချင်းပြော။”

“ဟုတ်ကဲ့ပါ သခင်။” ရှောင်မို စိတ်အားတက်ကြွစွာ ကတိပေးတယ်။ သူက ဆေးနတ်ဘုရားလျိုဝှက်နယ်မြေ အတွင်းမှာ နေထိုင်သော်လည်း သူကို အသက်ရှုသံတစ်ခုမှ ဖုံးကွယ်လို့ မရပါဘူး။

“သခင်ကို သတင်းပို့ပါတယ်။ အနောက်ဘက်တောင်တန်းမှာ လူ၃ယောက်ရှိနေတာကို သတိပြုမိပါတယ်။  ပထမတစ်ယောက်က သခင့်ဒုတိယဦးလေး။ ဒုတိယစေ်ယောက်က ယွမ်ရှောင်။ တခြားတစ်ယောက်က ဘယ်သူလဲဆိုတာတော့ မသိဘူး။ သို့သော်လည်း ထိုလူက ယွမ်ရှောင်နဲ့အတူတူရှိနေတယ်။ သူမှာ အန္တရယ်ပေးချင်တဲ့ ရည်ရွယ်ချက် မရှိဘူးထင်တယ်။”

'ယွမ်ရှောင်'

ယွမ်လော့ဖုန်း ခဏရပ်လိုက်ပြီးတော့

“မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတော့ နင် သူကို အာရုံမထားနဲ့တော့။”

……..

ပေါင်းပင်တွေ အများပြားပေါက်ရောက်နေသော တောင်တန်းထိပ်တွင်

သူရှေ့မှာ ဒူးထောက်နေတဲ့ မီးခိုးရောင်ဝတ်စုံနဲ့ယော်ကျာ်းလေးတစ်ယောက်ကို ယွမ်ရှောင် ကြည့်နေတယ်။ သူ့အသံက လွန်ကဲစွာ အေးစက်နေတယ်။

“ငါ့ ခွင့်ပြုချက်မရရင် ယွမ်အိမ်တော်ကို လူတစ်ယောက်တောင် မဝင်ရဘူးလို့ ငါပြောထားတယ်လေ။ မင်း မေ့သွားတာလား။”

စကားပြောရင်နဲ့ ယွမ်ရှောင်ခန္ဓာကိုယ်က လွှမ်းမိုးချုပ်ကိုင်တဲ့ စွမ်းအားတွေ ထုတ်လွှင့်နေတယ်။ ခုချိန်မှာ ယွမ်လော့ဖုန်းသာ ဒီနေရာမှာ ရှိနေရင်တော့ ယွမ်ရှောင် စွမ်းအားကို ကြောက်လွန်းလို့ အနောက်ဘက်တောင်တန်းမှာ ပုန်းကွယ်နေတဲ့ စိတ်စွမ်းအားသားရဲတွေ မြေကြီးထဲမှာ ပုန်းကွယ်နေပြီး ထွက်လာရဲမှာ မဟုတ်ဘူး။

လင်းချူံး ငိုချင်လာတယ်။ ဒါပေမယ် ငိုစရာ မျက်ရည်လည်း မရှိဘူး။ သူ…သတင်းပေးစရာရှိလို့ ဒီအိမ်တော်ကို လာခဲ့တာပါ။ ဒီကြောက်ဖို့ကောင်းတဲ့လူက သူကို ရက်စက်တဲ့ ဖိအားတွေ ပေးမယ်လို့ မသိခဲ့ဘူး။

အမှန်ပဲ။ ဟုတ်တယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။

ဒီလက်အောက်ငယ်သားရဲ့ နှလုံးသားထဲမှာတော့ သူရှေ့မှာ ရပ်နေတဲ့လူက လူတွေကိုကြောက်လန့်စေတဲ့ မကောင်းဆိုးဝါးတစ်ယောက်ပဲ။

“သခင်…ကျွန်တော်မျိုးလာခဲ့ရတဲ့ အကြောင်းရင်းရှိပါတယ်။” လင်းချူံး သူ့တံတွေးကို မြိုချလိုက်ပြီးတော့ တုန်ရီစွာ ပြောတယ်။

“မကြာခင်က ဒီပြည်နယ်စုတွေက အရည်ချင်းရှိတဲ့ ပါရမီရှင် မိန်းကလေးတစ်ယောက် ထွက်ပေါ်ခဲ့ပါတယ်။ ထိုမိန်းကလေးက သခင်ကို နှစ်သက်နေပါတယ်။ ထို့အပြင် ဒီပြည်နယ်စုတွေမှာ သူမထက်ပိုပြီး သခင်နဲ့ ထိုက်တန်တဲ့မိန်းကလေး မရှိဘူးလို့ သတင်းဖြန့်နေပါတယ်။သူမတစ်ယောက်တည်း သခင်နှလုံးသားကို အပိုင်သိမ်းနိုင်တဲ့လို့ ပြောနေပါတယ်။ ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သခင်ကို လာရောက်မေးမြန်းရတာပါ။ ”

“သူမကို သတ်လိုက်။”

စကားနှစ်လုံးက ရိုးရှင်းပြီး နားလည်ဖို့ လွယ်ပါတယ်။ ဒါပေမယ့် ထိုစကားလုံးတွေက ဒီလူရဲ့ ရက်စက်မှုအဆင့်ကို ပြနေတယ်။

“အမ်”

လင်းချူံးတစ်ယောက် တခဏချင်း အေးခဲသွားသလို ခံစားရတယ်။ သူ့သခင့် ရက်စက်မှု ကြမ်းတမ်းမှု အတိမ်နက်ကို သိနေသော်လည်း ထိုမိန်းကလေးကို သူတို့တွေကို ချက်ချင်းသွားသတ်ခိုင်းမယ်လို့ မထင်ထားခဲ့ဘူး။

လင်းချူံး ထိုစကားလုံးကို မကြိုက်သော်လည်း ထိုလူ့အေးစက်တဲ့ မျက်လုံးတွေက သူကို စိုက်ကြည့်နေတယ်။ ထိုအကြည့်နဲ့ လင်းချူံး ခေါင်းအစ ခြေအဆုံး ခိုက်ခိုက်တုန်လာတယ်။ သူ မြန်မြန် ခေါင်းနိမ့်လိုက်တယ်။

“လက်အောက်ငယ်သား နာခံပါမယ်။ ”

ယွမ်ရှောင် မကြာခဏ အိမ်ငယ်လေးဘက်ကို ငေးကြည့်နေမိတယ်။

“မုအိမ်တော်နဲ့ ယွမ်အိမ်တော်ရဲ့ ရန်ငြိုးကို စုံစမ်းဖို့ လူတစ်ယောက်လွှတ်ထားလိုက်။ စကားတစ်ခွန်းမှ မချန်ခဲ့ဘဲ ငါကို သတင်းလာပို့လိုက်။”

“ဟုတ်ကဲ့ပါ” လင်းချူံး ဂါရဝပြုရင်း ပြန်ဖြေလိုက်တယ်။

လင်းချူံး နားမလည်နိုင်ဘူး။ သာလွန်မြင့်မြတ်တဲ့ သခင်ကဲ့သို့သောလူမျိုးက လွတ်မြောက်ဖို့အတွက် လုံယွမ်ကဲ့သို့သော တိုင်းပြည်ငယ်လေးမှာ ဘာကြောင့်နေထိုင်နေရတာလဲ။ စစ်သူကြီးမြေးမလေးရဲ့ သက်တော်စောင့် အဖြစ် နေထိုင်နေရတာလဲ။

တကယ်တော့….လင်းချူံးမှာ အသက်ပေါင်း၁၀၀ရှိခဲ့မယ်ဆိုရင်တောင် ထိုစကားကို သခင်ကို သွားမမေးရဲပါဘူး။ သွားမေးခဲ့ရင် သူ အသက်ရှင်ဖို့ ရတော့မှာ မဟုတ်ဘူး။

အိမ်တော်ထဲမှာ စိတ်စွမ်းအားလေ့ကျင့်နေတဲ့ ယွမ်လော့ဖုန်းတစ်ယောက် အပြင်ဘက်မှာ ဖြစ်ပျက်နေတဲ့

အရာရာတိုင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေပါပြီ။ ဆေးစံအိမ်က မေးခွန်းကို သူမဖြေလိုက်တာကြောင့် ဆေးစံအိမ်တော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကိုလည်း သူမ သတိမထားမိခဲ့ပါဘူး။

“အရူးတွေ အကုန်လုံး အရူးတစ်သိုက်”

အနောက်ဘက် ဆေးစံအိမ် အခန်းအတွင်းမှာတော့ ရုန်သမားတော်အကြီးကဲတစ်ယောက်  မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေတယ်။ သူရှေ့မှာ ရပ်နေတဲ့ ကြောက်လန့်နေတဲ့ လူတစ်စုကတော့ အသက်ပြင်းပြင်း မရှုရဲပါဘူး။

Chapter-40

End

Bạn đang đọc truyện trên: Truyen247.Pro