Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 39

သရဲဘုရင်ရဲ့ ချစ်ဇနီးဆိုးလေး

အပိုင်း(၃၉) ဖုန်းအာလေးငွေရှာရန်အကြံကောင်းလေးများ

မီးခိုးမြူတွေကြောင့် မည်းညစ်နေတဲ့ မီးဖိုးချောင်ခန်းထဲမှာ အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးက မရပ်မနားနဲ့ အလုပ်တွေ အရမ်းများနေတယ်။ သူမလက်ထဲမှာ ယပ်တောင်တစ်ခုကို ကိုင်ထားတယ်။ မီးဖိုချောင်ခန်းထဲမှာ ဆေးရနံ့တွေ သင်းပျံနေတယ်။ ဆေးအိုး အောက်ခြေနားက မီးတောက်လာစေဖို့ ယပ်တောင်ခတ်ရင် အလုပ်ရှုပ်နေတယ်။

"ပြီးတော့မယ်။ အောင်မြင်တော့မယ်။"

မိန်းကလေးက သူမလှုပ်ရှားမှုကို ရပ်လိုက်တယ်။ သူမဘေးနားက လက်သူတ်ပဝါ တစ်ထည်ကိုယူလိုက်ပြီး အိုးအဖုံးနားမှာ ထားလိုက်တယ်။ အိုးအဖုံးကို ဂရုတစိုက် ဖွင့်လိုက်တယ်။

"စိတ်စွမ်းအားစုစည်းဆေးရည် ရသွားပြီ။ ၅ရက်သုံးဖို့ အတွက် လုံလောက်တဲ့ဆေးရည်ပဲ။ "

သူမရဲ့ ကျက်သရေရှိ လှပတဲ့ မျက်နှာလေးမှာ ချစ်စရာကောင်းအောင်ပြုံးလိုက်တယ်။

"ငါတော့ ဒီစိတ်စွမ်းအားစုစည်းတဲ့ ဆေးမြစ်တွေ ရောင်းလိုက်ရင် ပိုက်ဆံ ဘယ်လောက်ရှာနိုင်မလဲဆိုတာတော့ မသိဘူး။"

သူမ အတွေးလွန်နေစဉ်အတွင်းမှာ သူမနောက်ကျောဘက်မှ အသံ ခပ်နက်နက်နဲ့ ခပ်ပြတ်ပြတ် အသံထွက်ပေါ်လာတယ်။ တခြားလူရဲ့ သိသားထင်ရှားနေတဲ့ ဆွဲဆောင်မှုရှိတဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို ခံစားလို့ရတယ်။

( ဖုန်းအာလေး အတော်ကို ကြွေနေတာပဲ)

"ရေချိုးဖို့ အဆင်သင့်ပဲ။"

ယွမ်လော့ဖုန်း ခဏတော့ အံအားသင့်သွားမိတယ်။ သူမနောက်မှာ ရပ်နေတဲ့ ကိုရေခဲတုံးဘက်ကို လှည့်လိုက်တယ်။

သူမမျက်ခုံးလေးကို ပင့်လိုက်ပြီးတော့

"ငါ ...ချင်ယန်ကို အမိန့်မပေးထားပါဘူး။ နင်က ချင်ယန်အလုပ်ကို ယူသွားတော့ ချင်ယန် ဘာအလုပ်သွားလုပ်တော့မလဲ။"

ကိုရေခဲတုံးလည်း ယွမ်လော့ဖုန်း ပြောလိုက်တဲ့ စကားကို နားမလည်စွာနဲ့ စိတ်ရှုပ်ထွေးစွာ ကြည့်နေလိုက်တယ်။ သူမကို မပျော်ရွှင်စေတဲ့ အကြောင်းရင်းကို ဦးနှောက်ခြောက်အောက် စဉ်းစားနေတယ်။ ခဏအကြာ တွေးတောလိုက်ပြီးတော့ ပြန်ဖြေတယ်။

"မင်း မကြိုက်ဘူးဆိုရင်တော့ ငါ နောက်ဆို မလုပ်တော့ပါဘူး။"

ကိုရေခဲတုံးပုံစံလေးကို ကြည့်ရင်နဲ့ ယွမ်လော့ဖုန်း တခစ်ခစ်ရယ်မောနေမိတယ်။

"ယွမ်ရှောင်လေး နင်ဘယ်အရာကို ကြိုက်တယ်ဆိုတာလည်း သိရဲ့လား။"

"ငါ မသိဘူး..."

သူလည်း မျက်မှောင်ကြုတ်ရင်း အလေးနက် စဉ်းစားမိတယ်။ သူ ဘာကိုကြိုက်နှစ်သက်လည်းဆိုတာ သူ တကယ်ကို မသိတာ။ ကျန်ရှိခဲ့တဲ့နှစ်တွေမှာ သူ့ဘေးနားမှာ သူ့လက်အောက်ငယ်သားတွေပဲရှိနေခဲ့တာ။ သူ့ရန်သူတွေနဲ့ပဲ ထိတွေ့ခဲ့ရတယ်။ သူလက်ထဲမှာ သေဆုံးခဲ့ရတဲ့ ရန်သူတွေနဲ့ပဲ ဆက်စပ်မှုရှိခဲ့တာ။

တကယ်တမ်း ဒီလူတွေအားလုံးက သူရှေ့မှာ သူကိုရိုင်းစိုင်းစွာ မပြောဆိုရဲဘူး။

"ယွမ်ရှောင်လေးက စိတ်ပိုင်းဆိုင်ရာ နားလည်မှု နှေးကွေးတာပဲ။"

ယွမ်လော့ဖုန်းလည်း ကိုရေခဲတုံးနားကို လျှောက်လာခဲ့တယ်။ သူမရှေ့နားမှာ ခံစားချက်မဲ့စွာ ရပ်နေတယ်။ ချစ်စရာအရမ်းကောင်းတဲ့ အနုပညာလက်ရာ ရုပ်ထုလေးလိုပဲ။

"သို့သော်လည်း အသေးစိတ်ပြောရမယ်ဆိုရင် ယွမ်ရှောင်လေးက အရောင်မတင်ရသေးတဲ့ သစ်သားတုံးလေးပါပဲ။ ယွမ်ရှောင်လေးကို သင့်တော်တဲ့ ယောကျာ်းလေးတစ်ယောက်ဖြစ်အောင် ပြောင်းလဲချင်လာတယ်။"

ကိုရေခဲတုံးရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာက အနည်းငယ်ပြောင်းလဲသွားတယ်။ ပြောင်းလဲသွားမှုက သိပ်မသိသားသော်လည်း ယွမ်လော့ဖုန်း ရိပ်မိတယ်။ ဒီလို ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် ပိုပို စချင်လာတယ်။

"ယွမ်ရှောင်လေးက ယောကျာ်းမိန်းမကြားဆက်ဆံရေးကို မသိတာကလွဲရင် အရာရာပြည့်စုံပါတယ်။ ဖုန်းအာလေးက ပိုပြီးတော့ မြူစွယ် ဖြားယောင်တတ်တဲ့ ယောကျာ်းလေးတစ်ယောက် ဖြစ်လာ အောင် ပြောင်းလဲပေးချင်တယ်။ ပြီးရင်တော့ ... ယွမ်ရှောင်လေးကို အပျော်စံအိမ်(ဆောင်ကြာမြိုင်)မှာ သွားရောင်းစားမယ်။ ယွမ်ရှောင်လေးရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်လေးနဲ့ဆိုရင်တော့ အပျော်အိမ်မှာ နာမည်အရမ်းကြီးသွားမယ်။ လုံယွမ်မြို့တော်က အချောဆုံးပါလို့ ပြောနေတဲ့ အိမ်ရှေ့စံမင်းသား ကွမ်လန်က ယှဉ်နိုင်မယ် မထင်ဘူး။ အဲဒီအချိန်မှာ ဖုန်းအာလေး ငွေတွေအများကြီး မြတ်စွန်းတော့မှာပေါ့။ "

သူမလေးပြောနေတဲ့ စကားတွေကိုသာ သူ့နောက်လိုက်ငယ်သားတွေသာ ကြားခဲ့ရင်တော့ သူတို့တွေ မြေပြင်ပေါ်မှာ လန့်လွန်းလို့ ပြိုလဲသွားမှာပါ။

ဒီမိန်းကလေးက ငါတို့သခင်ကို တကယ်ရောင်းစားချင်နေတာလား။ ပိုက်ဆံအတွက်နဲ့တော့ ငါတို့သခင်ကို အပျော်စံအိမ်ကို ရောင်းစားတော့မှာလား။ သခင်က အရမ်းဒေါသကြီးတာ မသိသေးဘူးထင်တယ်။ သူ့နည်းလမ်းနဲ့ လူကို အပိုင်းပိုင်း ခုတ်လိုက်မှာ မကြောက်တာလား။ သခင်လက်ထဲမှာ သေသွားတဲ့လူတွေ့ မရေတွက်နိုင်အောင် များပြားတယ်။ ဒီပြည်နယ်စုတွေမှာ သခင်နာမည်ကို သိတဲ့လူတွေက မကောင်းဆိုးဝါးလို့ မခေါ်ရဲဘူး။

သို့သော်လည်း ဒီမိန်းမပျိုလေးက သခင်ရှေ့တော်မှောက်မှာ ဒီလို စကားမျိုးပြောရဲတယ်။

ယွမ်ရှောင်မျက်နှာ အေးခဲသွားတယ်။ သူပုံစံက အတော်ကို ကြေကွဲသွားတယ်။ သူကို ညှီစို့စို့ ညစ်ပတ်တဲ့ မိန်းကလေးတွေ ဝိုင်းအုံလာမှာကို သူတွေးမိလာတယ်။ ဒါဆိုရင်တော့ အဲ့မိန်းမတွေကို ချက်ချင်း သတ်ပစ်ရမယ်။

"ဟား....."

ယွမ်လော့ဖုန်း ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။ သူမ မျက်နှာမှာ ပျော်ရွှင်မှုတွေ ပြည့်နေတယ်။

"ယွမ်ရှောင်လေး မျက်နှာက အမြဲအေးစက်နေမယ်လို့ ထင်ခဲ့တာ။ ဒီစကားလုံးတွေကြောင့် ယွမ်ရှောင်လေးမျက်နှာမှာ ကြေကွဲမှုတွေ ရက်စက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ မထင်ထားမိဘူး။ နောက်ဆုံးတော့ ပုံမှန် လူသားလေးတစ်ယောက် ဖြစ်လာခဲ့ပြီ။"

သူမလည်း ယွမ်ရှောင် ပခုံးကို ပုတ်လိုက်ပြီးတော့ ဆေးရည်ကိုယူလာ မီးဖိုခန်းက ထွက်ခွာသွားတယ်။ သူ့မျက်ဝန်းတွေက ထွက်ခွာသွားတဲ့ ပုံရိပ်လေးနောက်ကို လိုက်ကြည့်နေမိတယ်။

ယွမ်ရှောင် နောက်လိုက်ငယ်သားတွေသာ ဒီနေရာမှာသာရှိနေရင် အံသြလွန်းလို့ မေးရိုးတောင် အောက်ငိုက်သွားလောက်တယ်။

ယွမ်လော့ဖုန်း စနောက်သွားသော်လည်း သူတို့သခင်က အမှန်တကယ်ကို စိတ်မဆိုးဘူး။ လူတွေကို ယင်ကောင်သတ်သလို သတ်နေတဲ့ သူတို့သခင်က ဒီစကားလုံးတွေကို အာရုံထဲ မထားဘူးလား။ ဒီမိန်းကလေးက သခင်မျက်နှာကို အမှတ်မထင်တွေ့သွားခဲ့တယ်။ မောက်မာစွာနဲ့ သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံကို အသုံးပြုပြီး သခင်ကို ဖြားယောင်းသွေးဆောင်ခဲ့တယ်။ သခင်ကလည်း သူ့ဓားကို ထုတ်ပြီးတော့ ဒီမိန်းကလေးကို သတ်ဖို့ မတွေးဘူး။

ပိုက်ဆံအတွက်နဲ့ သူကို အပျော်စံအိမ်ကို ရောင်းစားဖို့ ကြံစည်နေတဲ့ မိန်းကလေးကို ထွက်သွားခွင့်ပေးလိုက်တယ်။

Chapter-39

End

Bạn đang đọc truyện trên: Truyen247.Pro