
Ep 38
သရဲဘုရင်ရဲ့ ချစ်ဇနီးဆိုးလေး
အပိုင်း(၃၈)
လွမ်းနေသောရှောင်မို
"'ဒါဆိုလည်း ကျေးဇူးပါပဲ။" ယွမ်လော့ဖုန်းလည်း သူမလက်ထဲက ငွေစက္ကူ၁၀၀၀ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ရုတ်တရက် မေးခွန်းမေးလိုက်တယ်။
"ဒါနဲ့လေ...ဆေးစံအိမ်က ဆေးဖက်ဝင်ဆေးရည်တွေများ လက်ခံပါသလား။"
"ဆေးဖက်ဝင်ဆေးရည်"
အစိမ်းရောင်ဝတ်စုံနဲ့လူက ခဏတာ စကားမပြောနိုင်လောက်အောင် အံအားသင့်သွားတယ်။
"ဆေးရည်အပေါ်မူတည်ပါတယ်။ ဆေးရည် အကျိုးသက်ရောက်မှုကောင်းရင်တော့ ကျွန်တော်တို့ ဆေးစံအိမ်က သင့်တော်တဲ့ဈေးနှုန်းကို ပေးမှာပါ။ "
ယွမ်လော့ဖုန်း အနည်းငယ်တော့ စိတ်ပျက်မိသွားတယ်။
စိတ်စွမ်းအားဆေးရည်ကို မကောင်းလောက်ဘူး ထင်နေတာလား။
"ဘာလို့လဲ သခင်မလေးရောင်းချင်တဲ့ ဆေးရည်ရှိလို့လား။ "
အစိမ်းရောင် ဝတ်စုံနဲ့လူက ယဉ်ကျေးစွာ ပြုံးနေသော်လည်း သူမပြောတဲ့ စကားကို အလေးနက် သဘောမထားပါဘူး။
ယွမ်အိမ်တော်က သခင်မလေးက အမှိုက်ဆိုတာ လူတိုင်းသိနေတယ်မလား။ ဒါပေမယ့် တခဏတာအတွင်းမှာ မမျှော်လင့်ပဲ ဆေးပညာကို စိတ်ဝင်စားလာတယ်။ ဆေးမြစ်တွေ ဝယ်ဖို့ ပိုက်ဆံတွေ အများကြီးသုံးခဲ့တယ်။ နောက်ပြီးတော့ ဒီန့မနက် ကြားမိတာတော့ စစ်သူကြီးယွမ်လော့ ကြောက်စရာကောင်းအောင် အရမ်းဒေါသထွက်နေတယ်တဲ့။ တရားခံက အသုံးဖြုန်းကြီးတဲ့ ယွမ်လော့ဖုန်းဆိုတာ ခန့်မှန်းမိပါတယ်။
သူ့အဆင့်ကို ကြည့်ရရင် ဆေးနယ်ပယ်မှာ ပညာနုပါသေးတယ်။ သူမထုတ်ဖော်ထားတဲ့ ဆေးရည်က အသုံးဝင်ပါ့မလား။
"အခုချိန်မှာတော့ ရောင်းချင်တဲ့စိတ်မရှိသေးပါဘူး။ ရောင်းချင်ရင်တော့ ဆေးစံအိမ်ကို လာခဲ့ပါမယ်။"
ဆေးစံအိမ်က တခြားလူတွေက သူမဝယ်ထားတဲ့ ဆေးမြစ်တွေကို ပြင်ဆင်ပေးပြီးပါပြီ။ သူမဆေးမြစ်တွေရပြီးတာနဲ့ အစိမ်းရောင်ဝတ်စုံနဲ့လူရဲ့ လေးနက်တဲ့အကြည့်တွေအောက်က မြန်မြန်ထွက်သွားခဲ့တယ်။ လမ်းမပေါ်မှာ အရိပ်လေးက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
.....................
သူမ စစ်သူကြီးအိမ်တော်ကို ပြန်ရောက်ပြီးနောက် အနောက်ဘက်တောင်တန်းကို သွားခဲ့တယ်။ သူမကို ဘယ်သူမှ လာမနှောက်ယှက်ဖို့ အမိန့်ပေးထားတယ်။ သူမ ဆေးနတ်ဘုရားလျိုဝှက်နယ်မြေထဲ ဝင်ခဲ့တယ်။
ဆေးနတ်ဘုရားလျိုဝှက်နယ်မြေအတွင်းမှာ ရှောင်မိုတစ်ယောက် ယွမ်လော့ဖုန်းကို မကျေမချမ်း မကျေမနပ်နဲ့ စိုက်ကြည့်နေတယ်။ မကျေနပ်ပုံစံနဲ့ ငိုချင်နေတဲ့ပုံစံလေးနဲ့။
"သခင် ကျွန်တော်ကို လာမတွေ့တာ အရမ်းကြာသွားပြီ။ ဘယ်တော့အချိန်မှ ဆွဲဆောင်မှုရှိတဲ့ ကောင်လေးကို ဆွဲစားမှာလဲ။"
ယွမ်လော့ဖုန်း မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။
"ငါကို လာ ကူညီပါဦး။ အရင်တစ်ခေါက်ကရခဲ့တဲ့ ဆေးပင်ကို စိုက်ပျိုးချင်တယ်။ မဟုတ်သေးပါဘူး။ ဆေးစိုက်ခင်းက ပိုကြီးလာသလိုပဲ။"
ဒီဆေးမြစ်တွေက သူပထမဆုံး ဆေးစံအိမ်က ပိုက်ဆံပေးပြီး ဝယ်လာခဲ့တာတွေပဲ။ သင့်တော်တဲ့ ဆေးမြစ်တွေကို ဆေးစံအိမ်က ပေးလိုက်တာပဲ။ သူမ အလုပ်များနေတာနဲ့ ဆေးမြစ်တွေက စိုက်ပျိုးရမယ့် အချိန်ရောက်နေပြီပဲ။
"အခု သခင်က အောင်မြင်စွာ စိတ်စွမ်းအားလေ့ကျင့်သူ ဖြစ်သွားပြီ။ ဒါကြောင့် ဆေးနယ်မြေကလည်း ကျယ်ပြန့်လာတာ။ သခင်အင်းအားတွေ ကြီးမားလာရင် ဆေးနယ်မြေက ပိုပို ကြီးလာမယ်။" ရှောင်မို သူနှုတ်ခမ်းကို တွန့်ပြီးပြောနေတယ်။
"နောက်ပြီးတော့ အရင်တစ်ခေါက်က ဝယ်လာတဲ့ဆေးမြစ်တွေက သာမန်ဆေးမြစ်တွေ ဖြစ်တယ်။ ဒဏ်ရာကို ဖြည်းဖြည်းချင်းကုသပေးတဲ့ သာမန်ဆေးမြစ်တွေ ဖြစ်နေတယ်။ ဒီလိုဆေးမြစ်တွေကို စိတ်စွမ်းအားဆေးမြစ် အဖြစ်ပြောင်းလဲဖို့ အချိန်၁၀ရက်သာ လိုအပ်တယ်။ "
"ဆေးမြစ်တွေကို စိတ်စွမ်းအားဆေးမြစ်အဖြစ်ပြောင်းလဲဖို့ ၃လကြာမယ်လို့ အရင်ကပြောခဲ့တယ်လေ။"
"မိုက်မဲသောသခင်"
ရှောင်မို မကျေမနပ်နဲ့ ထခုန်လို့ နီးပါးပဲ။ သူ စိတ်မရှည်စွာနဲ့ ဆက်ပြောတယ်။
"အရင်တစ်ခေါက်ကဆေးမြစ်နဲ့ ရေချိုးတဲ့အခါ သုံးတဲ့ ဆေးမြစ်တွေက တန်ဖိုးအရမ်းကြီးတယ်။ စိတ်စွမ်းအားဆေးမြစ်အဖြစ် ပြောင်းလဲဖို့ သေချာပေါကိ အချိန်၃လယူရတယ်။ ဒီထက်မကလည်း ပိုကြာနိုင်တယ်။ အခု ဆေးမြစ်တွေက ဘာမှ သိပ်အသုံးမဝင်ဘူး။ သခင် ဆေးပင်တွေကို ၁၀ရက်အတွင်း ရိတ်သိမ်းလို့ရတယ်။"
ယွမ်လော့ဖုန်းလည်း ရှောင်မိုကို အထင်လွဲမိသွားတယ်ဆိုတာ ရုတ်တရက် နားလည်သွားတယ်။ အရင်က ရှောင်မိုပြောခဲ့တဲ့ စကားတွေကို နားလည်မှုလွဲခဲ့တာပဲ။
"တူရွင်း သွားရှာပေးဦး။ ဒီဆေးမြစ်တွေကို စတင်စိုက်ပျိုးမယ်။ဒီဆေးမြစ်တွေကို အသုံးပြုပြီး ဆေးနယ်မြေ ထူးခြားမှုကို စမ်းသပ်မယ်။"
ယွမ်လော့ဖုန်း မြေပေါ်မှာ ဆေးမြစ်တစ်ခုကို ယူလိုက်တယ်။ ရှောင်မိုကို ကြည့်လိုက်ပြီးတော့ အမိန့်ပေးလိုက်တယ်။
ရှောင်မိုလည်း တူရွင်းကို ယူလာပြီး ယွမ်လော့ဖုန်းဆီ စိတ်အားတက်ကြွစွာ လျှောက်လှမ်းလာတယ်။ ဆေးနယ်မြေမှာ ဆေးမြစ်တွေကို စိုက်ပျိုးဖို့ မိန်းမငယ်လေးကို ကူညီလိုက်တယ်။
ယွမ်လော့ဖုန်း ဆေးနတ်ဘုရားလျိုဝှက်နယ်မြေက ထွကိလာတဲ့အချိန်မှာ အတော်ကိုမှောင်နေပြီလေ။ ဘယ်သူမှ သူမကို လာမနှောက်ယှက်ဖို့ အမိန့်ပေးထားတာကြောင့် အခု ဘယ်သူမှ သူမရှိနေတဲ့ တောင်တန်းကို မလာခဲ့ဘူး။
သူမ မီးဖိုချောင်ဘက်ကို ထွက်သွားခဲ့တယ်။
ဆေးမြစ်တွေကလည်း ကြီးထွားလာပြီးဆိုတော့ အခု စတင်ပြီး ဆေးဖက်ဝင်ဆေးရည် ဖော်စပ်ရမယ့် အချိန်ပဲ။
Chapter-38
End
Bạn đang đọc truyện trên: Truyen247.Pro