
Ep 37
သရဲဘုရင်ရဲချစ်ဇနီးဆိုးလေး
အပိုင်း(၃၇)ဘိုးဘိုးမျက်ရည်
ယွမ်လော့ဖုန်းက ဂုဏ်ယူဝင့်ကြွားသွာဖြင့်" သမီးက သူ့အသက်ကို တစ်ခါကယ်ခဲ့ဘူးတယ်။အဲဒါကြောင့် သူက ကျေးဇူးလာဆပ်တာပေါ့။"
တကယ်ပဲ သူမလည်း ကိုရေခဲကို အသက်တစ်ခါ ကယ်ခဲ့ပါတယ်။ ဒါပေမယ့် အသက်ကယ်ဖို့ အတွက် ဒုက္ခမများခဲ့ပါဘူး။ အဆင်ပြေပြေနဲ့ ကူညီပေးခဲ့တာပါ။ အမှုမဲ့ အမှတ်မဲ့ ကယ်ခဲ့တာပါ။ ဒီလူကို သူမအပေါ် ပြုတ်ကျလာအောင် ဘယ်သူက လုပ်ခဲ့တာပါလဲ။ သူမှာ စိတ်စွမ်းအား သီသန့်ဖြစ်တည်မှုသာ မရှိခဲ့ရင် သူကို ကယ်ခဲ့မှာတော့ မဟုတ်ပါဘူး။ သူမနားမှာလည်း နေခွင့်ပေးမှာ မဟုတ်ဘူး။
ယွမ်လော့ ဟားတိုက် ရယ်မောလိုက်ပြီးတော့
"ငါ့မြေးလေးက အရမ်း အရည်ချင်းရှိတယ်။ အသုံးမဝင်တဲ့ ခန္ဓာကိုယ်ကို အဆင်ပြေအောင် ပြုပြင်နိုင်ရုံတင် မဟုတ်ဘူး ဆေးပညာလည်း ထူးချွန်တာပဲ။ အရင်ရက်အနည်းငယ်က အမတ်ချုပ်မုက ငါ့မြေးလေးကို အနာဂတ်မှာ လက်ထပ်မယ့်လူရှိမှာ မဟုတ်ဘူးတဲ့ ။ ကိုယ်လုပ်တော်ဖြစ်ဖို့ သာထိုက်တန်တယ်လို့ ပြောခဲ့တယ်။ မကြာခင်မှာ ယွမ်အိမ်တော်တ့ခါးဝနားမှာ ငါ့မြေးလေးကို လက်ထပ်ခွင့်တောင်းတဲ့သူတွေ ပြည့်နေမယ်ဆိုတာ အဘိုးပြောနိုင်တယ်။"
အမတ်ချုပ်မု
ယွမ်ရှောင်တစ်ယောက် သူရဲ့ ခံစားချက်မဲ့တဲ့ပုံစံနဲ့ နာမည်ကို စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ သူပုံစံက အမြဲတမ်းလို အေးစက်နေတာပဲ။
"အမှန်ပဲ အဘိုး" ယွမ်လော့ဖုန်းလည်း သူ့အဘိုးယွမ်လော့ လက်ကိုကိုင်လိုက်ပြီး ပျော်ရွှင်စွာ ပြုံးတယ်။
"အဘိုးမှာ ပိုက်ဆံနည်းနည်း ရှိသေးလား။ အခု သမီးကို ပိုက်ဆံ၁၀၀၀လောက်ပေးပါ။"
မုရှန်းက မုအိမ်တော်က သားတစ်ယောက်ဖြစ်သော်လည်း ငွေသန်း၅၀လုံး စုဆောင်းနိုင်ဖို့ ဆိုတာ မလွယ်ကူဘူး။ သူပေးခဲ့တဲ့ စရန်ငွေကလည်း မရှိတော့ဘူး။ သူမ ကျန်တဲ့ ငွေ၄၅သန်းကို စောင့်နေမယ်ဆိုရင် ရက်တွေ အများကြီးကုန်သွားမှာ စိုးရိမ်မိတယ်။
"အဟွတ် အဟွတ်" အဘိုးအိုလည်း တံတွေးသီးလောက်အောင် ချောင်းဆိုးမိသွားတယ်။ တစ်စုံတစ်ယောက်က သူ့ရင်ဘတ်ထဲက ငွေစက္ကူရွက်တွေကို လုယူသွားမှာ စိုးရိမ်တာကြောင့် ရင်ဘတ်လေးကို ဖိကာ ကာကွယ်ထားတယ်။
"ကိုယ့်ဘာသာ ဘာတွေ လုပ်နေလဲဆိုတာ သိရဲ့လား။ ဒီငွေတွေက အိမ်တော်မှာကျန်ခဲ့တဲ့ နောက်ဆုံးငွေတွေလေ။ငါရဲ့ နောက်ဆုံး ပင်စင်ငွေလေးတွေကို မဖျက်စီးပါနဲ့။"
"ထုတ်ပေးလိုက်ပါနော်။"
ယွမ်လော့ဖုန်းလည်း သူမလက်ချောင်းလေးတွေနဲ့ ငွေပေးဖို့ တောင်းဆိုတယ်။
"အဘိုးက ခုချိန်မှာ ငွေ၁၀၀၀ကို သုံးစရာမရှိသေးဘူးလေ။ သမီးကို ခဏတော့ ချေးငှားလိုက်ပါ။ ရက်အနည်းငယ်ကြာရင် ရတနာခန်းကို ငွေအပြည့်ဖြည့်ပေးမယ်။"
"အမှန်တကယ် ပြောနေတာလား။ "
အဘိုးအို စိတ်ထဲမှာ မယုံမကြည်ဖြစ်နေသော်လည်း သူ့အင်္ကျီထဲမှာ ကျန်ရှိနေတဲ့ ငွေလက်ကျန်ကို တုန်ရီနေသော လက်ချောင်းများဖြင့် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ထုတ်ယူခဲ့တယ်။
"ကောင်မလေး .... အဘိုး...မြေးလေးကို သတိပေးလိုက်မယ်နော်။ ဒီငွေတွေက ယွမ်အိမ်တော်မှာ နောက်ဆုံးကျန်တဲ့ ငွေတွေဖြစ်တယ်။ တကယ်လို့ ရက်အနည်းငယ်ကြာလို့ ရတနာခန်းကို ငွေမဖြည့်ပေးရင် အဘိုး....မြေးလေးကြောင့် ငိုမှာနော်။"
အဘိုးအိုရဲ့ နစ်နာသူတစ်ယောက်ကဲ့သို့ အပြုမူကို ကြည့်ရင် ယွမ်လော့ဖုန်း စိတ်မကောင်းဖြစ်မိသွားတယ်။သူမလက်လေးကို ဖြန့်ကာ ပေးတဲ့ ငွေစက္ကူတွေကို လက်ခံလိုက်တယ်။ ရတနာခန်းကို အဘိုးရဲ့ မျက်ရည်ဝိုင်းနေသောပုံစံအောက်မှာ ထားရှိခဲ့တယ်။
........................................
စိတ်စုစည်း ဆေးရည် စိတ်စွမ်းအားလေ့ကျင့်သူတွေကို အဆင်ပြေချောမွတ်စွာ လေ့ကျင့်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
စိတ်စွမ်းအားလေ့ကျင့်သူက စိတ်စုစည်းဆေးရည် ထဲမှာ ရေချိုးဖို့ပဲ လိုအပ်တာပါ။ ဒီလိုပြုလုပ်ခြင်းက အခက်ခဲကို လျင်မြန်စွာ ကျော်လွှားနိုင်တယ်။ နှစ်ထောင်ပေါင်းများစွာ ကြာတော့ ဒီနည်းလမ်းက တန်ဖိုးရှိတဲ့ ရတနာဖြစ်လာတယ် စိတ်စွမ်းအားလေ့ကျင့်သူတွေ အားလုံးလိုချင်တဲ့ တန်ဖိုးရှိတဲ့ အရာဖြစ်လာတယ်။ သို့သော်လည်း စိတ်စုစည်းဆေးရည်က ပျောက်ကွယ်သွားပြီးဖြစ်တယ်။ ဆေးညွှန်းကို သိတဲ့လူဆိုတာ မရှိတော့ဘူး။
ကံကောင်းတာက သူမမှာက စွယ်စုံကျမ်းရှောင်မိုလေးကို ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် စိတ်စုစည်း ဆေးရည်က သူမအတွက်တော့ မခက်ခဲဘူး။ သူမ စိတ်စွမ်းအားဆေးမြစ်တွေ ခုချိန်ထိ မစိုက်ပျိုးရသေးဘူး။ စိတ်စုစည်းဆေးရည်ကို ပုံမှန်ဆေးမြစ်တွေက လုပ်မယ်ဆိုရင်တော့ လိမ်ညာဟန်ဆောင်တာပဲ။ ဆေးရည်က အားနည်းချက်တွေ ရှိနိုင်တယ်။
ဆေးစံအိမ်
များစွာသောလူတွေက ဒီနေကို လာတယ်။ အရမ်းကို အလုပ်များတဲ့နေရာဖြစ်တယ်။
ယွမ်လော့ဖုန်းလည်း ဆေးစံအိမ်တံခါးဝကို ဝင်လိုက်တဲ့အချိန်မှာ သူမကို အရင်တစ်ခေါက်လာတဲ့အချိန်က ယဉ်ကျေးစွာ ပြောဆိုတဲ့လူက ပြုံးပြီးကြိုဆိုတယ်။
"သခင်မလေး... ဒီတစ်ခေါက်လည်း ဆေးမြစ်ဝယ်ဖို့လာခဲ့တာလား။"
"ဒီဆေးမြစ်တွေ ရှိလားဆိုတာ ကြည့်ပေးပါ"
ယွမ်လော့ဖုန်းလည်း သူမလက်ထဲက ဆေးညွှန်းကို ကမ်းပေးလိုက်တယ်။ ဆေးညွှန်းကို စေ့စပ်သေချာစွာကြည့်ပြီးတော့ အပြုံးလေးနဲ့ ပြောတယ်။
"သခင်မလေးယွမ် ဒီတစ်ခေါက်ဝယ်ချင်တဲ့ ဆေးမြစ်တွေက ဈေးမကြီးပါဘူး။ စုစုပေါင်း ငွေ၈၀၀ကုန်ပါမယ်။ ဒါကြောင့်လက်ဆောင် ပေးလိုက်ပါမယ်။ ငွေ လက်မခံပါဘူး။"
ဒီလိုဆိုတော့ ဆေးစံအိမ်က စီးပွားရေးဘယ်လိုလုပ်ရမယ်ဆိုတာ နားလည်တယ်လို့ ပြောလို့ရတာပဲ။ အရင်တစ်ခေါက်က ယွမ်လော့ဖုန်းငွေ၂၅သန်းကို ဆေးစံအိမ်မှာ သုံးခဲ့တယ်။ ဒီငွေ၈၀၀ကို မယူလို့ သူတို့မှာ အရှုံးမရှိပါဘူး။ တစ်ချိန်တည်းမှာ ဖောက်သည်တွေ အများကြီးလာနိုင်အောင် လုပ်နိုင်တာပဲ။
Chapter-37
End
Bạn đang đọc truyện trên: Truyen247.Pro