
Ep 36
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၃၆) အားလုံး မြေးလေးသဘော
ဘာပြောလိုက်တာပါလဲ။
အဘိုးအိုက ယုံကြည်ချက်ပြည့်နေတဲ့ မိန်းကလေး မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေမိတယ်။
သူမဘာပြောလိုက်တာပါလဲ။ ဆေးဖက်ဝင်ဆေးမြစ်တွေက သူမကို စိတ်စွမ်းအားလေ့ကျင့်နိုင်အောင် ပြုပေးတယ်။ သူနားနှစ်ဘက်က ပြသနာဖြစ်နေတာလား။
"စိတ်စွမ်းအား လေ့ကျင့်နိုင်ပြီးလို့ ပြောလိုက်တာလား။"
သူမှားပြီးတော့ ကြားလိုက်တာများလား။ သူ သေချာပေါက် မှားကြားတာပဲ ဖြစ်မှာပါလေ။ တော်ဝင်သမားတော်တွေ ကုသပေးမယ်ဆိုရင်တောင် သူမ ခန္ဓာကိုယ်ကို ကုသပေးနိုင်ဖို့ ဆိုတာ မသေချာဘူး။
အဘိုးအိုလည်း သူ့သံသယကို ချက်ချင်း အတည်ပြုချင်လာတယ်။
မြေးလေးမျက်နှာက ပြုံးနေပြီးတော့ သူမ မျက်လုံးနဲ့ မျက်ခုံးတွေမှာ ဝင့်ဝါခြင်း၊ ယုံကြည်မှုရှိခြင်းတွေ ထင်ဟပ်နေတယ်။ သူမ ခန္ဓာကိုယ်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူမ အင်္ကျိက လေပြေလေညင်းထဲမှာ တလွင့်လွင့်ဖြစ်တေတယ်။ သူမရဲ့ ကောင်းမွန်တဲ့ ဆံနွယ်နက်တွေက ရေတံခွန်ကဲ့သို့ပဲ။ ပြိုင်ဘက်ကင်းတဲ့ ငယ်ရွယ်နုပျိုမှုပဲ။
သို့ရာတွင် အဘိုးအိုရဲ့ စိတ်အာရုံက သူမအလှတရားမှာတော့ မဟုတ်.....။
စိတ်စွမ်းအား
ဟုတ်နေတယ်။ သူရဲက ချစ်လှစွာသော မြေးမလေးမှ စိတ်စွမ်အားရှိနေတာကို ခံစားလို့ရတယ်။
"အဆင့်နိမ့် အစောပိုင်း စိတ်စွမ်းအားလေ့ကျင့်သူ။" သူ မယုံကြည်နိုင်စွာ မေးလိုက်တယ်။
"ဖုန်းအာ....သမီး... စိတ်စွမ်းအား လေ့ကျင့်နိုင်ပြီ။"
"ဟုတ်တယ်။"
ယွမ်လော့ဖုန်း အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးတော့
"မနေ့တည်းက စိတ်စွမ်းအား စတင်လေ့ကျင့်နိုင်တာ။ အဘိုးကို ပြောမလို့ အချိန်မရာတာနဲ့ မပြောရတာ။ အခု ဆေးမြစ်တွေကို ဈေးကြီးတယ်လို့ ထင်နေသေးလား။"
ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးတော့ အရူးတစ်ယောက်ကဲ့သို့ အော်ရယ်သံက ယွမ်အိမ်တော် တစ်ခုလုံးကို ပဲ့တင်ထပ်လာခဲ့တယ်။
ထိုအသံက ယွမ်အိမ်တော်မှ အစေခံနဲ့ အစောင့်တွေကို ပိုပြီးတော့ ကြောက်လန့်စေတယ်။ သူတို့ စစ်သူကြီး ရူးသွားပြီးလို့ ထင်နေမှာပဲ ။ စောနက ဒေါသတကြီး အော်ဟစ်နေတယ်။ အခုတော့ ရယ်နေတယ်။ တကယ်များ ရူးသွားတာလား။
ယခုအချိန်မှာတော့ ရတနာခန်းထဲမှာ ရပ်နေတဲ့ ယွမ်လော့တစ်ယောက် ခေါင်းကို နောက်ပြန်လန်တဲ့အထိ သဘောတကျ ရယ်မောနေတယ်။ တချို့လူတွေကို သံသယဖြစ်စေတယ်။ ဒီအကြောင်းကို တစ်ယောက်ယောက်ကသာ ပြန့်သွားအောင်လျှောက်ပြောလိုက်ရင်တော့ စစ်သူကြီး ယွမ်လော့ ရူးသွားပြီးလားဆိုတဲ့ မေးခွန်းကို လူတွေ စိတ်ဝင်စားနေတော့မယ်။
နောက်ပြီးတော့ အမှိုက်မ ယွမ်လော့ဖုန်းက ရူးတဲ့ အခြေနေရောက်အောင် တွန်းပို့တယ်လို့ ပြောနေတော့မှာ သေချာတယ်။နောက်ဆုံးတော့ အဘိုးအိုက ရယ်နေတာကို ရပ်လိုက်တယ်။ သူရင်ထဲမှာတော့ အရမ်းကို စိတ်လှုပ်ရှားနေတယ်။
"ဈေးမကြီးဘူး။လုံး၀ ဈေးမကြီးဘူး။ မြေးလေး စိတ်စွမ်းအားလေ့ကျင့်နိုင်မယ်ဆိုရင် ယွမ်အိမ်တော်ကို ရောင်းလိုက်ရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ယွမ်အိမ်တော်ကို ရောင်းပြီး အဘိုး ငွေရအောင် လုပ်ပေးနိုင်တယ်။ ၂၅သန်းက ပြသနာမရှိပါဘူး။ ကိစ္စမရှိဘူး။ သတင်းကောင်းကို ခုချက်ချင်း ဒုတိယဦးလေးကို သွားပြောရမယ်။ "
"ဒုတိယဦးလေး အကြောင်းပြောမှပဲ...ပြောစရာရှိနေတာပဲ။ အဘိုး... ဒီည မှောင်နေတာကို အသုံးချပြီးတော့ ဒုတိယဦးလေးကို တိတ်တဆိတ် အနောက်ဘက် တောင်တန်းကို ပို့ရမယ်။ သမီးလည်း မနက်ဖြန်သွားနေတော့မယ်။ အဘိုးကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်။"
အစကနေ အဆုံးအထိ ယွမ်လော့ဖုန်းနောက်မှာ ရပ်နေတဲ့ ထိုလူကို သူ မြင်ပါတယ်။ သူဒေါသထွက်နေလို့သာ မမေးရသေးတာပါ။ သူ့မြေးမလေး မိတ်ဆက်ပေးချင်နေတဲ့လူဆိုတာတော့ သူသိနေခဲ့တယ်။
"သူနာမည်က ယွမ်ရှောင်။ အခုကစပြီးတော့ သမီးသက်တောင့်စောင့် ဖြစ်မယ့်လူ။"
"ဒီလူက မြေးလေး ရွေးချယ်လိုက်တဲ့ သက်တော်စောင့်လား။"
ယွမ်လော့ အရမ်းကို အံအားသင့်သွားတယ်။
ဒီလူ စွမ်းအားနဲ့ ပုံစံကို ကြည့်ရတာ ဒီလူက သက်တော်စောင့်နဲ့ လုံးဝမတူဘူး။ အရေးကြီးဆုံးက ယွမ်လော့ ဒီလူရဲ့ စိတ်စွမ်းအား ကို မမြင်ရဘူး။ ဒီလူက အမှိုက်လည်း မဟုတ်ဘူး။ စိတ်စွမ်းအား မလေ့ကျင့်နိုင်သူလည်း မဟုတ်ဘူး။ ဒီလူ စွမ်းအားက တွေးလိုမရအောင် နက်နဲတယ်လို့ ခံစားရတယ်။
ယွမ်လော့ နောက်ပိုင်း ဖြစ်နိုင်ချေရှိတာတွေကို စဉ်းစားနေမိတယ်။
ဒီလူ အရှိန်ဝါက အရမ်းကို မြင့်မားလွန်းတယ်။ ဒီလို အားကောင်းတဲ့ အရှိန်ဝါနဲ့လူက အမှိုက် ဘယ်ဖြစ်နိုင်မလဲ။
"ဖုန်းအာ သမီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးကို ဘယ်နေရာကနေ အတင်းအဓမ္မ ခေါ်လာတာလဲ။" ယွမ်လော့က ယွမ်လော့ဖုန်းကို အဓိပါ္ပယ်ရှိတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီးမေးတယ်။
ယွမ်လော့ပြောသော
"ဆွဲဆောင်မှုရှိတဲ့ ကောင်လေး"ဆိုတဲ့ စကားကြောင့် ယွမ်ရှောင် မကျေမနပ် မျက်မှောင်ကြုတ်မိတယ်။ တခြားလူတစ်ယောက်ကသာ သူကို စော်ကားမော်ကားပြောရင် သူသတ်လိုက်တာကြာပြီလေ။
ဒါပေမယ့်လည်း ယွမ်လော့ဖုန်းရဲ့ အဘိုးဖြစ်နေတယ်လေ။ သူ သည်းခံရမယ်လေ။
Chapter-36
End
Bạn đang đọc truyện trên: Truyen247.Pro