Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 35

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(၃၅)

"မြေးဆိုးလေး ထွက်လာခဲ့စမ်း။"

နောက်တစ်နေ့ အစောပိုင်းမနက်ခင်းအချိန်မှာ.... ယွမ်လော့ဖုန်းတစ်ယောက် မျက်နှာသစ်ပြီးရုံပဲရှိသေးတယ် မိုးချုန်းသကဲ့သို့ ဒေါသတကြီးဒေါဟစ်နေသောအသံကို ကြားလိုက်ရတယ်။ ထိုအသံက ယွမ်အိမ်တော်တစ်ခုလုံးကို လွှမ်းမိုးနေတယ်။ အချိန်အတော်ကြာ တစ်အိမ်လုံးကို ပဲတင့်သံထပ်နေတယ်။

ထိုအသံက ယွမ်အိမ်တော်တစ်ခုလုံးကို ထိတ်လန့်သွားစေတယ်။ အစေခံတွေကအားလုံးက ကြောက်လွန်းလို့ ခေါင်းကို မဖော်နိုင်လောက်အောင် ကြောက်ရွံ ပုန်းရှောင်နေတယ်။ သခင်မလေးတော့ စစ်သူကြီး နောက်တစ်ကြိမ် ဒေါသထွက်အောင် ဘာတွေသွားလုပ်လည်းဆိုတာ စဉ်းစားမရ ဖြစ်နေတယ်။

"ယွမ်ရှောင်"

ယွမ်လော့ဖုန်းလည်း ပျင်းရိငြီးငွေ့စွာ သမ်းဝေလိုက်ပြီးတော့ အခန်းအပြင်မထွက်မီ သူမရှေ့မှာ ရပ်နေတဲ့ ပြည့်စုံတဲ့ကောင်လေးကို ကြည့်လိုက်တယ်။

"သွားမယ်။ အဘိုးတစ်ယောက် ဘာကြောင့် ဒေါသထွက်နေလဲမသိဘူး။ သရဲလိုအော်ဟစ်နေတယ်။ မနက်ခင်းမှာ ဝံပုလွေတွေ အော်ဟစ်နေသလိုပဲ။ "

သူမ ထိုစကားကိုပြောလိုက်သော်လည်း အဘိုး ဘာကြောင့် ဒေါသထွက်နေလဲဆိုတာ အရိပ်မြွက်လောက်တော့ သိပါတယ်။

......................

ရတနာ ခန်းမဆောင်

အဘိုးအိုက သူရှေ့မှာ ဘာမှမရှိတော့သော ကုန်လှောင်ရုံအခန်းကို စိုက်ကြည့်နေတယ်။ ငိုချင်တယ်စိတ်တွေဖြစ်လာတယ်။ မျက်ရည်မထွက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူငိုလို့ မဖြစ်ဘူး။ မြေပြင်ပေါ်ကို လဲလျောင်းမသွားရအောင် သူ့လက်က နံရံကို တုန်ရီစွာ ထောက်ထားရတယ်။

ကုန်သွားပြီး။ ဘာမှမကျန်လောက်အောင် အကုန် ကုန်သွားပြီ။

ယွမ်အိမ်တော်မျိုးဆက် မြောက်မြားစွာ စုဆောင်းထားခဲ့တဲ့ ငွေတွေအားလုံကို သေသင့်တဲ့ ငွေအသုံးဖြုန်းကြီးသူက အကုန် သုံးလိုက်ပြီ။

အဘိုးအို တကယ်ကို ငိုချင်လာပြီ။ ရတနာခန်းသော့ကို မြေးဆိုးကို မပေးခဲ့သင့်ဘူး။နောင်တတွေလည်း ရပါတယ်။ ရက်အနည်းငယ်အတွင်း ရတာနာခန်းက ငွေတွေအားလုံး သုံးလိုက်မယ်လို့ မထင်ထားခဲ့ဘူး။

သူအတွက် ကြေးပြားလေး တစ်စတောင် မချန်ထားခဲ့ဘူး။

ထိုအချိန်မှာ သူနောက်ဘက်က ခြေဖွဖွလေးအသံကို ကြားလိုက်ရတယ်။ ထူးခြားတဲ့ ခြေသံလည်း ကြားရတယ်။ အဘိုးအိုရဲ့ မကောင်းမြင်စိတ်တွေက ထပ်ဖြစ်ပေါ်လာတယ်။ သူရဲ့ မျက်လုံးနီနီတွေက မြေးဆိုမကို စိုက်ကြည့်လိုက်တယ်။ ဆံပင်တွေဖြူဖွေးနေတဲ့ သူ့ဦးခေါင်းမှ ဆံပင်တွေက ဒေါသထွက်လွန်းလို့ထောင်လာတယ်။

"မြေးဆိုးလေး ငါ့ပိုက်ဆံတွေ ပြန်ပေး။ ပိုက်ဆံတွေကို ဘယ်နေရာမှာ အကုန်သုံးလိုက်လဲ။ "

မိန်းကလေးက ဖြူဖွေးနေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ ယွမ်လော့ရှေ့မှာ အပြစ်ကင်း ဖြူစင်တဲ့ ပုံစံလေးနဲ့ရပ်နေတယ်။

"သမီးလိုချင်သလောက် ရတနာခန်းကငွေတွေကို သုံးနိုင်တယ်လို့ အဘိုးပြောခဲ့တယ်လေ။ အကုန်လုံး သုံးလိုက်လည်း ပြသနာမရှိဘူးလို့ အဘိုးပြောခဲ့တယ်လေ။"

အဘိုးအိုလည်း အသံတိတ်သွားတယ်။ သူပြောခဲ့တဲ့စကားတွေကို တကယ်လိုက်နာပြီး အကုန်သုံးလိုက်တယ်ပေါ့။ ဒီကောင်မလေး အကုန်သုံးလိုက်မယ်လို့ ဘယ်သူကထင်မလဲ။

ဒီငွေတွေက ယွမ်အိမ်တော်မျိုးဆက်တွေ အများကြီး စုဆောင်းခဲ့တဲ့ငွေတွေလေ။ သူအတွက်လည်း ပိုက်ဆံ စုဆောင်းရတာ လွယ်ကူခဲ့တာ မဟုတ်ဘူး။

"အဘိုး" ယွမ်လော့ဖုန်းလည်း အဘိုးရဲ့ ပုခုံးလေးကို ပုတ်လိုက်ပြီး အပြုံးလေးနဲ့ စကားဆိုတယ်။

"အဘိုး...မွေးလာတည်းက ချမ်းသာမှုတွေနဲ့ မွေးလာတာမဟုတ်ဘူးလေ။ သေသွားရင် တစ်ခုမှ ယူသွားလို့ မရဘူး။ဘာလို့ ပိုက်ဆံတွေ အများကြီး စုဆောင်းထားချင် ရတာလဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီပိုက်ဆံတွေအားလုံးကို သမီးအတွက် ချန်ထားပေးခဲ့ရမှာလေ။ ဒီငွေတွေအတွက် ဘာလို့ ဒေါသထွက်နေရတာလဲ။"

မြေးမလေးရဲ့ ချစ်စရာကောင်းလှတဲ့ အပြုံးလေးကို ကြည့်ရင်း ယွမ်လော့ဖုန်း ထောက်ခံသလို ခေါင်းညိတ်လိုက်မိတယ်။ အခုတော့ သူမှာ ရတနာတစ်ပါး မြေးလေး တစ်ယောက်ပဲ ပိုင်ဆိုင်ထားတာ ။ဘာပဲဖြစ်ဖြစ် ငွေတွေ အားလုံးက မကြာခင် သူမအတွက် ချန်ထားပေးခဲ့ရမှာပဲလေ....။

အန်.... မဟုတ်သေးပါဘူး။ ဒီမြေးမ ငါကို စကားလမ်းကြောင်းလွှဲနေတာပဲ။

"ကောင်မလေး... ပြောနေတဲ့စကား အကြောင်းရာကို လမ်းကြောင်းမလွဲနဲ့။ ပိုက်ဆံတွေကို ဘယ်နေရာယူသွားလဲဆိုတာ မြန်မြန် ဝန်ခံလိုက်တော့။ "

ယွမ်လော့ဖုန်း ပြန်ဖြေလိုက်တယ်

"သမီး...ငွေတွေ အားလုံးကို သုံးလိုက်ပြီ။"

"ဘာ..... ဘာပြောလိုက်တယ်။" ရုတ်တရက် အံသြလွန်းလို့ မျက်လုံး ပြူးသွားရတယ်။ အစက သူထင်ခဲ့တာက ပိုက်ဆံတွေ အားလုံးကို တစ်နေရာမှာ သွားသိမ်းထားတယ်ပေါ့။ အကုန်သုံးလိုက်မယ်လို့ မထင်ထားခဲ့ဘူး။

"မြေးဆိုးလေး.... ရိုးရိုးသားသားနဲ့ အမှန်တိုင်းဖြေစမ်းပါ။ ဒီရက်တွေမှာ ဘာတွေလုပ်နေခဲ့တာလဲ။ ပိုက်ဆံတွေ အများကြီး ဘာလို့ သုံးလိုက်တာလဲ။ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင်တော့ ဒီနေ့ ကိစ္စ ပြီးသွားမယ် မထင်နဲ့။ "

"သမီးပြောခဲ့ပါတယ်။ သမီးက သမားတော်လေ။ ဆေးမြစ်တွေ ဝယ်ဖို့ ငွေတွ အားလုံးကို သုံးလိုက်တာ။"

ဆေးမြစ်တွေ ဝယ်တာ။

"မြေးဆိုးလေး ငါကို ၃နှစ်ကလေးလို့ ထင်နေလား။ ဘယ်ဆေးမြစ်က ငွေ၂၅သန်းလုံး သုံးလိုက်ရအောင် ဈေးကြီးမှာလဲ။"

အသုံးဖြုန်းကြီးသူ။ အရမ်း အသုံးဖြုန်းကြီးသူ။

ယွမ်လော့ဖုန်းလည်း ပခုံးတွန့်လိုက်ပြီး ချစ်စရာကောင်းအောင် ပြုံးလိုက်တယ်။

"သမီးကို စိတ်စွမ်းအားလေ့ကျင့်နိုင်အောင် လုပ်ဆောင်ပေးတဲ့ဆေးမြစ်တွေဆိုရင် ဒီငွေနဲ့ ထိုက်တန်တယ်မလား။"

Chpater-35

End

Bạn đang đọc truyện trên: Truyen247.Pro