
Ep 34
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၃၄)
ကို မင်းအိပ်ယာလေးကို နွေးထွေးစေမယ်
ငါ့အနားမှာနေရင် အဆင်ပြေတယ်လို့ ခံစားရတယ်။ ဘယ်လိုမျိုး သဘောတရားလဲ။
"ငါကို ပြောပါဦး။ နင် ဘာလုပ်တတ်လဲ။" ယွမ်လော့ဖုန်း မျက်ခုံးတွန့်လိုက်ပြီးတော့ မနည်းအားယူပြုံးနေရပြီး ကမောက်ကမာဖြစ်နေတဲ့ ထိုလူကို ကြည့်လိုက်တယ်။
ကိုရေခဲတုံးက သူမစကားကို ပြန်ဖြေတယ်။
"ဘာမှ မလုပ်တတ်ဘူး။"
"ဘာမှ မလုပ်တတ်ဘူး....။ အိပ်ယာနွေးအောင် လုပ်ပေးနိုင်လား။"
ယွမ်လော့ဖုန်း မျက်ဝန်းတွေက ပြုံးရိပ်သန်းနေပြီးတော့ သူမရဲ့အသံလေးက ပြုစားဖမ်းစားနိုင်တဲ့ ဖြားယောင်သွေးဆောင်တဲ့ အသံလေးနဲ့ပြောလိုက်တယ်။ စနောက်ချင်စိတ်တွေ ဖြစ်ပေါ်နေတယ်။ သူမနှုတ်ခမ်းက စနောက်တဲ့ စကားလုံးတွေပဲ ထွက်ပေါ်လာတယ်။
အခုချိန်မှာ မိန်းကလေးမှာ အဝတ်ပါးလေး တစ်ထည်တယ် ဝတ်ဆင်ထားတယ်။ မြင်သာအောင်ပြထားတဲ့ နှင်းတမျှ ဖြူဖွေးတဲ့ ပေါင်တံလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အသံလေးက ယောကျာ်းလေးတိုင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကို ဖမ်းစားနိုင်တယ်။ ဒါပေမယ်......သူမရှေ့မှာ ရပ်နေတဲ့ အေးစက် ရက်စက်ပြီး ကမောက်ကမား ဖြစ်နေတဲ့ ကိုရေခဲတုံးကတော့ သူမကို ကြည့်ရင် အရမ်းရမ်း ရှက်နေတာကို သူမတွေ့လိုက်ရတယ်။
အန်......ထိုရေခဲတုံးက ဆွဲဆောင်မြူစွယ်တာကို ခံနိုင်ရည်မရှိဘူး။
"ငါ.... မသိဘူး။ " ထိုရေခဲတုံးက သူမစကားကို ရိုးသားပြီး နာခံတတ်တဲ့ကောင်လေးတစ်ယောက်ကဲ့သို့ သူမမေးတာကို မှန်ကန်စွာ ပြန်လည် တုံပြန်တယ်။
သူစကားပြောတာ ခဏရပ်လိုက်ပြီးတော့
"ငါ.... လေ့လာနိုင်ပါတယ်။"
ငါလေ့လာနိုင်တယ်.........
ယွမ်လော့ဖုန်း ဘာပြောရမှန်း မသိအောင် ထိုလူကို စိုက်ကြည့်နေလိုက်တယ်။ တကယ်လို့ တစ်နေ့မှာ မင်းရှေ့မှာ ရပ်နေတဲ့ ယောကျာ်းလေးတစ်ယောက်က မင်းအိပ်ယာကို နွေးထွေးအောင်လုပ်ပေးနိုင်ဖို့ ငါလေ့လာနိုင်ပါတယ် ပြောရင် မင်းစိတ်ကို တည်ငြိမ်အောင် ဘယ်လိုနေထိုင်လဲ။
"ဒါဆိုလည်း...ငါနဲ့အတူတူ သက်တော်စောင့် အဖြစ်နေလိုက်။ နင်မှာ တခြားရည်ရွယ်ချက် ရှိသေးလား။ "
သူမ စနောက်ချင်တဲ့ စိတ်တွေပျောက်သွားပြီး။ သူမ မူလအခြေနေဖြစ်သွားပြီးတော့ သူမရှေ့မှာရှိတဲ့ ကိုရေခဲကို ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်တယ်။
"နင်သဘောအတိုင်းပါပဲ။" ဒီစကားသံကို ကြားတော့ သူမ ကောက်ချက်ချလိုက်တယ်။ ထိုရေခဲတုံးက ခံစားချက်မဲ့ပြီး ခန့်မှန်းရခက်တာ အပြင် စကားပြောလည်းနည်းတာပဲ။
"စကားမစပ် နင့်နာမည်က ဘာလဲ။" သူမ သမ်းဝေရင် မေးလိုက်တယ်။
လွန်ခဲ့တဲ့နှစ်ရက်က သူမအတွက် ကိုယ်ပိုင် သက်တော်စောင့်တစ်ယောက် ရှာပေးချင်တယ်လို့ အဘိုးပြောတယ်။ ဒီလောက်မြန်မြန် သက်တော်စောင့် လုပ်မယ့်လူက သူမအခန်းတံခါးကို လာခေါက်မယ်လို့ မထင်ထားမိဘူး။
"ရှောင်"
"မိသားစု မျိုးရိုးနာမည်မရှိဘူးလား။"
"မရှိဘူး။"
ယွမ်လော့ဖုန်းလည်း ဘာပြောရမှန်း မသိအောင် ထိုလူကို စိုက်ကြည့်လိုက်တယ်။ ထိုလူမျက်နှာက ခံစားချက်ကင်းမဲ့နေတာပဲ တွေ့ရတယ်။ သူမနှုတ်ခမ်းက စကားမပြောခင် ပြုံးလိုက်ပြီးတော့
"အခုကစပြီးတော့ နင့်နာမည်ကို ယွမ်ရှောင်လို့ ခေါ်မယ်။"
ထိုရေခဲတုံးက သူမပြောတဲ့ စကားနှစ်လုံးကို တိုးတိုးလေးရေရွတ်တယ်။ တောက်ပနက်နဲတဲ့ မျက်ဝန်းတွေက ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
"အခုကစပြီးတော့ ငါ နင်ကို ကာကွယ်ပေးမယ်။"
...........
တစ်ချိန်တည်းမှာပဲ ယွမ်လော့ဖုန်း အခန်းထဲက ထွက်သွားတယ်။ ညနေစောင်းနေပြီးပဲ အဘိုးကို သွားရှာမှပဲ။ အနောက်ဘက်တောင်တန်းကို ပြောင်းရွေ့ဖို့နဲ့ ယွမ်ရှောင်ကို အဘိုးနဲ့ မိတ်ဆက်ပေးရမယ်။ သို့သော်လည်း သူမ မထင်ထားတာက အဘိုးက ခုထိ ပြန်မလာသေးဘူး။ ဒါကြောင့် ခဏလောက်စောင့်နေလိုက်တယ်။ ကြာတော့လည်း မစောင့်နိုင်တော့တာကြောင့် စောင့်နေတာကိုရပ်ပြီးတော့ အခန်းထဲကို ပြန်လာခဲ့တယ်။
သို့သော်လည်း သူမအခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာ ယွမ်ရှောင် ပျောက်နေတယ်။ စောနက သူမအခန်းထဲမှာ ရပ်နေခဲ့တာပါ။ ယွမ်ရှောင် ဘယ်ကို ရောက်သွားတာလဲ.....။
"ယွမ်ရှောင်"
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီးတော့ တစ်ခန်းလုံး အနှံ နာမည်လိုက်ခေါ်နေလိုက်တယ်။ သူမ အမြင်အာရုံတွေက အိပ်ယာပေါ်ကို ရောက်သွားတယ်......။
သူမအိပ်ယာခင်းကြီးက ဖောင်းပွနေတယ်။ သူမအိပ်ယာပေါ်မှာ တစ်ယောက်ယောက် လှဲအိပ်နေတယ်ဆိုတာ သိသားနေတယ်။ အိပ်ယာပေါ်က စောင်အောက်မှာ လဲလျောင်းနေတယ်လူက သူမအသံကိုကြားတော့ စောင်အောက်က ထွက်လာတယ်။
ခံစားချက်ကင်းမဲ့တဲ့ပုံစံနဲ့ ချောမောပြီး ယောကျာ်းပီသတဲ့ သူမျက်နှာကို အနီးကပ် ရှင်းလင်းစွာ မြင်လိုက်ရတယ်။ သူနှုတ်ခမ်းလေးက ပြုံးနေသယောင်လေ။ သူမျက်လုံးလေးက ကြည်လင် ရှင်းသန့်နေတာပဲ။ မျက်ဝန်နက်လေးတွေက တခြားလူတွေ နှိုင်းယှဉ်လို့ မရဘူး။
ယွမ်လော့ဖုန်းရဲ့ အမြင်အာရုံတွေက တဖြည်းဖြည်းချင်းနဲ့ မျက်နှာအောက်ဘက်ကိုရောက်သွားပြီး ကြွက်သားအပြည့်နဲ့ ခန္ဓာကိုယ်ကို ရောက်သွားတယ်။ ဒီလိုမျိုး အရမ်းဆွဲဆောင်မှုရှိတဲ့ပုံစံကိုတွေ့ရတာ သူမ မျက်လုံးတွေက ထိန်းမနိုင် သိမ်းမရ အသေးစိတ်မြင်ရအောင် ပြူးကြည့်မိနေတယ်။
ဒီလိုပြည့်စုံလွန်းတဲ့ ယောကျာ်းလေးကို ဆောင်ကြာမြိုင်မှာ ရောင်းစားပြီး တစ်နိုင်လုံးကို ဖျော်ဖြေခိုင်းရင် ငါ ပိုက်ဆံတွေ အများကြီးရမယ်။ သူက အိမ်ရှေ့စံမင်းသားထက် သေချာပေါက် ပိုပြီးတော့ နာမည်ကြီးလာနိုင်တယ်။
တကယ်တော့ ယွမ်ရှောင် အတွေးက ယွမ်လော့ဖုန်းစိတ်ကူးယဉ်နေသလို မဟုတ်ပါဘူး ။သူရဲ့ မျက်ဝန်းနက်တွေက ယွမ်လော့ဖုန်းကို စိုက်ကြည့်လိုက်ပြီးတော့
"နင့်အိပ်ယာကို နွေးထွေးအောင် လုပ်ပေးရမယ်လို့ ငါကို ပြောတယ်။ အခု မင်းအိပ်ယာက အိပ်ဖို့အတွက် လုံလုံလောက်လောက် နွေးထွေးသွားပြီ။"
ယွမ်လော့ဖုန်းကို အံအားသင့်လွန်းလို့ ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားစေတယ်။
ဒါဆို ဒီရေခဲတုံးက ငါပြောတဲ့စကားလုံး အဓိပါ္ပယ်ကို နားလည်မှုလွဲနေတာလား။ စောနက သူရှက်နေတာက 'အိပ်ယာနွေးထွေးစေချင်တဲ့'စကားကြောင့် မဟုတ်ဘူးပေါ့။
ထိုအချိန် ခဏအတွင်း သူမနားလည်လိုက်တာက ထိုရေခဲတုံးက တကယ်ကို ဖြူစင်ပြီး ချစ်ဖို့ကောင်းတဲ့ကောင်လေးတစ်ယောက်ပါလား။
Chapter-34
End
Bạn đang đọc truyện trên: Truyen247.Pro