Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 33

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(၃၃)

ရေချိုးကန်အတွင်းမှာ မိန်းကလေးရဲ့ ကျက်သရေရှိလှပတဲ့ မျက်နှာလေးက ဖြူဖျော့နေတယ်။ သူမနှုတ်ခမ်းကို နာကျင်စွာ ကိုက်ထားတယ်။ သူမရဲ့ နူးည့ံ့တဲ့ ဆံနွယ်လေးတွေက ကျောဘက်မှာ ဖြာဆင်းနေတယ်။ အပူငွေ့တွေကြောင့် သူမရဲ့ တည်ငြိမ်တဲ့အလှအပကို မမြင်နိုင်ဘူး။

အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားလည်းဆိုတာကို သေချာမသိလိုက်ဘူး။ ရေချိုးကန်အတွင်းမှ ဆေးဖက်ဝင်အရည်တွေက တဖြည်းဖြည်း အစိမ်းရောင်က အမည်းရောင်ကို ပြောင်းလဲသွားတယ်။ သူမရဲ့ ကြေးနီရောင်နှုတ်ခမ်းလေးက လေပူတွေမှုတ်ထုတ်လိုက်တယ်။

"သခင်....အောင်မြင်သွားပြီ။ အခု... သခင်..အနိမ့်အဆင့် အစောပိုင်းစိတ်စွမ်းအားလေ့ကျင့်သူဖြစ်သွားပြီ။ သခင် အရင်လို စိတ်စွမ်းအား မလေ့ကျင့်နိုင်တဲ့ အမှိုက်မဟုတ်ဘူး။ ကျွန်တော် ဆေးညွှန်းရေးပေးမယ်။ ဆေးနဲ့ ရေချိုးဖို့အတွက် ပြင်ဆင်သင့်တာ ပြင်ဆင်ထားလိုက်ပါ။ဆေးကန်မှာ ရေချိုးရင် စိတ်စွမ်းအားလေ့ကျင့်ရင် တိုးတက်နှုန်းကို ပိုမြန်စေမယ်။"

သူမ စိတ်ဝိဉာဉ်အတွင်းမှာ ရှောင်မိုက အရမ်းကို ကျေနပ်အားရ ပီတိဖြစ်နေတယ်။ သည်းမခံနိုင်လောက်အောင် နားငြီးအောင် အဆက်မပြတ် စကားပြောနေတယ်။

"ကံဆိုးတာက ကျွန်တော်တို့မှာ စိတ်စွမ်းအားဆေးမြစ်တွေ မရှိတာပဲ။ မဟုတ်ရင် သက်ရောက်မှု စွမ်းအားပိုကောင်းမှာလေ။ သခင် ဆေးနတ်ဘုရား လျိုဝှက်နယ်မြေကို လာလည်ရင် အရင်တစ်ခေါက်ကရလာတဲ့ ဆေးမြစ်တွေကို စိုက်ပျိုးလိုက်လေ။ "

ယွမ်လော့ဖုန်း မျက်ခုံးတွန့်လိုက်ပြီး တစ်ခုခုပြန်ပြောမလို့ ကြံနေချိန်မှာပဲ ရှောင်မိုရဲ့ သတိပေးသံထွက်ပေါ်လာတယ်။

"သခင်.... တစ်ယောက်ယောက် လာနေတယ်။"

တစ်ယောက်ယောက်လာတယ်။

ယွမ်လော့ဖုန်း ချက်ချင်း သတိဝင်လာတယ်။ သူမဘေးနားက အဝတ်စားကို အလျင်မြန်ယူလိုက်ပြီးတော့ သူမခန္ဓာကိုယ်ပေး ဖုံးလွှမ်းလိုက်တယ်။ သူမ ရေချိုးကန်ထဲက ထွက်လိုက်တယ်။ သူမ ခက်ထန်စွာ စကားဆိုလိုက်တယ်။

"ဒီနေရာမှာ ဘယ်သူရှိနေတာလဲ။ ထွက်လာခဲ့စမ်း။"

ကန့်လန့်ကာနောက်မှာ အမည်းရောင် ပုံရိပ်က တဖြည်းဖြည်း ပေါ်ထွက်လာတယ်။

ထိုလူမျက်နှာပုံစံက အရမ်းကို ပြည့်စုံကောင်းမွန်လွန်းတယ်။ နတ်ဘုရားတွေတောင် မနာလိုအားကျမှုကို ဖြစ်စေတယ်။ သူရဲ့ ပြည့်စုံကောင်းမွန်တဲ့ မျက်နှာက ခံစားချက်မဲ့နေတယ်။ သူရဲ့ မဲနက်တဲ့ မျက်ဝန်းတစ်စုံက ယွမ်လော့ဖုန်းကို အလွန့်လွန့် ကြည့်နေတယ်။ မှန်းဆရခက်တဲ့ မျက်ဝန်းတွေက သူရဲ့ အတွင်းစိတ်ကို ခန့်မှန်းလို့ မရအောင် တားဆီးထားတယ်။

ယွမ်လော့ဖုန်းအကြည့်တွေက ထိုလူရဲ့ နူးညံ့တဲ့နှုတ်ခမ်းပေါ်ရောက်သွားတယ်။ သူတို့ ဆုံခဲ့တဲ့နေ့ကို မှတ်မိသွားတယ်။ထိုနေ့က တခြားလူတစ်ယောက်က သူမအပေါ်ကို ပြုတ်ကျလာပြီးတော့ သူမကို နမ်းခဲ့တယ်.....။

"ဒီအိမ်တော်ကို နင်ဘာလို့ လာတာလဲ။ "

မိန်းကလေးရဲ့ စိတ်တွေက မူလအတိုင်း ပြန်လည် တည်ငြိမ်လာပြီးတော့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေက အေးတိအေးစက်နိုင်တဲ့ မျက်နှာကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။သူမ စိတ်မရှည်မယ့်အစား သူမအသံမှာ ထိုလူကို စနောက်ချင်စိတ်တွေပိုနေတယ်။

"နင် ဒီပစ္စည်း ကျန်ခဲ့လို့။ "

ထိုလူက လက်ကိုမြှောက်လိုက်ပြီး သူ့လက်ထဲမှ ကျောက်စိမ်း ဆွဲပြားလေးကို ပြတယ်။

ကျောက်စိမ်းဆွဲပြားလေးမှာ ယွမ် ဆိုတဲ့ စာသားလေးကို ရေးထွင်းထားတယ်။

ယွမ်လော့ဖုန်း တခဏတာ ကြောင်အအဖြစ်သွားတယ်။ ထိုနေ့က သူမ ကျောက်စိမ်း ဆွဲပြားကို တကယ်ပျောက်သွားခဲ့တာ။ ဘယ်နေရာမှာမှ ရှာမတွေ့ဘူး။ ဒါပေမယ့် ထိုလူလက်ထဲမှာ ကျန်ခဲ့မယ်လို့ မထင်ထားခဲ့ဘူး။

ထိုလူ စစ်သူကြီးအိမ်တော်ကို ရောက်လာတာ မဆန်းပါဘူးလေ။ တကယ်ပဲ သူမကိုလာရှာတာ ကျောက်စိမ်းဆွဲပြားအတွက်ကြောင့်ပဲလား။

"ကောင်းပြီးလေ ကျောက်စိမ်းဆွဲပြားကို ပိုင်ရှင်ဆီ ပြန်ပေးပြီးပြီဆိုတော့ အခု နင်ပြန်လို့ရပြီ။"

ယွမ်လော့ဖုန်းလည်း ကျောက်စိမ်းဆွဲပြားကို လက်ခံယူလိုက်တယ်။ ညစ်ထေးထေး ပြုံးလိုက်ပြီးတော့ အေးစက်တဲ့ လူထူးဆန်းကို စိုက်ကြည့်လိုက်တယ်။ သူမ မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

"တခြား ကိစ္စရှိသေးလို့လား။"

ထိုလူက အနည်းငယ်တော့ ရွေ့သွားတယ်။ ဒါပေမယ့် ထွက်မသွားဘူး။

တခဏအတွင်းမှာ ယွမ်လော့ဖုန်းလည်း ထိုလူမျက်နှာမှာ ကမောက်ကမာဖြစ်နေတာ ကို တွေ့လိုက်ရတယ်။

"နင်.......ငါကို ကယ်ခဲ့တယ်။"

(ကလေး စကားတွေ ထစ်နေပြီ။)

"ဟုတ်တယ်လေ။ အဲဒါ ဘာဖြစ်လို့လဲ။"

"ပြီးတော့ နင်... ငါ့မျက်နှာကို တွေ့သွားတယ်...။"

"အဲတော့ ဘာဖြစ်လဲ။"

"နင်....ငါကို တာဝန်ယူပေးရမယ်။"

(မိန်းကလေးက ပြောရမယ့်စကားကြီးကို.... စာရေးသူ ခဏတာ စွံအသွားမိ)

".................."

ယွမ်လော့ဖုန်းလည်း ကမောက်ကမားပုံစံနဲ့ ထိုလူပုံစံကို ကြည့်နေရင်း သတိလစ်မေ့မြောချင်သလို ဖြစ်သွားတယ်။

ငါ့ နားနှစ်ဘက်မှာ ပြသနာမရှိခဲ့ပါဘူး။ ငါ အခု ဘာတွေ ကြားနေရတာပါလဲ။ ငါ့နားကို မယုံကြည်နိုင်တော့ဘူး။

မျက်နှာဖုံးနောက်ကွယ်က သူ့မျက်နှာကို ငါက မြင်သွားလို့ စိတ်မကျေနပ်တဲ့ပုံစံနဲ့ ကိုရေခဲတုံးက ငါကို တာဝန်ခိုင်းတယ်။

"ကျွန်တော်သိနေတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာ သိနေခဲ့တယ်။ သခင် သူကို မြန်မြန် လက်ခံလိုက်တော့။ သခင် သူဆီက အကျိုးမြတ်တွေ ရရှိနိုင်တယ်။ သူကို မြန်မြန် လက်ခံလိုက်တော့။ "

ရှောင်မိုက လုံးဝရေခဲတုံးဘက်တော်သားပဲ။ သူကို တာဝန်ယူစေချင်လို့ ငါ့အိမ်တော်ကို လာခဲ့တာလား။

"တိတ်တိတ်လေး နေစမ်းပါ။" ယွမ်လော့ဖုန်း သူစိတ်ကို မထိန်းနိုင်ပဲ ရက်စက်စွာ အော်လိုက်တယ်။ သူမရှေ့မှာ ရပ်နေတဲ့ လူကို ကြည့်နေလိုက်တယ်။

"ငါက နင်ကို အတင်းအဓမ္မအနိုင်ကျင့် စော်ကားခဲ့တာ မဟုတ်ဘူးလေ။ နင်ကို ငါက ဘာလို့ တာဝန်ယူရမှာလဲ။ ငါတို့တွေက တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတွေလေ။ နင် ငါကို ဘာလို့ လာရှာတာလဲ။ ငါ နင်ကို တစ်ခါ ကူညီပေးခဲ့လို့လား။ "

ခံစားချက်မဲ့နေတဲ့ ရေခဲတုံး ထိုလူက သူ့နှုတ်ခမ်းလေးကို ဖွင့်ဟပြီး ကမောက်ကမားနဲ့ ပြန်ဖြေတယ်။

"ငါ...မသိဘူး။ မင်းအနားမှာ နေရရင် ငါ...အရမ်းအဆင်ပြေတယ်လို့ ခံစားရတယ်။"

Chapter-33

End

(ခိုခို ရေခဲတုံးက မလွယ်ဘူးနော်။ အရမ်း တာဝန်ယူခိုင်းနေတာ။ bye bye good night.) 😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍

Bạn đang đọc truyện trên: Truyen247.Pro