Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 31

အပိုင်း(၃၁)

သူ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုမှာ စွမ်းဆောင်ရည်မရှိဘူးဆိုတာ သူ့အဘိုးမသိဘူးဆိုတာ သေချာပါတယ်။ ဒါဆို ယွမ်လော့ဖုန်းက ဘယ်လိုသိနေတာလဲ။

ရက်အနည်းငယ်လောက် အိမ်တော်မှာ စဉ်းစားလိုက်ပြီးတော့ ဒီအကြောင်းကို သူမကို မေးဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးကို သူတွေ့လိုက်ရတယ်။ နေရောင်အလင်းတန်လေးတွေက သူမရဲ့လှပတဲ့ မျက်နှာလေးပေါ် ဖြာဆင်းနေတယ်။ ပြောရမယ်ဆိုရင် သူမပုံစံကလေးက လှပတဲ့ပန်းချီကားထဲက ထွက်လာတဲ့ ရုပ်ပုံလေးလိုပဲ။ သူမအလှကို နှိုင်းယှဉ်လို့မရအောင် လှပတယ်။

မုရှန်းမျက်ဝန်းတွေက အံသြမှုတွေနဲ့ တဖျတ်ဖျတ်လက်နေတယ်။ သူအရင်က ယွမ်လော့ဖုန်းအလှကို သတိမထားမိခဲ့ဘူး။ အရင်က စိတ်နေသဘောထားကြောင့် ဖြစ်မှာပါလေ။

ဟုတ်တယ် အခု ယွမ်လော့ဖုန်းက အရင်ယွမ်လော့ဖုန်းနဲ့ မတူတော့ဘူး။ ဒီမိန်းကလေး လုံးဝပြောင်းလဲသွားပြီ။ အရင်ယွမ်လော့ဖုန်းလို အချစ်ကိုအရူးမူးစွဲလမ်းမနေဘူး။ အကျင့်စာရိတ္တမကောင်းတာ မရှိဘူး။အခုယွမ်လော့ဖုန်းမျက်နှာမှာ ယုံကြည်မှုတွေ ပြည့်နေတယ်လို့ ခံစားရတယ်။ မာန်နာကြီးခြင်းကို သူမ မျက်ခုံးနှစ်ခုကြားကိုကြည့်တာနဲ့ သိနိုင်တယ်။ သူမ မျက်လုံးတွေက တလောကလုံးကို အထင်သေးသလိုကြည့်နေတယ်။

ရုတ်တရက် မုရှန်းစဉ်းစားလိုက်မိတယ်။ သူ့ညီမ မုဝူစွမ်းက အဖြူရောင်ဝတ်စုံနဲ့မိန်းကလေး ယွမ်လော့ဖုန်းကို ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ အခိုင်မာ ကြိုတင်ခန့်မှန်းမိလိုက်တယ်။တစ်နေ့မှာ အိမ်ရှေ့စံမင်းသား ယွမ်လော့ဖုန်းနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းမိလို့ တစ်ဘဝလုံး နောင်တရနေတော့မယ်။

"ယွမ်လော့ဖုန်း" မုရှန်း စိတ်ခံစားချက်တွေ အရမ်းရှုပ်ထွေးနေတယ်။ သူဆီဦးတည်လာနေတဲ့ မိန်းကလေးကို ကြည့်နေခဲ့တယ်။ သူသွားတွေကို မုရှန်းကို ပြောလိုက်တယ်။

"နင်ဘယ်လို သိနေတာလဲ....ငါ.....လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုမှာ ပြသနာရှိနေတာကို နင်ဘယ်လိုသိနေတာလဲ။"

သူ့မျက်နှာတစ်ပြင်လုံးက မကျေမနပ်ဖြစ်ပြီး ရှက်လွန်းလို့ နီရဲလာတယ်။ မစွမ်းဆောင်နိုင်တာကို ဝန်ခံရတာ ယောကျာ်းလေးတစ်ယောက်အတွက် အရမ်းရှက်ဖို့ကောင်းပါတယ်။ မိန်းကလေးမျက်နှာကတော့ ဘာမှမပြောင်းလဲသွားဘူး။

သူမရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေက မုရှန်းကို ကြည့်လိုက်တယ်။ သူမ မဲ့ပြုံးပြုံးလိုက်တယ်။

"ဒီအိမ်တော်ကို နင်လာတယ်ဆိုတည်းက နင်မှာ အဖြေရှိပြီးသားမလား။"

ချက်ချင်းဆိုသလို မုရှန်းတစ်ယောက် ယွမ်လော့ဖုန်းရှေ့ ဒူးထောက်ကာ တရှုပ်ရှုပ်ငိုယိုရင်း တောင်းပန်နေတယ်

" နတ်ဆေးဆရာမလေး ငါကို ကယ်တင်ပေးပါနော်။"

"ငါကို အမှိုက်မလို့ နင်ပြောခဲ့တယ်မလား။" ယွမ်လော့ဖုန်းလည်း ဒူးထောက်တောင်းပန်နေတဲ့ မုရှန်းကို ခံစားချက်မဲ့စွာ ကြည့်လိုက်တယ်။

"နတ်ဆေးဆရာမလေး ငါမှားခဲ့တယ်ဆိုတာ သိပါပြီ။ ငါ အကန်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နတ်ဆေးဆရာမလေးကို စော်ကားပြောဆိုမိပါတယ်။ နတ်ဆေးဆရာမလေး ကျွန်တော်ရောဂါကို ကုသပေးနိုင်ရင် မုရှန်း နတ်ဆေးဆရာမလေး အမိန့်ကို နာခံလိုက်နာသူ ဖြစ်စေရပါမယ်။ "

"မလိုအပ်ဘူး။ ဒါပေမယ့် နင်သိတဲ့အတိုင်းပဲ လူနာတွေကို ကုသပေးနိုင်ဖို့က ငွေလိုအပ်တယ်။ ဆေးမြစ်တွေက အရမ်းဈေးကြီးတယ်။ စစ်သူကြီးအိမ်တော်က ဆင်းရဲတယ်။ ဆေးမြစ်တွေကို မဝယ်နိုင်ဘူး။"

ယွမ်လော့ဖုန်းလည်း သူမခေါင်းလေးကိုခါရင်း သက်ပြင်းချတယ်။

"ငါ နင်ကို မကုပေးချင်လို့မဟုတ်ပါဘူး။ ငါ ပိုက်ဆံ မတတ်နိုင်လို့ပါ။"

"နတ်ဆေးဆရာမလေး ပိုက်ဆံက ပြသနာမရှိပါဘူး။ နင်ငါကို ကုသပေးနိုင်သမျှ ပိုက်ဆံဘယ်လောက်ကုန်ကုန် ပြသနာမရှိဘူး။ " ယွမ်လော့ဖုန်းစကားသံကို ကြားတော့ မုရှန်းမျက်လုံးတွေ အရောင်တောက်သွားတယ်။

"နင်က ရိုးရိုးသားသားပွင့်လင်းစွာ ပြောတော့လည်း ငါ နင်ကို ပေးရမယ့် ပိုက်ဆံအကုန်လုံးမတောင်းသေဘူး။ နင် စရန်ငွေပေးခဲ့ရမယ်။"ယွမ်လော့ဖုန်း နှုတ်ခမ်းလေးက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။

"မနက်ဖြန် ငွေသန်း၅၀ယူလာခဲ့။ မနက်ဖြန်ငါ နင်ကိုချက်ချင်းကုသပေးမယ်။ ဒီနေ့တော့ စရန်ငွေအဖြစ် ငွေ၅သန်းပေးခဲ့လိုက်။ "

"ဘာ" မုရှန်းတစ်ယောက် အံအားသင့်လွန်းလို့ အသံတိတ်သွားတယ်။ အနည်းဆုံး သန်း၅၀ပေးရမယ်။ ဘယ်ဆေးမြစ်က ဒီလောက်ပိုက်ဆံပေးဝယ်ရတာလဲ။

"နင်သိနေဖို့က နင့်နေမကောင်းတာက ပုံမှန်ရောဂါမဟုတ်ဘူး။ သန်း၅၀ဆိုတာ အနိမ့်ဆုံးဈေးနှုန်းပဲ။ ဆေးမြစ်ဝယ်တာပဲရှိတယ်။ ငွေကြိုးနဲ့ ငါ့ကုသငွေကို ထည့်မတွက်ရသေးဘူး။ "

ယွမ်လော့ဖုန်းလည်း မုရှန်းကို လှမ်းကြည့်လိုက်တယ်။

"နင် ငါကိုလာမတွေ့ရင် သန်း၁၀၀ပေးလည်း နင်ကို မကုသပေးဘူး။ နင့်ရောဂါကို အတော်ကို ကြိုးစားပမ်းစား ကုသရမှာ ငါ့စွမ်းအားတွေလည်း ကုန်ဆုံးမယ်။"

မုရှန်းမျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ ဗျာပါဒများနေတယ်။ ဒါဆို သူကို ကုသဖို ယွမ်လော့ဖုန်းအတွက် စွမ်းအားကုန်ခမ်းမယ့် ကိစ္စဖြစ်နေတယ်။ သန်း၅၀ကိုလည်း အသိဉာဏ်မဲ့စွာ သုံးလိုက်ဖို့ကလည်း အရမ်းဈေးကြီးလွန်းတယ်။

Chapter-31

End

Bạn đang đọc truyện trên: Truyen247.Pro