Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 30

အပိုင်း(၃၀)

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

စာစဉ်၄ရပါပြီနော်

ယွမ်အိမ်တော်

မိန်းမငယ်လေး အခန်းအတွင်းမှာ ဆေးသင်းရနံံ့တွေက တစ်ခန်းလုံးပျံနှံနေပြီးတော့ မူလသင်းရနံ့ကို ဖုံးလွှမ်းနေတယ်။ယွမ်လော့ဖုန်း ရေချိုးကန်ရှေ့မှာ အဝတ်စားတွေအားလုံးကို ချွတ်လိုက်ပြီး ရပ်နေလိုက်တယ်။

သူမခြေချောင်းလေးကို ဖြေညှင်းစွာ မလိုက်ပြီးတော့ သစ်သားရေကန်အတွင်း သတိရှိစွာ ဝင်လိုက်တယ်။သူမခြေချောင်းလေးတွေက ဆေးအရည်တွေနဲ့ထိလိုက်ချိန်မှာ မခံစားနိုင်လောက်အောင် နာကျင်တယ်။ သူမစိတ်ကို ခံနိုင်ရည်ရှိအောင် အားတင်းလိုက်ပြီး ခြေတစ်စုံလုံး ရေကန်ထဲ ဝင်လိုက်တယ်။ တစ်ခဏအတွင်းမှာပဲ နာကျင်လွန်းလို့ သူမလက်တွေက ခြေချောင်းလေးတွေကို ရေကန်ထဲက ဖယ်ထုတ်ချင်လာတယ်။ ဒါပေမယ့် သူမ နားလည်ပါတယ်။ သူမ အခက်ခဲကိုမကျော်လွှားနိုင်ရင် ထာဝရအမှိုက်ဘဝနဲ့ နေထိုင်ရလိမ့်မယ်။ စိတ်စွမ်းအား လေ့ကျင့်နိုင်မှာလည်း မဟုတ်ဘူး။

“ရှောင်မို နင်အရင်က ပြောခဲ့သလိုပဲ ဆေးနဲ့ရေချိုးတာက အရမ်းနာကျင်တာပဲ။ ဒီလောက်နာကျင်မယ်လို့ မထင်ထားခဲ့ဘူး။”

ယွမ်လော့ဖုန်း နာကျင်စွာ ပြုံးလိုက်တယ်။ ဒါပေမယ့် သူမတစ်ကိုယ်လုံးကို ဆေးရေကန်ထဲ နှစ်မြှပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူမခန္ဓာကိုယ်က အရေပြားတွေကို ဓားချက်ပေါင်းများစွာနဲ့ ထိုးနေသလို ခံစားရတယ်။ အရမ်းကို နာကျင်လွန်းတယ်။အကြိမ်ပေါင်းများစွာ ရေကန်ထဲက ပြေးထွက်ချင်လာတယ်။ သို့သော်လည်း သူမရှုံးနှိမ်မယ်ဆိုတဲ့ အကျိုးဆက်ကို တွေးလိုက်တိုင်း သူမသည်းခံနေလိုက်တယ်။ သူမ သွားလေးတွေကို အံကြိတ်ရင် ဆက်သည်းခံနေရတယ်။

“သခင်… အကောင်းဆုံး ကြိုးစားထားပါ။ သခင်အချိန်ကြာကြာဆက်သည်းခံနိုင်ရင် ဒီပြည်နယ်တခွင်ကို သခင် လွတ်လပ်စွာ သွားလာလို့ရပြီ။ ”

သည်းခံနေတာက ဘာမှမမှားပါဘူး။ ရှောင်မိုအားပေးစကားသံက ယွမ်လော့ဖုန်း နှလုံးသားကို လှုပ်ခါစေတယ်။ ဖျော့တော့နေတဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်နေတယ်။ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းလေးတွေက နီရဲနေတယ်။ သူမ အရမ်းကို အေးချမ်း တည်ငြိမ်နေတယ်။

“နင်ပြောတာမှန်တယ်။ ငါ နာကျင်မှုကို ဆက်သည်းခံနေရမယ်။ ငါကိုယ်တိုင်အတွက် ၊ ငါ့မိသားစုအတွက်….” သူမမျက်လုံးလေးကို ပိတ်လိုက်ပြီးတော့ သူမမျက်ဝန်းထဲက မာနကြီးခြင်း လွှမ်းမိုးနိုင်ခြင်း တို့ကို ဖုံးကွယ်ထားလိုက်တယ်။

“ငါ ပိုပြီးတော့ သန်မာလာချင်တယ်။ ဒီပြည်နယ်မှာရှိတဲ့လူတွေ ငါကို အနိုင်ကျင့် မနှိပ်စက်စေရဘူး။ တစ်နေ့မှာ မုချင်းချောင်နဲ့ ခွေးဘုရင်ကို ငါ့မိဘတွေ အုတ်ဂူရှေ့မှာ ဒူးထောက်တောင်းပန်စေချင်တယ်။  ဒီတိုင်းပြည်တွေအားလုံးကို ငါ့ခြေထောက်အောက်မှာ ရှိစေချင်တယ်။”

အရင်ဘဝကလို တခြားလူတွေကဲ့သို့ သာမန်လူ မဖြစ်ချင်ဘူး။ အရင်ဘဝက ဆရာ သူမကို လက်ခံစေဖို့အတွက် သူမ စာကိုပဲ ဂရုတစိုက် ကြိုးစားခဲ့တယ်။ ဒီလောကမှ ဆက်လက်နေထိုင်ဖို့ အတွက်ကတော့.....။ပြင်းထန်တဲ့နာကျင်မှုတွေကို ကျော်လွှားနိုင်ပြီးတော့ သူမခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘူး။ မူလက အစိမ်းရောင်ဆေးရည်တွေက တဖြည်းဖြည်း အမည်းရောင် ပြောင်းသွားတယ်။ သူမ ရေကန်ထဲက ရအောင်ထွက်လိုက်တယ်။

အချိန်၁နာရီက သူမအတွက်တော့ ရာစုနှစ်တစ်ခုလိုပဲ။ အရမ်းကို ကြာရှည်လွန်းတယ်။ သည်းခံနိုင်ဖို့ ခက်ခဲလွန်းတယ်။  အရမ်းလည်း နာကျင်လွန်းတယ်။ နောက်ထပ် လေးကြိမ်ထက်ပိုပြီး သူမသည်းခံရဦးမယ်….။ နောက်ပိုင်း ဒိလောက်အထိ မနာကျင်လောက်ပါဘူး။

ယွမ်လော့ဖုန်းက တကယ်တော့ စိတ်ကူးယဉ်ဆန်တဲ့ လူတစ်ယောက်ပါ။ ပထမဆုံးအကြိမ်က နာကျင်မှုအသက်သာဆုံးပါ။ ပြီးဆုံးခါနီးလေ နာကျင်မှုက ပိုပြင်းထန်ပြီးတော့ ပိုခက်ခဲပါတယ်။

ငါးရက်အတွင်းဆိုရင်တော့ ငါတို့ယွမ်အိမ်တော်မှာ အရမ်းပြသနာဖြစ်သွားနိုင်တယ်။ ဒီစစ်သူကြီးအိမ်တော်မှာ ငွေမရှိဘူး။ ဟုတ်တယ် နောက်ထပ် ၄ရက်လောက် ဆေးနဲ့ရေချိုးရမယ်ဆိုရင် သန်း၂၀ကုန်မယ်။ နှစ်တွေအများကြီး ယွမ်အိမ်တော်က စုဆောင်းထားတဲ့ ငွေနဲ့ ညီမျှတယ်။ဒါတွေ အားလုံးကို သူမ လေးရက်အတွင်းသုံးလိုက်ရမယ်။ ဘဏ္ဍာတိုက်ထဲမှာ ငွေတွေအကုန် ကုန်သွားတာကိုသာ အဘိုးယွမ်လော့ သိသွားလို့ကတော့ အရမ်းဒေါကန်နေတော့မှာပဲ။

“သခင်မလေး …သခင်မလေး” သူမအတွေးလွန်နေချိန်မှာ အစေခံချင်ယန်က အခန်းထဲကို လျင်မြန်စွာ ပြေးဝင်လာတယ်။ မျက်နှာသေးသေးလေးက စိတ်ရှုပ်ထွေးမှုတွေ ပြည့်နေတယ်။

“သခင်မလေး ပြသနာတော့တက်ပြီး မုအိမ်တော်က မုရှန်းက သခင်မလေးကို လာတွေ့တယ်။ စစ်သူကြီးကလည်း အိမ်တော်မှာ မရှိဘူး။ ကျွန်မတို့တွေ ဘာလုပ်သင့်လဲ။”

မုရှန်း ။ဒီနာမည်ကို ကြားတော့ ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။

“ငါးရက်အတွင်း လိုအပ်တဲ့ ဆေးမြစ်တွေကို ဝယ်ယူဖို့ ပိုက်ဆံမရှိလို့ ငါက စိတ်ညစ်နေတာ။ အခုတော့ ပိုက်ဆံပေးမယ့်လူက ရောက်လာပြီးပေါ့။ ”

ထိုအချိန်မှာ အရှေ့ဘက်ခြံဝင်းအတွင်းမှာ မုရှန်းတစ်ယောက် စိတ်ရှုပ်ထွေးလွန်းလို့ ခေါက်တုံခေါက်ပြန် အရှေ့ အနောက် လမ်းလျှောက်နေတယ်။ သူ့မျက်နှာမှာ စိုးရိမ် ထိတ်လန့်မှုတွေနဲ့ ပြည့်နေတယ်။ သူအိမ်တော်မှာ ၄ရက်လောက်တွေးပြီးပြီ သူ မေးခွန်းတွေ အများကြီးလည်း တွေးနေခဲ့တာ။ ဒီမေးခွန်းတွေကို ယွမ်လော့ဖုန်းဆိုတဲ့ လူတစ်ယောက်ပဲ ဖြေပေးနိုင်မယ်။

Chapter-30

End

(AN-နောက်ပိုင်းကတော့ .....)

Bạn đang đọc truyện trên: Truyen247.Pro