
Ep 29
အပိုင်း(၂၉)
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်၄လည်း ရနေပါပြီနော်
ယွမ်လော့မျက်လုံးတွေက ဒေါသထွက်ရလွန်းလို့ တဖြည်းဖြည်းနဲ့ ပိုအေးစက်လာတယ်။ သူရဲ့ လျင်မြန်ဖျတ်လက်ပြီးတော့ အားကောင်းတဲ့ မျက်ဝန်းတွေက နန်းဆောင်အတွင်းမှာရှိနေတဲ့ အမတ်တွေ အားလုံးကို ကြည့်လိုက်တယ်။ အားလုံးက သူတို့ကျောကို ဓားနဲ့အထိုးခံရလို့ မြေပြင်မှာ လဲလျောင်းနေရသလို ခေါင်းကိုဖော်မလာတော့ဘူး။
“အရှင်မင်းကြီး… စေ့စပ်ထားတာကို ဖျက်သိမ်းတာက ကျွန်တော်မျိုး မြေးမလေးပါ။ အရှင်မင်းကြီးက အမတ်အိုကြီးကို စာနာသနားမိတယ်ဆိုရင် ကျွန်တော်မျိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ။”
သူလည်း သူ့ဦးခေါင်းကို မာနထောင်းလွှားကာ စိတ်ကြီးဝင်နေတဲ့ ဘုရင် ကွမ်တုဘက်ကိုလှည့်လိုက်တယ်။
တည်ကြည်စွာ လျှောက်တင်လိုက်တယ်။
“ကောင်းပြီလေ” ကွမ်တုမျက်လုံးတွေက တောက်ပနေပြီးတော့ ဂုဏ်ကျက်သရေရှိတဲ့ အသံနဲ့ပြောတယ်။
“စစ်သူကြီးယွမ်လော့က တောင်းဆိုတော့လည်း ကိုယ်တော်က ခွင့်ပြုပေးရမှာပေါ့လေ။ စစ်သူကြီးယွမ်လော့ အနာဂတ်မှာ နောင်တမရဖို့ပဲ မျှော်လင့်တယ်။”
“ကျွန်တော်မျိုး ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးဆွေးနွေးသင့်တဲ့ အကြောင်းရာတစ်ခုရှိပါသေးတယ်။အရှင်မင်းကြီး ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်မျိုး ပိုင်ဆိုင်တဲ့ အမည်းရာင်အမိန့်တော်ကို မြေးမလေးအတွက် အမိန့်တော်တစ်ခုနဲ့ လဲလှယ်ချင်ပါတယ်။ဒီအမိန့်တော်ထဲမှာ ကျွန်တော်မျိုး မြေးမလေးက ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် တော်ဝင်မိသားစုနဲ့ တွေ့ဆုံရင် မည်သူကိုမှ ဂါဝရပြုစရာ မလိုအပ်ဘူးဆိုတဲ့ အမိန့်တော်ပါ။ ”
အစကနေ အဆုံးအထိ ယွမ်လော့က သေမိန့်ကင်းလွတ်တဲ့ ရွှေရောင်အမိန့်အကြောင်းကို မပြောခဲ့ပါဘူး။
(AN- အပိုင်း၁၇မှာ ယွမ်လော့ဖုန်းလေး သူ့အဘိုးကို တောင်းဆိုခိုင်းတဲ့ စကားတစ်ခွန်းပါ။)
“ခွင့်ပြုတယ်။” အံသြဖို့ကောင်းအောင် ကွမ်တုက သူ့လက်ကို ခါပြီး အမူရာနဲ့ သဘောတူလိုက်တယ်။
သေမိန့်ကင်းလွတ်ခွင့်ကိုတော့ ဘုရင်ကိုတောင်းမနေတော့ဘူး။ အဲ့ဘုရင်က သူသတ်ချင်ရင် ကျွမ်းကျင်တဲ့ လူသတ်သမားတွေ လွှတ်လိုက်မှာပဲ။ သေမိန့်ကင်းလွတ်ခွင့် ရွှေရောင် အမိန့်ရှိတာနဲ့ မရှိတာက ဘာမှထူးခြားတာ မရှိဘူး။
ဘုရင် ခွင့်မပြုလည်းအကြောင်းမရှိပါဘူး။ သူမှာက အမည်းရောင်အမိန့်တော်ကို ပိုင်ဆိုင်ထားတာပဲ။ ခွေးဘုရင် ဘာမှ မတတ်နိုင်ဘူးလေ။ ငါ့ ဆန္ဒကို ဖြည်းဆည်းပေးမယ့် အမည်းရောင်အမိန့်တော်ကို သူ ဆန့်ကျင့်လို့မရဘူးလေ။
“တခြားအကြောင်းရာ မရှိတော့ရင် အားလုံးအနားယူလို့ရပြီ။ အမတ်မင်းတို့ ပြန်လို့ရပြီ။”
ကွမ်တု ထွက်ခွာသွားတော့ အမတ်တွေအားလုံးဂါဝရပြုတယ်။ အမတ်တွေလည်း အုပ်စုလိုက် ခန်းမအတွင်းထွက်ခွာသွားတယ်။
မုချင်းချောင်တစ်ယောက် ယွမ်လော့ဘေးနား လမ်းလျှောက်သွားပြီးတော့ လှောင်ပြောင် သရော်စွာပြောတယ်။
“ယွမ်လော့… ဒီနေ့ မင်းဆုံးဖြတ်ချက်ကြောင့် မင်းမြေးမလေးက ယောကျာ်းရှာနိုင်တော့မှာမဟုတ်ဘူး။ သို့သော်လည်း နင့်မြေးမလေးကို သူတောင်းစားလို ယူဆပြီး လက်ခံပေးမယ့် တချို့လူတွေတော့ ရှိနေမှာပါလေ။ ဟား…..ဟား….ဟား….”
ပြောပြီးတာနဲ့ မုချင်းချောင် မာနထောင်းလွှားစွာ ရယ်မောနေတယ်။
“အမှိုက်မ ယွမ်လော့ဖုန်း…သူတစ်ဘဝလုံးကုန်ဆုံးသွားရင်တောင် ငါ့မြေးမ မုဝူစွမ်းရဲ့ ဆယ်ပုံတစ်ပုံတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ငါမင်းကို တစ်ခုသင်ပေးလိုက်မယ်။ နင်တို့ ယွမ်အိမ်တော်က ပါရမီ အရည်ချင်းဘယ်လောက်ရှိရှိ အာဏာာဘယ်လောက်ကြီးကြီး အသုံးမဝင်ပါဘူး။ဘာလို့ ထူးချွန်တဲ့ သမီးတစ်ယောက် မမွေးထားရတာလဲ။ ယွမ်ချင်ရာက နံပါတ်၁ပညာရှင်တစ်ယောက်။ ယွမ်လော့ဖုန်းအဖေရဲ့ ပါရမီအရည်ချင်းကလည်း မဆိုးပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးတော့ ငါတို့ မုအိမ်တော်ကို ရှုံးနိမ့်ရတာပဲမလား။ဘာလို့လဲဆိုတာ သိလား။ ”
ယွမ်လော့ ဒေါသထွက်ရလွန်းလို့ မျက်နှာအမူရာ မည်းမှောင်လာတယ်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားတယ်။ သူရဲ့ ဓားသားလို့ ထက်မြက်စူးရှလှတဲ့ မျက်လုံးတွေက မုချင်းချောင်ကို စိုက်ကြည့်နေလိုက်တယ်။
မုချင်းချောင်ကတော့ ယွမ်လော့ကို အနည်းငယ်မှ ကြောက်ရွံမသွားဘဲ ဆက်လက်ပြီး လှောင်ပြောင်ခနဲနေလိုက်တယ်။
“ငါတို့ မုအိမ်တော်က မုချင်းကို မြှင့်တင့်ပေးခဲ့တာကြောင့်လေ။ အတွင်းနန်းဆောင်အတွင်းမှာ မုချင်းထက် ပိုပြီးနှစ်သက်ခံရတဲ့ မိန်းကလေးဆိုတာ မရှိဘူး။ အိမ်ရှေ့စံမင်းသားမယ်တော် သေသွားတည်းက အိမ်ရှေ့စံမင်းသားကို ငါ့သမီးက ခေါ်ယူမွေးစားထားတာလေ။ အခု ငါတို့ မုအိမ်တော်က ကြီးကျယ်မြင့်မြတ်တဲ့ မုဝူစွမ်းကို ပျိုးထောင်ထားတယ်။ အနာဂတ်မှာ သူမက တိုင်းပြည်မိခင်ဖြစ်လာမှာလေ။ နင်တို့ ယွမ်မိသားစုက အသက်တိုတဲ့ သားနှစ်ယောက်ကို အရင်ဆုံး မွေးထုတ်ပေးလိုက်တယ်။ အခုတော့ အခက်ခဲတွေ ကြားထဲက အမှိုက်မမြေးလေးတစ်ယောက်သာ ပိုင်ဆိုင်ထား ရတယ်။”
“ဒါကြောင့်……”သူပြောနေတာကို ခဏရပ်လိုက်ပြီးတော့ သူ့နှုတ်ခမ်းက မဲ့ရွဲ့ကာ လှောင်ပြောင် ရယ်မောလိုက်တယ်။
“ကြာတော့လည်း နင်တို့ယွမ်အိမ်တော်က ကျော်ကြားမှုဆိုတာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ နင်သေသွားတာနဲ့ နင့်မြေးမယွမ်လော့ဖုန်းက လူတိုင်းအနိုင်ကျင့်တာကို ခံစားရမယ်။ သေရတာထက် ဆိုးဝါးတဲ့ ဘဝမှာ နေထိုင်ရမှာကို ငါတို့က စောင့်ကြည့်နေရဦးမှာပဲ။ ”
ယွမ်လော့ အသက်ပြင်းပြင်းရှုလိုက်တယ်။ သူ့လက်သီးတွေက တဆတ်ဆတ်တုန်ခါနေတယ်။ လူတစ်ယောက်ကို သတ်ချင်နေတဲ့ သူ့စိတ်တွေကို အတင်းဖိနှိပ်ထားရတယ်။
“မင်း စိတ်ပူနေစရာ မလိုအပ်ဘူး။ငါက နောက်ထပ် နှစ်၅၀ နှစ်၆၀ထိ အသက်ရှင်နိုင်တယ်။ ငါတို့ ဖုန်အာကို အနိုင်ကျင့်ချင်တယ်လား။ တွေးတောင် မတွေးမိစေနဲ့။ ”
“ဟား…..”မုချင်းချောင် ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
“ဒါဆိုလည်း ဒီနေရာမှာပဲ ကိုယ်ဘာသာပြောနေလိုက်။ မင်း ဘယ်လောက်ပဲ ငြင်းငြင်း နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်ပါဘူး။ ငါ့တို့ မုမိသားစုကို မင်းတို့အိမ်တော်က ဘယ်တော့မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ မင်းတို့အိမ်တော်အကြောင်းက သမိုင်းကြောင်းအတိတ်တစ်ခုသာ ဖြစ်လာမှာပါ။”
မုချင်းချောင်လည်း သူပြောချင်တာကို ပြောပြီးတာနဲ့ မည်းမှောင်နေတဲ့ ယွမ်လော့မျက်နှာကို ဆက်ကြည့်မနေတော့ဘူး။ နန်းတော်အဓိက ခန်းမဆောင်အတွင်းမှ ပျော်ရွှင်စွာ ရယ်မောလျက် ထွက်ခွာသွားတယ်။
Chapter-29
End
Bạn đang đọc truyện trên: Truyen247.Pro