Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 28

အပိုင်း(၂၈)

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

သို့သော်လည်း သူ့မျက်နှာပေါ်မှာတော့ စိတ်မကျေမနပ်ဖြစ်နေသလို ဟန်ဆောင်နေရတယ်။ ဝမ်းနည်း ကြေကွဲနေသလိုပေါ့။

"စစ်သူကြီးယွမ်လောက တိုင်းပြည်မဏ္ဍိုင်ဖြစ်တယ်။ ဒီလိုမျိုးကြီး ပြန်ပေးတာတော့ မကောင်းပါဘူး။ စစ်သူကြီးယွမ်လာ့ အမိန့်တံဆိပ်တော်ကို ပြန်ယူလိုက်ပါ။ စစ်သူကြီး ယွမ်လော့မရှိပဲ တိုင်းပြည်က ရပ်တည်လို့မရပါဘူး။ "

"မြေခွေးအိုကြီး" ယွမ်လော့စိတ်ထဲမှာ ကြိမ်ဆဲနေလိုက်တယ်။ ငါမသိဘူးလို့ ထင်နေတာလား။ မင်း သိပ်ပျော်နေတာမလား။ ဝမ်းသာလွန်းလို့ ရင်ထဲမှာ ပန်းတွေပွင့် နေပြီးမလား။

"အရှင်မင်းကြီး... ကျွန်တော်မျိုး အိမ်တော်မှာပဲ နေထိုင်ပြီးတော့ မြေးလေးကို အဖော်ပြုပေးပါတော့မယ်။ အခု ရာထူးက နှုတ်ထွက်ပါတော့မယ်။ ကျွန်တော်မျိုး အလုပ်တွေလည်း အရမ်းမလုပ်နိုင်တော့ပါဘူး။ အသက်ရွယ်လည်း ကြီးရင့်နေပါပြီ။ "

"ဒါဆိုလည်း ကောင်းပါပြီးလေ"

ကွမ်တု စိတ်ထဲမှာ ပျော်နေသော်လည်း အခက်ခဲ အကြီးအမားက ရှိနေတယ်။

"ဒါဆို အမိန့်တော်တံဆိပ်ပြားကို ပြန်ယူလိုက်မယ် ။ ဒါပေမယ့် အခုတော့ စစ်သူကြီး ရာထူးနေရာကို မရွေးချယ်သေးဘူး။ ဒါကြောင့် စစ်သူကြီးရာထူးနေရာကို ယွမ်လော့က ဆက်လက်ထိန်းသိမ်းထားစေ။ "

သူလိုချင်နေတာက အမိန့်တော်တံဆိပ်ပြားလေ။ စစ်သူကြီးရာထူး ရွေးချယ်တာက အရမ်းအရေးကြီးလွန်းတယ်။ ရာထူးနေရာကို ပေးအပ်တာက သူကို ပြန် ဒုက္ခပေးနိုင်တယ်။ ပြည်သူတွေက သူကိုနှလုံးသားမဲ့တဲ့ဘုရင်လို ပြောတာလည်း ကာကွယ်နိုင်တယ်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ "

ယွမ်လော့နှလုံးသားထဲမှာ ပူပင်သောကတွေဖြစ်နေမိတယ်။ စိတ်စွမ်းအားမြင့်မားတဲ့ သူအသံနဲ့ လျှောက်တင်လိုက်တယ်။

"ကျွန်တော်မျိုး ပြောစရာ အကြောင်းရာ နှစ်ခုရှိပါသေးတယ်။ ပထမတစ်ခုက အိမ်ရှေ့စံမင်းသား ကွမ်လန်နဲ့ စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းချင်တာပါ။ ကျွန်တော်မျိုး မြေးမလေး ကိုယ်စားပြောပေးတာပါ။"

ကွမ်တု ခဏတာ ပြောစရာစကားမရှိလောက်အောင် အံသြသွားမိတယ်။ သူမျက်ခုံးပင့်လိုက်ပြီး

"စစ်သူကြီး ယွမ်လော့ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်ဆိုတာ သေချာလို့လား။ မင်းသိဖို့ လိုအပ်တယ်နော်။ ယွမ်လော့ဖုန်းက အမှိုက်လို လူစားတစ်ယောက် ဖြစ်နေတယ်။ အိမ်ရှေ့စံမင်းသား ကွမလန်နဲ့သာ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ရင် သူမကို လက်ထပ်မယ်သူ မရှိတော့ဘူး။ "

စေ့စပ်တာကိုဖျက်သိမ်းတယ်ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ အမှိုက်လို ယွမ်လော့ဖုန်းကို ဘယ်သူမှ လက်ထပ်ချင်တာမှာ မဟုတ်ဘူး။ ဘယ်သူမှ လက်မထပ်ဘူးလို ပြောချင်နေတယ်ပေါ့။

"ဖုန်းအာက ကျွန်တော်မျိုးရဲ့ တစ်ဦးတည်းသော မြေးမလေး ။ ကျွန်တော်မျိုး အသက်ရှင်နေသမျှ ဘယ်သူမှ မြေးလေးကို အထင်သေးရဲမှာ မဟုတ်ဘူး။ အိမ်ရှေ့စံမင်းသား နှလုံးသားကို တခြားအမျိုးသမီး တစ်ယောက်က ပိုင်ဆိုင်ထားပြီးသား ဖြစ်နေပြီ။ ဖုန်အာ အိမ်ရှေ့မင်းသားနဲ့ အတူနေထိုင်ရင် ဖုန်အာ စိတ်နာကျင်ရလိမ့်မယ်။ "

"စစ်သူကြီး ယွမ်လော့ ဒီကိစ္စကို သေချာစဉ်းစားဖို့ ကိုယ်တော် မျှော်လင့်ပါတယ်။ ယွမ်လော့ဖုန်း အရည်ချင်းနဲ့ဆိုရင် အိမ်ရှေ့စံမင်းသား ကြင်ယာတော်မိဖုရား သေချာပေါက် မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူမ အိမ်ရှေ့စံမင်းသားနဲ့ အတူတူရှိချင်တယ်လို့ ဆုံးဖြတ်ထားရင်တော့ သူမကို အိမ်ရှေ့စံမင်းသားရဲ့ တော်ဝင်ကိုယ်လုပ်တော် ဖြစ်ခွင့်ပေးနိုင်ပါတယ်။"

တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမိဖုရားက အရည်ချင်းရှိရမယ်။ လှပချောမောပြီး ထူးချွန်သူ တစ်ယောက် ဖြစ်ရမယ်။ ပါရမီ အရည်ချင်း ရှိရမယ်။ ပြီးတော့ သူကိုယ်တိုင်လည်း အမတ်ချုပ်အိမ်တော်ကို ကတိပေးထားပြီးပြီ။မုဝူစွမ်းကို အိမ်ရှေ့စံမိဖုရား ဖြစ်စေရမယ်လို့ ပြောထားပြီးသားလေ။

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သဘောတူထားတဲ့ စေ့စပ်ကြောင်းလမ်းထားမှုကြောင့်သာ......

အဲဒီအချိန်က ယွမ်လော့ဖုန်း မမွေးဖွားသေးဘူး။သူမက အမှိုက်မ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ယွမ်မိသားစု မျိုးဆက်တွေအားလုံးက အရမ်းကိုထူးချွန်တယ်။ ဒါကြောင့် ကလေးနှစ်ယောက်စေ့စပ်တာကို သဘောတူလိုက်တာ။ အခုတော့ ယွမ်လော့ဖုန်းက အမှိုက်မဆိုတာလည်း သိသာနေပြီး ။ လက်ထပ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို ဖြေဆည်းပေးစရာ မလိုအပ်တော့ဘူး။

သို့သော်လည်း..........

စစ်သူကြီးယွမ်လော့အရည်ချင်းက ထူးချွန်တယ်။ ယွမ်အိမ်တော်နဲ့ လက်ထပ်တယ်ဆိုတဲ့ ဆက်သွယ်ချက် ရှိနေဖို့ မျှော်လင့်တယ်။ စစ်သူကြီးယွမ်လော့က စစ်တပ်ကို လက်လွှတ်ပေးလိုက်လည်း သူ့ကိုယ်ပိုင်အင်းအားတွေ ရှိနေသေးတယ်။ တော်ဝင်ကိုယ်လုပ်တော်ရာထူးက တရားဝင်ဇနီးမယား ရာထူးမဟုတ်တော့ အမှိုက်မကိုပေးလိုက်တာ ပြသနာ မရှိပါဘူး။

"ငါတို့ ယွမ်အိမ်တော်က သမီးက ဘယ်သူကိုယ်လုပ်တော်မှ မဖြစ်စေရဘူး။ "

စကားသံက တစ်ခန်းလုံးကို လွှမ်းမိုးသွားတယ်။

သူရဲ့ ယွမ်အိမ်တော်က သမီးတစ်ယောက်က တခြားလူရဲ့ ကိုယ်လုပ်တော် မဖြစ်စေရဘူး။ တခြားလူက တော်ဝင်မျိုးနွယ်ဖြစ်နေလို့ ဆွေကြီးမျိုးကြီး ဖြစ်နေလည်း ယွမ်လော့က ဂရုမစိုက်ဘူး။ သူ့မြေးလေးကို ဒီလိုဘဝမျိုး အရောက်မခံနိုင်ဘူး။ ဘယ်တော့မှ မဖြစ်စေရဘူး။

"ဟွန့်"

ရုတ်တရက် မုချင်းချောင်က အသံထထွက်လာပြီးတော့ လှောင်ပြောင် သရော်တဲ့အသံနဲ့ ပြောတယ်။

"အမှိုက်မ နင့်မြေးအရည်ချင်းနဲ့ တော်ဝင်ကိုယ်လုပ်တော် ရာထူးက အတော်ကို မြင့်နေပြီး။ သူမနဲ့ ထိုက်တန်နေပြီ။ ဘာလဲ သူမက တရားဝင်ဇနီးမယား ဖြစ်ချင်တာလား။ နင့်ခေါင်းထဲ တိမ်တွေ ဖုံးနေပြီးလား။ နင် ဒီနေရာမှာ ရှိနေတဲ့ အမတ်တွေအားလုံးကို မေးကြည့်လိုက်ပါ။ သူတို့ သားတွေ မြေးတွေနဲ့ နင့်မြေးကို လက်ထပ်စေချင်ရဲ့လားလို့ပေါ့။ "

အမတ်တွေအားလုံးလည်း မုချင်းချောင် သူတို့ကို ပြသနာထဲ ဆွဲထည့်မယ်လို့ မထင်ထားဘူး။ သူတို့တွေ ဘာမှ ပြန်မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့ ဦးခေါင်းကို အောက်ဘက်ကို စိုက်ထားတယ်။ စစ်သူကြီး ယွမ်လော့ ဒေါသထွက်ပြီးတော့ သူတို့သားတွေ မြေးတွေကို သူ့မြေးမနဲ့ အတင်းလက်ထပ်ခိုင်းမှာတော့ ကြောက်နေမိတယ်။

ဒီအမှိုက်မက အရမ်းကိုချောမောလှပပါတယ်။ ဒါပေမယ့် လှတာက ဘာမှ သိပ်အသုံးမဝင်ဘူး။ စိတ်စွမ်းအား မလေ့ကျင့်နိုင်ရင် အမှိုက်ပဲ။ အမှိုက်လိုလူက တခြားလူရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ပဲ သင့်တော်တယ်။ တရားဝင်ဇနီးမယားဆိုတဲ့ အဆင့်တန်းကို ယူဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။

Chapter-28

End

Bạn đang đọc truyện trên: Truyen247.Pro