
Ep 26
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၂၆)
"ဒီလူကို သခင်နဲ့အတူ အိမ်ပြန်ခေါ်လာခိုင်းတာက သူသာ သခင်ဘေးနားမှာ ရှိနေရင် သခင်စိတ်စွမ်းအား လေ့ကျင့်တာ အလျင်အမြန် အောင်မြင်နိုင်တယ်။ နှစ်ယောက်တွဲ စိတ်စွမ်းအား လေ့ကျင့်လို့ရတယ်။ အခက်ခဲကို အလျင်မြန် ကျော်လွှားလို့ရတယ်။ သခင်..... သူကို မြန်မြန် အိမ်ပြန်ခေါ်သွား။ နှစ်ယောက်တွဲ စိတ်စွမ်းအား မြန်မြန်လေ့ကျင့်မယ်။ "
နှစ်ယောက်တွဲ စိတ်စွမ်းအားလေ့ကျင့်တယ်။ ကြားကိုမကြားဖူးဘူး။ယွမ်လော့ဖုန်းတစ်ယောက် ဘာပြောရမှန်း မသိအောင် စွံအသွားတယ်။ နှစ်ယောက်တွဲ လေ့ကျင့်ရတဲ့ စိတ်စွမ်းအား လေ့ကျင့်နည်းဆိုတာ ရှိသေးတယ်လား။
"သခင်... မြန်မြန် သူကို အိမ်ခေါ်သွား။အခုချက်ချင်း ခေါ်သွားမယ်နော်။ သူက အခု ဒဏ်ရာကြောင့် သတိလစ်နေတာ အိမ်ကိုခေါ်သွားပြီး ကြိုးနဲ့တုပ်ထားမယ်။ ညတိုင်းနှစ်ယောက်အတူတူ စိတ်စွမ်းအားလေး လေ့ကျင့်မယ်လေနော်။ သခင့် အခက်ခဲတွေကို မြန်မြန် ကျော်လွှားနိုင်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်။ "
"....."
ယွမ်လော့ဖုန်းလည်း ကိုယ့်ဘာသာကိုယ် အံသြမိတယ်။ ဒီလူမျက်နှာလေးကို မြင်တော့ စကားမပြောနိုင်လောက်အောင် ပိုပြီး စွံအနေမိတယ်။ ထိုလူကိုပဲ ငေးနေမိတယ်။ဒါပေမယ့် ရှောင်မိုက သူမထက် ပိုဆိုးနေတယ်။
ရှောင်မိုက ဒီလူကို အရမ်းကြိုက်နေလို့လား။
"ထားလိုက်တော့။ မခေါ်သွားနိုင်ဘူး။" ယွမ်လော့ဖုန်း သူမခေါင်းကို ခါပြီး ငြင်းလိုက်တယ်။
"ယောကျာ်းတစ်ယောက်ကို နေ့ခင်းဘက် ပြန်ပေးဆွဲရမှာကို ဝါသနာ မပါဘူး။ ငါ ... အိမ်တော်ကို ပြန်သင့်နေပြီ။ "
ယွမ်လော့ဖုန်း ပြောနေတာ အမှန်တရားပဲလေ။ ရှောင်မို လုပ်ခိုင်းတဲ့ အပြုမူ ပြန်ပေးဆွဲတာနဲ့ ဘာမှ မခြားနားဘူးလေ။
သို့သော်လည်း သူမမထွက်သွားမီမှာ သူမလမ်းတစ်လျှောက်လုံး အတူပါလာတဲ့ ကြိုးလေးကို ထိုလူရဲ့ အတွင်း ဒဏ်ရာပေါ်မှာ စည်းနှောင်ပေးလိုက်တယ်။ ဆေးစံအိမ်က ယူလာတဲ့ ဆေးမြစ်တွေကို ဝါးပြီးတော့ ထိုလူကိုကျွေးလိုက်တယ်။
သူမလုပ်ပေးသင့်တာကို လုပ်ပေးပြီးနောက် လမ်းကျဉ်းလေး အပြင်ဘက်ကို ထွက်လာခဲ့တယ်။
"စိတ်စွမ်းအား သီးသန့်ရပ်တည်မှု အစွမ်းရှိတယ်ဆိုတဲ့ အချက်နဲ့တင် အချိန်မနှောင်းခင် ကူညီပေးလိုက်တယ်။ အသက်ရှင်နိုင်မလားဆိုတာတော့ သူ့ကံတရားပဲ။သူကို ကုသပေးဖို့ ဆေးမြစ်တွေ ထပ်မဝယ်ချင်တော့ဘူး။နောက်ထပ် ကိုယ့်ဒုက္ခကိုယ် မရှာချင်တော့ဘူး။...... "
သူမစိတ်ထဲမှာတော့ ရှောင်မိုတစ်ယောက် စိတ်ရှုပ်ဖို့ကောင်းအောင် မရပ်မနား အော်ဟစ်ငိုယိုနေတယ်။ ထိုလူကို လက်မလွတ်ဖို့ အဆက်မပြတ် နားငြီးအောင် တတွတ်တွတ်ပြောနေတယ်။ယွမ်လော့ဖုန်းလည်း သူတို့နှစ်ယောက် စိတ်ချင်းဆက်သွယ်တာကို ဖြတ်တောက်လိုက်တယ်။
နောက်ဆုံးတော့ နားငြီး သက်သာသွားပြီး။ အေးချမ်းသွားပြီ။
*********************
နန်းတော်ရဲ့ အဓိက ခန်းမဆောင်မှာတော့ အဝါရောင် ဝတ်ရုံတော်နဲ့လူက အဆင့်တန်းမြင့်မာသော တော်ဝင် ထိုင်ခုံပေါ်မှာထိုင်နေတယ်။ သူရှေ့မှာ စိတ်ပျက်အားငယ်စွာ မရပ်မနားငိုနေတဲ့ စစ်သူကြီးယွမ်လော့ကို ကြည့်နေတယ်။ စိတ်ရှုပ်ပြီး ခေါင်းတွေပါ ကိုက်လာတယ်။ ခေါင်းကိုက်လာလွန်းလို့ နဖူးကို လက်နဲ့ ကိုင်နေရတယ်။
စစ်သူကြီးယွမ်လော့ မျက်နှာမှာ နာကျင်မှုတွေ ပူပင်သောကတွေနဲ့ ပြည့်နေတယ်။ဒါဆို ယွမ်လော့ဖုန်းတစ်ယောက် မတော်တဆမှု တကယ်တွေ့ကြုံခဲ့ရတာလား။
"ကျွန်တော်မျိုးရဲ့ သစ္စာရှိလွန်းတဲ့ သက်တော်စောင့်တွေကြောင့်သာ မဟုတ်ရင် ကျွန်တော်မျိုး မြေးမလေးဘ၀ မတွေးရဲစရာပါ။အစောင့်တွေက မုမိသားစုကို ရင်ဆိုင်ရဲတဲ့သတ္တိရှိပြီး မြေးမလေးကို ကယ်တင်ခဲ့ရတာ။ မဟုတ်ရင်တော့ ဒီတိရစ္ဆာန်ကောင် လက်ထဲမှာ ကျွန်တော်မျိုး မြေးမလေးဘ၀ ပျက်စီးပါပြီ။ ကျွန်တော်မျိုး တောင်းပန်ပါတယ်။ အမှန်တရားကို ရှာဖွေပေးတော်မူပါ။ "
မုချင်ချောင် အဓိကခန်းမထဲကို ဝင်လာတဲ့အချိန်မှာပဲ စစ်သူကြီးယွမ်လော့ရဲ့ အရှက်မဲ့တဲ့ စကားတွေကို ကြားလိုက်ရတယ်။ သူ မှားယွင်းစွပ်စွဲခံရတယ်လို့ မတိုင်ကြားနိုင်ခင် စစ်သူကြီးယွမ်လော့က လက်ဦးမှုယူသွားတယ်။ စိတ်တိုလွန်းလို့ သူရဲ့ သွေအိုဟောင်းတွေ အန်ထုတ်လိုက်ချင်တယ်။
"စစ်သူကြီးယွမ်လော့..... ယုတ်မာရက်စက်တဲ့လူ ။မကောင်းသတင်းတွေ လျှောက်ပြောမနေနဲ့။ နင်တို့ ယွမ်မိသားစုက ငါ့မြေးကို ရိုက်နှက် ဒဏ်ရာ ရအောင် လုပ်ရတာကို မကျေနပ်နိုင်ဘဲ တရားခံက နစ်နာသူတစ်ယောက်လို အရင်ဆုံးလာရောက် တိုင်ကြားရဲတယ်ပေါ့။အရှက်မဲ့တယ်နော်။"
ယွမ်လော့ မကျေမနပ်နဲ့ထိုလူကို ကြည့်လိုက်ပြီးတော့
"ငါတို့ ယွမ်အိမ်တော်က တိုင်းပြည်အေးချမ်းဖို့ တာဝန်ကို ယူထားရတာ။ မုရှန်းရဲ့ မကောင်းဆိုးဝါးလက်က ငါ့မြေးကို အရင်မထိခဲ့ရင် သူအရိုက်ခံရပါ့မလား။ ဒီကိစ္စမှာ အမတ်ချုပ်အိမ်တော်က အရင်ဆုံး အမှားလုပ်ထားတာနော်။ နင့်အိမ်တော်က ငါတို့တွေကို ဖြေရှင်းချက်ပေးရမယ်။ ဒါဆိုရင် ငါက နင်ကို ကြင်နာစွာ ခွင့်လွှတ်ပေးလိုက်မယ်။"
Chapter-26
End
Bạn đang đọc truyện trên: Truyen247.Pro