
Ep 124+125
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
124+125
ဘာသာပြန်ဆိုသူ: Jelly Candy Flower
ကြိုက်နှစ်သက်ပါက like and share ပြုလုပ်ပေးပါဦး
စာစဉ်၇ထွက်ရှိပါပြီနော်
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၂၄)
လူတိုင်းကိုအထင်မြင်သေးခြင်း ကံကြမ္မာ(၂)
"ငါမယုံကြည်နိုင်ဘူး။ မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။ နန်းတော်ထဲကို ပိုက်နက်ကျူးကျော်ရဲတယ်ပေါ့။"
သူပြောချင်တာကိုပြောပြီးနောက် ဝူယန် ကွမ်တုဘက်ကို လှည့်လိုက်တယ်။ ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်တယ်။ မျက်ရည် ဘူးသီးလောက်နဲ့ မျက်ရည်ခံထိုးပြီး လျှောက်တင်တယ်။
"အရှင်မင်းကြီး ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ရှာဖွေပေးပါ။
အစေခံနဲ့အဘိုးကြီးက ဝူမိသားစုကို အထင်မြင်သေးပါတယ်။အရှင်မင်းကြီးကိုလည်း အထင်မြင်သေးတယ်ဆိုတာ ရှင်းလင်းနေပါတယ်။
ဒီမြေးအဘိုးနှစ်ယောက် ထောင်ပေါင်းများစွာ ခုတ်ဖြတ်ပြီး သေဒဏ်ပေးသင့်ပါတယ်။ ဆွေစဉ်ကိုးဆက် သေဒဏ်ပေးစေချင်ပါတယ်။"
"ငါ့ရဲ့ဆွေစဉ်ကိုးဆက်ကို သတ်ဒဏ်ပေးမယ်?"
နင်အကြီးကဲ မဲ့ပြုံးပြုံးလိုက်တယ်။
သူ တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါ့ဆွေစဉ်ကိုးဆက်ကို သတ်ဖို့ မင်းမှာ အရည်ချင်းမရှိတာ စိတ်မကောင်းပါဘူး။"
ထိုစကားကိုပြောပြီးနောက် ကွမ်တုကိုလှည့်ကြည့်လိုက်တယ်။ လက်နှစ်ဖက်ကို ကျောနောက်ထားကာ မတ်တပ်ရပ်လိုက်တယ်။ ကျောချမ်းစဖွယ်တည်ငြိမ်အေးချမ်းစွာ ကွမ်တုကို ကြည့်လိုက်တယ်။
"ဝိဉာဉ်မျိုးနွယ်စုက လူတွေတောင် ငါ့ရှေ့မှာ ငါ့ဆွေစဉ်ကိုးဆက်ကို သေဒဏ်ပေးမယ်လို့ မပြောရဲဘူး။ မင်းတို့ တော်ဝင်မျိုးနွယ်က ဘာတွေ မာနထောင်လွှားလို့ ငါကိုရိုင်းစိုင်းရဲတာလဲ။ ငါ့မြေးကိုအစေခံမလို့ ပြောရဲတယ်။ ကိုယ်လုပ်တော်အဖြစ်သာ ထိုက်တန်တဲ့မိန်းကလေးလို့ ပြောရဲနေတယ်ပေါ့။"
နင်အကြီးကဲပြောတဲ့ စကားကို နားထောင်ရင် ကွမ်တုရဲ့ မူလဒေါသထွက်နေတဲ့မျက်နှာက ဖြူဖပ်ဖြူရော်အဖြစ်သို့ ပြောင်းလဲသွားတယ်။ သူ့မျက်လုံးမှာ ကြောက်ရွံမှုတွေ ထင်ဟပ်နေတယ်။
ဝိဉာဉ်မျိုးနွယ်စု?
သူက တကယ်ပဲ ဝိဉာဉ်မျိုးနွယ်စုကို သိနေခဲ့တာလား။ ဒီအဘိုးကြီးရဲ့ နောက်ခံအင်းအားက ဘာလဲ?။
"ဝိဉာဉ်မျိုးနွယ်စု။ လောကကြီးမှာ သူတို့တွေက ဘာတွေလဲ။"
ကြင်ယာတော်မုက...ဝိဉာဉ်မျိုးနွယ်စု တည်ရှိမှု အကြောင်းကို လုံးဝ မသိပါဘူး။ သူမ ပြန်မပြောခင်မှာ ခံစားချက်မဲ့စွာ ရယ်မောလိုက်တယ်။
"ဝိဉာဉ်မျိုးနွယ်စုလေးက တော်ဝင်အာဏာနဲ့ နှိုင်းယှဉ်လို့ ရနိုင်မယ် ထင်နေတာလား။ လုံယွမ်တိုင်းပြည် တစ်ခုလုံး တည်ရှိမှုက တော်ဝင်အာဏာနဲ့ ဆက်နွယ်မှု ရှိတယ်။ တော်ဝင်အမိန့်ကို ဘယ်သူက ငြင်းဆိုရဲမလဲ။"
'ဖြောင်း'
ကြင်ယာတော်မု ထိုစကားကို ပြောပြီးတာနဲ့ ပြင်းထန်သော ပါးရိုက်ချက်က သူမပါးပေါ်မှာ ခစားလာတယ်။ သူမ စိတ်ကို ရှုပ်ထွေးသွားစေတယ်။ မယုံကြည်နိုင်စွာနဲ့ သူမဘေးနားမှာ ထိုင်နေတဲ့ မျက်နှာ မည်းမှောင်နေပြီး ချောမောခန့်ညားတဲ့ အမျိုးသားကို ကြည့်လိုက်တယ်။
"အရှင်မင်းကြီး..."
ကြင်ယာတော်မုမျက်ဝန်း ပြူးကျယ်သွားတယ်။ မျက်ဝန်းမှာ မျက်ရည်ဝိုင်းနေတယ်။ ဆွဲဆောင်မှုရှိပြီး လှပတဲ့မျက်နှာက သေတော့မယ့်လူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေတယ်။
အတိတ်အချိန်က သူမ ကွမ်တုချစ်ခင်နှစ်သက်မှုကို ပိုင်ဆိုင်ခဲ့ရတာပါ။ ကွမ်တုနှလုံးသားကို သူမလွှမ်းမိုးနိုင်ခဲ့တာကြောင့် တိုင်းပြည်ရေးကိစ္စတွေမှာ သူမဝင်ရောက် စွက်ဖက်ခွင့် ရှိခဲ့တယ်။
ပုံမှန်ဆို သူမကို တုန်နေအောင် ချစ်တဲ့အမျိုးသားက သူမပါးကို ရိုက်မယ်လို့ စိတ်မကူးခဲ့ပေ။
ကြင်ယာတော်မု မျက်ရည်တွေကို ကြည့်ရင်း ကွမ်တုနှလုံးသားက ခံနိုင်ရည် မရှိဘူး။ ဒါပေမယ့် သူမပြောလိုက်တဲ့ စကားကို ပြန်တွေးကြည့်ရင် ဒေါသထပ်ဖြစ်စေတယ်။
အေးစက်စွာ စကားဆိုတယ်။
"မောင်းမဆောင်က တိုင်းပြည်ရေးကိစ္စမှာ ဝင်ရောက် မစွက်ဖက်နဲ့။ ငါကိုယ်တော်မြတ် ကိုယ်တိုင် ဆုံးဖြတ်တော်မူမယ်။ မင်းကို မလိုအပ်ဘဲ ဝင်ရောက် စကားပြောခွင့် မပေးဘူး။"
ကြင်ယာတော်မု ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားတယ်။ ကွမ်တုကို အံသြစွာနဲ့ နှလုံးသားကြေကွဲစွာ ကြည့်နေတယ်။
အရှင်မင်းကြီးက သူမအာဏာကို ပြန်လည် ရုတ်သိမ်းဖို့ စီစဉ်နေတာလား။
ကြင်ယာတော်မု ကိုယ်တိုင်တင် မဟုတ်ဘူး။ ခန်းမဆောင်ထဲမှ လူအားလုံး အံသြမှင်သက်နေတယ်။ ဘာကြောင့် မင်းကြီးက ကြင်ယာတော်မုကို ရိုက်လဲဆိုတာ နားမလည်နိုင်ဖြစ်နေတယ်။ မုမိသားစုက နှစ်သက်ခံရမှုကို ဆုံးရှုံးသွားပြီလား။
အားလုံးက သံသယဝင်နေချိန်မှာ ကွမ်တုက နင်အကြီးကဲဘက်ကို ပြောင်းကြည့်လိုက်တယ်။ သူ့ပုံစံက အရင်လို မာနထောင်လွှားမနေတော့ဘူး။
"အစ်ကိုတော်က ဘယ်သူလဲလို့ မေးပါရစေ။"
အစ်ကိုတော်...?
ဘုရင်က အဘိုးကြီးကို ဒီလို စကားမျိုး သုံးနှုန်းပြောဆိုတယ်လား။
ဝူယန်နှလုံးသားမှာ ကံဆိုးမိုးမှောင်ကျပြီးဆိုတာ သိလိုက်ရတယ်။ အစေခံမမှာ ဒီလို ဖြုံလောက်တဲ့ နောက်ခံ ရှိတယ်လား။
အစမှ အဆုံးထိ ယွမ်လော့ဖုန်းက ပြပွဲကို ကြည့်နေတဲ့ လူတစ်ယောက်လိုပါပဲ။ သူမနှုတ်ခမ်းက ဆွဲဆောင်မှုရှိသော အပြုံးကို ပန်ဆင်ထားတယ်။ ထိတ်လန့်နေသော ဝူယန် မျက်နှာကို ကြည့်လိုက်တယ်။
"မင်းက ငါ့အကြောင်းကို သိဖို့ အရည်ချင်း မပြည့်မီဘူး။"
နင်အကြီးကဲအသံက ပုံမှန်နဲ့ ခြားနားတယ်။ ထိုအသံက မာနဝင့်ကြွားမှုကို ဖော်ပြနေတယ်။
လူတွေအများကြီးရှေ့မှာ နင်အကြီးကဲက သူကို အရှက်ခွဲတာကြောင့် ကွမ်တုမျက်နှာက တခဏချင်း မည်းမှောင်သွားတယ်။ နင်အကြီးကဲ အကြောင်းကို သေချာမသိသေးဘဲ အလျင်စလို မပြုမူရဲဘူး။
သူရင်ထဲက ဒေါသစိတ်ကို ဖြေလျော့လိုက်ပြီးတော့ ဆက်မေးလိုက်တယ်။
"အစ်ကိုတော်နဲ့ ယွမ်မိသားစုက ဘယ်လိုပတ်သက်မှုရှိလည်းဆိုတာ မေးခွင့် ရှိမလား။"
Chapter-124
End
အပိုင်း(၁၂၅)
သူမအတွက် ဒေါသဖြေလျော့ပေးခြင်း(၁)
ထိုအချိန်မှာ ကွမ်တုလည်း နင်ရှင်းကို အစေခံတစ်ယောက်လို့ မတွေးရဲတော့ပေ။ ထိုအဘိုးကြီးက နန်းတော်ထဲကို ဆူညံသံအနည်းငယ်မျှ မကြားရဘဲ အတွင်း နန်းဆောင် နန်းတော်ထဲကို ဝင်လာနိုင်တယ်ဆိုတော့ ခေသူ မဟုတ်ပေ။ ဒီလို အင်အားရှိတဲ့လူမျိုး မတွေ့ဖူးဘူးပေ။ ဒီလိုမျိုး အင်အား ဘယ်သူမှ မပိုင်ဆိုင်နိုင်ပေ။
နင်အကြီးကဲ ကွမ်တုကို လစ်လျူရှုလိုက်ပြီးတော့ ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက်တယ်။ သူ ကောင်မလေးကို ပြုံးပြလိုက်ပြီးတော့
"ကောင်မလေး...ဒီက အဘိုးကြီးက မိန်းကလေးနဲ့ တခြားလူတွေရဲ့ ရန်ငြိုးကို ဝင်ရောက် မစွက်ဖက်ချင်ပါဘူး။ ဒါပေမယ့် ဒီလူတွေက အတော်ကို လွန်လာပြီ။ မိနိးကလေးကို ကာကွယ်ပေးဖို့အတွက် အဘိုးက နင်ရှင်းကို ထားခဲ့တာပါ။ သူတို့တွေက နင်ရှင်းရှေ့မှာတကယ်ကို မိန်းကလေးကို အနိုင်ကျင့်နေတာပဲ။ ဒါကြောင့် ဘိုးဘိုးလည်း လစ်လျူမရှုထားနိုင်တော့ဘူး။
နင်အကြီးကဲ မျက်လုံးတွေက ခန်းမထဲက လူအားလုံး ဖြန့်ကျက် ကြည့်ရှုလိုက်တယ်။ သူ့နှုတ်ခမ်းက ပြုံးလိုက်ပြီးတော့
"မုဝူစွမ်း ဆိုတာ ဘယ်သူလဲ။ ဒီနေရာကို ချက်ချင်း ခေါ်လာခဲ့စမ်းပါ။"
အတွင်း ခန်းမဆောင်အတွင်းမှာ လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေတယ်။ နင်အကြီးကဲကို အံသြစွာ ငေးကြည့်နေပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေတယ်။
နင်အကြီးက နှုတ်က ပထမဆုံး အော်ပြောလိုက်တဲ့လူက မုမိသားစုက မုဝူစွမ်းတဲ့လား။
ဒီမုဝူစွမ်းက တခြားလူတွေနဲ့ ခြားနားတယ်ဆိုတာ သိစေချင်တယ်။ သူမမှာ ထူးချွန်တဲ့ ပါရမီအရည်ချင်းတွေ ရှိတယ်၊ သူမက ဆေးပညာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တယ်။
သူမဆေးပညာကို ကျွမ်းကျင်နားလည်တာက သူ့ဆရာကျင်းလင်း ထက်တောင် ပိုထူးချွန်သေးတယ်။ ဒီအဘိုးကြီး ဇစ်မြစ်က ဘယ်လောက်ပဲ အထင်ကြီး လေးစားစရာ ကောင်းနေကောင်းနေ ခမျှော်လင့်ချက်ကောင်းရှိတဲ့ သမားတော်တစ်ယောက်ကိုတော့ အမှားမကျူးလွန်ချင်ဘူး။
လူတိုင်းက နေမကောင်းဖြစ်တတ်တယ်လေ။ အမြဲကျန်းမာနေတဲ့ လူဆိုတာ ရှိမှ မရှိတာလေ။ အခုချိန်မှာ သမားတော်တစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်နေတာ အရေးဆုံးသော လိုအပ်ချက်တစ်ခုပဲ။
"ငါအထင်တော့ မုဝူစွမ်းက အမတ်ချုပ်အိမ်တော်မှာ ရှိနေလောက်တယ်။"
ယွမ်လော့ မျက်ခုံးပင့်လိုက်ပြီး ကွမ်တုကို ပြုံးရယ်ပြီး ကြည့်လိုက်တယ်။
"အရှင်မင်းကြီး.... နင်အကြီးကဲက မုဝူစွမ်းကို တွေ့ချင်နေတာလေ။ အရှင်မင်းကြီး ဆင့်ခေါ်သင့်ပါတယ်။"
ကွမ်တု မျက်နှာပုံစံ ပြောင်းလဲသွားတယ်။ သူ ယွမ်လော့ကို သတိပေးသလို လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးမှ ကြမ်းတမ်းရိုင်းစိုင်းသော အလင်းရောင် တဖျတ်ဖျတ်လက်နေတယ်။
သို့သော်လည်း သူ့အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်တယ်။ နင်အကြီးကဲကို စကားဆက်ပြောလိုက်တယ်။
"ဒီက အစ်ကိုတော်လည်း မုဝူစွမ်းအကြောင်းကို သိနေတာပဲ။ သူမက ဘယ်လိုလူစားမျိုးလည်းဆိုတာ အစ်ကိုတော် နားလည်မယ်လို့ မျှော်လင့်ပါတယ်။ သူမက တင့်တယ်ပြီး ဂုဏ်ကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမက ယွမ်လော့ဖုန်း ကို ပြသနာရှာမယ်လူလည်း မဟုတ်ပါဘူး။ ယွမ်လော့ဖုန်းက လှည့်စားနေတာပါ။ တခြားလူတွေကို အလွယ်တကူ မယုံကြည်ဖို့ အစ်ကိုတော် ကို တောင်းဆိုချင်ပါတယ်။ မိန်းမကောင်းလေးကို နားလည်မှု မလွဲပါနဲ့။
ကွမ်တုစကားလုံးတွေက မုဝူစွမ်းကို ဘက်လိုက်နေတယ်ဆိုတာ သိသာလွန်းပါတယ်။ အားလုံးသော တာဝန်ယူသင့်တာတွေကို ယွမ်လော့ဖုန်းဘက် လွဲချနေတာပဲ။
သူ့မျက်လုံးထဲမှာ ထူးချွန်ပြောင်မြောက်တဲ့ မိန်းကလေးမုဝူစွမ်းက ယွမ်လော့ဖုန်းကို ဘယ်တော့မှ ရန်စမည် မဟုတ်ဘူးပေါ့။ ယွမ်လော့ဖုန်းက သူ့သားကွမ်လန်ကို နှစ်သက်တာကြောင့် အကျိုးဆက်အနေနဲ့ မုဝူစွမ်းကို ပြသနာရှာတယ်ပေါ့။
ကွမ်တု စကားကိုကြားပြီးနောက် ယွမ်လော့ ပိုပိုပြီးတော့ စိတ်ပျက်လာတယ်။ လုံယွမ်အပေါ်ထားရှိတဲ့ နောက်ဆုံးသော ခံစားချက်တွေက လေထဲကို လွင့်ပြယ်သွားတယ်။
သူ့တစ်ဘဝလုံးကို စစ်ပွဲမှာ မြှပ်နှံထားခဲ့တယ်။ ဒါပေမယ့် မုမိသားစုက သမီးတွေရဲ့ ခေါင်းအုံးပေါ်က စကားတွေလောက် အသုံးမဝင်ခဲ့ပေ။ သူ တိုင်းပြည်အတွက် အကျိုးပြုမှုတွေ ဘယ်လောက်ပဲ ပြုလုပ်ခဲ့ပါစေ ။ ကွမ်တု မျက်လုံးက မမြင်နိုင်ဘူး။ ဒီလိုဘုရင်အတွက် သူ့သစ္စာ ခံခြင်းက ထိုက်တန်ရဲ့လား။
နင်အကြီးကဲလည်း ကွမ်တုကို စိတ်ပျက်စွာ ကြည့်လိုက်တယ်။ အေးတိအေးစက် စကားဆိုတယ်။
"ငါ့ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိတယ်။ အခုချက်ချင်း မုဝူစွမ်းကို ဒီနေရာကို ခေါ်လိုက်စမ်းပါ။ မဟုတ်ရင်တော့ ဒီအဘိုးကြီးက ဒီနေ့ကိစ္စကို အလွယ်တကူ အလျော့ပေးလိုက်မယ် မထင်နဲ့။"
"အစ်ကိုတော်"
ကွမ်တု အသက်ပြင်းပြင်းရှုလိုက်တယ်။ သူ့ရင်ထဲက အမျက်ဒေါသကို လျော့ချလိုက်တယ်။
သူ့မျက်လုံးမှာ လှောင်ပြောင် သရော်တဲ့ အငွေ့သက်တွေ ဖြန့်ကျက်လိုက်ပြီးတော့
"ခင်ဗျား အာဏာက ခန့်မှန်းလို့ မရနိုင်လောက်အောင် တောင့်တင်းတယ်။ ဒါပေမယ့် မုဝူစွမ်းဆေးပညာအရည်ချင်းကလည်း ထူးချွန်တယ်။ လုံယွမ်တစ်တိုင်းပြည်လုံးမှာ သူမထက် ဆေးပညာမြင့်မာတဲ့ သမားတော်ဆိုတာ မရှိဘူး။ တခြားတိုင်းပြည်တွေမှာလည်း မရှိဘူးလို့ ပြောနိုင်တယ်။ နောက်ဆို အနာဂတ်မှာ သူမကို ယှဉ်ပြိုင်နိုင်တဲ့ သမားတော်ဆိုတာ မရှိလာနိုင်တော့ဘူးလို့ ကျင်းလင်းက အခိုင်မာပြောထားတာ။ သူမလို ထူးချွန်တဲ့သမားတော်တစ်ယောက်ကို ဘာလို့ အမှားကျူးလွန်ချင်ရတာလဲ။”
နင်အကြီးကဲ အံသြမိတယ်။ သူ့မျက်လုံးမှာ အံသြရိပ် သမ်းနေတယ်။ ကွမ်တုစကားကြောင့် မယုံကြည်နိုင်လောက်အောင် အံသြမှင်သက်မိတယ်။
သူတို့တွေပြောနေတာက ဘယ်သူမှ မုဝူစွမ်းလောက် ဆေးပညာ မထူးချွန်ဘူးပေါ့။ အနာဂတ်မှာ မုဝူစွမ်းကို ယှဉ်နိုင်သူ မရှိနိုင်ဘူးပေါ့။ သူတို့တွေ ကိုယ်ဘာသာ အထင်ကြီးလွန်းနေပြီ။ အသိဉာဏ်မဲ့လွန်းတဲ့လူတွေကို ပြစ်ဒဏ်ပေးသင့်နေပြီ။
Chapter-125
End
Bạn đang đọc truyện trên: Truyen247.Pro