Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 122+123

သရဲဘုရင်ရဲ့ချစ်ဇနီးလေး

စာစဉ်(၅)

ဘာသာပြန်သူ:သကြားလုံးလေး

122+123

ကြိုက်နှစ်သက်ပါက like & share ပြုလုပ်သွားဖို့ မမေ့နဲ့နော်

🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸

အပိုင်း(၁၂၂)

ရှင် သူတို့ကို ဒူးထောက် ဂါရဝပြု ခိုင်းခွင့်  မရှိဘူး

“ရှင် သူတို့ကို ဒူးထောက် ဂါရဝပြု ခိုင်းခွင့်  မရှိဘူး။”

တိတ်ဆိတ်နေသော ခန်းမဆောင်အတွင်းမှာ  ကောင်မလေးရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက တိတ်ဆိတ်နေသော ရေကန်မျက်နှာပြင် ပေါ်ကို  ကျောက်စရစ်ခဲလေးတွေ  ပစ်လွှတ်လိုက်သလို  လှိုင်းဂယက်လေးတွေ ထနေသလိုပဲ။

ကွမ်တုမျက်နှာက ပိုပြီးတော့  ညိုမည်းလာတယ်။ သူ့လက်သီးက  စားပွဲခုံကုျ ထုရိုက်လိုက်တယ်။ ဘန်းကနဲ  အသံထွက်လာတယ်။ သူ ဒေါသထွက်စွာ  ပြစ်တင်ဝေဖန် လိုက်တယ်။

“ရိုင်းစိုင်းလိုက်တာ ။  စစ်သူကြီး  မင်း သင်ကြား ၊ ပြုစုထားတဲ့  မင်းရဲ့ ကောင်းမွန်တဲ့ မြေးလေး ဆိုတာလား။”

သူခေါင်းကို  ယွမ်လော့ဘက်ကို လှည့်လိုက်ပြီး မည်းမှောင်နေသော မျက်နှာနဲ့  အော်ဟစ်လိုက်တယ်။ သူ့အသံက မညှာမတာ အေးစက်စက် အသံနဲ့ပေါ့။

“မင်းက ကိုယ့်မြေးကိုယ် မဆုံးမတဲ့အပြင်  မာနထောင်လွှားပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်စေတာပဲ။ သူမ အစေခံတွေကလည်း သခင် အရှိန်ဝါနဲ့  ဝူချီကို ကျိုးသွားအောင် ရိုက်ချိုးတယ်။  အခု ဝူအိမ်တော်က သခင်ကြီး  ရောက်နေတယ်။ စစ်သူကြီး  ယွမ်အိမ်တော်က  ဖြေရှင်းချက်ပေးသင့်တယ် ထင်တယ်။”

“ဖြေရှင်းချက်ပေးရမယ် ဟုတ်လား။”

ယွမ်လော့ ခနဲလိုက်တယ်။ ကြမ်းပြင်ပေါ်မှ မတ်တပ် ထရပ်လိုက်တယ်။ သူရဲ့ အသက်ရွယ် ကြီးရင့်နေသော မျက်နှာမှာ  လုံး၀ တည်ငြိမ်နေတယ်။

“အရှင်မင်းကြီးက  ဝူချီအတွက်  စစ်သူကြီးအိမ်တော်က  ဘယ်လိုဖြေရှင်းချက်မျိုးကို ပေးအပ်စေချင်တာလဲ မသိဘူး။  ဝူချီက ကျွန်တော်မျိုးမြေးလေးကို အများရှေ့မှာ နှုတ်အားဖြင့်  စော်ကားခဲ့တယ်။ နင်ရှင်းကို  ဝူမိသားစုရဲ့  ကိုယ်လုပ်တော်အဖြစ် ခေါ်ယူသွားချင်သေးတယ်။ သူ့စိုက်တဲ့ မျိုးစေ့ကို  သူပြန်လည် ရိတ်သိမ်းရတာပဲလေ။ ”

ကွမ်တု မျက်နှာ မည်းမှောင်လာတယ်။ အေးစက်စွာ ပြောတယ်။

“စစ်သူကြီးယွမ် …ဝူချီ ဘယ်လိုပဲ မှားခဲ့ မှားခဲ့ပါ။ မင်းတို့  စစ်သူကြီးအိမ်တော်က  သူကို ကျိုးသွားအောင် မလုပ်သင့်ဘူး။ မင်း ပြောနေတဲ့  နင်ရှင်းဆိုတာ အစေခံမတစ်ယောက်လေ။  အစေခံတစ်ယောက်အတွက်  သူမဘဝက ကိုယ်လုပ်တော်ပဲ ဖြစ်သင့်တာလေ။  ဝူမိသားစုက မျိူးဆက် ဝူချီက သူမကို စော်ကားမော်ကား ပြောတာ မဟုတ်ဘူးလေ။”

ကွမ်တုက နင်ရှင်းကို အစေခံမလို့ပြောပြီး  ဝူမိသားစုဘက်က ရပ်တည်ပေးနေတာကို နားထောင်ရင်း  ယွမ်လော့ လှောင်ပြောင် သရော်မိတယ်။

 

“စစ်သူကြီးယွမ်….မင်းက လုံယွမ်ရဲ့ ဂုဏ်ထူးဆောင် အမတ်တစ်ယောက်။ ကိုယ်တော် မင်းကို အပြစ်မပေးချင်ဘူး။”

ကွမ်တု ..ယွမ်လော့မျက်နှာက အပြုံးကို  ပျက်ရယ်ပြုလိုက်တယ်။ သူနှလုံးသားထဲက ဒေါသတွေကို မြိုသိမ့်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ မင်းစိတ်ပူနေစရာ  မလိုအပ်တော့ဘူး။ ကိုယ်တော် အမိန့်ပေးမယ်။ အစေခံမကို ဝူချီကို ပေးအပ်လိုက်ပါ။ ယွမ်လော့ဖုန်းက သူမအမှားကို ဝူချီကို ဝန်ခံပြီး တောင်းပန်ုလိုက်ပါ။ ကိုယ်တော် ဒီဆုံးဖြတ်ချက်ကို ချမျတ်လိုက်တယ်။ ဝူမိသားစုက ေဖြေရှင်းလိုက်ပါ။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။”

ကွမ်တုအမြင်မှာတော့ အကောင်းဆုံးသော ဖြေရှင်းချက်တစ်ခုပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်  သူမက အစေခံတစ်ယောက်ပဲလေ။  စစ်သူကြီးအိမ်တော်က လိုအပ်တယ်ဆိုရင်  နန်းတော်က အစေခံတွေကို  ပို့ပေးလို့ရတာပဲလေ။

ယွမ်လော့ဖုန်းအတွက်တော့ သူမအမှားကို ဝန်ခံလိုက်ရင်တော့  အားလုံး ပြီးဆုံးသွားမယ်လေ။ အရာအားလုံး အလွယ်တကူ အဆင်ပြေ ချော့မွေ့သွားနိုင်တယ်လေ။

နင်ရှင်းမျက်နှာက အလွန်မင်း ဒေါသထွက်တဲ့ ပုံစံဖြစ်လာတယ်။ ဒီခွေးဘုရင်က သူမကို လူဖျင်းတစ်ယောက်နဲ့  လက်ထပ်ပေးဖို့ စီစဉ်နေတယ်ပေါ့။ ဒီဆန်ကုန်မြေလေးရဲ့ ကိုယ်လုပ်တော်နေရာကို သူမက ယူရဦးမယ်။

အရေးကြီးဆုံးအချက်က ဒီလူဖျင်းရဲ့ ကိုယ်လုပ်တော် ရာထူးက သူမကို စော်ကားအထင်မြင်သေးတာ မဟုတ်ဘူးဆိုတဲ့ စကားကို သူမ ဒေါသအထွက်ဆုံးပဲ။

သူကိုယ်သူ မြင့်မားပြီး ဂုဏ်ရှိတယ်ထင်နေတာလား။

နင်ရှင်း ဒေါသတွေ ပေါက်ကွဲထွက်မတတ်ပဲ။ သူမဘေးနားမှ တခစ်ခစ် ရယ်မောသံကို ကြားလိုက်ရတယ်။

ကျက်သရေရှိ လှပတဲ့ မျက်နှာပေါ်မှာ ဆွဲဆောင်မှုရှိစွာ ပြုံးရယ်နေသော မိန်းကလေးတစ်ယောက် ဖြစ်နေတယ်။

“ဘယ်လောက် ဂုဏ်သိက္ခာ မြင့်မားနေလို့   လက်ထပ်ထိပ်မြားတာတွေကို အောင်သွယ်လုပ်ပေးနေတာလဲ မသိဘူး။ ရှင်က ဘုရင်တစ်ယောက်ဖြစ်လို့ တသ်လောကလုံးကို  ချုပ်ကိုင်လို့ရမယ်လို့ ထင်နေတာလား။ ဒါပေမယ့် စကားတစ်ခွန်းကိုတော့ မမေ့ပါနဲ့။  ရှင် ဘယ်လောက်ပဲ အာဏာရှိရှိ သင့်ထက် မြင့်တဲ့လူတစ်ယောက် အမြဲရှိနေတယ်ဆိုတာပဲ။ လူတိုင်းက တော်ဝင်အာဏာကို ကြောက်ရွံမနေဘူး။”

ယွမ်လော့ဖုန်း ထိုစကားကို ပြောတာက တော်ဝင်မျိုးနွယ်ကို စစ်ကြေညာတာနဲ့  အတူတူပါပဲ။ ထိုကြောင့် အမတ်တွေအားလုံးက လှပတဲ့ မိန်းကလေးမျက်နှာကို အံအားသင့်စွာ ငေးကြည့်နေတယ်။

“ယွမ်လော့ဖုန်း …မင်းအတော်ကို ရဲတင်းတာပဲ ။ ငါ မယုံကြည်နိုင်ဘူး။”

ကြင်ယာတော်မုရဲ့ နူးညံတဲ့လက်က စားပွဲခုံကို ပြင်းထန်စွာ ရိုက်လိုက်တယ်။ မောက်မာတဲ့ မျက်ဝန်းမှာ ပျက်ရယ်ပြုသောအရိပ်ယောင် သမ်းနေတယ်။ သူမ အထင်မြင်သေးစွာ စကားကို ဆက်ပြောလိုက်တယ်။

“တစ်လောကလုံးက နယ်မြေတွေကို ဘုရင်ပိုင်တယ်။ ဘုရင်က လက်ထပ်စေချင်ရင် ဘယ်သူက မလိုက်နာဘဲ မနေရဲမှာလဲ။ဝူချီ အဆင့်တန်းနဲ့ သူမကို ကိုယ်လုပ်တော်နေရာပေးတာက အစေခံအတွက် အတော်ကို မြင့်မားနေပြီ။ သူမနဲ့ တန်ကို မတန်တဲ့ နေရာကို ရတာလေ။”

Chapter-122 End

အပိုင်း(၁၂၃)

လူတိုင်းကို အထင်မြင်သေးခြင်း ကံကြမ္မာ

ကြင်ယာတော်မု အဆင့်တန်းနဲ့ဆိုရင် ဒီတိုင်းပြည်ရဲ့ နက်နဲသော  လျိုဝှက်ချက်တွေကို သိနိုင်မှာ မဟုတ်ပေ။ သာမန် ပြည်သူတွေ မျက်လုံးထဲမှာတော့ တော်ဝင်မျိုးနွယ်က အာဏာအမြင့်မားဆုံးပေါ့။ သူတို့တွေ စကားအရတော့ တစ်တိုင်းပြည်လုံးကို ရှင်ဘုရင်က ပိုင်စိုးတယ်ပေါ့။

သို့သော်လည်း အလွန် အာဏာရှိပြီး အရေးပါတဲ့ လူတွေက တော်ဝင်အာဏာကို ထိန်းချုပ်နေတဲ့  စွမ်းအားကောင်းမွန်တဲ့  သခင်တစ်ယောက် ရှိနေသေးတယ်ဆိုတာ  နားလည်တယ်။ နောက်ဆုံးတော့  တော်ဝင်မျိုးနွယိဆိုတာ  ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အာဏာအတွက် အသုံးချစရာ ရုပ်သေးရုပ်လေးတွေပဲ။

ထိုကြောင့်  ကြင်ယာတော်မု စကားလုံးတွေက ကွမ်တုကို ပိုပြီးတော့ စိတ်ပျက်စေတယ်။ ကြင်ယာတော်မုကို ဆက်ပြီးတော့ မပြောရန် မျက်နှာရိပ် မျက်နှာကဲနဲ့  သတိပေးလိုက်တယ်။ ထိုနောက် အားလုံးဘက်ကို  မျက်နှာမူလိုက်တယ်။

“ယွမ်လော့ဖုန်း….မင်းကို  စစ်သူကြီးရဲ့ တစ်ဦးတည်းသောမြေးဆိုတဲ့  အဆင့်တန်း ဘေးကင်းဖို့အတွက်  ငါကိုယ်တော်မြတ်က  တော်ဝင်အာဏာကို ဆန့်ကျင်တဲ့  ပြစ်မှုကို သနားညှာတာပေးလိုက်မယ်။ ဒါပေမယ့် မင်းအစေခံမ ရက်စက် ကြမ်းကြုတ်တဲ့  ပြစ်မှုကို ကျူးလွန်တယ်။ ထိုကြောင့် သူမကို ဝူချီ ကိုယ်လုပ်တော် အဖြစ်နေခိုင်းတာက  အသက်ညှာဆုံးနဲ့ အသင့်လျော်ဆုံး  ပြစ်ဒဏ်တစ်ခုပဲ။”

ကွမ်တု အနည်းငယ် မေးမော့လိုက်တယ်။ သူ့ပြစ်ဒဏ်သတ်မှတ်တဲ့အသံက အခန်းထဲမှာ ပျံလွင့်သွားတယ်။

“ဟား….”

အခန်းအပြင်ဘက်မှ ရယ်မောသံက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို  ဖြိုခွင်းသွားတယ်။

“ဒီဘုရင်က အတော်ကို အထင်ကြီးစရာကောင်းတာပဲ။ ရုတ်တရက် စိတ်ကူးပေါက်ပြီးတော့  လက်ထပ်ပွဲ စီစဉ်ပေးနိုင်တယ်ပေါ့။မင်းကိုယ်မင်း  ဒီတိုင်းပြည် သခင် မှတ်နေတာလား။”

ထိုစကားကို ပြောပြီးနောက်  ပိုးသားဝတ်စုံနဲ့ အဘိုးအို တစ်ယောက်  ခန်းမထဲကို  ဝင်လာတယ်။ သူ့ခြေလှမ်းတွေက သွက်လက်နေတယ်။ အဘိုးအို ခြေလှမ်းနှစ်လှမ်းလောက်ပဲ လှမ်းတယ်လို့ ထင်ရသော်လည်း  အမှန်တကယ်  အားလုံးရှေ့နားကို  ရောက်နေပြီ ဖြစ်တယ်။ မယုံကြည်နိုင်လောက်အောင်  လျင်မြန် ဖျတ်လတ်တယ်။

“ဘိုးဘိုး”

နင်အကြီးကဲကို တွေ့တော့ နင်ရှင်းမျက်လုံးတွေက ပျော်ရွှင်မှုနဲ့  တဖျတ်ဖျတ် လက်နေတယ်။ လှပသော အပြုံးမျက်နှာလေးနဲ့ နင်အကြီးကဲ အနားကို လျှောက်လှမ်းလာတယ်။

“ဘိုးဘိုး ရောက်လာပြီပေါ့။”

“ရှင်းအာ ”

ချစ်ခင်မှု အပြည့်နဲ့ နင်ရှင်းခေါင်းလေးကို နင်အကြီးကဲ ပွတ်သပ်ပေးလိုက်တယ်။

“ဘိုးဘိုးကို ပြော။ ဘိုးဘိုး မရှိတဲ့အချိန်မှာ မြေးလေးကို ဘယ်သူတွေက အနိုင်ကျင့်လဲ။”

ထိုစကားကို ပြောပြီးနောက် သူ့မျက်လုံးက မာနထောင်လွှားနေတဲ့  ကွမ်တုကို လှမ်း ကြည့်လိုက်တယ်။

“ဘိုးဘိုး”

နင်ရှင်း သူမအဘိုးပြောတဲ့ စကားသံကို ကြားပြီးနောက် သူမ မျက်နှာမှာ မကျေနပ်ချက်တွေနဲ့  ပြည့်နေတယ်။

“အရင်က ရှောင်ဖုန်းပြောခဲ့ဖူးတယ်။ သူ လုံယွမ်မှာ နေထိုင်ခဲ့ရတဲ့ အချိန်တွေက ပျော်ရွှင်မှု မရှိခဲ့ဘူးတဲ့ ။ အရင်က ရှင်းအာ တွေးမိတာက အပိုတွေချဲ့ကားပြောနေတယ် ထင်နေခဲ့တာ။ သို့သော်လည်း  ဒီနေ့ စားသောက်ဆိုင်ကို ရှောင်ဖုန်းနဲ့ အတူတူသွားတော့ ဝူမိသားစုက  ဝူချီက စားသောက်ဆိုင်  အခန်းတံခါးကို အတင်းတွန်းဝင်လာပြီးတော့ ရှောင်ဖုန်းကို  ရိုက်နှက်ချင်တယ်။”

ချဲ့ကားပြောတယ်ဆိုတာ  ဘာကို ဆိုလိုချင်တာလဲ။ သူမက အခြေနေကို  ပိုဆိုးရွားအောင်  ဇာတ်လမ်းထွင်နေတာပဲ ။ရိုက်ခံလိုက်ရတာက ဝူမိသားစုက ဝူချီ။

နင်အကြီးကဲ မျက်နှာ ပိုပြီးတော့ ညိုမည်းလာတယ်။ အသက်ရွယ် ကြီးရင့်နေသော မျက်နှာကို အမည်းရောင်တိမ်စိုင်တွေနဲ့  ဖုံးလွှမ်းထားတယ်။ မုန်းတိုင်းထန်တော့မယ့် ကောင်းကင်တစ်ခုလိုပဲ။

“ဒါကြောင့် ရှင်းအာ ဆက်ပြီးတော့  သည်းမခံနိုင်တော့တာနဲ့ ရှင်းအာ ဝင်ရောက် စွက်ဖက်မိတယ်။   ဝူမိသားစုက ဝူချီက  ရှင်းအာကို သူအိမ်ကို ခေါ်သွားပြီး သူကို ခစားစေချင်နေမယ်လို့ မထင်ထားမိဘူး။”

နင်ရှင်း အံကြိတ်ပြီးတော့ ဒေါသထွက်စွာ ပြောတယ်။ အထူးသဖြင့်  ခစားတယ်ဆိုတဲ့ စကားကို ပိုသိသားစေရန် ဖိပြီးတော့  ပြောတယ်။ သူမရဲ့ ကြည်လင်နေသာ မျက်ဝန်းမှာ ဒေါသတွေနဲ့  ပြည့်နှံနေတယ်။

“သူကို တခြားသူတွေက စကားနဲ့ စော်ကားတာကို သည်းမခံနိုင်ဘူး။ အခွင့်ရေးယူတာလည်း  ခွင့်မလွှတ်နိုင်ဘူး။ ဒါကြောင့် ကျိုးသွားအောင် ချိုးလိုက်တာလေ။  ဘာဆက်ဖြစ်ခဲ့တယ်လို့  အဘိုးထင်လဲ။  ဒီဘုရင်က  ဝူမိသားစု ဒေါသပြေလျော့ ဖို့အတွက် ရှင်းအာနဲ့ ရှောင်ဖုန်းကို နန်းတော်ထဲကို ဆင့်ခေါ်တယ်။”

“ဒီလူဖျင်း ကိုယ်လုပ်တော်နေရာ နေဖို့ ရှင်းအာကို အတင်း တွန်းအားပေးနေတယ်။ ပြောလိုက်သေးတယ်။  ရှင်းအာက သူ့ကိုယ်လုပ်တော် ဖြစ်ဖို့ပဲ ထိုက်တန်တဲ့  မိန်းကလေးတစ်ယောက်တဲ့။”

နင်ရှင်း ပြောလေ မကျေမနပ် နဲ့ ပိုဒေါသထွက်လာလေ ဖြစ်နေတယ်။ သူမ ငယ်ငယ်တည်းက သူမအဘိုးနောက်ကို လိုက်ခဲ့တာ။ သူမကိုတွေ့တဲ့လူတိုင်းက ရိုသေလေးစားတယ်။

ဒီလို မတရားခြင်းကို သူမ တစ်ခါမှ  မခံစားခဲ့ဖူးဘူး။ ကွမ်တုက သူမကို အတင်းလက်ထပ်ခိုင်းတဲ့အပြင် သူမက ကိုယ်လုပ်တော်တစ်ယောက်အဖြစ်ပဲ  ထိုက်တန်တဲ့ မိန်းကလေးတစ်ယောက်လို့ ပြောတာကို သူမ ပိုစိတ်ဆိုးတယ်။

နင်အကြီးကဲ မျက်လုံးမှာ အေးစက်စက် အငွေ့သက်တွေ ဖြစ်ပေါ်လာပြီးတော့

“ရှင်းအာ ဘိုးဘိုး မြေးလေးကို ပြောပါတယ်။ ရန်သူနဲ့ ရင်ဆိုင်ရင် ဂရုဏာ မထားရဘူးလို့။ဒီလို ဆန်ကုန်မြေလေးတစ်ယောက်ကို ကျိုးအောင် ချိုးလိုက်တာနဲ့  မလုံလောက်ဘူး။ တစ်ဘဝလုံး မတ်တပ် မရပ်နိုင်အောင် ခြေလက်တွေ ဖြတ်လိုက်ရမှာလေ။”

“အဘိုးပြောတာ မှန်တယ်။ ရှင်းအာ မှတ်ထားလိုက်ပါမယ်။”

နင်ရှင်းမျက်လုံးတွေက ချစ်စရာကောင်းအောင် တဖျတ်ဖျတ် လက်ပြီးတော့ ပြုံးပြီး ပြန်ဖြေတယ်။

မြေးအဘိုးနှစ်ယောက်က ဘယ်သူမှအနားမှ မရှိသလို ပြောချင်တိုင်း ပြောနေတာကို ကြားရတော့ ဝူယန် အလွန်မင်း ဒေါသထွက်မိတယ်။

သူ့မျက်လုံးတွေက နင်ရှင်းကို မတွေေ၀ မယိမ်းယိုင် စူးစိုက် ကြည့်လိုက်တယ်။ ထိုအကြည့်က  သူမကို အကြိမ်ပေါင်း ထောင်ပေါင်းများစွာ ဖြတ်ခုတ် သတ်ပြီး သေဒဏ်ပေးစေချင်နေတဲ့အကြည့်တွေပေါ့။

Chapter-123

End

Bạn đang đọc truyện trên: Truyen247.Pro