
Ep 119+120+121
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
119+120+121
ဘာသာပြန်သူ:Jelly Candy Flower
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၁၉)
အတူတူသွားမယ်(၂)
“မင်းကြီးက ယွမ်လော့ဖုန်းနဲ့အစေခံမကို နန်းတော်ကို ဝင်ရောက်ဖို့ မိန့်မှာ လိုက်တယ်။ နှောက်နှေးမှုမရှိအောင် နန်းတော်ကို မြန်မြန် ဝင်ရောက်မယ်။”
မိန်းမစိုးအသံက စူးရှတဲ့အပ်တစ်ခုလိုပဲ။
“အစေခံမ ဟုတ်လား။”
အဘိုးအို အကြည့်က ယွမ်လော့ဖုန်းဘက်ကို ပြောင်းလဲသွား ပြီးတော့ သူ မျက်မှောင်ကြုတ်လိုက်တယ်။
“မြေးလေး အစေခံက ဘာလုပ်ခဲ့လို့လဲ။ ဘုရင်နဲ့ သွားတွေ့တာကို အစေခံကို ခေါ်သွားဖို့ အမိန့်ပေးရတာလဲ။”
ယွမ်လော့ဖုန်း ပခုံးတွန့်လိုက်ပြီးတော့
“သူတို့တွေ ပြောနေတဲ့ အစေခံမ ဆိုတာ နင်ရှင်းကို ပြောနေတာပါ။”
နင်ရှင်း? အစေခံမ?
အဘိုးအိုလည်း အတော်ကို အံသြမိတယ်။ တော်ဝင်မျိုးနွယ်က လူတွေက နင်ရှင်းကို အစေခ့မလို့ ပြောတယ်လား။ နင်ရှင်းရဲ့ တကယ်ဇစ်မြစ်ကို မသိသေးတာလား။ သူမဇစ်မြစ်ကိုဆေးစံအိမ်တော်က ရုန်အကြီးကဲက နင်အကြီးကဲကို ပြောဆိုဆက်ဆံပုံနဲ့ သိနိုင်တယ်။
ဒါပေမယ့် ဒီလူတွေက နင်ရှင်းကို အစေခံလို့ တကယ်ခေါ်တယ်လား။ သူတို့တွေ မာန်တက်နေတာကို သိနေတယ်။ ဒီလောက် လှပပြီးတော့ ချောမောတဲ့ မိန်းကလေးကို အစေခံလို့ ထင်ရဲတယ်ပေါ့။
“ယွမ်လော့ဖုန်း ဘာတွေ အချိန်ဖြုန်းနေတာလဲ။ မင်းကြီးနဲ့တွေ့ဖို့ ငါနဲ့ လိုက်မလာသေးဘူးလား။”
အဖက်မလုပ်သော ယွမ်လော့ဖုန်းကို ကြည့်ရင်း မိန်းမစိုး စိတ်မရှည်သော လေသံနဲ့ ပြောလိုက်တယ်။
အဘိုးအို မျက်နှာမည်းမှောင်သွားပြီးတော့
“ဖုန်းအာ …မြေးလေးကို ဘုရင်က တွေ့ဖို့ ခေါ်တော့လည်း ဘိုးဘိုးလည်း အတူတူ လိုက်ခဲ့မယ်။ ဘိုးဘိုး မြေးလေး အနားမှာ ရှိနေရင် မြေးလေးကို ဘယ်သူမှ ထိရဲမှာ မဟုတ်ဘူး။”
ယွမ်လော့ စကားကို ကြားတော့ မိန်းမစိုးပုံစံက အထင်မြင်သေး စက်ဆုပ် ရွံရှားနေတာ သိသားတယ်။
ဘုရင်တစ်ယောက်တည်းသာ တိုင်းပြည်ကို ပိုင်ဆိုင်တာ ဟုတ်တယ်မလား။ ယွမ်လော့က နာမည်အရ စစ်သူကြီးတစ်ယောက်ပဲ။ မင်းကြီးကို ဆန့်ကျင်ဖို့ သူမှာ ဘာအရည်ချင်းတွေ ရှိနေလို့လဲ။ ယွမ်လောဖုန်းနဲ့ သူမအစေခံမက ရက်စက် ကြမ်းကြုတ်တဲ့ အပြုမူကို ပြုလုပ်ခဲ့တယ်။ အရှင်မင်းကြီးက သနားညှာတာပေးမှာ မဟုတ်ဘူး။
“ကို မင်းနဲ့အတူလိုက်မယ်။”
ရုတ်တရက် သူမနောက်ဘက်မှ အသံတိုးတိုးလေးကို ကြားလိုက်ရတယ်။ယောကျာ်းတစ်ယောက် အသံကို ကြားတော့ ယွမ်လော့ဖုန်းလှည့်ကြည့်လိုက်တယ်။
ကောင်လေးပုံစံက အေးတိအေးစက် ပုံစံ ၊ မျက်ဝန်းနက်တွေနဲ့ သူမကို ကြည့်နေတယ်။ ခံစားချက်မဲ့နေသော မျက်နှာမှာ ဘာကိုမှ ခန့်မှန်းလို့ မရနိုင်ပေ။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ ယွမ်လော့ဖုန်းကို တကယ် စိတ်ပူနေတယ်ဆိုတာတော့ ခံစားနိုင်တယ်။
“ကောင်းပြီလေ။”
သူမလှပစွာ ပြုံးလိုက်တယ်။ သူမအသံက အရင်လို ဘာကိုမှ ဂရုမစိုက်သလို လေသံနဲ့ပေါ့။ သို့သော်လည်း ထိုကောင်လေးကို ယုံကြည်တဲ့ သဘောထားကို ဆောင်ပါတယ်။
ယွမ်လော့ဖုန်းရဲ့ လက်ရှိအရည်ချင်းနဲ့ဆိုရင် တော်ဝင်မျိုးနွယ်ကို ကြောက်နေစရာ မလိုအပ်ပေ။ သို့သော်လည်း ယွမ်ရှောင် သူမနဲ့ အတူတူလိုက်လာခဲ့ရင် သူမနှလုံးသားထဲမှာ အေးချမ်း လုံခြုံမှုကို ခံစားရစေမှာပါ။
“ငါကိုလည်း စောင့်နေဦး။”
ထိုအချိန်မှာ ဘေးဘက်မှ နားဝင်ချိုသော အသံလေးကို ကြားလိုက်ရတယ်။
ယွမ်လော့ဖုန်းလည်း နောက်လှည့်လိုက်ပြီး ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ အပြုံးမျက်နှာလေးနဲ့ သူမတို့အနားကို ပြေးလာတဲ့ နင်ရှင်းကို တွေ့လိုက်ရတယ်။
“ရှောင်ဖုန်း ဒီပြသနာကို အရင်စခဲ့တာက ငါ။ နင်တို့ပြောနေတဲ့ ဘုရင်ကို သွားတွေ့တာ ငါလည်း လိုက်ခဲ့မယ် ။ တော်ဝင်မျိုးနွယ်က လူဘယ်နှယောက်လောက်က ငါ့ရှောင်ဖုန်းလေးကို အနိုင်ကျင့်နေလည်းဆိုတာ နန်းတော်ရောက်ရင် သိရတာပေါ့။”
လက်ရှိ ယွမ်လော့ဖုန်းကို နင်ရှင်းလေးစား အထင်ကြီးတယ်။ သူမအဘိုး ပထမ ၊ ရှောင်ဖုန်းလေးက ဒုတိယ အရေးကြီးဆုံးပဲ။ ဒါကြောင့် ရှောင်ဖုန်းကို ဘယ်သူမှ အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး။ အထူးသဖြင့် သူမရှေ့မှာပေါ့။
“မင်းက ဘယ်သူလဲ။”
နင်ရှင်းက တော်ဝင်မျိုးနွယ်ကို အထင်မြင်သေးတဲ့ပုံစံနဲ့ ပြောတာကြောင့် ဘေးနားက မိန်းမစိုးက နွားကဲ့သို့ အော်ဟစ်လေသည်။
“မင်းက ဘုရင်ကို အထင်သေးရဲတယ်ပေါ့။ သခင်အတိုင်းပဲ။ ခွေကဲ့သို့ လူက ပြုစုပျိုးထောင်ထားတော့ အကျင့်တူနေတာပေါ့။”
နင်ရှင်း ထိုလူနဲ့ ပြိုင်ရန်ဖြစ်မနေချင်ခဲ့ဘူး။ ထိုလူကို မျက်စောင်းထိုး ကြည့်လိုက်ပြီးတော့ ယွမ်လော့ဖုန်းဘက်ကို ခေါင်းလှည့်လိုက်တယ်။
“အစက အဘိုးပြန်လာတဲ့အချိန်ထိ စောင့်ပြီးတော့ အဘိုးကို ဖြေရှင်းခိုင်းမလို့။ တော်ဝင်မျိုးနွယ်က ဒီလောက် မြန်မြန် လာရှာမယ်လို့ မထင်ထားခဲ့ဘူး။ရှောင်ဖုန်း စိတ်မပူနဲ့နော်။
အဘိုးမရှိတဲ့အချိန်မှာ ရှောင်ဖုန်းလေးကို ကာကွယ်ပေးမယ်လို့ အဘိုးကို နင်ရှင်း ကတိပေးထားတယ်။”
နင်ရှင်းက သူကို အဖက်မလုပ်တာကြောင့် မိန်းမစိုးကြီး ပိုဒေါသထွက်လာပြီးတော့ မျက်နှာ ပိုညိုမဲလာတယ်။
“ဒီမှာ ဘာလို့ဆက်ပြီး အချိန်ဆွဲနေတာလဲ။ နန်းတော်ထဲမှာ မင်းကြီး စောင့်နေတယ်။ နှောက်နှေးနေလို့ ပြသနာရှာရင် နင်တို့တွေ တာဝန်ယူရမယ်။ ထွက်မလာရင်တော့ ဒီက မိန်းမစိုးကြီးက ကြိုးတုတ်ခေါ်သွားရမှာပဲ။”
Chapter-119
End
အပိုင်း(၁၂၀)
နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
မိန်းမစိုး နောက်ဆုံးပြောလိုက်တဲ့ စကားက ယွမ်လော့ဖုန်းကို ရန်စနေသလိုပဲ။ သူမရဲ့ မျက်ဝန်းနက်တွေနဲ့ ကောက်ကျစ်စဉ်းလဲစွာ ထိုလူကို ကြည့်လိုက်တယ်။ ပြိုင်ဘက်ကင်း ကျက်သရေ ရှိတဲ့ မျက်နှာလေးနဲ့ ပျင်းရိလေးတွဲစွာ ပြုံးလိုက်တယ်။
သို့သော်လည်း မိန်းမစိုးတစ်ယောက် ယွမ်လော့ဖုန်းရဲ့ ပျင်းရိလေးတွဲတဲ့ အပြုံးကို ကြည့်ရင်း ကျောချမ်းလာတယ်။ ထိန်းချုပ်လို့ မရအောင် တုန်ရီလာတယ်။ သူ့နှလုံးသားကို ဆွဲဗြဲနေသလိုပဲ။
အမှိုက်မက တခြားလူတွေကို အတော် ကြောက်လန့်အောင် နှိုးဆွနိုင်တာပဲ။ သူ့နှလုံးသား တုန်ရီနေတာကို ထိန်းချုပ်ရင် မိန်းမစိုး မျက်နှာ ပိုညိုမည်းလာတယ် ။ အေးတိအေးစက် အမိန့်ပေးလိုက်တယ်။
“တစ်ယောက်ယောက် လာခဲ့စမ်း ။ဒီလူတွေကို နန်းတော်ကို ခေါ်သွားစမ်း။”
“ငါ ဘာသာသွားနိုင်တယ်။”
ယွမ်လော့ဖုန်းလည်း သူမအနားကို လျှောက်လာတဲ့ အစောင့်ကို ကြည့်လိုက်တယ်။ သူမ မျက်ခုံးပင့်လိုက်ပြီးတော့
“ယွမ်ရှောင် ကျွန်မအသားကို လာထိတဲ့လူတိုင်းကို သနားစရာမလိုအပ်ဘူး။ သတ်ပစ်လိုက်။”
သူမအသံက မာနထောင်းလွှားနေပြီး တစ်လောကလုံးကို ဂရုမစိုက်တဲ့ လေသံနဲ့ပေါ့။
ယွမ်ရှောင် ဘာစကားမှ မပြောဘဲ သူမအနားမှာ တိတ်ဆိတ်စွာ ရပ်နေတယ်။ သူ့ရဲ့ အေးစက်ပြီး မည်းနက်နေတဲ့ မျက်လုံးမှာ လူသတ်ချင်နေတဲ့ အရိပ်ယောင်ကို တွေ့နေရတယ်။ သူ့အမည်းရောင် ဝတ်ရုံက လေထဲမှာ လွင့်နေတယ်။ သူ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ စွမ်းအာကို ထုတ်လွှင့်နေပြီးတော့ ယွမ်လော့ဖုန်း အနီးနားကို ချဉ်းကပ်လာတဲ့ ရဲမက်တွေကို လွင့်စင်သွားစေတယ်။ အားလုံး ကြောက်ရွံ ထိတ်လန့်နေတယ်။
“ယွမ်လော့ဖုန်း နင်နန်းတော်ထဲရောက်ရင် ဒီလိုသောင်းကြမ်း ၊ မောက်မာ နိုင်မလားဆိုတာ စောင့်ကြည့်ရတာပေါ့။”
ပြောပြီးတာနဲ့ သူနားကို ရဲမက်တွေ ပတ်ပတ်လည် ဝိုင်းထားစေတယ်။ ယွမ်ရှောင် သူကို သတ်ချင်နေတာကို သူ မသိစရာလား။ သူတို့တွေ ယွမ်လော့ဖုန်း အနားကို တကယ်ကပ်ပါက ဒေါသထွက်ပြီး အကုန်လုံးကို သတ်ပစ်မှာ အသေချာပဲဆိုတာ သူယုံကြည်တယ်။
ထင်ထားတဲ့အတိုင်းပဲ စစ်သူကြီးအိမ်တော်က လူတစ်ယောက်မှ မကောင်းဘူး။ စစ်သူကြီးယွမ်က စပြီးတော့ အစေခံတွေ အစောင့်တွေ အားလုံးက တော်ဝင်အာဏာကို အထင်သေးတယ်။ ဒီလိုလူတွေကို ဖယ်ထုတ်သင့်တယ်။
“ဘိုးဘိုး …ဖုန်းအာတို့ နန်းတော်ထဲဝင်ပြီးတော့ ခုကိစ္စကို မင်းကြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရတာပေါ့။”
“ဟုတ်ပါပြီ မြေးလေး”
မိန်းမစိုးကို စကားမပြောခင်မှာ သူ့မြေးလေးကို ခေါင်းညိတ်ပြလိုက်ပြီးတော့ မိန်းမစိုးဘက်လှည့်ကာ
“မင်း မြန်မြန် လမ်းမပြနိုင်ဘူးလား။ နောက်ကျသွားရင် ဘယ်သူက တာဝန်ယူမလဲ။”
ထိုစကားက မိန်းမစိုး ပါးစပ်က အရင်ဆုံးထွက်လာခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ အဘိုးပြန်ပြောတဲ့ စကား ဖြစ်သွားပြီ။
မိန်းမစိုး လှောင်ပြောင်သရော်လိုက်တယ်။ အိမ်တော်က မထွက်ခွာခင်မှာ သူ့လက်ထဲမှ မြင်းကြိုးကိုဆွဲလိုက်တယ်။
စစ်သူကြီးအိမ်တော်ကို ရဲမက်တွေ အများကြီးဝိုင်းထားပြီး အိမ်တော်ကလူတွေ ထွက်ခွာ သွားတာကို ကြည့်ရင်း အားလုံးက တီးတိုး တီးတိုး အတင်းပြောနေတယ်။
သူတို့တွေ ထင်နေတာက စစ်သူကြီယွမ်လော့တစ်ယောက် ဘာပြစ်မှုကို ကျူးလွန်ခဲ့လို့ နန်းတော်ထဲဝင်သွားချိန်မှာ အိမ်တော်ကို ရဲမက်တွေ ဝိုင်းထားရတာလဲ။
တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ထို ရဲမက်တွေက ယွမ်မိသားစုကို ထိတောင် မထိရဲပါဘူး။ သူတို့တွေက ယွမ်မိသားစုကို ဝန်းရံပြီးတော့ နန်းတော်ကို ပို့ဆောင်ပေးတာပါ။ ယွမ်မိသားစုက ဘာပြစ်မှုမှ မကျူးလွန်ထားတာကို ဘယ်သူမှ မသိပါဘူး။
လူအုပ်ကြီးထဲမှာ ရဲမက်တွေ ဝိုင်းရံနေတဲ့ ယွမ်လော့ဖုန်းကို ဖုန်းရာ တွေ့လိုက်တယ်။ သူမ ဆေးစံအိမ်တော်ကို အလျင်မြန် ပြေးသွားလိုက်တယ်။
“ရုန်အကြီးကဲ… ကျွန်မတို့တွေ ပြသနာတက်ပြီ။ ပြသနာဖြစ်နေပြီ။”
ဆေးစံအိမ်တော် အတွင်းခန်းမဆောင်မှာ ရုန်အကြီးကဲက တစ်ယောက်ယောက်နဲ့ စစ်တုရင် ကစားနေတယ်။ နောက်ထပ် တစ်ပွဲ ထပ်ကစားဖို့ ပြင်ဆင်နေတယ်။ ထိုအသံက သူကို ထိတ်လန့်စေတယ်။ သူ့လက်ထဲက စစ်တုရင်ရုပ်ထုတွေ မြေပြင်ပေါ်ကို လွတ်ကျသွားတယ်။
ရုန်အကြီးကဲလည်း စိတ်မရှည်စွာ မျက်မှောင် ကြုတ်လိုက်ချိန်မှာ ဖုန်းရာ တံခါးကို တွန်းဖွင့်ပြီးတော့ ပြေးဝင်လာတယ်။ သူအသက်ရှုသံ မမှန်တော့သလို ခံစားရတယ်။
“ဘာပြသနာ ဖြစ်တာလဲ။”
ရုန်အကြီးကဲ စိတ်မရှည်စွာ မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်တယ်။
ဖုန်းမိသားစုအဘိုးကြီးနဲ့ ဆက်ဆံရေးသာ မကောင်းခဲ့ရင် သူ စစ်တုရင် ကစားနေတာကို နှောက်ယှက်လို့ သည်းခံမှာ မဟုတ်ဘူး။ သူ စိတ်ကောင်းဝင်နေတာကို နှောက်ယှက် တာပဲ။
“ရုန်အကြီးကဲ ပြသနာ ဖြစ်ပြီ။”
ဖုန်းရာမျက်နှာက စိုးရိမ် ကြောင့်ကြနေ သလိုပဲ။
“အခု ဆေးစံအိမ်တော်မှာ စိတ်စုစည်းဆေးရည် ရောင်းကုန်လုနီးပါးပဲ။ ယွမ်လော့ဖုန်းမှာ ဆေးရည်ထပ်သွားဝယ်မလို့ ယွမ်အိမ်တော်ကို ကျွန်မ သွားခဲ့တယ်။ နန်းတော်ကလူတွေ ယွမ်အိမ်တော်ကို ဝန်းရံထားတယ်။ ရုန်အကြီးကဲ နောက်ကျသွားရင် ယွမ်လော့ဖုန်းကို နောက်တစ်ခေါက် ထပ်မတွေ့ရတော့မှာ သေချာတယ်။”
Chapter-120
End
အပိုင်း(၁၂၁)
နင်အကြီးကဲ ရောက်ရှိလာခြင်း
“ဘာပြောလိုက်တယ်?”
ရုန်အကြီးကဲ ဒေါသထွက်စွာ စားပွဲခုံကို ရိုက်လိုက်ပြီးတော့ မတ်တပ်ထရပ်လိုက်တယ်။ ရုန်အကြီး ဖုန်းရာကို စူးစူးစိုက်စိုက် ကြည့်နေလိုက်တယ်။ အံကြိတ်ပြီး မေးလိုက်တယ်။
“မင်း ဘာပြောလိုက်တယ်။ တော်ဝင်မျိုးနွယ်ကလူတွေက အတော်ကို သတ္တိရှိနေတယ်ပေါ့။ ယွမ်မိန်းကလေးကို ခေါ်သွားရဲတယ်ပေါ့။”
ဖုန်းရာ သူမနဖူးပေါ်က ချွေးတွေကို သုတ်လိုက်တယ်။ ညှို့ဓာတ်ပြင်းတဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးနေတယ်။
“ရုန်အကြီးကဲ ကျွန်မကိုယ်တိုင် မြင်ခဲ့တာပါ။ တော်ဝင်မျိုးနွယ်ကလူတွေက ယွမ်မိန်းကလေးကို ဖမ်းသွားတာတင် မဟုတ်ဘူး။ နင်မိသားစုက နင်ရှင်းကိုလည်း နန်းတော်ကို ဖမ်းခေါ်သွားတယ်။”
ထိုစကားကို ကြားပြီးနောက် ရုန်အကြီးကဲ ဒေါသစိတ် တဖြည်းဖြည်း အနည်းကျသွားတယ်။ ထိုအစား ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေတယ်။
“တော်ဝင်မျိုးနွယ်က နင်ရှင်းကိုလည်း ဖမ်းခေါ်သွားတယ်ပေါ့။”
“ဟုတ်ပါတယ် ရုန်အကြီးကဲ။”
ဖုန်းရာ ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်။
ရုန်အကြီးကဲ ဖြည်းဖြည်းလေး ထိုင်လိုက်ပြီးတော့ သူ့မျက်နှာမှာ လှောင်သရော် ရိပ်သမ်းနေတယ်။ သူ မကျေမနပ်နဲ့ ဆက်ပြောတယ်။
“တော်ဝင်မျိုးနွယ်တွေက အသက်ဆက်မရှင် ချင်တော့ဘူး ထင်တယ်။ ဒီနေ့ နင်အကြီးကဲ လုံယွမ်ကို ရောက်မယ်မလား။ မြို့ဝင်ဂိတ်မှာ သူကို စောင့်နေလို့ ပြောလိုက်။”
သူ့မြေးနဲ့ မွေးစား မြေးလေးကို တော်ဝင်မျိုးနွယ်က ဖမ်းခေါ်သွားတယ်။ ကလေးတွေက အဘိုးကြီး လာကယ်တာကို စောင့်နေရတာ။
“ဟုတ်ကဲ့ပါ။”
ဖုန်းရာ ဂါရဝပြုပြီး ပြန်လည် ထွက်ခွာ သွားတယ်။
တော်ဝင်မျိုးနွယ်က ယွမ်လော့ဖုန်းကို ဖမ်းခါ်သွားခဲ့တာ မဟုတ်ပေ။ နန်းတော်ကို ခေါ်ဆောင် သွားရုံလေးပါ။ ယွမ်လော့ဖုန်းကို ဆေးစံအိမ်တော်က ကျေးဇူးရှင်တစ်ယောက် အဖြစ် သတ်မှတ်ထားတဲ့ အပြင် နင်အကြီးကဲလည်း လေးစားအထင်ကြီးပြီး လူတော်တစ်ယောက် အဖြစ် သတ်မှတ်ထားတာပါ။
ယွမ်လော့ဖုန်း ကို နန်းတော်က ခေါ်သွားတာကို နင်အကြီးကဲက တော်ဝင်မျိုးနွယ်ကို ခွင့်လွှတ်မှာ မဟုတ်ပေ။
“နေပါဦး။”
ရုန်အကြီးကဲ ရုတ်တရက် တစ်ခုခုကို တွေးမိသွားတဲ့ ပုံပဲ။ နောက်တစ်ကြိမ် မတ်တပ် ထရပ်လိုက်ပြီးတော့ မျက်မှောင် ကြုတ်လိုက်တယ်။
“ယွမ်မိန်းကလေးကို ကယ်တင်တဲ့ အခွင့်ရေးကို နင်အကြီးကဲကို ပေးလိုက်လို့ ဘယ်ဖြစ်မလဲ။ လုံး၀ ပေးလိုက်လို့ မဖြစ်ဘူး။ နင်အကြီးကဲ အရင်ဆုံး လက်ဦးသွားလို့ ဘယ်ဖြစ်မလဲ။ ငါလည်း ငါကိုယ်တိုင် နန်းတော်ထဲကို ဝင်မယ်။”
………..
တော်ဝင် နန်းတော် နန်းဆောင်မကြီးက
ခမ်းနာကြီးကျယ် တောက်ပနေရုံသာမက ဂုဏ်သရေ မြင့်မားပြီး ထိတ်လန့်ဖွယ် ခမ်းနားကြီးကျယ်တယ်။
ထိုအချိန်မှာ နန်းဆောင်မ အလယ်မှာ ဝူယန်တစ်ယောက် ယွမ်မိသားစုမှ မြေးအဘိုး နှစ်ယောက်ကို အမုန်းေ တွ ပြည့်နှံနေတဲ့ မျက်လုံးတွေနဲ့ မကျေမနပ်နဲ့ စူးစူး စိုက်စိုက် ကြည့်နေတယ်။ သူ့မျက်လုံးက လူသတ်ချင်စိတ် ပြင်းထန်နေပြီးတော့ ထက်မြက်သော ဓားတစ်လက်လိုပဲ။
အမတ်တွေအားလုံးက ခမ်းနားသော နန်းဆောင်မကြီးမှာ အုပ်စုနှစ်စုခွဲပြီးတော့ မတ်တပ်ရပ်နေတယ်။ ဘယ်သူမှ အသက်ပြင်းပြင်း မရှုရဲပေ။ အားလုံးက သူတို့ အထက်မှာ ထိုင်နေတဲ့ ဘုရင်ကွမ်တုကို သတိထားပြီး ကြည့်နေရတယ်။
ကွမ်တု မျက်နှာက ညိုမည်းနေတယ်။ အတော်ကို ဒေါသထွက်နေတာ ဖြစ်မယ်။ သူ့ကြောက်လန့်ဖွယ် အေးစက်စက် အကြည့်တွေနဲ့ ခမ်းနားသော နန်းဆောင်မ အလယ်တင် ရပ်နေသော ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
သူ့အသံက စူးရှပြီးတော့ ပြစ်တင် ဝေဖန်သေယ လေသံဖြင့်
“ယွမ်လော့ဖုန်း မင်းက ငါကိုယ်တော်ကို တွေ့တာ ဒူးမထောက်သေးဘူးလား။”
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
“ဘိုးဘိုးက ကျွန်မအတွက် တော်ဝင်အမိန့်တော် ကို တောင်းဆိုထားတယ်လေ။ အမိန့်စာမှာ ပြောထားတာက ကျွန်မက တော်ဝင်မျိုးနွယ်တွေကို တွေ့ရင် ဒူးထောက်စရာ မလိုအပ်ဘူးလို့ မှာကြားထားတယ်လေ။ ရှင်က အမိန့်စာကို ပြန်လည် ဖျက်သိမ်းချင်နေတာလား။”
ထိုအခါမှ ကွမ်တု ထိုနေ့က သဘောတူထားတဲ့ အမိန့်စာကို ပြန်လည် သတိရသွားတယ်။ သူ့ပုံစံက ထိန်းထားလို့ မရနိုင်အောင် ညိုမဲ ပုပ်သိုးနေပြီး အကျည်းတန် ရုပ်ဆိုးနေတယ်။
“ရဲတင်းလိုက်တာ။”
တော်ဝင်ကြင်ယာတော်မုက ကွမ်တုကို မှီထားရင် ဘေးနားမှာ ထိုင်နေတယ်။ သူမရဲ့ ညှို့ဓာတ် ပြင်းသော မျက်နှာမှာ ယွမ်လော့ဖုန်း စကားကို ကြားပြီးတော့ ပြောင်းလဲသွားတယ်။
သူမရဲ့ နူးညံတဲ့ လက်တစ်စုံက ခုံပေါ်ကို ခဆင်းသွားတယ်။ ဒေါသထွက်စွာ ပြစ်တင် ဆိုဆုံးမတယ်။
“ နန်းဆောင်မထဲမှာ ရိုင်းစိုင်းဖို့ နင်ကို ဘယ်သူ သင်ပေးထားတာလဲ။ ဒီအမိန့်စာကို ဘုရင်က ပေးအပ်ထားတာ ။ ဘုရင်က ပြန်လည် ရုတ်သိမ်းနိုင်တယ်။”
ယွမ်လော့ဖုန်းလည်း ကြင်ယာတော်မုကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။
“ဘုရင်က အမိန့်စာကို ပြန်လည် ရုတ်သိမ်းချင်လည်း ယွမ်လော့ဖုန်းက ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ထိုကိစ္စကို တိုင်းသူ ပြည်သားတွေသာ သိသွားခဲ့ရင်တော့ ဘုရင်က ကတိ မတည်တဲ့ ဘုရင် ဖြစ်တာ သိသွားတာပေါ့။ နန်းတော် ဂုဏ်သိက္ခာလည်း ကျဆင်းသွားတာပေါ့။”
ကွမ်တု မျက်နှာမှာ စိတ်မရှည်တော့တဲ့ ပုံစံပေါ်ပေါက်လာတယ်။ ကြင်ယာတော်မု ဆက်ပြီးတော့ ပြောလာမယ့် စကားတွေ ရပ်သွားစေရန် မျက်လုံး အကြည့်နဲ့ သတိပေးလိုက်တယ်။
ထိုနောက် သူ့အကြည့်က ယွမ်လော့ဖုန်းဘေးနားက ယွမ်ရှောင်နဲ့ နင်ရှင်းဘက်ကို ပြောင်းလဲသွားတယ်။
“ငါကိုယ်တော် မင်းကို ဒူးထောက် ဂါရ၀ မပြုခိုင်းတော့ဘူး ။ သို့သော်လည်း မင်း သက်တော်စောင့်နဲ့ အစေခံမက ယဉ်ကျေးမှု မရှိဘူး။ မတ်တပ် ရပ်နေစဲပဲ။ အခုချက်ချင်း ကိုယ်တော်ကို ဒူးထောက် ဂါရ၀ ပြုစမ်း။”
ထိုအသံက သြဇာ အာဏာပေးနေတဲ့ လေသံဖြစ်ပြီး အခန်းအတွင်းမှာ ပျံနှံ့သွားတယ်။
ယွမ်ရှောင် ဘာစကားမှ မပြောသော်လည်း တင်းမာ ခက်ထန်နေသာ မျက်နှာက အရင်တိုင်း ခံစားချက်မဲ့နေစဲပင်။
သူ့မည်းမှောင်နေသော မျက်လုံးတွေက သူ့ဘေးနားမှာ ရပ်နေတဲ့ မိန်းကလေးကိုပဲ ကြည့်နေတယ်။ သူက ကွမ်တု စကားကို မကြားတာလား။ တမင် လစ်လျူရှုထားခဲ့တာလား။
Chapter-121
End
Bạn đang đọc truyện trên: Truyen247.Pro