
Ep 117+118
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
117+118
ဘာသာပြန်ဆိုသူ:Jelly Candy Flower
ကြိုက်နှစ်သက်ပါက like & shareပြုလုပ်သွားဖို့ မမေ့နဲ့နော်။ ဖတ်ပေးတဲ့ readerအားလုံးကို ကျေးဇူးပါ
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၁၇)
နင်ရှင်းဒေါသထွက်ခြင်း(၄)
မြင့်မြတ်ခြင်းဆိုတာ ဘာလဲ ။ သူမ မသိဘူး။ သူမ ရင်ထဲက သိနေတာ တစ်ခုကတော့ သူမတို့ ယွမ်မိသားစုကို စော်ကား အနိုင်ကျင့်ခဲ့တဲ့ လူတိုင်း မကြာခင်မှာ အပြစ်ပေးခံရမယ်။
…….
ဝူအိမ်တော်
အိမ်တော်တစ်ခုလုံးမှာ နွားကဲ့သို့ အော်သံနဲ့ ဆူညံံ ပွတ်လော ရိုက်နေတယ်။ ထိုအသံက အမုန်းတွေနဲ့ ပြည်နေပြီး ငရဲသားတွေ အော်ဟစ်နေတဲ့ အသံအတိုင်းပဲ။
“ယွမ်လော့ဖုန်း… ငါ နင်ကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်။”
ဝူချီက တန်ဆာဆင်အလှပြင်ထားတဲ့ သစ်သားအိပ်ယာပေါ်မှာ လဲလျောင်းနေတယ်။ သွေးတွေက ပိုးသား အခင်းမှာ စီးကျနေပြီးတော့ အခင်းတစ်ခုလုံး နီရဲနေတယ်။ အံကြိတ်ပြီးတော့ လက်သီးဆုပ်ထားတယ်။ သူမျက်ဝန်းတဲ့အမုန်းက ပိုနက်ရှိုင်းလာပြီးတော့ အဆိပ်ခပ် သတ်ချင်စိတ်နဲ့ ဓားနဲ့ ထိုးသတ်ချင်စိတ် တဖွားဖွား ပေးပေါက်လာတယ်။ သူကို တချက်ကြည့်လိုက်ရုံနဲ့ လူအားလုံး အဆိပ်မိပြီး သေဆုံးတော့ မလို ခံစားရတယ်။
“ချီအာ”
ဝူယန် မျက်လုံးကို မှေးစင်းလိုက်ပြီးတော့ သနားစရာကောင်းတဲ့ သူ့သားလေးကို ကြည့်လိုက်တယ်။ လူသတ်ချင်စိတ်တွေ သူ့မျက်လုံးမှာ အထင်းသား ပေးနေတယ်။
“စိတ်မပူပါနဲ့ ဖေဖေ သားအတွက် တရားမျှတမှုကို ရအောင် ရှာပေးပါမယ်။ အခုချက်ချင်း ဘုရင်မင်းမြတ်ကို ဖေဖေ သွားတွေ့လိုက်မယ်။
ယွမ်မိသားစု အစေခံက ငါ့သားကို ဒီလိုဆက်ဆံတယ်တာကို ယွမ်လော့က လစ်လျူရှုထားရဲတယ်ပေါ့။ အဘိုးကြီးက သူ့မြေးနဲ့ အစေခံကို ငါတို့အိမ်တော် လက်ထဲအပ်ရမယ်။”
ဝူချီ ဒေါသထွက်စွာ သွားကို ကြိတ်လိုက်တယ်။ သူ့မျက်လုံးမှာ အမုန်းတွေနဲ့ ပြည့်နေတယ်။
“အချိန်တန်တာနဲ့ ယွမ်လော့ဖုန်းနဲ့ အစေခံမကို သား လက်ထဲကို ဖေဖေ အပ်ရမယ်နော်။ သေရတာထက် ဆိုးရွားတဲ့ ဘဝကို သူတို့တွေ ခံစားစေရမယ်။”
ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရဘဲ သူ့ရင်ထဲက ဒေါသတွေ မပြေပျောက်နိုင်ဘူး။ အထူးသဖြင့် ဟို အစေခံမ။ အစေခံတစ်ယောက်ကို သူကို ပြန်တိုက်ခိုက်ရဲတယ်ပေါ့။
သူမက သေခြင်းတရားကို ရှာဖွေနေတာပဲ။ အသက် ဆက်မရှင်ချင်တော့ဘူးထင်တယ်။ ဒီတစ်ကြိမ်တော့ အဘိုးကြီးယွမ်လော့ သူတို့တွေကို မကာကွယ်ပေးနိုင်တော့ဘူး။
“သန်လျင်း ယူလာခဲ့စမ်း။ ငါ နန်းတော်ကို ဝင်မယ်။ ဘုရင် နဲ့ သွားရောက် တွေ့ဆုံမယ်။”
ဝူယန်အကြည့်တွေက လူသတ်ချင်စိတ် ပိုပို ဖြစ်ပေါ်နေသလိုပဲ။ စစ်သူကြီး ယွမ်လော့က စွမ်းအားနဲ့ အာဏာ ဘယ်လောက်ပဲ ကြီးမားကြီးမား သူ ဂရုမစိုက်ဘူး။ သူ့မြေးမက ဒီလို ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းကို သုံးတော့လည်း သူ ကျိုးကြောင်း မစဉ်းစားတော့ဘဲ ရက်စက်သင့် ရက်စက်ရတော့မှပေါ့။
သူ မလုပ်ရဲတာ ဘာမှ မရှိဘူး။ ယွမ်မိသားစုကို အပြစ်ပေးချင်ရင် ဘုရင်က သူဘက်က ရပ်တည်ပေးမှာပါ။
ထိုအကြောင်းကို တွေးနေရင်း အိပ်ယာပေါ်မှာလဲလျောင်းနေတဲ့ လူငယ်လေးကို ကြည့်လိုက်ပြီး နွေးထွေးစွာ ပြောတယ်။
“ချီအာ ဖေဖေ သတင်းကောင်းနဲ့အတူတူ ပြန်လာတာကို စောင့်နေနော်။ ပြန်လာတာနဲ့ ယွမ်လော့ဖုန်းနဲ့ အစေခံမကို ခေါ်လာခဲ့မယ်။ သား ကြိုက်သလို အပြစ်ပေးစေရမယ်။”
နင်အကြီးကဲတစ်ယောက် ထိုနေရာမှာ ရှိနေပြီး နင်ရှင်းကို အစေခံမလို့ ထပ်ခါထပ်ခါပြောနေတာကိုသာ ကြားခဲ့ရင်တော့ အမြဲတည်ငြိမ်နေတဲ့ မျက်နှာက ဒေါသထွက်နေမှာပဲ။ ဒေါသစိတ်နဲ့ ထိုလူတွေကို သတ်လိုက်မှာ သေချာတယ်။
နင်အိမ်တော်က မြေးက မြင့်မြတ်တယ်ဆိုတာ တော်ဝင်မိသားစုက မင်းသမီးတစ်ယောက်က မယှဉ်နိုင်ပေ။ လုံယွမ်တိုင်းပြည်တစ်ခုလုံးမှာ သူလေးစားတာ ယွမ်လော့ဖုန်း တစ်ယောက်တည်း ရှိတယ်။
ကံမကောင်းစွာ မုမိသားစုက နင်ရှင်းအကြောင်းကို သေချာ မစုံစမ်းဘဲ အလွန်မင်း သူတို့ကိုယ်သူတို့ အထင်ကြီးနေတယ်။ထိုကြောင့်လည်း ပြန်ပြုပြင်လို့ မရတဲ့ အမှားကို ကျူးလွန်မိတာပေါ့။
………….
ယွမ်အိမ်တော် ခန်းမဆောင်
တံခါးပေါက်ဝနားကို လျှောက်လှမ်းလာတဲ့ မိန်းကလေးကို ထိုင်နေတဲ့ အဘိုးအိုကိုတွေ့တော့ ပြုံးပြီးတော့ ခန်းမထဲကို ဝင်လာတယ်။
အဘိုးအိုလည်း ခန်းမထဲကို ဝင်လာတဲ့ မိန်းကလေးကို ကြည့်ပြီးတော့ စိတ်ဆိုးစွာ အော်ဟစ်လိုက်တယ်။
“မြေးလေး …. အနောက်ဘက်တောင်တန်း စံအိမ်တော်မှာ နှစ်ဝက်လောက် ကိုယ့်ဘာသာ ပိတ်လှောင်ခဲ့တယ်။ စံအိမ်တော်က ထွက်လာတာနဲ့ အပြင်ထွက်ပြီးတော့ အပျော်ရှာတယ်။ အဘိုးအိုကြီးကို အဖော်မပြုချင်တော့ဘူးလား။ အဘိုးနဲ့ အတူတူ အချိန် မဖြုန်းချင်တော့ဘူးလား။”
အဘိုးအိုအသံက စိတ်မချမ်းသာ ဖြစ်နေသလိုပဲ။ ဒီခြောက်လအတွင်းမှာ ယွမ်လော့ဖုန်း သူကို ပစ်ထားလို့ မကျေမနပ် ဖြစ်နေသလိုပဲ။
ယွမ်လော့ဖုန်းလည်း အံသြသွားမိတယ်။ သူမ အစကထင်ခဲ့တာ သူမအဘိိုးက နင်ရှင်းနဲ့ သူမ ပြသနာရှာထားတာကို ကြားပြီး စိတ်ဆိုးနေတယ်ထင်နေတာ။ သူမကို အပြစ်ပေးတော့မယ် ထင်နေတာ။ ထိုကိစ္စကြောင့် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။
“အလုပ် မရှုပ်တော့ပါဘူး။”
ယွမ်လော့ဖုန်း ပခုံးတွန့်လိုက်ပြီးတော့
“အခု အဘိုးကို အဖော်ပြုပေးဖို့ ပြန်လာပြီလေ။”
အဘိုးအိုလည်း
“အလုပ် မရှုပ်တော့ဘူးဆိုတာ ယုံသင့်လားတော့ မသိဘူး။ အရင်က အံသြစရာ နှစ်ခုပေးမယ်ပြောခဲ့တယ်။ အသြစရာနှစ်ခုက ဘာတွေလဲ။ အခုထိ မတွေ့ရသေးဘူး။”
ယွမ်လော့ဖုန်း မျက်လုံးမှိတ်ပြလိုက်ပြီးတော့
“အခုတော့ အသြစရာနှစ်ခုကို အသိမပေးနိုင်သေးဘူး။ ဒါပေမယ့် တခြား အံသြစရာက မကြာခင် ရောက်လာတော့ မယ်။ အရင်ဆုံး အဘိုး ပြင်ဆင်ထားသင့်ပြီ။”
“ဘာပြောလိုက်တယ်။”
“ဘာမှတော့ မဟုတ်ပါဘူး။ သမီးနဲ့ နင်ရှင်း ဝူမိသားစုက ဝူချီကု ိ ခြေထောက် ကျိုးအောင် လုပ်လိုက်ရုံလေးပါ။ ဒါကြောင့် စိတ်ပြင်ဆင်ထားလို့ ပြောတာ။ ထိုလူေ တွ ပြန်လည် တုံ့ုပြန်ဖို့ မကြာခင်ရောက်လာတော့မယ်။”
Chapter-117
End
အပိုင်း(၁၁၈)
အတူတူသွားမယ်(၁)
“ဘာပြောလိုက်တယ်။”
အဘိုးအိုက သူမပြောတဲ့စကားကို နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
အစက အဘိိုးအသံက ပုံမှန်ပါပဲ ။ အခုတော့ လန့်လွန်းလို့ ထခုန်မတတ်ပဲ။ သူ့မျက်လုံးပြူးသွားရတယ်။ ဒေါသထွက်လာပြီးတော့
“ဘာပြောလိုက်တယ်။ ဝူအိမ်တော်က သခင်လေးကို ခြေထောက်ကျိုးအောင် လုပ်လိုက်တယ် ဟုတ်လား။”
ဝူမျိုးနွယ်က လုံယွမ် မျိုးနွယ်ကြီးလေးခုမှာ တစ်ခုအပါဝင်ဖြစ်တယ်။ မှူးမတ်မျိုးနွယ်ဝင် ဖြစ်တယ်။အခု လက်ရှိမချိန်မှာတော့ အရင်တုန်းကလို တော်ဝင်ရာထူးတွေ မရှိတော့ဘူး။ သို့သော်လည်း အနည်းငယ်သော ရာထူးအဆင့်တန်းရှိနေသေးတယ်။ ဝူအိမ်တော် သခင်မက ဒုတိယလုပ်ပိုင်ခွင့် အာဏာရှိတယ်။
ဒါပေမယ့် သူ့မြေးမလေးက ဝူအိမ်တော်က တစ်ဦးတည်းသော သားကို ခြေထောက်ကျိုးအောင် ချိုးလိုက်တာလား။
ပြီးတော့ ထိုကိစ္စကို သူကိုပေးမယ့် နောက်ထပ် အံသြစရာ တစ်ခုလို့ ပြောနေတယ်။ ကြောက်ရွံထိတ်လန့်ဖို့ ပိုကောင်းတယ်။
“ရိုးရိုးသားသားပြောရရင် ဝူချီ ခြေထောက်ကို အင်အားသုံးပြီး ချိုးလိုက်တာ မဟုတ်ဘူး။ ယောကျာ်းတစ်ယောက်အနေနဲ့ မျိုးရိုး တာဝန်ကို မထမ်းဆောင်နိုင်အောင် လုပ်လိုက်ရုံလေးပါ။”
ယွမ်လော့ဖုန်း နားလည်အောင် ရှင်းပြလိုက်မှ အဘိုးပိုပြီးကြောက်လန့်သွားပြီး ထင်တယ်။
အဘိုးအို လန့်ပြီး သွေးအန်လုနီးပါးပဲ။ ဒီကောင်မလေးက ဝူချီ မျိုးရိုး တာဝန် မထမ်းဆောင်နိုင်အောင် လုပ်လိုက်တယ်။ ဝူမိသားစုကို မျိုးဆက်ပြတ်တုံးအောင် လုပ်တာနဲ့ အတူတူပဲ။ ဝူမိသားစုက သူတို့ကု ိ လာရှာပြီး သေသည်အထိ တိုက်ခိုက်မှာ သေချာပေါက်ပဲ။
သို့သော်လည်း အဘိုးအိုက ဝူမိသားစု သခင်ကို လုံးဝမကြောက်တာပဲ။ ထိုကိစ္စကြောင့် တော်ဝင်မျိုးနွယ်နဲ့ ထိပ်တိုက်တွေ့ရမယ်ဆိုရင်လည်း ကိစ္စ မရှိပေ။ လူဆိုး မုမိသားစု၊ ခွေးဘုရင် နဲ့ ဘယ်သူပဲဖြစ်ဖြစ် ယွမ်မိသားစုကို ရန်မူလို့ မရစေရဘူး။
“မြေးလေး….ဝူချီကို ရိုက်ခဲ့ရုံပဲဆို ပြန်လည် ချေပလို့ရတယ်။ ဝူချီက အရင်မှားခဲ့တာ ဆိုသော်လည်း မြေးလေးက သူကို စွမ်းဆောင်ရည် မရှိတော့အောင် ရိုက်လိုက်တယ်။”
ယွမ်လော့ ကြိုးစားအားယူ ပြုံးလိုက်ပြီးတော့
“ဒီကိစ္စက ဖြေရှင်းရ အတော်ခက်မှာ စိုးရိမ်မိတယ်။”
ယွမ်လော့ဖုန်းလည်း မျက်ခုံးတွန့်လိုက်ပြီးတော့ ပျင်းရိစွာ သမ်းလိုက်တယ်။
“နင်ရှင်း နင်းလိုက်တာလေ။ နင်ရှင်း မလုပ်လည်း သမီးကိုယ်တိုင် နင်းမှာပဲ။”
“သက်ပြင်းချသံ”
အဘိုးအိုလည်း ယွမ်လော့ဖုန်းကို ငေးကြည့်လိုက်ပြီး မပျော်ရွှင်စွာ စကားဆိုတယ်။
“ဒီက အဘိုးအိုကြီးအတွက် နေ့တိုင်း ပြသနာတွေ ရှာလာပေးရတာ မမောပန်းဘူးလား။ အနောက်ဘက် တောင်တန်းစံအိမ်ကို အခုချက်ချင်းပြန်စမ်း။ ကိုယ့်အမှားကိုယ့် အခန်းတံခါးပိတ်ပြီးတော့ ပြန်လည် သုံးသပ်စမ်း။ အဘိုးအမိန့် မရဘဲ အခန်းအပြင်ဘက်ကို ခြေတစ်လှမ်း လှမ်းခွင့် မပေးဘူး။”
သူမရှေ့မှာ ရပ်နေတဲ့အဘိုးအိုကို ကြည့်ရင်း ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။
သူမအဘိုးရဲ့ ရည်ရွယ်ချက်ကို ဘာလို့ မသိရမလဲ။ အဘိုးက သူမကို ပုန်းနေစေချင်တာ။ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ လူရှေ့ကို မထွက်လာစေချင်ဘူး။ ဝူမိသားစု အခြေနေနဲ့ အဘိုး သေချာ အာရုံစိုက် ဂရုပြုရမယ်။
ဒါပေမယ့် ယွမ်လော့ဖုန်းက ပြသနာရှာထား ပြီးတော့ သတ္တိနည်းသူလို ပုန်းရှောင် နေစရာလား။ သူမ ပြသနာရှာ ထားပြီးရင်တော့ သူမကိုယ် သူမ ပုန်းကွယ် မနေဘူး။
“အဘိုး… သမီးကို ထိုလူတွေနဲ့ ထိပ်တိုက် မရင်ဆိုင်စေချင်ဘူး ဆိုတာ နားလည်ပါတယ်။ အခု ပြသနာကို နင်ရှင်းနဲ့ ဖုန်းအာ အတူတူ ပြသနာရှာထားတာ ဆိုတော့ ကိုယ့်ဘာသာ ဖြေရှင်းသင့်ပါတယ်။ အဘိုးက အသက်ကြီးနေပြီး ပျော်ရွှင်စွာ အနားယူသင့်ပြီ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ အဘိုး စိတ်ပူမနေနဲ့တော့။”
ယွမ်လော့လည်း အနည်းငယ် အံသြမိသွားတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ တခဏချင်းမှာ သိလိုက်ရတာက သူ့မြေးလေး ရင့်ကျက်လာပြီး အရွယ်ရောက်လာတာပဲ။ တာဝန်ယူစိတ်လည်း ရှိလာတယ်။ ပြသနာရှာပြီးတော့ မိသားစု အကာကွယ်နောက်မှာ ပုန်းနေတတ်တဲ့ သခင်မလေး မဟုတ်တော့ဘူး။
“တော်ဝင် အမိန့်စာ ရောက်ရှိလာတယ်။”
စူးရှတဲ့အသံက အိမ်တော်အတွင်းကို ပျံနှံံ့ရောက်ရှိလာတယ်။
“တော်ဝင်အမိန့်စာ ကြေညာမယ်။ ယွမ်လော့ဖုန်း အမိန့်စာကို လက်ခံရယူပါ။”
ယွမ်လော့ စိုးရိမ်နေရတဲ့ကိစ္စက ချက်ချင်း အသက်ဝင်လာပြီပဲ။ သူ မျက်မှောင်ကြုတ်လိုက်ပြီးတော့
“ဖုန်းအာ ဘာတွေပဲဖြစ်လာဖြစ်လာ ဘာမှ မပြောပါနဲ့။ မြေးလေး ဘေးကင်းဖို့ အဘိုး ကာကွယ်ပေးမယ်။ ဘယ်သူမှ ငါ့မြေးလေးကို ငါ့လက်ထဲက ယူသွားလို့ မရဘူး။”
လက်ရှိအချိန်မှာ ယွမ်လော့ပုံစံက တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေတဲ့ စစ်ပွဲမှ စစ်သူကြီးတစ်ယောက် ပုံစံပဲ။
ဆောင်းရာသီ လေညှင်းနဲ့ အတူတူ မိန်းမစိုး တစ်ယောက်က အဝါရောင် အမိန့်စာ တစ်ခုကို ကိုင်ဆောင်ရင်း ခန်းမဆောင် အလယ်မှာ ရပ်နေတယ်။
ခန်းမ အပြင်ဘက်ကို ထွက်သွားတဲ့ မြေးအဘိုးနှစ်ယောက်ကို စိတ်မရှည်စွာ အေးစက်စွာ ကြည့်နေတယ်။
Chapter-118
End
Bạn đang đọc truyện trên: Truyen247.Pro