
Ep 114+115+116
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
114+115+116
ဘာသာပြန်သူ: Jelly Candy Flower
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၁၄)
နင်ရှင်း ဒေါသထွက်ခြင်း
သူမ ဘာကို ဆိုလိုတာလဲဆိုတာ သိနေတာကြောင့် ကွမ်တု တိတ်ဆိတ်နေလိုက်တယ်။ ထိုကြောင့်လည်း စီရွှမ်း ပြောတဲ့ အခြေနေကို သူလက်ခံလိုက်တယ်။ သို့သော်လည်း သူမအသံက ခက်ထန် မာကြောနေတာကြောင့် သူ မငြင်းရဲပေ။ သူ မကျေမနပ်နဲ့ ပြန်လည် ဖြေရတော့တာပဲ။
“စိတ်ချပါ စီမိန်းကလေး ဘာပဲဖြစ်ဖြစ် သခင်မလေးအတွက် ထိုလူကို ရအောင်ရှာပေးပါမယ်။”
ထိုစကားကို ကြားတော့ စီရွှမ်း ကျေနပ်စွာ ပြုံးလိုက်တယ်။ မတ်တပ်ထ ရပ်လိုက်ပြီးတော့
“ကွမ်တု ရှင်သေချာ ရှာဖွေပါ။ ဒီကိစ္စကို ရှင်ကို တာဝန်ပေးထားခဲ့မယ်။ ဒီတာဝန်ကို မအောင်မြင်လို့ကတော့ ကျွန်မကို ရက်စက်တယ်လို့ အပြစ်လာမတင်နဲ့။”
သူမ မျက်နှာမှာ ပြုံးနေသော်လည်း ကျောချမ်းလောက်တဲ့အထိ ကြောက်စရာ ကောင်းတယ်လို့ ကွမ်တု ခံစားရတယ်။ သူ ခိုက်ခိုက် တုန်အောင် ကြောက်ရွံမိတယ်။
“ထိုကိစ္စ အတွက် သခင်မလေးစီ စိတ်မပူပါနဲ့။ ကျွန်တော်မျိုး လုံယွမ်တိုင်းပြည်ရဲ့ စစ်တပ်အာဏာကို သုံးပြီးတော့ ထိုလူကို ရအောင် ရှာဖွေပေးပါမယ်။ ”
“ကောင်းပြီ။ သခင်မလေးက သတင်းကောင်းကို စောင့်မျှော်နေမယ်။”
စီရွှမ်း ကျေနပ်အားရစွာ ပြုံးလိုက်ပြီးတော့ ကွမ်တုကို တစ်ချက်လှည့်ကြည့် လိုက်ပြီးတော့ အခန်းထဲက ထွက်ခွာ သွားတယ်။
စီရွှမ်း ထွက်ခွာသွားရာကို ငေးကြည့်နေရင်းနဲ့ ကွမ်တု အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ သူ့မျက်လုံးမှာ ဒေါသရိပ် သမ်းလာတယ်။ လက်သီးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း မကျေနပ်မှုနဲ့ အသက်ရှုသံ မြန်လာတယ်။ သူ တိတ်ဆိတ်စွာ ကျိန်ဆဲနေမိတယ်။
“တစ်နေ့မှာ ငါကိုယ်တော်မြတ်…ဝိသာဉ်မျိုးနွယိစုကို ဖျက်ဆီးမယ်။ ဘယ်သူမှ ငါကို မထိန်းချုပ်စေရဘူး။”
ကွမ်တုက လုံယွမ်တိုင်းပြည်က ဘုရင်တစ်ပါး ဖြစ်နေသော်လည်း အမှန်စစ်စစ်က ရုပ်သေးရုပ် ဘုရင်တစ်ပါးပဲ။ သူအထက်မှာ တန်ခိုးအာဏာ ကြီးမားတဲ့ ဝိဉာဉ်မျိုးနွယ်စု ရှိနေတယ်။ သူ့စကားတိုင်း ၊ အပြုမူတိုင်းကို ဝိဉာဉ်မျိုးနွယ်စုက ထိန်းချုပ်ထားတယ်။ လစဉ်တိုင်း တိုင်းပြည် ကိစ္စကို ဝိဉာဉ်မျိုးနွယ်စုကို တင်ပြရတယ်။
သူ့အတွက် ဘုရင်ရာထူးက ဘာမှ သုံးစားလို့ မရဘူး။ မာနဝင့်ကြွားပြီးတော့ ဂုဏ် မောက်နေလို့ မရဘူး။ တခြားလူတစ်ယောက်ကို ထာဝရ ဝပ်တွား ခယနေရတယ်။ သူကို အခွင့်ရေးတစ်ခုသာ ပေးခဲ့ရင် ဝိဉာဉ်မျိုးနွယ်စုကို ဖျက်စီးလိုက်ချင်တယ်။ သူတို့ ထိန်ချုပ်မှုက လွတ်မြောက်ချင်တယ်။ ထို မျိုးနွယ်စုကို သူ့ခြေထောက်အောက် ရောက်စေချင်တယ်။
ဘယ်သူမှ သူကို ထိန်းချုပ်ခွင့် မပေးနိုင်ဘူး….။
………
ဖုန်းယွီ စားသောက်ဆိုင် အကောင်းဆုံး သီးသန့် အခန်းအတွင်းမှာ နင်ရှင်းတစ်ယောက် သူမရှေ့မှာ ထိုင်နေတဲ့ ချောမောလှပတဲ့ မိန်းကလေးကို ချစ်စရာ မျက်လုံး ပြူးပြူးလေးတွေနဲ့ မေးထောက် ကြည့်နေတယ်။ သူမရဲ့ ကြည်လင်ရှင်းသန့်နေတဲ့ မျက်ဝန်းတွေမှာ သိချင်စိတ်တွေ ပြင်းပြနေတယ်။
“နင် ငါကို ဘာလို့ စူးစိုက်ကြည့်နေရတာလဲ။”
ယွမ်လော့ဖုန်းလည်း သူမလက်ထဲက တူကို ဘေးကို ချထားလိုက်ပြီးတော့ နင်ရှင်းကို မေးလိုက်တယ်။
နင်ရှင်းရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ပြုံးလာပြီးတော့
“ငါ့အဘိုးက နင်အိမ်မှာ နေပြီးတော့ နင်ဆီက ပညာသင်ယူဖို့ ပြောတယ်။ ဒါကြောင့် နင်ကို ကြည့်ပြီးတော့ လေ့လာနေတာ။”
သူမ ပြန်လည် ဖြေကြားတာကို ယွမ်လော့ဖုန်း ပြုံးပြီးနားထောင်နေလိုက်တယ်။ သူမ နောက်ပြောင်တဲ့ သဘောနဲ့ ဆက်မေးလိုက်တယ်။
“ဒါဆို ဘာတွေ လေ့လာတွေ့ရှိရလဲ။”
နင်ရှင်းလည်း သူမခေါင်းကို ခါရမ်းလိုက်တယ်။
“ဖုန်းအာ ငါ ရိုးသားစွာ ပြောရရင်
ငါ ယွမ်အိမ်တော်အကြောင် းကို ကြားဖူးခဲ့တာ ကြာပါပြီ။ လွန်ခဲ့သော ၁၀နှစ်ခန့်က ယွမ်အိမ်တော်က ပါရမီရှင် ယွမ်ချင်ရာကို မွေးထုတ်ခဲ့တယ်။ ယွမ်ချင်ရာက အရည်ချင်းရှိပြီး တည်ကြည် ခန့်ညားတယ်။ ကောင်းမွန်တဲ့ အမူကျင့်လည်း ရှိတယ်လို့ ကြားသိခဲ့ဖူးတယ်။ သို့သော်လည်း သူကျော်ကြားခဲ့တာက မှော်ဆန်တဲ့ ပြကွက်တစ်ခုလို ဖြစ်နေခဲ့တာကြောင့် အာဏာရှိတဲ့ မိသားစုက သခင်လေးတစ်ယောက်ကို အမှားကျူးလွန်မိခဲ့တယ်။ ထိုမိသားစုက ယွမ်ချင်ရာ နောက်ကို လိုက်ပြီးတော့ လောကကြီးက ဖယ်ရှားလိုက်တယ်။”
ထိုစကားကို ပြောတဲ့အချိန်မှာ နင်ရှင်း မျက်ဝန်းတွေက အရောင်တောက်နေပြီး တမ်းတမှုကို တွေ့နေရတယ်။
“ စိတ်ပျက်စရာကောင်းတာက ငါ ၁၀နှစ် စောစော မွေးဖွားခဲ့ရင် သူ့ကျော်ကြားမှုအတွက် သက်သေတစ်ယောက်အနေနဲ့ ရှိနေခဲ့မှာ။ နင်က သူ့တူမဆိုတာ သိရတော့ ငါအရမ်းပျော်မိတယ်။ နင်ကိုလည်း အရမ်းကို သဘောကျ နှစ်သက်တယ်။ သူတူမက သူထက် တော်မယ်လို့ ငါယုံကြည်တယ်။”
ယွမ်လော့ဖုန်းလည်း နင်ရှင်းကို အံသြစွာ ငေးကြည့်နေမိတယ်။ မိန်းကလေး မျက်နှာက သူမ ဦးလေးအကြောင်း ပြောနေတဲ့အချိန်မှာ ဝင်းပနေတယ်။ သူမနှလုံးသားက အတော်ကို ထူးဆန်းတာပဲ။ နင်ရှင်းက တကယ်ကို ဦးလေးချင်ရာကို အထင်ကြီးလေးစားတဲ့ မိန်းကလေးပဲ။ ဦးလေးချင်ရာ အသက်ရှင်နေတာကိုသာ သိသွားခဲ့ရင် နင်ရှင်းပုံစံ ဘယ်လို ဖြစ်သွားမလဲဆိုတာ ယွမ်လော့ဖုန်း သိချင်မိတယ်။
ထိုအချိန်မှာ…. တံခါးအပြင်ဘက်မှ ပွက်လောရိုက်သံကို ကြားလိုက်ရတယ်။ စိတ်ထား ယုတ်ညံပြီးတော့ မာနဝင့်ကြွားနေတဲ့ အသံကို ကြားလိုက်ရတယ်။
“ယွမ်လော့ဖုန်း အခန်းထဲမှာ ရှိနေမယ်ဆိုတာ ငါသိနေပါတယ်။ အခုချက်ချင်း အခန်းထဲဝင်ပြီးတော့ သူမနဲ့ ဆွေးနွေးချင်တယ်။”
Chapter-114
End
အပိုင်း(၁၁၅)
နင်ရှင်း ဒေါသထွက်ခြင်း(၂)
သူမနဲ့ ဆွေးနွေးချင်လို့ ဟုတ်လား။
ယွမ်လော့ဖုန်း လည်း မျက်ခုံးတွန့်လိုက်ပြီးတော့ သူမလက်ထဲမှ ဝါးတူလေးကို လက်နဲ့ လှည့်ပြီး ဆော့ကစားနေလိုက်တယ်။ သူမ ပြုံးပြီး မေးလိုက်တယ်။
“ဘေးဒုက္ခပေးချင်တဲ့လူတွေက ဒီနေရာကို ထပ်လာပြန်ပြီ။ လူကြီးလူကောင်း သားတွေက တကယ်ပဲ ငါကို ငြိမ်းချမ်းစွာ နေခွင့်မပေးဘူးပဲ။”
သူမ ထိုစကားကို ပြောတဲ့အချိန်မှာ အပြင်ဘက်မှ သီးသန့်အခန်းတံခါးကို တွန်းဖွင့်လာတယ်။ လူအုပ်စုထဲမှ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ခေါင်းဆောင်လို့ ထင်ရတဲ့ တစ်ယောက်က အပြင်ဘက်မှ အခန်းထဲကို အပြေးလွှား ဝင်လာတယ်။ တခဏချင်းမှာ မူလ ငြိမ်သက် အေးချမ်းနေတဲ့ အခန်းလေးက စိတ်ပျက်ဖွယ် ဖြစ်လာတယ်။ တစ်ခန်းလုံးက မသာယာဖွယ် ချွေးနံ့တွေနဲ့ ပြည့်နေတယ်။
နင်ရှင်းလည်း စိတ်ပျက်စွာ မျက်မှောက်ကြုတ်လိုက်တယ်။ သူမမျက်ဝန်းမှာ မကျေနပ်ချက်နဲ့ စိတ်ပျက်မှုကို အတိုင်းသား တွေ့နေရတယ်။ သူမမျက်နှာက ယွမ်လော့ဖုန်းနဲ့ စကားပြောနေသလို နူးညံ သိမ့်မွေ့မှု မရှိနေတော့ဘူး။ အခန်းထဲကို ဝင်လာတဲ့ လူအုပ်စုကို ခြုံငုံပြီး ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း…. ငါတို့တွေက နင်ကို ယွမ်အိမ်တော်မှာ တစ်သက်လုံး ပုန်းနေတော့မယ် ထင်နေခဲ့တာ။”
ပိုးသား ဝတ်စုံနဲ့လူက ခေါင်းမော့ ရင်ကော့ပြီး ပြောတယ်။
“လွန်ခဲ့သော ခြောက်လက မုဝူစွမ်းကို အိမ်ရှေ့စံမင်းသား ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ပါးရိုက်အောင် နင်လုပ်ခဲ့တယ်။ ငါ နင်နဲ့ စာရင်းရှင်းချင်နေတာ ကြာပြီ။ ဒါပေမယ့် နင်က ယွမ်အိမ်တော်မှာ နှစ်ဝက်လောက် ပုန်းအောင်နေခဲ့တယ်။ အခုတော့ နင် ထွက်လာခဲ့ပြီးပေါ့။ ဆက်ပြီးတော့ ပုန်းမနေနိုင်ဘူးမလား။ အခုတော့ ငါတို့တွေ စာရင်းရှင်းရမယ့် အချိန်ရောက်ပြီ။”
သူတို့ရှေ့မှာ အမျိုးသားက မုဝူစွမ်း ဘက်တော်သား ဝူချီ ဖြစ်မယ်။ သူမ မုဝူစွမ်းကို ဆေးစံအိမ်တော်မှာ ပထမဆုံးအကြိမ်တွေ့တဲ့အချိန်က ဒီ ဝူချီဆိုတဲ့လူက မုဝူစွမ်း ဘေးနားမှာ ရပ်နေခဲ့တာ။ ထိုလူက မုဝူစွမ်းအတွက် သူမကို ပြစ်တင်ဝေဖန် တိုက်ခိုက်ခဲ့တာ။
သူမ တန်ခိုးကျင့်ကြံဖို့အတွက် အနောက်ဘက် တောင်တန်းမှာ သူမကိုယ် သူမ ခြောက်လလောက် ပိတ်လှောင် ထားခဲ့တာ။ နှစ်ဝက်လောက်နီးပါး အပြင်လောကနဲ့ အဆက်သွယ် ပြတ်နေခဲ့တာလေ။ မဟုတ်ရင်တော့ စစ်သူကြီး အိမ်တော်က သူမ ထွက်လာတဲ့အချိန်မှာ ဝူချီ သူမအနောက်ကို နောက်ယောင်ခံ လိုက်နိုင်မှာ မဟုတ်ဘူး။
“မုဝူစွမ်းကို ပါးရိုက်တဲ့လူက ငါ မဟုတ်ဘူး။ အိမ်ရှေ့စံမင်းသား ရိုက်တာလေ။ ရှင် လူမှားပြီး လာရှာနေပြီ။ ”
ယွမ်လော့ဖုန်းလည်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီးတော့ ဝူချီကို ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းနဲ့ ကြည့်လိုက်တယ်။ သူမအသံက မှော်ဆန်ပြီးတော့ တခြားလူတွေ စိတ်ကို ထိန်းချုပ်လို့ မရနိုင်အောင် တုန်ရီစေတယ်။
ဝူချီနှလုံးသား တုန်လှုပ်ခြောက်ခြားရတယ်။ ဒါပေမယ့် အလျင်မြန် ပြန်လည် သက်သာသွားတယ်။ သူ အေးတိအေးစက် ပြောလိုက်တယ်။
“အိမ်ရှေ့စံမင်းသားကို နင်က အသုံးချသွားတာလေ။ ယွမ်လော့ဖုန်း…. နင် မုဝူစွမ်းကို အရိုးထဲ အသည်းထဲစွဲတဲ့အထိ မုန်းနေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် နင် ကိုယ်နင် အထင်ကြီးမနေနဲ့။ နင်က ဘာမှ မဟုတ်ဘူး။ နင်က ဘာမှ တန်ဖိုးမရှိတဲ့ မိန်းမတစ်ယောက်ပဲ။ မိန်းကလေး မုဝူစွမ်းက စိတ်ထားကောင်းမွန်တယ်။ နင်ပြသနာရှာတဲ့ ကိစ္စကို သူက စိတ်ထဲထားတာ မဟုတ်ဘူး။ ခွင့်လွှတ်ပေးထားတာလေ။ ဒါပေမယ့် ငါက နင်ကို မခွင့်လွှတ်နိုင်ဘူး။ နင်ကို အလွတ်မပေးနိုင်ဘူး။ ”
ထိုအမျိုးသား စကားလုံးတွေက ယွမ်လော့ဖုန်းကို ဒေါသထွက်အောင် မလုပ်နိုင်ဘူး။ သူမ မျက်ခုံးပင့်ပြီးတော့ ပြုံးနေလိုက်တယ်။ သူမ နှုတ်ခမ်းက အပြုံးက စွဲဆောင်မှု ပိုရှိလာပြီးတော့ သူမ စကားတစ်လုံး ပြောလိုက်တယ်။
“ဆက်ပြောပါဦး”
“ဟွန့်”
ဝူချီ မဲ့ရွဲလိုက်ပြီး ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“မင်းတို့တွေ ချင်မြစ်နားမှာ တွေ့လိုက်ရတဲ့ နေမကောင်းတဲ့ အဘိုးအိုက ဟန်ဆောင်ထားတယ်ဆိုတာ ငါမသိဘူး ထင်နေလား။ နင့်ရည်ရွယ်ချက်က ဒီအခွင့်ရေးကို အသုံးချပြီးတော့ မိန်းကလေးမုဝူစွမ်းကို အပြစ်ပုံချချင်တာမလား။ ကောင်းတာ ဘာမှ မရှိတဲ့ အမှိုက်မ နင်က ဆေးပညာ အရည်ချင်းရှိမယ်တဲ့လား။ ရယ်စရာ အကောင်းဆုံး ဟာသပြကွက် တစ်ခုပဲ။ မုဝူစွမ်း ဆေးပညာပိုင်းမှာ အရည်ချင်းရှိတယ်ဆိုတာ သိနေတာကြောင့် နင်က ဆေးပညာကို ခုတုံးလုပ်ပြီးတော့ မုဝူစွမ်းကို တိုက်ခိုက် ချင်တယ်ပေါ့။ မုဝူစွမ်းက ကြင်နာတတ်တယ်။ ဒါကြောင့် နင့်စကားကို အလွယ်တကူ ယုံကြည်ပေးခဲ့တာ။ ”
လွန်ခဲ့သော ခြောက်လက ဆေးအကူတစ်ယောက် လိုအပ်တဲ့ အတွက် ရှာဖို့အတွက် စစ်သူကြီးအိမ်တော်ကို သွားတော့ အိမ်တော်တံခါးနားမှ လမ်းပိတ်ထားပြီး ဝင်ခွင့်မပေးခဲ့ဘူး။
ထိုအချိန်တည်းက လုံယွမ်တိုင်းသူပြည်သားတွေ အားလုံး သံသယဝင်လာတာ။ အရင်က ကိစ္စတွေကို ပြန်လည် သုံးသပ်လာတယ်။ အားလုံး ထင်မြင်ယူဆချက်အရ ယွမ်လော့ဖုန်းက ထူးခြားတာ ဘာမှ မရှိဘူး။ လူအများစု အကူညီ လိုအပ်နေတဲ့အချိန်မှာ ဥပေက္ခာ ပြုတတ်တယ်။ ထိုအချက်အရ သူမက ဟန်ဆောင်နေတယ်ဆိုတာ ရှင်းနေတာပဲလေ။
ဘန်း
“ရုတ်တရက် စားပွဲခုံးကို လက်နဲ့ တွန်းပြီး ပစ်လှဲလိုက်တယ်။ နင်ရှင်း ကြွေ ပန်းကန်ပြားကို ယူပြီးတော့ ဝင်ပေါက်မှာ ဝူချီကို ပစ်ပေါက်လိုက်တယ်။ ရှောင်ဖို့ အချိန် မရလိုက်ပေ။”
ကြွေပန်းကန်ပြားက ဝူချီ မျက်နှာပေါ်ရောက်သွားပြီး စားကြွင်းစားကျန်တွေ မျက်နှာမှာ ကပ်နေတယ်။ အစက သန့်ရှင်း လတ်ဆတ်တဲ့ စွပ်ပြုတ်တွေ ဝူချီ ပါးစပ်ထဲ ဝင်သွားပြီ။ သူ့အစားအိမ်ထဲ လိမ့်ဝင်သွားတယ်။
သူနှလုံးသားထဲမှာ အရင်က မဖြစ်ပေါ်ဘူးတဲ့ ဒေါသတွေ ဖြစ်ပေါ်လာတယ်။ ဝူချီ သူ့မျက်နှာပေါ်က စားကြွင်းစားကျန်ကို ထိကိုင်လိုက်ပြီး ရပ်နေတဲ့ လှပတဲ့ မိန်းကလေးကို မီးဝင်းဝင်းတောက်တဲ့ မျက်လုံးနဲ့ ကြည့်လိုက်တယ်။
သူ ဒေါသစိတ်နဲ့ ကျိန်ဆဲလိုက်တယ်။
“ဘယ် ခွေးအစေခံက ငါကို တိုက်ခိုက်ရဲတာလဲ။ ဒီအစေခံမကို ငါကို ခစားဖို့အတွက် တစ်ယောက်ယောက်က အိမ်တော်ကို ခေါ်သွားစမ်း။”
နင်ရှင်းမှာ ကြော့ရှင်းလှပပြီး ဂုဏ်သိက္ခာရှိသော မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း နင်ရှင်းကို လုံယွမ်တိုင်းပြည်မှာ အထက်တန်းလွှာ သမီးအဖြစ် မတွေ့ဖူးပေ။ နင်ရှင်းကို စစ်သူကြီးအိမ်တော်မှာ ဝင်ထွက်သွားလာနေတာကို တွေ့ခဲ့ဖူးတယ်။ နင်ရှင်းကို မြှောက်စားခံထားရသော အစေခံ မိန်းကလေး တစ်ယောက်လို့ပဲ သူထင်မိတယ်။
Chapter-115
End
အပိုင်း(၁၁၆)
နင်ရှင်းဒေါသထွက်ခြင်း(၃)
ကျိုးကြောင်း မစဉ်းစားတတ်တဲ့ ဝူချီကို ကြည့်ရင်းနဲ့ နင်ရှင်း မျက်လုံးမှာ ဒေါသမီး ဝင်းဝင်းတောက်လာတယ်။
“နင် ဘာပြောလိုက်တယ်။ ပြန်ပြောလိုက်စမ်းပါ။ ငါက တခြားလူတွေကို ခစားရတဲ့ အစေခံလို့ နင် ပြောလိုက်တယ်ပေါ့။”
သူမက နင်မိသားစုရဲ့ ဂုဏ်ကျက်သရေရှိလှတဲ့ သခင်မလေး တစ်ယောက်။ တခြားလူတစ်ယောက် ပါးစပ်က သူမကို တခြားလူတစ်ယောက်ကို ခစားရတဲ့ အစေခံလို့ ပြောရဲတယ်ပေါ့။ အထူးသဖြင့် ဝူချီရဲ့ လူပြိန်းလို့ ပုံစံပဲ။ သူလို လူတန်းစားကို ငါက ခစားရဦးမယ်။ သူမ သည်းခံနိုင်တဲ့ အတိုင်းတာကို ကျော်လွန်သွားပြီ။ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး။
“မှန်တယ်မလား။”
ဝူချီ….နင်ရှင်းကို သနားကြင်နာတဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။
“မိန်းကလေးငယ် မင်း ယွမ်အိမ်တော် နောက်လိုက်လုပ်ရင်တော့ ကောင်းမွန်တဲ့ အနာဂတ်ရှိမှာ မဟုတ်ဘူး။ အဘိုးကြီးယွမ် သေသွားခဲ့ရင် မင်းကို အပျော်စံအိမ်တော်မှာ လေလံတင်မှာပဲ။ အပျော် စံအိမ်တော်ကို ဝင်ပြီးတော့ ယောကျာ်းတွေ အများကြီးကို ပြုစုရတာထက် ငါကို ဘာလို မခစားရတာလဲ။ ဒီက သခင်လေးက မင်းကို အိပ်ယာပေါ်မှာ သာယာမှု ၊ ကြင်နာမှုကို ပေးစွမ်းနိုင်ပါတယ်။ ဟား….”
နင်ရှင်း ပိုပိုပြီးတော့ ဒေါသထွက်လာတယ်။ သူမရဲ့ တည်ငြိမ် အေးချမ်းပြီး လှပတဲ့ မျက်နှာလေးက ဒေါသစိတ်ကြောင့် နီရဲလာတယ်။
သူမ ချီတုံချတုံသာ မဖြစ်နေရင် ဝူချီဆိုတဲ့လူကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးလောက်ပြီ။ ကန်ထုတ်လိုက်ပြီ။
“အား….”
ငယ်သံပါအောင် အော်သံက စားသောက်ဆိုင် တစ်ခုလုံး ပျံနှံ့သွားတယ်။
ဝူချီ နာကျင်မှုနဲ့ သူခန္ဓာကိုယ်က တွန့်လိမ်နေတယ်။ သူ တစ်ကိုယ်လုံး ဖူးယောင်နေတာပဲ။ ချောမောလှပတဲ့ ပုံစံ ရှိမနေတော့ဘဲ နွားကဲ့သို့ အော်ဟစ် မြည်တမ်းနေတယ်။
“မကောင်းတဲ့ မိန်းမ ။အောက်တန်းစား မိန်းကလေး သခင်လေးတစ်ယောက်ကို ရိုက်ရဲတယ်ပေါ့။ တစ်ယောက်ယောက် လာခဲ့စမ်း။ အောက်တန်းစား မိန်းကလေးကို လာဖမ်းစမ်း။ ဒီက သခင်လေး အိပ်ယာထဲကို ခေါ်ခဲ့စမ်း။”
“ဟုတ်ကဲ့ပါ ။ သခင်လေး။”
သူတို့သခင်လေး အနိုင်ကျင့် နှိပ်စက်ခံရတာကို ကြည့်ရင်း အစေခံအားလုံး ထွက်လာပြီးတော့ နင်ရှင်း လက်မောင်းကို ဖမ်း ချုပ်လိုက်တယ်။
သို့သော်လည်း မိန်းကလေး လက်မောင်းက တီကောင်တစ်ကောင်လိုပဲ ချော်ထွက်သွားတယ်။ သူတို့လက်ထဲက ချောမောစွာ လွတ်ထွက်သွားတယ်။
ဘန်း
နင်ရှင်းလည်း အစေခံများအားလုံးရဲ့ ဆိုးရွားတဲ့ လက်သီးရိုက်ချက်တွေကို ရှောင်တိမ်းလိုက်တယ်။ သူမရဲ့ ဖြူဖွေးတဲ့ ခြေထောက်တွေနဲ့ ဝူချီကို နောက်တစ်ကြိမ် ထပ်ကန်လိုက်တယ်။ ဝူချီ လေထဲ လွှင့်ထွက်သွားတယ်။
ဝူချီ သီးသန့်ခန်း အပြင်ဘက်ကို ပစ်လဲသွားတယ်။ နာကျင်မှုကြောင့် ချွေးများ စိုရွဲနေတယ်။ ထိုကြောင့် သူ စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ပွဲကြည့်ပရိတ်သက်များအားလုံး စားသောက်ဆိုင်အတွင်းကို ရောက်ရှိလာတယ်။ မြေပြင်ပေါ်ကို လဲကျသွားတဲ့ ဝူချီအကြောင်းကို လက်ဟန်ခြေဟန်နဲ့ ပြောဆိုနေတယ်။ တိုးတိုးနဲ့ ဝေဖန်ပြောဆိုနေတယ်။
“နင်ကို ခစားစေချင်တယ်လို့ နင်ပြောခဲ့တယ်မလား။”
နင်ရှင်းခြေထောက်က ဝူချီ ရင်ဘတ်ကို ပိုပြီး ဖိနင်းလိုက်တယ်။ သူမ မျက်ခုံးပင့်လိုက်ပြီး ဆက်မေးလိုက်တယ်။
“အခု ငါပြုစုပေးတာကို ကျေနပ်မှု ရှိရဲ့လားဆိုတာ သိချင်မိတယ်။”
“မင်း ငါကို တကယ်ထိခိုက် ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့။ ငါတို့ ဝူမိသားစုက မင်းနဲ့ယွမ်လော့ဖုန်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။”
ဝူချီ အံကြိတ်ပြီးတော့ တုန်ရီတဲ့အသံနဲ့ပြောတယ်။
ထင်ထားတဲ့အတိုင်းပဲ အစေခံနဲ့ သခင်က အတူတူပဲ။ ဒီမိန်းမ နှစ်ယောက်လုံး မကောင်းဘူး။ နှစ်ယောက်လုံးက ဝူစွမ်းလို ကျက်သရေလည်းမရှိဘူး။ ဂုဏ်သိက္ခာလည်း လုံး၀ မရှိဘူး။
“ဝူမိသားစု”
နင်ရှင်း လှောင်ပြောင် သရော်လိုက်တယ်။ စိတ်ပျက်စွာ ဆက်ပြောလိုက်တယ်။
“ငါက နင်ကို ခြေလက် ကျိုးသွားအောင် လုပ်လည်း နင်တို့ ဝူမိသားစုက ငါကို ဘာလုပ်နိုင်မှာ မို့လဲ။ ငါ နင်ကို သတိပေးလိုက်မယ်။ ယွမ်မိသားစုနဲ့ ဝေးဝေးနေ ကြားလား။ နင် နောက်ထပ် ပြသနာထပ်ရှာရင်တော့ မသန်မစွမ်း ဖြစ်သွားတာထက် ပိုဆိုးသွားမယ်။”
သူမ ထိုစကားကို ပြောပြီးတာနဲ့ နင်ရှင်း သူမခြေထောက်ကို ဝူချီ ရင်ဘတ်မှ ပေါင်ခြံကို တဖြည်းဖြည်း ရွေ့လိုက်ပြီး အတင်းဖိနင်းလိုက်တယ်။
“အား…..”
စားသောက်ဆိုင်တစ်ခုလုံး ဝက်အော်သံ ကြားလိုက်ရသလိုပဲ။အားလုံးက ဝူချီ ပေါင်ခြံက စီးလာတဲ့ သွေးအိုင်ကို ရိပ်ခနဲ မြင်လိုက်ရတယ်။ အားလုံး ကြောက်လန့် တုန်ရီသွားတယ်။
အခုချိန်က စပြီးတော့ ဝူချီ အသုံးဝင်တော့မှာ မဟုတ်ဘူး။ မျိုးရိုးတာဝန်ကို ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။
………..
နင်ရှင်းလည်း ဝူမိသားစုနဲ့ ရန်ငြိုး ရှင်းပြီးတာနဲ့ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။
ယွမ်လော့ဖုန်းက ခုံကို မှီထိုင်ပြီးတော့ လှပစွာ ပြုံးကြည့်နေတယ်။ စိတ်ဝင်စားစရာကောင်းတယ်တဲ့ ပြပွဲတစ်ခုကို ကြည့်နေတယ်။
“နင်မိသားစုက သခင်မလေးက ပြသနာကို ရန်လိုစွာ ဖြေရှင်းမယ်လို့ မထင်ထားဘူး။”
နင်ရှင်း ပါးဖောင်းဖောင်းလေး နီရဲနေတယ်။
“သူတို့တွေ နင်ကို ပြောဆို ဆက်ဆံပုံကို ငါသဘောမတွေ့ဘူး။ ငါ ရှာထားတဲ့ ပြသနာအတွက် ရှောင်ဖုန်း ဒုက္ခ မရောက်စေရဘူး။”
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်လိုက်ပြီးတော့
“ဝူမိသားစုကို ပြသနာလို့ကို မယူဆထားတာ။ ငါလည်း အပြင်မထွက်ဘဲ ပုန်းနေတာ ကြာပြီ။ ငါတို့ ယွမ်မိသားစုက ပြသနာ ရှာလို့ မရဘူးဆိုတာ သိအောင် ပြရတာပေါ့။”
Chapter-116
End
Bạn đang đọc truyện trên: Truyen247.Pro