
Ep 111+112+113
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
111+112+113
အပိုင်း(၁၁၁)
စိတ်လှုပ်ရှားနေသော ဒုတိယဦးလေး(၃)
သူမဦးလေးတစ်ယောက် ဂရုမထားသလို အသံနဲ့ပြောနေလည်း သူမနှလုံးသား နာကျင်ရတယ်။ သူမ မျက်ဝန်းကို မှေးလိုက်ပြီးတော့ ခိုင်မာလေးနက်သော အသံနဲ့ ပြောတယ်။
“ ဦးငယ်လေး အတိတ်မှာ နာကျင်ခံစားရတဲ့အတိုင်း သူတို့တွေ ပြန်လည် ပေးဆပ်စေရမယ်။”
သွေးကြွေးကို သွေးနဲ့ ပြန်လည် ပေးဆပ်စေရမယ်။
ထိုလူတွေက ဦးငယ်လေးကို ၁၀နှစ်တိတိ အကြောသေ လူတစ်ယောက် ဖြစ်စေခဲ့တယ်။ တစ်နေ့မှာ သူမ ထိုလူတွေရဲ့ ခြေ လက်တွေကို ဖြတ်တောက် မယ်။ ဦးငယ်လေး ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ အတွေ့ကြုံတွေကို သူတို့တွေ ခံစား နာကျင်စေရမယ်။
“ဖုန်းအာလေး….အရင်ချိန်တုန်းက အလွန်သန်မာ ဖျတ်လတ်တာကြောင့် ညှင်းပန်းနှိပ်စက်မှုကို ခံနိုင်ရည် ရှိပါတယ်။ တူညီတဲ့ အမှားမျိုး ထပ်မလုပ်ပါနဲ့တော့။ သူတို့ အင်အားက အလွန်ကောင်းတယ်။ တူမလေး ကလဲ့စားချေတာကြောင့် အာဏာရှိ လူတစ်စုရဲ့ နှိပ်စက်ခြင်းကို မခံရစေချင်ဘူး။”
ယွမ်ချင်ရာလည်း ယွမ်လော့ဖုန်းကို ကြိုးစား ရှင်းပြနေတယ်။
သူအသံက အတော်ကို စိတ်ပူနေတဲ့ ပုံစံပါပဲ။ ယွမ်လော့ဖုန်း နွေးထွေး ကြင်နာမှုကို ခံစားရနိုင်တယ်။ ထိုအမျိုးသားကို သူမ ပိုပြီးတော့ ဆုံးဖြတ်ချက် ခိုင်မာစွာ ကြည့်လိုက်တယ်။
“ဦးငယ်လေး ….အခု ယွမ်မိသားစုမှာ ကျွန်မ ရှိနေပြီ။ ဘယ်သူကိုမှ ယွမ်မိသားစုကို နောက်တစ်ကြိမ် နာကျင်အောင် ပြုလုပ်ခွင့် မပေးနိုင်ဘူး။ သူမ ယွမ်မိသားစုကို နောက်တစ်ကြိမ် ထပ်ပြီးတော့ ဒုက္ခ မရောက်စေချင်တော့ဘူး။ ယွမ်မိသားစုကို ပိုပြီး အင်အားတောင့်တင်းလာစေရမယ်။ ဘယ်သူမှ ယွမ်မိသားစုကို ရန်မစရဲစေရဘူး။”
မိန်းကလေးရဲ့ ယုံကြည်ချက်ရှိတဲ့ပုံစံနဲ့ မာနဝင့်ကြွားတဲ့ ပုံစံကြောင့် ယွမ်ချင်ရာ သဘောကျစွာ ရယ်မောမိတယ်။
“ဖုန်းအာ …အရွယ်ရောက်လာပြီပဲ။ တူမလေးက ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ပြင်းပြသော ဆန္ဒရှိနေပြီပဲ။ သေဆုံးသွားတဲ့ အစ်ကိုနဲ့ မရီး တမာလွန်မှာ စိတ်အေးချမ်းရတော့မှာပါ။”
ယွမ်လော့ဖုန် း ပြုံးလိုက်တယ်။
“ဦးငယ်လေး နောက်ကျနေပြီ။ အခု ဆေးကုသမှု စတင်တော့မယ်။”
“ကောင်းပါပြီ” ယွမ်ချင်ရာ ခေါင်းညိတ်လိုက်တယ်။ ယွမ်လော့ဖုန်း ဘာကိုပဲ လုပ်ချင်ချင် သူထောက်ပံံ့ပေးဖို့ အဆင်သင့်ပါပဲ။
သူ့အသက် ဆုံးရှုံးရမယ် ဆိုရင်တောင်…..
နေဝင်ချိန်…..
အဝါရောင် နေညိုချိန် အလင်းတန်းက အနောက်ဘက် တောင်တန်းဘက်ကို လွှမ်းခြုံသွားတယ်။
ယွမ်ချင်ရာလည်း သူူရှေ့ဘက်မှ ငွေအပ်ဆွဲထုတ်နေတဲ့ လှပတဲ့ တူမလေးကု ိ ငေးကြည့်နေလိုက်တယ်။ သံသယဖြစ်တဲ့ လေသံနဲ့ သူမေးလိုက်တယ်။
“ပြန်ကောင်းသွား ပြီလား။”
“ဦးငယ်လေး လက်ကိုသုံးပြီး ခြေထောက်တွေကို ဆိတ်ကြည့်လိုက်ပါလား။ စမ်းသပ်ကြည့်လိုက်ပါ။”
လှပတဲ့ သူမမျက်နှာမှာ စွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ သူမပြောလိုက်တယ်။
ယွမ်ချင်ရာလည်း တုန်ရီနေတဲ့ လက်တစ်စုံနဲ့ သူ့ခြေထောက်မှ အသားစိုင်ကို ဆွဲဆိတ်လိုက်တယ်။ သူ့ခြေထောက်မှ နာကျင်မှုကို ခံစားရတယ်။ သူအေးစက်ပြီး ကျောက်ရုပ်တစ်ရုပ် ဖြစ်သွား သလို ခံစားရတယ်။
နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ။
နှစ်တွေ အများကြီး သူ့ခြေထောက်တွေ နာကျင်မှုကို မခံစားခဲ့ရဘူး။ သူခြေထောက်ကို ဖန်ကွဲစတွေနဲ့ ထိုးဖြတ်ခဲ့ပြီး သွေးထွက်ခဲ့တာတောင် နာကျင်မှု အနည်းငယ်ကိုမျှ မခံစားရဘူး။
ဒါပေမယ့် အခုချိန်တော့ သူ့ထုံထိုင်းနေတဲ့ ခြေထောက်တွေက အသိပြန်ဝင်လာပြီ။
ယွမ်လော့ဖုန်းလည်း တွေးဝေငေးမောနေတဲ့ ယွမ်ချင်ရာကို ကြည့်လိုက်တယ်။
“ဦးငယ်လေး….ခြေထောက်ကို ကုသပေးပြီးပြီ။ သို့သော် ဦးလေး ခြေထောက်တွေက လမ်းမလျှောက်နိုင်တာ နှစ်တွေ အတော်ကြာခဲ့ပြီဆိုတော့ ပုံမှန်လူတွေကို ချက်ချင်း လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ အချိန်အတိုင်းတာ တစ်ခုအထိတော့ အနားယူဖို့ လိုအပ်တယ်။ အခုကိစ္စကို အဘိုးကို မပြောသေးနဲ့ဦး။ သေချာ လမ်းလျှောက်နိုင်သွားမှ အဘိုးကို အံသြသွားအောင် လုပ်ရမယ်။”
နောက်ဆုံးမှာ ယွမ်ချင်ရာက တွေးဝေမိန်းမောနေရာမှ အသိပြန်ဝင်လာတယ်။ သူ ရင်ခုန်ပြီး စိတ်လှုပ်ရှားလွန်းလို့ ယွမ်လော့ဖုန်း ပြောတဲ့ စကားတွေကို မကြားတော့ဘူး။
“ဖုန်းအာ…. ဦးလေးခြေထောက်တွေက နာကျင်မှုကို ခံစားနိုင်ပြီ။ နောက်ဆုံးတော့ ခံစားချက်ကို သိသွားပြီ။”
ယွမ်ချင်ရာလည်း စိတ်လှုပ်ရှားလွန်းလို့ အသံတုန်နေတယ်။
“ဘီးတပ်ကုလားထိုင်ပေါ်မှာ တစ်သက်လုံးနေရတော့ မယ်လို့ အစက တွေးထင်နေခဲ့တာ။ ဒါပေမယ့် အခုတော့ တူမလေးက အခုလို အံသြစရာ ဖြစ်အောင် ကုသပေးနိုင်မယ်လို့ မထင်ထားခဲ့ဘူး။ တူမလေး ဖုန်းအာကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ဘူး။”
ယွမ်လော့ဖုန်းလည်း စွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
“ဦးငယ်လေး ကျွန်မကို ကျေးဇူးတင်တယ်ဆိုရင် စစ်တပ်ကို ဦးဆောင်ပေးပါလား။”
Chapter-111
End
အပိုင်း(၁၁၂)
နှစ်တစ်ဝက် ကြာပြီးနောက်(၁)
“စစ်တပ်”
ယွမ်ချင်ရာ စိတ်လှုပ်ရှားနေရာမှ ပုံမှန်အခြေနေ ပြန်လည် ဖြစ်ပေးပြီး နောက်ပိုင်းမှာ စိတ်ရှုပ်ထွေး နားမလည်သောအကြည်နဲ့ မေးလိုက်တယ်။
“ဘယ်စစ်တပ်ကို ပြောတာလဲ။”
“ဒုတိယဦးလေး”
သူမ မပြောခင်မှာ ခဏ တိတ်ဆိတ်နေလိုက်ပြီးတော့
“သမီး စစ်တပ် တစ်ခုကို ဖွဲ့စည်းထားတယ်။ အုပ်စု နှစ်စု ခွဲထားတယ်။ သံမဏိတပ်ဖွဲ့မှာ အုပ်ချုပ်သူ ကင်းမဲ့နေတယ်။ ဦးလေးတစ်ယောက်ပဲ ဒီရာထူးနဲ့ သင့်တော်တယ်။ သမီး အယုံကြည်ရဆုံးလူကလည်း ဦးလေးတစ်ယောက်ပဲ။”
ယွမ်ချင်ရာ အံသြနေမိတယ်။ အံသြစွာ ငေးကြည့်နေမိတယ်။သူ ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပြီးတော့
“ရှောင်ဖုန်းအာ ဦးလေးက တူမလေးကိစ္စကို အကောင်းဆုံး ဖြစ်အောင် ကူညီပေးပါမယ်။ ဦးလေးကို အချိန် ၅နှစ်ပေးပါ။ မဟုတ်ဘူး ၃နှစ်ပဲ။ အင်အားတောင့်တင်းတဲ့ စစ်တပ်တစ်ခုကို တူမလေးကို ပေးနိုင်ပါတယ်။”
ယွမ်လော့ဖုန်းလည်း ယုံကြည်မှုရှိနေတဲ့ သူမ ဦးလေး မျက်နှာကို စိုက်ကြည့်နေလိုက်တယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေခဲ့ရတဲ့ ပုံစံနဲ့ တခြားစီပါပဲ။ ဂုဏ်သိက္ခာရှိပြီး တော်ဝင်တဲ့ ယောကျာ်းတစ်ယောက် ပုံစံပဲ။
……….
လုံယွမ်တိုင်းပြည်မှာ အိမ်ရှေ့စံမင်းသားကွမ်လန် ပြင်းထန်စွာ နေမကောင်း ဖြစ်တာကြောင့် သူ့စိတ်စွမ်းအင်တွေ ရုတ်တရက် ပျေက်ကွယ်သွားတယ်။ တော်ဝင်သမားတော်တွေလည်း ကုသပေးလို့ မရနိုင်ခဲ့ဘူး။ နန်းတော်မှ ကြေညာချက်တစ်ခုကို ထုတ်ဝေခဲ့တယ်။ အိမ်ရှေ့စံမင်းသားကို ကုသပေးနိုင်တဲ့ ဘယ်သူမဆို များစွာသော ဆုလာဘ်ကို ခံစားရမယ်တဲ့။ ကံမကောင်းစွာပဲ သမားတော်တွေ အများပြား စမ်းသပ် ကုသခဲ့သော်လည်း အိမ်ရှေ့စံမင်းသား ရောဂါက မပျောက်ကင်းခဲ့ဘူး။
ထိုအချိန်မှာ နင်အကြီးကဲကို ယွမ်လော့ဖုန်း ကုသပေးစဉ်မှာ သက်သေအဖြစ် ရှိနေခဲ့တဲ့ တစ်ယောက်က ယွမ်လော့ဖုန်းကို နန်းတော်သို့ ခေါ်ဆောင်ပြီးတော့ ကွမ်လန်ကို ကုသပေးစေဖို့ ဘုရင်ကို လျှောက်တင်တယ်။ သူမက အနည်းငယ်သာ အရည်ချင်းရှိပြီးတော့ ထိုအရည်ချင်းနဲ့ အိမ်ရှေ့စံမင်းသားနဲ့ တော်ဝင်မျိုးနွယ်ကို ခြိမ်းခြောက် တတ်တယ်။ အိမ်ရှေ့စံမိဖုရား ဖြစ်ဖို့ အမြဲမျှော်လင့်နေတယ်ဆိုတဲ့ ခံယူချက်နဲ့ အမတ်မင်းပေးတဲ့ အကြံဉာဏ်ကို ကွမ်တုက ဖယ်ရှား လိုက်တယ်။
“မင်း ကြားခဲ့တာတွေက အမှားဖြစ်နိုင်တယ်။ ဒါပေမယ့် မင်း မြင်နေရတာတော့ အမှန်တရားပဲ။”
သူ့အထင်တော့ ယွမ်လော့ဖုန်းက အမြဲ အမှိုက်မပဲ။ ဒီအမှိုက်မက ဆေးပညာအရည်ချင်း လုံးဝရှိမှာ မဟုတ်ဘူး။ သူမကို နန်းတော်ဝင်ဖို့ သူအမိန့်ပေးခဲ့လည်း အသုံးဝင်မှာ မဟုတ်ဘူး။
ဒီနှစ်ဝက်မှာ တော်ဝင်မျိုးနွယ်တစ်စုလုံး အိမ်ရှေ့စံမင်းသားရောဂါ ကုသပေးဖို့ အတွက်ပဲ ကြိုးစား အားထုတ်ခဲ့တယ်။ ယွမ်လော့ဖုန်းလည်း အေးချမ်းစွာ နေထိုင်ရတယ်။ သူမကို ဘယ်သူမှ နှောက်ယှက်ခြင်း မရှိခဲ့ဘူး။ သူမရဲ့ အနောက်ဘက်တောင်တန်းလေးမှာ အေးချမ်းစွာ တန်ခိုးကျင့်ကြံလို့ ရတယ်။ သူမ ယွမ်ရှောင်ကို စနောက်ဖို့ အချိန်တောင် မရှိခဲ့ပေ။
ထိုအချိန်မှာ အနောက်ဘက်တောင်တန်းမှာ တရားထိုင်နေတဲ့ ယွမ်လော့ဖုန်းလည်း သူမမျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။ မသန့်စင်တဲ့လေတွေကို ရှုထုတ်လိုက်တယ်။
“နှစ်ဝက်လုံး အချိန်ဇယား ရေးဆွဲခဲ့ ပြီးပြီ။ ငါ့စွမ်းအားလည်း အလုံလောက် တိုးတက်ခဲ့ပြီ။ သံမဏိတပ်နဲ့ မီးတောက်အဖွဲ့ကလည်း ဒုတိယဦးလေးနဲပ ချင်ယန် ဦးဆောင်မှုကြောင့် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီ။ ဒီခြောက်လအတွင်း အပြင်မှာ ဘာတွေ ဖြစ်ပျက် ခဲ့လဲဆိုတာကို ငါမသိခဲ့ဘူး။”
“ကြွက်အော်သံ”
သူမ အင်္ကျီလက်ထဲမှ ခေါင်းသေးသေးလေး ထွက်လာတယ်။ နို့လက်ဖက်ရည်လေးလည်း အတော်ကို ထွားလာပါပြီ။ အမည်းရောင် မျက်ဝန်းနက်လေးတွေနဲ့ ယွမ်လော့ဖုန်းကို ချစ်စရာကောင်းစွာ ကြည့်နေတယ်။
ယွမ်လော့ဖုန်းလည်း သူမအင်္ကျိလက်ထဲက ထွက်လာတဲ့ ကြွက်လေးကို ယူလိုက်တယ်။ ကြွက်လေး ခေါင်းကို ပုတ်လိုက်တယ်။
“မလောက်လေးမလောက်စားလေးက တခြားလူတွေကို မနာလို ဖြစ်စေတာပဲ။ ကျင့်ကြံစရာ မလိုအပ်ဘဲ နှစ်ဝက်တည်းနဲ့ မြင့်မားသော အနိမ့်စားအဆင့်ကို ရောက်နေပြီပဲ။ သို့သော်လည်း ငါ့ စိတ်စွမ်းအား ဆေးမြစ်တွေ အများကြီး ကုန်သွားပြီ။”
ရွှေရှာ ကြွက်လေးက တခြားစိတ်စွမ်းအား သားရဲတွေနဲ့ ခြားနားတယ်။ သူ့ကျင့်ကြံခြင်းက မရေတွက်နိုင်သော ဆေးမြစ်တွေ အပေါ် မူတည်တယ်။ ကြွက်လေး ကြီးထွားနှုန်းနဲ့ စွမ်းအား တိုးတာမြန်တာက ယွမ်လော့ဖုန်း ဆေးမြစ်တွေ အများကြီး သုံးခဲ့လို့ပါ။ သူ ကြွက်လေး တန်ခိုး ကျင့်ကြံတာကို ဒီထက်မက ပိုပြီးတော့ တိုးတက်စေချင် သေးတယ်။ ပုံမှန်ဆေးမြစ်တွေက လုံလောက်တဲ့ အင်အား မပေးနိုင်ဘူး။
“ရှောင်မို… အနီရောင် ဖယ်ရီသီးပင် တိုးတက်နှုန်းက ဘယ်လိုလဲ။”
ယွမ်လော့ဖုန်းလည်း နို့လက်ဖက်ရည်လေးကို အင်္ကျိလက်ထဲ ထပ်ထည့်ထားလိုက်တယ်။ သူမအသံကို ကြားဖို့ စိတ်စွမ်းအားနဲ့ လှမ်းမေးလိုက်တယ်။
တခဏကြာတော့ ရှောင်မို အသံကို သူမစိတ်ထဲက ကြားလိုက်ရတယ်။
“သခင်… အနီရောင် ဖယ်ရီသီးအပင်က ပွင့်ပါပြီ။ အသီး သီးဖို့ မကြာတော့ပါဘူး။ မကြာတော့ဘူးလို့ ခန့်မှန်းရပါတယ်။”
ယွမ်လော့ဖုန်းလည်း ပြုံးလိုက်ပြီးတော့ အိပ်ယာပေါ်မှ ထလိုက်တယ်။ တံခါးနားကို သွားလိုက်တယ်။
“အနီရောင် ဖယ်ရီသီးအပင်က စိတ်စွမ်းအား သစ်သီးကို သီးရင်တော့ အဘိုး စွမ်းအားကို မြှင့်တင်ပေးလို့ ရပြီ။ ဦးငယ်လေး ခြေထောက်ကို နှစ်ရက်တည်းနဲ့
လမ်းလျှောက်နိုင်အောင် အရင်က ကုသပေးနိုင်ခဲ့တယ်။ အဘိုးကို အံသြစရာနှစ်ခုပေးလို့ ရပြီ။”
Chapter-112
End
အပိုင်း(၁၁၃)
နှစ်ဝက်ကြာပြီးနောက်(၂)
တော်ဝင်နန်းတော်အတွင်း ခန်းမဆောင်
နန်းဆောင်အတွင်းမှာ ကွမ်တုတစ်ယောက် အမတ်တွေ တင်ထားတဲ့ စာချွန်လွှာတွေကို ဖတ်ရှုနေတယ်။ သူနောက်ဘက်မှ ရုတ်တရက် လေအေးနဲ့အတူ မပီမပြင် အသံကို ကြားလိုက်ရတယ်။ သူ လန့်သွားပြီးတော့ လက်ထဲမှာကိုင်ထားတဲ့ စုတ်တံက မြေပြင်ပေါ် လွတ်ကျသွားတယ်။
“ဘုရင်တာဝန်ကို ထမ်းဆောင်ရတာ ပျင်းနေပြီထင်တယ်။ အခြေနေကို ငါတို့ မျိုးနွယ်စုကို မတင်ပြတာ အတော်ကြာနေပြီနော်။”
ထိုအသံက ကျိန်စာတိုက်နေသလိုပဲ။ တည်ငြိမ် အေးချမ်းနေတဲ့ ကွမ်တုကို တုန်လှုပ် ခြောက်ခြားစေတယ်။ ရာဇပုလ္လင်မှ အလျင်မြန်ထလိုက်တယ်။သူ နောက်ဘက်မှ မိန်းကလေးကို လှည့်ကြည့်လိုက်တယ်။
မိန်းကလေးက အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတယ်။ကျောက်စိမ်းရောင် ခါးပတ်ကို ဝတ်ဆင်ထားတယ်။ ခရမ်းနုရောင် ပိတ်ကျဲကို လွှမ်းခြုံထားတယ်။ ရာဇာပုလ္လင်အနားကို နူးညံ့ပျော့ပျောင်းစွာ လမ်းလျှောက်လာပြီးတော့ ဘယ်သူမှ မရှိသလို ထိုင်လိုက်တယ်။
လက်ပိုက်ကြည့်လိုက်ပြီးတော့ စားပွဲခုံပေါ်မှ စုတ်တံကို ကစားနေတယ်။ မျက်တောင့် ရှည်လေးတွေနဲ့
“ကွမ်တု….ငါတို့ ဝိဉာဉ်မျိုးနွယ်စုက ဘုရင် အဆင့်တန် း ပေးထားတယ်ဆိုတာ မမေ့ပါနဲ့။ အချိန်မရွေး ငါတို့က ပြန်လည် ရုပ်သိမ်းလို့ ရတယ်ဆိုတာ မမေ့ပါနဲ့။”
စားပွဲခုံပေါ်မှ စုတ်တံကို ကစားနေတယ်။
“သခင်မလေး…. မကြာသေးခင်က ကျွန်တော်မျိုးတို့ လုံယွမ် တိုင်းပြည်က အိမ်ရှေ့စံမင်းသား အပြင်းထန် နေမကောင်း ဖြစ်နေပါတယ်။ တစ်လောကလုံးက ကျော်ကြားတဲ့ သမားတော်တွေ အားလုံးကို ရှာဖွေနေရပါတယ်။ ဝိဉာဉ်မျိုးနွယ်စုကို အချိန်မီ သတင်းမပေးနိုင်တာ ပါ။ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ သခင်မလေး။”
လုံယွမ်တိုင်းသူပြည်သားတွေက သူတို့အရှင်ဘုရင်က မိန်းကလေးတစ်ယောက်ရှေ့မှာ နှိမ်ချပြီး ကျိုးနွံစွာ ပြောဆိုနေတာကိုသာ တွေ့သွားခဲ့ရင်တော့ အရမ်းကို အံသြထိတ်လန့်နေမှာပါ။
ထိုမိန်းကလေးက ဘယ်လို အဆင့်တန်းမျိုး ဖြစ်တာကြောင့် ကွမ်တု ကြောက်လန့်နေတာပါလဲ။
“ကျွန်မ ရှင်ကို တာဝန်တစ်ခု ပေးချင်လို့ လာခဲ့တာ။”
စီရွှမ်း ထိုလူကို ကြည့်လိုက်တယ်။ အဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ ရိုသေမှုအပြည့်နဲပုံစံပေါ့။
“အခုချိန်မှာ အိမ်ရှေ့စံမင်းသားအတွက် ကျော်ကြားတဲ့ သမားတော် ရှာဖွေတဲ့ ကိစ္စကို ဖယ်ထားလိုက်တော့ လုံယွမ်တိုင်းပြည် အင်အား အကုန်လုံးကို သုံးပြီးတော့ လူတစ်ယောက်ကို ကူညီ ရှာဖွေပေးရမယ်။”
“မိန်းကလေးစီက ဘယ်သူရှာဖွေ ချင်တာလဲဆိုတာ မေးပါရစေ။”
ကွမ်တု…စီရွှမ်ကို အံသြစွာ ကြည့်နေမိတယ်။
ဝိဉာဉ်မျိုးနွယ်စု အင်အားက တောင့်တင်းလွန်းတယ်။ မျိုးနွယ်စု သခင်မလေး တစ်ယောက်အနေနဲ့ အလွယ်တကူ ရှာဖွေလို့ ရတယ်။ သူမ ကိုယ်စား လုံယွမ်တိုင်းပြည်က လူတွေကို ရှာဖွေခိုင်းရတာလဲ။
စီရွှမ်းမျက်ဝန်းမှာ ကြင်နာ မြတ်နိုးရိပ်တွေ့နေရတယ်။ သူမ အကြည့်တွေက အရူးမူး ဖြစ်နေသလိုပဲ။
“ ငါ့ သူ့မျက်နှာ ပုံစံကို တစ်ခါမှ မမြင်ဖူးဘူး ။ သူ့မျက်နှာဖုံးကိုပဲ တွေ့ဖူးတယ်။ သိုင်းပညာ ကောင်းမွန်တယ်။ ထူးခြားတဲ့ ပုံစံကို ပြောရရင်တော့ သူ့ခန္ဓာကိုယ်က အရမ်းပြည့်စုံကောင်းမွန်တယ်။”
လွန်ခဲ့သောနှစ်ဝက်က ထိုကောင်လေးကို သူမ အဖေ စာကြည့်ခန်းမှာ တစ်ကြိမ် တွေ့ဖူးခဲ့တယ်။ ထိုအချိန်တည်းက သူကို ချစ်မိခဲ့တယ်။
အထူးသဖြင့် စွမ်းအားကြီးပြီး မျိုးရိုးမြင့်မြတ်တဲ့ အဖေက လက်အောက်ခံ လူတစ်ယောက်လို ဝပ်တွားခယနေရတယ်။ မျက်နှာချိုသွေးပြီးတော့ စကားပြောနေရတယ်။ ထိုလူရဲ့ လျိုဝှက်နက်နဲမှုကို မမြင်နိုင်ဘူး။
သို့သော်လည်း ထိုလူကို ချစ်ခင်နှစ်သက်ကြောင်း အဖေကို ပြောတဲ့အခါ အဖေကို ဒေါသထွက်စွာ တားမြစ်တယ်။ သူမ မျှော်မှန်းလို့ ရတဲ့ အဆင့်တန်း မဟုတ်ဘူးလို့ ပြောတယ်။
သူမက အမြဲ မာနကြီးပြီးတော့ ဂုဏ်မောက်နေတဲ့ လူတစ်ယာက် သူမ ပထမဆုံးသော အချစ်ကို မစတင်ရသေးဘဲ လက်လွတ်မယ်လို့ ထင်နေတာလား။ ဒါကြောင့် သူမလည်း ဝိဉာဉ်မျိုးနွယ်စုက ထွက်ခွာလာခဲ့တယ်။ ထိုလူကို ရှာဖွေဖို့အတွက် လောကကြီးကို စွန့်စား ထွက်ခွာလာခဲ့တယ်။
ကွမ်တု မျက်နှာမှာ အပြုံးတုကို ကြိုးစား အားယူပြုံးလိုက်တယ်။
“စီသခင်မလေး များပြားလှတဲ့ လူတွေ အများကြီးထဲမှာ ထိုလူကို ဘယ်လို ရှာဖွေရမလဲ။”
နာမည်မသိတာ ထားလိုက်တော့။ ဘယ်လို ပုံစံရှိလဲဆိုတာ မသိဘဲ ဘယ်လို ရှာဖွေရမလဲ။ သူဘယ်လောက်ပဲ အရည်ချင်းရှိရှိ ထိုလူကို များပြားလှတဲ့ လူတွေ အများကြီးမှာ ဘယ်လို ရှာဖွေရမလဲ။
စီရွှမ်း စကားဆက်မပြောခင်မှာ ခဏတိတိဆိတ် လိုက်ပြီးတော့
“အဖေပြောတာ တစ်ခုတော့ မှတ်မိတာ ရှိတယ်။ သူမှာ မျိုးရိုး နာမည် မရှိဘူး။ နာမည် တစ်လုံးတည်း ရှိတယ်။ သူ့နာမည်က ရှောင်။ ထိုအချိန်က အဖေ ပြောတာကို မယုံခဲ့ဘူး။ မျိုးရိုး နာမည် မရှိတဲ့လူဆိုတာ ရှိနိုင်လို့လား။ အသေးစိတ် အချက်လက်ကိုတော့ ကျွန်မ မသိဘူး။ ရှင် လျိုဝှက်ချက် တစ်ခုအနေနဲ့ ကျွန်မကို ကူညီရမယ်။ ဝိဉာဉ်မျိုးနွယ်စုက လူတွေကို ထိုကိစ္စကို မသိစေရဘူး။”
Chapter-113
End
Bạn đang đọc truyện trên: Truyen247.Pro