
Ep 109+110
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
109+110
ဘာသာပြန်သူ: သကြားလုံးလေး
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၀၉)
စိတ်လှုပ်ရှားနေသော ဒုတိယဦးလေး(၁)
ကြင်ယာတော်မုက ယွမ်လော့ဖုန်းကို နှိပ်စက်ရတော့မယ့် အကြောင်းကို တွေးရင်း တစ်ယောက်တည်း ကျေနပ် အားရပီတိ ဖြစ်နေချိန်မှာ အမိန့်စာ ကြေညာဖို့ သွားတဲ့ မုဝူချန်တစ်ယောက်တည်း ပြန်လာတာကို တွေ့လိုက်ရတယ်။ တခဏချင်းမှာပဲ သူမရဲ့ နန်းဆန်ပြီးတော့ စွဲဆောင်မှုရှိ ကျက်သရေရှိတဲ့ မျက်နှာက မည်းမှောင်လာတယ်။ သူမရဲ့လှပတဲ့ မျက်ဝန်းတွေက ဒေါသကြောင့် အေးစက်တဲ့ အလင်းရောင် တွေကို ထုတ်လွှင့်နေတယ်။
“ယွမ်လော့ဖုန်း ဘယ်မှာလဲ။ မင်း တစ်ယောက်တည်း ဘာလို့ ပြန်လာတာလဲ။”
မုဝူချန်လည်း အားယူပြုံးပြီးတော့ လျှောက်တင်တယ်။
“မယ်မယ် ယွမ်လော့ဖုန်းက မင်းသမီးစာဖတ်ဖော်အဖြစ် နန်းတော်ကို လာရောက်ဖို့ ငြင်းဆိုပါတယ်။ ဆုလာဘ်ခံစားရတဲ့ အမတ်မြေး တစ်ယောက်ကို နန်းတော်မှာ အစေခံ အဖြစ် လာနေခိုင်းတာကို ဘုရင်ကို မေးမြန်းရမယ်တဲ့။ သူမက လာနေနိုင်ဘူးတဲ့။ ဘုရင်ကလည်း ခွင့်ပြုမှာ မဟုတ်ဘူးတဲ့။”
“ဘာပြောလိုက်တယ်။ အတင့်ရဲလိုက်တာနော်။”
လှပတဲ့ သူမမျက်နှာက ဒေါသစိတ်ကြောင့် ရဲရဲနီနေတယ်။
ရှည်လျားပြီးတော့မြသားရောင် လက်တွေက ကုလားထိုင်ခုံ လက်တန်းကို ရိုက်ချလိုက်တယ်။
“ အမှိုက်မ ယွမ်လော့ဖုန်းက တကယ် ဒီလိုပြောလိုက်တာလား။”
“မှန်လှပါ မယ်မယ်”
မုဝူချန် ခေါင်းညိတ် ပြလိုက်တယ်။
“မယ်မယ် ယွမ်လော့ဖုန်းက အမှိုက်မလေ။ သူမကို ဘာလို့ ရာထူးတိုးပေး ရတာလဲ။ သူမအရည်ချင်းနဲ့ မင်းသမီး စာဖက်ဖော် ဖြစ်ဖို့ လုံး၀ မထိုက်တန်ဘူး။”
တော်ဝင် မင်းသမီးတစ်ယောက်က ယွမ်လော့ဖုန်းကို သူမ စာဖက်ဖော် အဖြစ် ထားချင်ပါ့မလား။ အထူးသဖြင့် ထိုအမှိုက်မက ကျေးဇူးမသိတတ်တဲ့ အပြင် မယ်မယ်ရဲ့ ကောင်းမွန်တဲ့ စိတ်သဘောထားကို ငြင်းဆိုတယ်။
ကြင်ယာတော်မု မျက်နှာက ဒေါသစိတ်ကြောင့် နီရဲလာတယ်။ ထိုအချိန်မှာ အပြင်ဘက်မှ စူးရှတဲ့ အသံကို ကြားလိုက်ရတယ်။ ကြင်ယာတော်မု အတွေးစကို ဖျောက်ဖျက်လိုက်တယ်။
“အရှင်မင်းကြီး ကြွချီလာပါတယ်။”
ထိုအသံကို ကြားတာနဲ့ ကြင်ယာတော်မု မတ်တပ် ထရပ်လိုက်ပြီးတော့ သူမပုံစံကို ပြင်လိုက်တယ်။ အိပ်ခန်းထဲကို အလျင်မြန် ဝင်သွားတဲ့ အဝါရောင် အရိပ်လေးကို ငေးကြည့်လိုက်တယ်။ လေးစားစွာ သူမ ဂါရ၀ ပြုလိုက်တယ်။
“နှမတော် အရှင်ကို ဂါရဝပြုပါတယ်။ အရှင် မင်းကြီးကို ကြိုဆိုပါတယ်။”
“ချစ်လှစွာသော ကြင်ယာတော်”
ကွမ်တု သူကို ပြုံးပြနေတဲ့ ကြင်ယာတော်မုကို ငေးကြည့်လိုက်တယ်။
“စစ်သူကြီး အိမ်တော်က ယွမ်လော့ဖုန်းကို မင်းသမီး စာဖတ်ဖော်အဖြစ် နန်းတော်ထဲ ဝင်ရောက်ရမယ့် အမိန့်စာ သွားရောက် ကြေညာခိုင်းတယ်လို့ ကိုယ်တော် ကြားသိရတယ်ဆိုတာ ဟုတ်လား။”
ကြင်ယာတော်မုလည်း အံအားသင့်စွာ ခေါင်းမော့ ကြည့်လိုက်တယ်။
“အရှင်မင်းကြီး ဘယ်လို သိနေရတာလဲ။”
“ဒီကိစ္စကို တော်ဝင်မျိုးမြို့တော် တစ်ခုလုံးသိနေတာလေ။”
ကွမ်တု စိတ်ပျက်စွာ ပြောလိုက်တယ်။
“အားလုံးပြောနေတာက ကြင်ယာတော်မုက စစ်သူကြီးအိမ်တော်က တစ်ဦးတည်းသော မြေးလေးကို အနိုင်ကျင့်တယ်တဲ့။ မင်းသမီး စာဖတ်ဖော်အဖြစ် နန်းတော်ကို အတင်းဝင်ရောက် ခိုင်းတယ်တဲ့။ အတိတ်ချိန်တုန်းက မုမိသားစုက ယွမ်အိမ်တော်က သားနဲ့ ချွေးမကို သေစေခဲ့တယ်။ လူတိုင်းပြောနေတဲ့အချိန်မှာ ကိုယ်တော် မုအိမ်တော်ဘက်က ရပ်တည်ခဲ့တယ်။ အခု ယွမ်အိမ်တော်မှာ ယွမ်လော့ဖုန်း တစ်ယောက်တည်းသာ ရှိတော့တယ်။ သူမ တစ်ခုခု ဖြစ်သွားရင် အဘိုးကြီးက တော်ဝင်မျိုးနွယ်စုနဲ့ အသေကျေ တိုက်ခိုက်မှာပဲ။ လက်ရှိအချိန်မှာ တော်ဝင်မျိုးနွယ်က အဘိုးကြီးကို ဆန့်ကျင် တိုက်ခိုက်လို့ မရနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ဘာမှ မတွေးတောဘဲ မလှုပ်ရှားဖို့ မျှော်လင့်တယ်။”
ကြင်ယာတော်မု စိတ်အားငယ်စွာ မျက်လွှာချ လိုက်ပြီးတော့ နူးညံ့စွာ စကားဆိုတယ်။
“နှမတော်…အရှင်မင်းကြီး အမိန့်ကို နာခံပါမယ်။”
“ချစ်လှစွာသော ကြင်ယာတော်”
ကွမ်တု ပုံစံက နူးညံ့ ညင်သာလာပြီးတော့ ဒေါသရိပ်တွေ မရှိတော့ဘူး။
“မင်း ယွမ်လော့ဖုန်းကို မကျေနပ်ဘူးဆိုတာ နားလည်ပါတယ်။ သူမကြောင့် မုဝူစွမ်း မကျေမနပ် ခံစားရတယ်မလား။ သို့သော်လည်း အခုချိန်မှာ အိမ်ရှေ့စံမင်းသားက အပြင်းထန် နေမကောင်း ဖြစ်နေတယ်။ ကိုယ်တော်လည်း အရမ်း အလုပ်များနေတယ်။ အလုပ်ကိစ္စတွေကြောင့် အရမ်း ပင်ပန်းတယ်။ သာမန် ကိစ္စတွေကို ဂရုမစိုက်နိုင်ဘူး။ ကိုယ်တော် စစ်သူကြီး အိမ်တော်ကို သေချာစောင့်ကြည့်ထားမယ်။ မင်းအတွက် တရားမျှတမှုကို ရှာပေးမယ်။”
တရားမျှတမှု
ယွမ်လော့ဖုန်း ဒီနေရာမှာသာ ရှိနေရင် ကွမ်တု ပါးစပ်က ထွက်လာတဲ့ စကားကိုသာ ကြားရင် ရယ်ချင်စိတ်ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။
ကာမရဂစိတ် ထကြွနေပြီးတော့ ဘက်လိုက်တတ်တဲ့ ဘုရင် ကွမ်တုက တရားမျှတမှု ဆိုတဲ့ စကားကို ပြောရဲတယ်ပေါ့။
“အရှင်က ထိုစကားပြောတော့ နှမတော် စိတ်အေးချမ်းပါပြီ။”
ကြင်ယာတော်မု ပြုံးလိုက်ပြီးတော့ သူမရှေ့နားက ဘုရင်ကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်တယ်။
နူးညံ့သိမ့်မွေ့တဲ့ သူမလို မိန်းကလေးမျိုးကို ဘယ်ယောကျာ်းလေးမှ စိတ်မထိန်းထားနိုင်ပါဘူး။ ဒါကြောင့်လည်း ကွမ်တုက ရှိသမျှ အလုပ်အားလုံးကို ချန်ထားခဲ့ ပြီးတော့ သူမ အိပ်ဆောင်ထဲကို သူမနဲ့အတူတူ ဝင်ရောက်သွားတယ်။
မုဝူချန်က ပြန်ခါနီးမှာ အိပ်ခန်းတံခါးကို ပိတ်ပြီးတော့ လိမ္မာ ပါးနပ်စွာ ပြန်လည် ထွက်ခွာ သွားတယ်။
Chapter-109
End
အပိုင်း(၁၁၀)
စိတ်လှုပ်ရှားနေသော ဒုတိယဦးလေး (၂)
ယွမ်အိမ်တော် အနောက်ဘက် တောင်တန်း စံအိမ်အတွင်းမှာ
ဘီးတပ် ကုလားထိုင်ပေါ်မှာ ထိုင်နေရတဲ့ ပိုးသားဝတ်စုံနဲ့လူက နေရောင်အောက်မှာ ဆေးရေစိမ်နေတယ်။
သူ့လက်မှာ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားတယ်။ စာကို အာရုံစိုက်ပြီး ဖတ်ရှုနေတယ်။ ယွမ်လော့ဖုန်း သူအနားကို ရောက်နေတာကို မသိလိုက်ဘူး။
“ဒုတိယဦးလေး”
ရင်းနှီးပြီးတော့ နူးညံ့တဲ့ အသံကို သူ့ဘေးနားဘက်က ရုတ်တရက် ကြားလိုက်ရတယ်။ သူ့ဘေးနားကို လှည့်ကြည့်လိုက်တယ်။
သူဘေးနားမိန်းကလေးကိုတွေ့တော့ ချောမောတဲ့ သူ့မျက်နှာမှာ ပြုံးနေမိတယ်။
သူ့အပြုံးက သက်ဝင်လှပလွန်းလို့ ယွမ်လော့ဖုန်း ငေးကြည့်နေမိတယ်။
လူတွေ နှလုံးသားကို နာကျင်စေတဲ့အထိ ချောမောလှပတဲ့ သူမဦးလေးကို ကြည့်ပြီးတော့ သူမ စကား စပြီးတော့ ပြောလိုက်တယ်။
“ဒုတိယဦးလေး…. အချိန်အတိုင်းတာ တစ်ခုအထိ ဦးလေး ခန္ဓာကိုယ် ကျန်းမာလာဖို့အတွက် ကုသပေးခဲ့ပြီးပြီ။ အခု နောက်ဆုံး ကုသမှုကို စတင်တော့မယ်။ မကြာခင်မှာပဲ ကိုယ်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တော့မယ်။ ခြေထောက်တွေ အကောင်း ပကတိအတိုင်း ဖြစ်တော့မယ်။”
စာရွက်ကို လှန်နေတဲ့ ယွမ်ချင်ရာလက်တွေက ချက်ချင်း ရပ်သွားတယ်။ ချောမောတဲ့ သူ့မျက်နှာကို မော့လိုက်ပြီးတော့ မယုံကြည်နိုင်စွာ မေးလိုက်တယ်။
“ရှောင်ဖုန်းအာ ….နောက်တစ်ကြိမ်ထပ်ပြီးတော့ မတ်တပ်ရပ်နိုင်တော့မယ်လို့ ပြောလိုက်တာလား။”
ယွမ်လော့ဖုန်းလည်း သူမဦးလေးရဲ့ အံသြနေတဲ့ မျက်ဝန်းတွေကို ကြည့်ရင်း ခေါင်းညိတ် ပြလိုက်တယ်။
“မြန်မြန် ဆန်ဆန်သာ သမီး ကုသပေးခဲ့ရင် ဦးလေး လမ်းလျှောက်နိုင်တာ ကြာပါပြီ။ မတ်တပ်ရပ်နိုင်ခဲ့ရင်လည်း အရင်လို အဆင်ပြေပြေ ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီနေ့အချိန်ထိ ဘယ်လို ကုသပေးရမလဲဆိုတာ စဉ်းစားရင် အချိန်ကြာနေခဲ့တာ။”
ယွမ်ချင်ရာလည်း အသက်ရှုသံ ရပ်တံ့သွားတော့မလို ခံစားရတယ်။ သူ နောက်တစ်ကြိမ် လမ်းထပ်လျှောက်နိုင်တော့မယ်ဆိုတာ အိမ်မက် မက်နေသလိုပဲ။ ယွမ်လော့ဖုန်း သူကို အရင်က ကတိပေးထားခဲ့သော်လည်း သူ မယုံကြည်ရဲခဲ့ဘူး။
သူ ယုံကြည်မိသွားပြီတော့ စိတ်အားငယ် ၊ စိတ်ပျက်ရမှာ သူကြောက်နေမိတယ်။
အခုတော့ ယွမ်လော့ဖုန်းရဲ့ ယုံကြည်ချက် အပြည့်ရှိတဲ့ မျက်လုံးတွေကို ကြည့်ရင်းနဲ့ သူ ပို စိတ်ရှုပ်ထွေးလာရတယ်။ ဒီကလေးမလေးက သူကို တကယ် ကုသပေးနိုင်တာလား။
“ဒုတိယဦးလေး …မကြာခင် လမ်းလျှောက်နိုင်တော့မှာပါ။
ဘီးတပ် ကုလားထိုင်ကို ဆက်ပြီးတော့ အားကိုးစရာ မလိုအပ်တော့ပါဘူး။”
ယွမ်လော့ဖုန်း တခစ်ခစ် ရယ်မောလိုက်တယ်။ သူမ ဒီနေ့ကို စောင့်နေခဲ့တာ ကြာခဲ့ပါပြီ။
“ဖုန်းအာလေး”
သူရဲ့ ဖြူဖျော့နေတဲ့ မျက်နှာလေးမှာ အပြုံးတွေ ဝေဆာနေတယ်။ သူဘေးနားက သူ့တူမလေးကို ချိုသာစွာ စကားပြောတယ်။
“ဦးလေးက တူမလေးကို စမ်းသပ်ခွင့်ပေးပါတယ်။ တူမလေး ကုသမှု မအောင်မြင်လည်း တူမလေး စိတ်ပျက်နေစရာ မလိုအပ်ဘူးနော်။ ဦးလေးက ဒီလသကြီးနဲ့ နေသားကျနေပါပြီ။ ကုသပေးချင်တဲ့ ရည်ရွယ်ချက်ရှိတာကိုပဲ ဦးလေးက ကျေနပ်နေပါပြီ။”
သူ့စကားတွေက သူ့တူမလေး စိတ်ဓာတ် မကျစေဖို့အပြင် သူကိုယ်သူလည်း သတိပေးနေတာပါ။ မျှော်လင့်ချက် အရမ်း မထားမိစေဖို့။
ကုသမှု ကျဆုံးလည်း သူစိတ်ဓာတ်ကျမှုကို မသိစေရဘူး ။ နာကျင်ရမယ့်လူက သူ့တူမလေး ယွမ်လော့ဖုန်းလေး ဖြစ်နေမှာကို စိုးရိမ်မိတယ်။
“ဒုတိယဦးလေး သမီး ကုသပေးနိုင်တယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။”
ယွမ်လော့ဖုန်းလည်း ယွမ်ချင်ရာကို ယုံကြည်မှုရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ တဖျတ်ဖျတ်လက်ပြီး ကြည့်လိုက်တယ်။ အင်္ကျီစကို ဖယ်လိုက်တော့ အပ်စိုက် ကုသပေးမယ်။
“ကောင်းပါပြီ ကလေးမလေးရယ်။”
ယွမ်ချင်ရာ ပြုံးလိုက်ပြီးတော့ အဝတ်စကို ဖယ်လိုက်တယ်။ အဝတ်စကို ဖယ်လိုက်တဲ့အချိန်မှာ ညိုမည်းနေတဲ့ ခြေထောက် တစ်စုံကို တွေ့လိုက်ရတယ်။ ထိုမြင်ကွင်းကို မြင်ရတဲ့အချိန်မှာ ယွမ်လော့ဖုန်း အံသြစွာ ချောမောတဲ့ မျက်နှာကို ငေးကြည့်နေမိတယ်။
အတိတ်အချိန်က အကြောင်းရာတွေကို တွေးေ၀ ငေးမောစွာ ရှင်းပြတယ်။
“လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက ဦးလေးခြေထောက် နှစ်ဖက်လုံးက ဘာအသိ ခံစားချက်မှ မရှိတော့ဘူး။ ထိုကိစ္စကို လက်မခံနိုင်တာကြောင့် ခြေထောက်တွေကို ဆိတ်တယ်။ တူဖြင့်လည်း ခြေထောက်ကို ထုတယ်။ ဘယ်လောက် အင်းအား သုံးသုံး နာကျင်မှုကို မခံစားရဘူး။ နောက်ပိုင်း… ဦးလေးကို စောက်ရှောက်ရတဲ့ အစေခံက သိသွားပြီးတော့ လက်နက်ပစ္စည်းတွေ အားလုံးကို သိမ်းထားလိုက်တယ်။”
Chapter-110
End
Bạn đang đọc truyện trên: Truyen247.Pro