
Ep 107+108
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
107+108
ဘာသာပြန်သူ:သကြားလုံးလေး
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၀၇)
အံသြနေရသော အကြီးကဲ နှစ်ယောက်(၄)
အချိန် တစ်လတည်းနဲ့ သူမဘဝကို အမှိုက်မ ဘဝမှ အစောပိုင်း မြင့်မားသောအဆင့်ကို ရောက်စေခဲ့တာလား။ ထိုအဆင့်ကို ရောက်ဖို့ တခြားလူတွေက တစ်နှစ်နီးပါး အချိန်ယူရတယ်။
ဒီလိုမျိုး ပါရမီရှိတာက တခြားလူတွေကို အရမ်း အံသြစေတယ်။
“ပြန် စဉ်းစားကြည့်မယ်ဆိုရင် မုအိမ်တော်က မုဝူစွမ်းက ထိုအဆင့်ကို ရောက်ဖို့အတွက် ၂နှစ်ကျော် အချိန်ကုန်
ခဲ့ရတယ်။ ဒါပေမယ့် လုံယွမ်တိုင်းပြည်မှာ ဒီလောက် အရည်ချင်းလေးရှိနေတာကို သူတို့တွေက မာန ဝင့်ကြွားနေတာ။ တခြားလူတွေကလည်း သူမကို အထင်ကြီးနေတာ။”
ရုန်အကြီးကဲက သူမကို ပြုံးပြီးတော့ စကားဆိုတယ်။
“ယွမ်မိန်းကလေး ပါရမီကို သိသွားခဲ့ရင်တော့ မုဝူစွမ်းမျက်နှာ ဘယ်နားထားရမှန်းသိမှာ မဟုတ်ဘူး။ မိန်းကလေး မင်းအရည်ချင်းကို ထုတ်ဖော်ပြီးတော့ အမှိုက်မ ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ပါလား။ မုဝူစွမ်း နောက်တစ်ကြိမ် ထပ်ပြီးတော့ အရှက်ကွဲ မျက်နှာပျက် ရမယ်။”
ယွမ်လော့ဖုန်းလည်း စွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးတော့
“ရုန်အကြီးကဲ… ယွမ်မိသားစုရဲ့ လက်ရှိအခြေနေကို သိသင့်တယ်။ စွမ်းအားနဲ့ အင်းအား အလုံလောက် မရှိသေးရင် အမှိုက် အဖြစ်နေတာ အကောင်းဆုံးပဲ။ ဒီလိုနေထိုင်နေရင် တော်ဝင်မိသားစုကို သတိပေးသလို မဖြစ်တော့ဘူး။ ဘေးဒုက္ခကို သယ်ဆောင်လာတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူး။”
သူပြောဖို့ ကြံနေစဉ်မှာ မိန်းကလေးက သူထက် ဦးပြီးပြောသွားတယ်။
“ယွမ်လော့ဖုန်းဆိုတဲ့ ကျွန်မက တခြားလူ အင်းအားနဲ့ ဘယ်တော့မှ မရပ်တည်ဘူး။ ရန်သူတွေ အများကြီး ကျွန်မမှာ ရှိနေလည်း ကိုယ့်ပိုင် အင်းအားနဲ့ ပြန်လည် တိုက်ခိုက်မယ်။ တော်ဝင်မိသားစု ၊ မုအိမ်တော် သူတို့တွေ အားလုံး သွေးကြွေးကို သူတို့သွေးနဲ့ ပြန်လည် ပေးဆပ်စေရမယ်။ ထိုကြောင့် ကျွန်မ အလျင်မြန် မလှုပ်ရှားဘူး။ သရုပ်အမှန်ကို အလွယ်တကူ မဖော်ပြနိုင်ဘူး။”
နင်အကြီးကဲ မိန်းကလေးကို ထောက်ခံတဲ့ သဘောနဲ့ ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်တယ်။
“ မိန်းကလေး …မင်း အမှိုက်မ ဆက်ဖြစ်ချင်လည်း ဘာမှမပြောတော့ပါဘူး။ ဒါပေမယ့် မင်းတွေ့ခဲ့ရတဲ့ လူတွေက ထူးချွန်တဲ့ လူတွေ မဟုတ်လို့ ။ သာမန်လူတွေ မို့သာ မင်းအရည်ချင်းကို မသိမြင်နိုင်တာလေ။တကယ်လို့
တော်ဝင်မျိုးနွယ်က နံပါတ်၁ သိုင်းပညာရှင်နဲ့ မင်းတွေ့ရင်တော့ ဖုံးကွယ်ထားလို့ မရနိုင်တော့ဘူး။ သူက တစ်ချက်ကြည့်လိုက်တာနဲ့ မင်းစွမ်းအားကို သိနိုင်တယ်။ ဒါက အကာကွယ် လက်စွပ်။ လက်ဆောင်အဖြစ် မင်းယူထားလိုက်။ မြေးတစ်ယောက်ကို လက်ဆောင်ပေးတဲ့လို့ သဘောထားပေးပါ။ သေချာ သိမ်းထားပါ။”
သူမအဘိုးက ကြေးနီလက်စွပ်ကို ယွမ်လော့ဖုန်းကို ပေးလိုက်တာတွေ့ရတော့ နင်ရှင်း အံသြမိတယ်။ သူမ ဘာမှတော့ ဆက်မပြောတော့ဘဲ သူမအဘိုးဘေးနားမှ ရပ်နေလိုက်တယ်။
နင်မိသားစု အမှတ်လက္ခဏာ လက်စွပ်ပဲ။ ထိုလက်စွပ်ကို တွေ့တာက အဘိုးကို တွေ့တာနဲ့ အတူတူပဲ။ ထိုလက်စွပ်နဲ့ နင်အိမ်တော်တိုင်းကို ဝင်ရောက်လို့ရတယ်။ ယွမ်လော့ဖုန်း ထိုလက်စွပ်ကို ဝတ်ဆင်ထားတာနဲ့ နင်အိမ်တော်တိုင်းက သူမအမိန့်ကို နာခံလိမ့်မယ်။
“ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အဘိုးနင်”
နင်အကြီးကဲရဲ့ကောင်းမွန်တဲ့ စေတနာကို သိတာကြောင့် သူမ ငြင်းမနေတော့ပါဘူး။
“မိန်းကလေး ထို လက်စွပ်က ပစ္စည်းသိမ်းစည်းထားလို့
ရတဲ့အပြင် မင်းစွမ်းအားကို ဖုံးကွယ်ထားလို့ ရတယ်။ မင်း အပြင်ထွက်ရင်လည်း တော်ဝင်မိသားစု နံပါတ်၁ သိုင်းပညာရှင်ကို တွေ့လည်း စိတ်ပူစရာ မလိုအပ်တော့ဘူး။ သူ ခန့်မှန်းလို့ ရနိုင်မှာ မဟုတ်ဘူး။”
ယွမ်လော့ဖုန်း တုန်လှုပ်မိတယ်။ နင်အကြီးကဲ ပေးတဲ့ လက်စွပ်က ဒီလောက် တန်ဖိုးရှိမယ်လို့ သူ မထင်ထားခဲ့ဘူး။
သူမကို သဘောကျ နှစ်သက်တာပဲ။
“မင်း ဒီတစ်ခါလည်း ငါကို ကျော်တက်သွား ပြန်ပြီ။ ”
ရုန်အကြီးကဲလည်း နင်အကြီးကဲကို ကြည့်ပြီးတော့ မကျေမနပ် ပြောတယ်။
“ဒါရန်နဲ့ ဆွေးနွေးပြီးသွားမှ မိန်းကလေးကို လက်ဆောင် ကောင်းကောင်း ပေးရမယ်။ ဘာပဲဖြစ်ဖြစ် ငါမင်းကို မရှုံးစေရဘူး။”
နင်အကြီးကဲ ဟားတိုက် ရယ်မောလိုက်တယ်။
“ငါက သူမအဘိုး ။ လက်ဆောင်ပေးတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ငါ စဉ်းစားမရဘူး ။ မင်းက ဘာသဘောမျိုးနဲ့ သူမကို လက်ဆောင်ပေးမလဲ ဆိုတာပေါ့။”
ဒီအဘိုးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရာရာတိုင်း ယှဉ်ပြိုင်ချင်နေတာ ထင်တယ်။နင်အကြီးကဲ သူကို ပျက်ရယ်ပြုနေပြီပေါ့။
“မင်းက မြေးတော်ပြီးတော့ ငါကို အနိုင်ယူသွားတယ်။ ဒါပေမယ့် ငါမှာ မြေးတစ်ယောက် ရှိနေပါသေးတယ်။ မိန်းကလေး ငါ့မြေးလေးက အိမ်ရှေ့စံမင်းသား ကွမ်လန်ထက် ပိုပြီးတော့ စွမ်းအားရှိတယ်။ မြေးလေး ပုံစံ၊ သိုင်းပညာအဆင့်တန်း ၊ စိတ်နေစိတ်ထားကို ကွမ်လန် ယှဉ်လို့ မရဘူး။ မင်း ငါ့မြေးလေးကို လက်ထပ်ရင် မုဝူစွမ်နဲ့ ကွမ်လန်ရှေ့မှာ မင်္ဂလာဆောင်ပေးမယ်။
ဆန်ကုန်မြေလေးနှစ်ယောက်လုံး သေလောက်အောင် ဒေါသထွက်နေမယ်ဆိုတာ သေချာတယ်။”
Chapter-107 End
အပိုင်း(၁၀၈)
အံသြနေရသောအကြီးကဲနှစ်ယောက်(၅)
ယွမ်လော့ဖုန်း နှစ်သက်သဘောကျစေဖို့အတွက် ရုန်အကြီးကဲက ထိုလူတွေက ဆန်ကုန်မြေလေးလို့ ခေါ်တာပါ။ သူ့မျက်လုံးထဲမှာလည်း ကွမ်လန်နဲ့ မုဝူစွမ်းကို ထိုကဲ့သို့သော လူစားမျိုးလို့ပဲ ထင်တာပါ။
“ရုန်အကြီးကဲ မိန်းကလေးက အသက်ဘယ်လောက်ရှိပြီလဲ။ မင်းမြေးက အသက်ကြီးနေပြီ မလား။”
နင်အကြီးကဲက ရုန်အကြီးကဲကို ပြုံးပြီးတော့ ပြောတယ်။
“ငါတို့ နင်မိသားစုက မျိုးဆက်သစ် လူငယ်လေးတွေလည်း ချောမောပါတယ်။ မိန်းကလေး သဘောတူရင် နင်မိသားစုက ကြိုက်တဲ့လူကို ခင်ပွန်းအဖြစ် ရွေးချယ်လို့ ရတယ်။”
အဘိုးအိုကို လုံး၀ အံအားသင့်စေတယ်။ အဘိုးကြီးနှစ်ယောက်က သူတို့နားမှာ ဘယ်သူမှ မရှိတော့သလို သူ့မြေးလေး အိမ်ထောင်ဖက် အကြောင်း ဆွေးနွေးနေတာပဲ။
ဒီကိစ္စကို သူလက်မခံနိုင်ဘူး။ ဒီမေးခွန်းမျိုးအတွက် သူမှာ အဖြေမရှိဘူး။ သူ့မြေးလေးကို သူနဲ့နှစ်တွေ အကြာကြီး နေစေချင်သေးတယ်။ မြေးလေးကို ခုချက်ချင်း လက်မထပ်စေချင်မိဘူး။ သူ့မြေးလေးနဲ့ ခွဲမနေနိုင်ဘူး။
အဘိုးကြီးနှစ်ယောက် ဆက်ပြောမှာကို စောင့်မနေတော့ဘဲ မိန်းကလေးက ကြားဝင်ပြောလိုက်တယ်။ မိန်းကလေးအသံကို ခန်းမထဲမှ လူတွေအားလုံး ကြားရတယ်။ သူမ အသံက စွဲဆောင်မှုရှိလွန်းတယ်။ ဒါပေမယ့် သူမအသံက စိတ်ပျက်နေသလိုပဲ။
“အကြီးကဲနှစ်ယောက် ကျွန်မက အခုမှ ၁၄နှစ်ပဲ ရှိပါသေးတယ်။ သာမန်ကိစ္စတစ်ခုလို အကြီးကျယ်ဆွေးနွေးနေတာလား။ ကလေးကို အတင်း ဖြားယောင် သွေးဆောင် နေတာလား။”
အဘိုးနှစ်ယောက်လည်း ရုတ်တရက် ထိတ်လန့်သွားတယ်။ သူတို့တွေ ယွမ်လော့ဖုန်း ရှိနေတယ်ဆိုတာ မေ့နေတာပဲ။ မိန်းကလေး ရှေ့မှာ သတိမမူ အတင်းအသည်းသန်ဆွေးနွေးနေတာ သူတို့ ရှက်မိတယ်။
“အဟွတ် အဟွတ်။”
ရုန်အကြီးကဲလည်း ဟန်ဆောင်ချောင်းဆိုး လိုက်ပြီးတော့ နင်အကြီးကဲကို ပြောလိုက်တယ်။
“ဒီမိန်းကလေး ပြောတာမှန်တယ်။ အခုချိန်မှာ မိန်းကလေး အသက်က ငယ်ရွယ်သေးတယ်။ ဒီလိုစကားမျိုးကို ဘယ်ကြားဝံ့မလဲ။ မိန်းကလေး ရင်ထဲမှာ ဘယ်အိမ်က သားက ရောက်နိုင်မလဲလို့ စိန်ခေါ်နိုင်မလဲ။ စိန်ခေါ်လို့ နိုင်ခဲ့ရင်လည်း ရှုံးတဲ့လူဘက်က ၃နှစ်တိတိ နေ့စဉ် ဂါရ၀ လာပြုရမယ်။”
“ကောင်းပြီလေ။”
နင်အကြီးကဲက စားပွဲခုံကို ရိုက်လိုက်ပြီးတော့ ဆွေးနွေးချက်ကို သဘောတူလိုက်တယ်။
“ငါ မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်။ ငါ့အိမ်တော်က ကောင်လေးတွေကို ငါ ယုံကြည်မှုရှိတယ်။ နောက်ပြီး ဒီမိန်းကလေးကို ကူညီရွေးချယ်ပေးဖို့ ရှင်းအာလေးက အနားမှာရှိနေတယ်။ အကျိုးနှစ်ဆ များမှာလေ။”
နင်းရှင်း စိတ်ညစ်သွားတယ်။ သူမသိဘူးလို့ ပြောချင် ခဲ့တာလေ။ အဘိုးနှစ်ယောက်က သူမကို ကြားထဲ ဝင်ရောက် စွက်ဖက်ရအောင် ပြောဆိုနေတယ်။
စိတ်ညစ်ညစ်နဲ့ ယွမ်လော့ဖုန်းဘက်ကို လှည့်ကြည့်လိုက်တော့ သူမက တစ်ချိန်လုံး ပြုံးနေတယ်။ အဘိုးနှစ်ယောက်က သူမကို အကြောင်းပြပြီး ယှဉ်ပြိုင်နေတာကို ဂရုမစိုက်တာလား။
“နောက်ကျနေပြီးတော့ မိန်းကလေးကို ဆက်ပြီး မနှောက်ယှက်တော့ဘူး။”
နင်အကြီးကဲလည်း ရုန်အကြီးကဲကို ကြည့်မနေတော့ဘဲ
“ရှင်းအာ ပြန်မယ်။ အနားသွားယူမယ်။ လူတွေက အသက်ကြီးလာတော့ အရင်လောက် မသန်မာတော့ဘူး။ စွမ်းအင်တွေ မကောင်းမွန်တော့ဘူး။”
“ဟုတ်ကဲ့ အဘိုး။”
နင်ရှင်း လည်း သူမအဘိုးနဲ့အတူတူ အိမ်တော်အပြင်ဘက်ကို ထွက်သွားတယ်။ သူမ မပြန်ခင်မှာ ယွမ်လော့ဖုန်းကို နွေးထွေးစွာ ပြုံးပြတယ်။
နန်းတော် တော်ဝင်မိဖုရားဆောင်အတွင်းမှာ ကြင်ယာတော်မုက ထိုင်ခုံမှာ ပျင်းရိလေးတွဲစွာ ထိုင်နေတယ်။ များစွာသော မိန်းမစိုးနဲ့ တော်ဝင်အစေခံ
တွေက သူမအနားမှာ ဝန်းရံနေတယ်။ သူမကို အမိန့်ကို စောင့်စားနေတယ်။
မိန်းမစိုးက နန်းဆောင်အတွင်း အပြေးဝင်လာပြီးတော့
“ကြင်ယာတော်မယ်မယ်ကို သတင်းပို့ပါတယ်။ အကြီးဆုံး သခင်လေးမုက တွေ့ခွင့်တောင်းပါတယ်။”
ကြင်ယာတော်မု မျက်ခုံးတွန့်လိုက်ပြီးတော့ သူမ နှလုံးအလယ်က အမှတ်သားက စွဲဆောင်မှု ပိုရှိလာတယ်။ ကျောမှီခုတင်ပေါ်က အနည်းငယ် ရွေ့လိုက်ပြီးတော့
“ဝင်ခွင့်ပေးလိုက်။”
မုဝူချန် စစ်သူကြီး အိမ်တော်မှာ အမိန့်စာ ကြေညာဖို့ သွားတာ အချိန်အတော်ကို ကြာသွားတယ်။ အခု သူ မိန်းမပျက်မ ယွမ်လော့ဖုန်းက အမိန့်စာကို လက်ခံပြီးတော့ နန်းတော်ကို ရောက်လာရမယ်။ မိန်းမပျက်မက မုဝူစွမ်းကို ပြသနာရှာတယ်။ အပြစ်ပုံချတယ်။ အရှက်ခွဲတယ်။ ဒီတစ်ကြိမ်တော့ မုဝူစွမ်း ခံစားခဲ့ရတာကို မိန်းမပျက်မ ပြန်လည် ပေးဆပ်စေရမယ်။
အစက အဆုံးထိ ယွမ်လော့ဖုန်းက အမိန့်စာကို လက်မခံဘူးဆိုတာကို ကြင်ယာတော်မု မသိခဲ့ဘူး။ ဒီလိုအခွင့်ရေး ကောင်းမျိုးနဲ့ တချို့ ဉာဏ်ကောင်းတဲ့ လူတွေက အထက်တန်း နေရာကို တက်လှမ်းနိုင်ဖို့ ကြိုးစားမှာပဲ။ ယွမ်လော့ဖုန်းက အမှိုက်မ အခြေနေနဲ့ဆိုတော့ ထို အခွင့်ရေးမျိုးကိုလည်း သိမှာ မဟုတ်ဘူး။ စစ်သူကြီးယွမ် သေဆုံးသွားတာနဲ့ သူမ ဆက်ပြီးတော့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။
Chapter-108
End
Bạn đang đọc truyện trên: Truyen247.Pro