
Ep 105+106
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
105+106
ဘာသာပြန်သူ: သကြားလုံးလေး
🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸
အပိုင်း(၁၀၅)
အံသြနေရသော အကြီးကဲနှစ်ယောက်(၂)
နင်အကြီးကဲက ရုန်အကြီးကဲလောက် ဒေါသမထွက်ဘူး။
ယွမ်လော့ဖုန်းကို လှည့်ကြည့်လိုက် ပြီးတော့ တည်ငြိမ်စွာ ပြောတယ်။
“မိန်းကလေးကို ပြောစရာ ကိစ္စတစ်ခုရှိသေးတယ်။ အဘိုးနဲ့ အဆင့်တန်းတူလောက်တဲ့ လူတွေပဲ သိတာ။ မိန်းကလေးနဲ့ တော်ဝင်မိသားစုက ဆန့်ကျင်ဘက်ဆိုတော့ မင်း အန္တရယ်ကင်းဖို့အတွက် ပြောရမှာပဲ။”
ယွမ်လော့ဖုန်းလည်း နင်အကြီးကဲကို ပြုံးပြီး ကြည့်နေလိုက်တယ်။
“နင်အကြီးကဲ ကျေးဇူးပြုပြီးတော့ ပြောပါ။”
“လုံယွမ်တိုင်းပြည်ရဲ့ နံပါတ်၁ သိုင်းပညာရှင်က အမြင့်စား အဆင့်မြင့်မားတဲ့ တန်ခိုးကို ရနေပြီ။ ထိုလူက ဘယ်ကလာတယ်လို့ မင်းထင်လဲ။”
ယွမ်လော့ဖုန်း ခေါင်းခါပြီး ငြင်းလိုက်တယ်။ သူမရဲ့လက်ရှိအဆင့်တန်းနဲ့ ထိုကိစ္စတွေကို မသိသေးဘူး။
“ထိုပညာရှင်က တော်ဝင်မိသားစု နောက်ကွယ်က အင်းအားရှိတဲ့ မျိုးနွယ်စု တစ်ခုကပဲ။ ”
နင်အကြီးကဲက စကားကို ဆက်ပြီးတော့ပြောတယ်။
“တော်ဝင်မျိုးနွယ်နောက်ကွယ်မှာ စွမ်းအားရှိပြီး အာဏာရှိတဲ့ လူတစ်စု အမြဲရှိတယ်။ တော်ဝင်မိသားစုက ပုံမှန် ဘေးအန္တရယ်ကင်းနေရင် သူတို့ပေါ်မလာဘူး။ ဘေးဒုက္ခဖြစ်ရင် သူတို့က ကာကွယ်ပေးဖို့ သက်တော်စောင့်တွေ လွှတ်ပေးတယ်။ နှစ်တွေ အများကြီး တခြားနိုင်ငံတွေက အလျင်စလို ရန်မစရဲတာပေါ့။ ထို အာဏာရှိတဲ့လူတွေနဲ့ သဘောတူညီချက် ယူထားလို့ပေါ့။ သူတို့က တော်ဝင်မိသားစုကို ချုပ်ကိုင်ထားတယ်။”
နင်အကြီးကဲပြောတဲ့စကားကို တွေးဝေစွာ နားထောင်ရင်းနဲ့
“အဘိုးပြောတဲ့အတိုင်းသာဆိုရင် မင်းဆက်က ထာဝရကြာရှည်နေမှာပေါ့။ အရင် နှစ်ပေါင်း ရာချီ ထောင်ချီတုန်းက မင်းဆက်ပြောင်းလဲမှုတွေ ရှိခဲ့တာပဲလေ။”
နင်အကြီးကဲ စိတ်ရှည်စွာ မရှင်းပြခင်မှာ နှစ်သက်ကျေနပ်စွာ ရယ်မောလိုက်တယ်။
“မှန်ပါတယ်။ မင်းဆက်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀၀ကလည်း အမျိုးမျိုးသော ပြောင်းလဲခြင်းတွေ ရှိခဲ့တယ်။ ထိုအချိန်က ဘုရင်က ထိုအင်းအားစုကို ဆန့်ကျင်ခဲ့လို့ မင်းဆက်ပြောင်းလဲခြင်းတွေ ရှိခဲ့တာ။”
အဘိုးနင် စကားအရဆိုရင် မင်းဆက်ပြောင်းလဲရတာက ဘုရင်က နောက်ကွယ်က အင်းအားစုကို ဆန့်ကျင်တော်လှန်ခဲ့လို့ပေါ့။ ထိုအင်းအားစုက တခြားလူ တစ်ယောက်ကို တိုင်းပြည်နဲ့ ထီးနန်းကို ပေးခဲ့တာပေါ့။
တော်ဝင်မိသားစု နောက်ကွယ်မှာ ဖြုံလောက်တဲ့ အင်းအားစု တစ်ခု ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုဆိုရင်တော့ သူမ ဂရုတစိုက် လှုပ်ရှားရတော့မယ်။
“မိန်းကလေး အရမ်း စိတ်မပူပါနဲ့ ။တော်ဝင်မျိုးနွယ်စုကို မဖျက်စီးသရွေ့ ထိုလူတွေ မပေါ်လာပါဘူး။”
နင်အကြီးကဲ ပြုံးပြီးတော့ ပြောတယ်။
“အဘိုး”
နင်ရှင်းလည်း သူမကို ဂရုမစိုက်တဲ့ အဘိုးမျက်နှာကို ကြည့်ပြီးတော့ ပြုံးလိုက်တယ်။
“မြေးလေးနဲ့ ရှောင်ဖုန်းက သွေးသားတော်စပ်သလို ခံစားရတယ်။ ဒါကြောင့် မြေးလေး ယွမ်အိမ်တော်မှာ ကြာကြာနေချင်တယ်။ ရှောင်ဖုန်း နေခွင့်ပေးမလားဆိုတာ သိချင်တယ်။”
သူမလည်း ယွမ်လော့ဖုန်းဘက်ကို လှမ်းကြည့်လိုက်တယ်။ သူမကို နွေးထွေး ဗျူငှာစွာ ပြုံးပြလိုက်တယ်။
လွန်ခဲ့တဲ့၂ရက်က နင်ရှင်းက သူမကို ယွမ်မိန်းကလေးလို့ ခေါ်ခဲ့တာပါ။ ဒါပေမယ့် အခုတော့ သူမကို ရှောင်ဖုန်းလို့ ရင်းနှီးစွာ ခေါ်တယ်။ သူမနဲ့ အဆင်ပြေချင်တယ်ဆိုတာ သိသားတယ်။
ဘာပဲဖြစ်လာ ဖြစ်လာ ။ နင်မိသားစုက သူမဘက်က သေချာပေါက် ရပ်တည်ပေးမှာပဲ။
“နေလို့ ရတာပေါ့”
သူမပျော်ရွှင်စွာ ပြုံးလိုက်တယ်။
“ငါတို့ ယွမ်အိမ်တော်မှာ နင်ရှင်း နေချင်သလောက် နေနိုင်တယ်။”
တွေ့စအချိန်တည်းက ယွမ်လော့ဖုန်း…နင်မိသားစုက မြေးအဘိုး နှစ်ယောက်ကို နှစ်သက်တယ်။ အခုဆို တခြားလူတွေက သူမဘက်က ရပ်တည်ပေးနေပြီ။ သူ လက်မခံခဲ့ရင် နောင်တရ ရမှာပေါ့။
“ဟား…”
နင်အကြီးကဲလည်း ကျေနပ်စွာ အော်ရယ်လိုက်ပြီးတော့ စစ်သူကြီး ယွမ်လော့ဘက်ကို ကြည့်လိုက်တယ်။
“စစ်သူကြီးယွမ်လော့ကို အရမ်း အားကျရတယ်။ ထူးချွန်တဲ့ မြေးလေးကို ပိုင်ဆိုင်ထားရတာ မနာလိုစရာ ကောင်းလိုက်တာနော်။”
Chapter-105
End
အပိုင်း(၁၀၆)
အံသြနေရသော အကြီးကဲနှစ်ယောက်(၃)
အဘိုးအိုယွမ်က ဒီလို အခွင့်ရေးကောင်းမျိုးကို ဘယ်လက်လွတ်ခံမလဲ။ နင်အကြီးကဲ စကားကိုကြားတာနဲ့ ချက်ချင်း ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ယွမ်လော့ဖုန်း….. မြေးလေး စိတ်အာရုံတွေ ပျံလွင့်နေသလား။ နင်အကြီးကဲက မြေးလေးကို မြေးတော်စပ်ချင်နေတာလား။ နင်အကြီးကဲကို အဘိုးလို့ မခေါ်သေးဘူးလား။”
အစတည်းက နင်အကြီးကဲက သာမန်ပုဂ္ဂိုလ် မဟုတ်တာကို သူ သတိထားမိတယ်။ မြေးလေး ယွမ်လော့ဖုန်းကို ထိုလူကဲ့သို့ ကာကွယ်ပေးမယ့်သူ ရှိနေရင် သူသေဆုံးသွားခဲ့ရင်လည်း မြေးလေးအတွက် စိတ်ပူနေစရာ မလိုအပ်တော့ဘူး။
ထိုစကားကို ကြားတော့ နင်အကြီးနဲ့ယွမ်လော့ဖုန်း နှစ်ယောက်ကို အံအားသင့်စေတယ်။မျက်ဝန်းနှစ်စုံက အဘိုးအိုယွမ်ကို ငေးကြည့်နေတယ်။ သူ ရှက်မိသလို ခံစားရတယ်။
“အဟွတ် အဟွတ်”
အဘိုးအိုက ဟန်လုပ်ချောင်းဆိုးချင်ယောင် နှစ်ခါ အယောင်ဆောင်လိုက်တယ်။
“နင်အကြီးကဲ ကျွန်တော်မှာ ထူးချွန်တဲ့ မြေးလေး ပိုင်ဆိုင်လို့ အားကျတယ်လို့ ပြောခဲ့တယ်မလား။ မွေးစားမြေးလေး တော်စပ်လိုက်လေ။ ကျွန်တော်ကို အထင်ကြီး အားကျနေစရာ မလိုအပ်တော့ဘူးလေ။”
နင်အကြီးကဲလည်း ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ ယွမ်လော့ဖုန်းကို ကြည့်လိုက်တယ်။
“ ဒီလိုဆိုတော့လည်း ငြင်းနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ယွမ်မိန်းကလေးက ဒီကအဘိုးကြီးကို မွေးစား အဘိုး တော်စပ်ချင်မလားဆိုတာ မသေချာသေး။”
ယွမ်လော့ဖုန်း စိတ်မဝင်စားဟန် ပခုံးတွန့်လိုက်ပြီးတော့
“မြေးလေး အဘိုးစကားကို နားထောင်ပါ့မယ်။”
သူမမှာ ဘာရွေးချယ်ခွင့် ရှိမလဲ။ သူမအဘိုးက အမိန့်ပေးထားပြီးပြီလေ။ သူမ မနာခံဘဲ မနေရဲပါဘူး။ အရေးကြီးဆုံး အချက်က အဘိုးက သူမကောင်းမွန်စွာ နေထိုင်နိုင်ဖို့ ဒီလို ဆုံးဖြတ်ချက်ချတယ်ဆိုတာ သူမနားလည်တယ်။
လောကကြီးထဲက အဘိုး ထွက်ခွာသွားရင် သူမကို နှစ်နှစ်ကာကာ ရင်ထဲက ကာကွယ်ပေးချင်စိတ်နဲ့ ကာကွယ်ပေးမယ့် လူတစ်ယောက် မရှိမှာကို အဘိုး စိုးရိမ်နေတယ်။ ထိုကြောင့်လည်း သူမျက်နှာပျက်ခံ သိက္ခာစောင့်ထိန်း မနေတော့ဘဲ ပြောနေတာပေါ့။
“ ငါ တကယ် မင်းကို မနာလို ဖြစ်ရတယ်။”
ရုန်အကြီးကဲက နင်အကြီးကဲကို ဝန်တိုစွာ ကြည့်နေခဲ့တယ်။
“ယွမ်မိန်းလေး စွမ်းအားက သိပ်တော့ မကောင်းဘူး။ အခုချိန်မှာ အစောပိုင်း မြင့်မားသောအဆင့်ကို
ရောက်နေပြီ။ သူမဆေးပညာက အရမ်းတိုးတက်ကောင်းမွန်တယ်။ သူမကို မြေးတော် ရတာ မင်းအတွက် အကျိုးမြတ် များတာပေါ့။”
ရုန်အကြီးကဲ မနာလို ဝန်တိုနေတဲ့အသံကို ကြားရုံရှိသေးတယ်။ သူဘေးနားက အသံတစ်ခုကိို ထပ်ကြားလိုက်ရတယ်။
“ဘာပြောတယ်။”အကြီးကဲ အံသြလွန်းလို့ မျက်လုံးပြူးသွားတယ်။ ယွမ်လော့ဖုန်း တိုးတက်မှုက မယုံကြည်နိုင်လောက်အောင် မြန်ဆန်တာပဲ။ သူမျက်လုံးမှာ အံသြမှုနဲ့ ပြည့်နေတယ်။
“မိန်းကလေး အစောပိုင်း မြင့်မားသောအဆင့်ကို ကျော်ဖြတ်နိုင်သွား ပြီလား။”
ရုန်အကြီးကဲနဲ့ နင်အကြီးကဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေတယ်။ လုံယွမ်တိုင်းပြည်မှာ အစောပိုင်း မြင့်မားသောအဆင့်ဆိုတာ ထူးခြားတာမှ မဟုတ်တာ။ အကြီးကဲ နှစ်ယောက်က ဘာလို့ အံသြနေတာလဲ။ ယွမ်လော့ဖုန်း အစောပိုင်း မြင့်မားသောအဆင့်ကို ရောက်တာက ခက်ခဲနက်နဲတဲ့ ကိစ္စ တစ်ရပ်လား။
ယွမ်လော့ဖုန်းကို ရုန်အကြီးကဲက တွေးတွေးဆဆနဲ့ ငေးမကြည့်နေခင်မှာ ခဏတာ တိတ်ဆိတ် ငြိမ်သက်နေတယ်။
“တချို့လူတွေ ပြောနေတာ ကြားဖူးတာတော့ ယွမ်မိသားစုက ယွမ်လော့ဖုန်းက အမှိုက်မတဲ့ ၊ စိတ်စွမ်းအား မလေ့ကျင့်နိုင်ဘူးတဲ့။ ဒါဆို သူမက ဘယ်လိုဖြစ်ပြီး အစောပိုင်းမြင့်မားသောအဆင့်ကို ရောက်နေရတာလဲ။”
ယွမ်လော့ဖုန်းလည်း နံရံကို မှီထားလိုက်ပြီးတော့ စွဲမက်ဖွယ် အသံနဲ့ ပြောတယ်။
“ ကံကောင်းစွာ စွမ်းအားကြီးတဲ့ လူတစ်ယောက်က တပည့်အဖြစ် လက်ခံခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်နိုင်အောင် ကုညီပေးခဲ့တယ်။ စိတ်စွမ်းအား လေ့ကျင့်နိုင်လာတယ်။ သို့သော်လည်း ထိုကိစ္စကို ကျွန်မ ဘယ်သူကိုမှ မသိစေချင်ဘူး။”
နင်အကြီးကဲ သိချင်ဇောနဲ့ ဆက်မေးလိုက်တယ်။
“ဘယ်အချိန်ကစပြီးတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်အောင် ဆောင်ရွက်ခဲ့တာလဲ။”
“အမ်…ပြောရမယ်ဆိုရင်တော့ သိပ်တော့ မကြာသေး။”
နင်အကြီးကဲ ဘာဆက်ပြောရမှန်း မသိလောက်အောင် စွံအသွားမိတယ်။
“ဘယ်လောက်အထိကြာလဲ။ သိပ်မကြာဘူး ဆိုတာကလေ။ မိန်းကလေး…အဘိုးကို တိကျတဲ့ အချိန်အတိုင်းတာကို ပြောပေးလို့ ရမလား။”
“အကြမ်းဖျင်းအားဖြင့် ပြောရရင်တော့”
ယွမ်လော့ဖုန်းလည်း ထိုကိစ္စကို စဉ်းစားလိုက်တယ်။ သူအသံမှာ မသေချာ မရေရာ ဖြစ်နေတယ်။
“တစ်လ ဖြစ်မယ်။”
တကယ်တော့ သူမ စိတ်စွမ်းအား လေ့ကျင့်တာ တစ်လ မကြာခဲ့ပါဘူး။ ရက်အနည်းငယ်ပဲ ကြာခဲ့တာပါ။ အားလုံးက လှောင်ပြောင် ပြက်ရယ်ပြုနေရတဲ့ အမှိုက်မလေးက တစ်လကြာတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ လွန်ခဲ့တဲ့ တစ်လကျော်က သူမဘဝက အမှိုက်မ ဘ၀ ဖြစ်ခဲ့တာပဲလေ။
“တစ်လကြာတယ် ။ ဟုတ်လား။”
“အမ်….”
ရုန်အကြီးကဲလည်း အံသြမိတယ်။ အံသြ ရလွန်းလို့ သူ့ခေါင်းကို ပဝါးနဲ့ ထုပ်စီးထားလိုက်ချင်တယ်။ နင်အကြီးကဲနဲ့ သူ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးတော့ သူတို့ မျက်လုံးမှာ မယုံကြည်နိုင်လောက်အောင် အံသြနေမိတယ်။
Chapter-106
End
Bạn đang đọc truyện trên: Truyen247.Pro