Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

Ep 103+104

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

စာစဉ်(၅)

103+104

ဘာသာပြန်သူ: သကြားလုံးလေး

🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸🎸

အပိုင်း(၁၀၃)

အမိန့်စာကို  လက်ခံဖို့ ဒူးထောက်စမ်း(၂)

“မုဝူချန်…. ကျွန်မကို  ဘုရင်က  အထူးအမိန့်စာ  ပေးအပ်ထားတယ်။  ငါက တော်ဝင်ဆွေမျိုးတော်တွေနဲ့  အတူတူပဲ။  ငါဘယ်သူကိုမှ  ဒူးထောက်  ဂါရဝပြုနေစရာ   မလိုအပ်ဘူး။  ကြင်ယာတော်မယ်မယ်  ကိုယ်တိုင်လာလည်း  ကျွန်မက  ဒူးထောက်နေစရာ  မလိုအပ်ဘူး။  တော်ဝင်အမိန့်စာ  လာပေးရုံပဲ  မလား။  ရှင်  ကျွန်မကို  အတင်းကျပ် ဒူးထောက်ခိုင်းရင်တော့  တော်ဝင်အမိန့်ကို  ဖီဆန်တာပဲ။”

မုဝူချန်  ဒေါသထွက်လွန်းလို့  နှလုံးခုန်  မြန်လာတယ်။  ဒါပေမယ့်  သူဒေါသကို  တခြားလူသိစေလို့  မဖြစ်ဘူး။  လက်သီးကျစ်ကျစ် ဆုပ်ထားလိုက်ပြီးတော့  ဒေါသစိတ်ကို  လျော့ချလိုက်တယ်။

“ယွမ်လော့ဖုန်း”

သူအသက်ပြင်းပြင်း ရှုလိုက်ပြီးတော့  အကြင်နာမဲ့တဲ့  မျက်နှာနဲ့  သူမကို  ကြည့်လိုက်ပြီးတော့ စကားဆက်လိုက်တယ်။

“ ကြင်ယာတော်မယ်မယ်  အမိန့်စာက  မင်းကို   နန်းတော်ထဲကို  အမြန်ဝင်ဖို့ပဲ။  မင်းသမီးရဲ့  စာဖက်ဖော်အဖြစ်  ၃နှစ်နေရမယ်။  မင်း ယူမယ့် ပစ္စည်းတွေ  သိမ်းပြီးတော့  ခုချက်ချင်း  ငါနဲ့အတူတူ  လိုက်ခဲ့ပါ။  နင် မင်းသမီးစာဖတ်ဖော်  ဖြစ်နေတဲ့အချိန်မှာ  ကိုယ့်သဘောအတိုင်း  နန်းတော်က  ထွက်သွားခွင့်  မရှိဘူးတဲ့။ မြန်မြန်  ပစ္စည်းသိမ်းမယ်။  အစေခံ…..”

သူဆက်လက်ပြီးတော့  မပြောခင်မှာ  ခဏရပ်လိုက်ပြီးတော့

“နန်းတော်မှာ တော်ဝင်အစေခံတွေ  ရှိတယ်။  မင်းတစ်ယောက်မှ  ခေါ်လာစရာ  မလိုအပ်ဘူး။”

ထိုစကားလုံးတွေက  အခန်းထဲဝင်လာကတည်းက  တိတ်ဆိတ်နေတဲ့  ရုန်အကြီးကဲကို  ဒေါသထွက်စေတဲ့  အစိုင်ခဲ  တစ်ခုဖြစ်စေတယ်။

အသက်ရွယ်  ကြီးရင့်နေတဲ့  မျက်နှာက  ဒေါသရိပ်တွေ  ဖြစ်ပေါ်နေတယ်။  ဒေါသမျက်နှာနဲ့  မုဝူချန်ကို  ကြည့်လိုက်တယ်။

“မင်းသမီးက  သူကိုယ်သူ  ဘာထင်နေလဲ။  ယွမ်မိန်းကလေးက  သူအတွက်  အစေခံ  ဖြစ်ရမလဲ။ သူမနဲ့  ထိုက်တန်တယ်လို့  ယုံကြည်နေတာလား။  သူမကိုယ်သူမ  တန်ဖိုးရှိတယ်  ထင်နေတာလား။”

စာဖတ်ဖော်ဆိုတာ  နာမည်တော့လှနေသော်လည်း  မင်းသမီးနဲ့အတူ  စာလေ့လာမယ်။  စိတ်စွမ်းအားလေ့ကျင့်မယ်ပေါ့။  နောက်ကွယ်မှာတော့  မင်းသမီးကို  ခစားနေရတဲ့  အစေခံအဆင့်လောက်ပါပဲ။  နတ်ဆေးဆရာဖြစ်တဲ့  ယွမ်လာ့ဖုန်း အဆင့်တန်းကို  သူ  အမိန့်မပေးရဲလောက်အောင်  မြင့်မားတယ်။  ဒါပေမယ့်  တော်ဝင်မျိုးနွယ်ကလေးတစ်ယောက်က သူတို့ကိုယ် သူတို့  အဆင့်တန်း  မြင့်မားတယ်လို့  ယူဆနေတာလား။  နတ်ဆေးဆရာမကို  သူတို့ကို  ခစားရတဲ့  အစေခံ  ဖြစ်စေချင်နေတာလား။

သူမနဲ့  ထိုက်တန်တယ်လို့  ထင်နေတာလား။ အရေးကြီးဆုံးအချက်က  သူမကို  နန်းတော်မှာ ၃နှစ် ပိတ်ထားချင်နေတာပဲ။  ဘယ်လို  ဆက်လုပ်ရမလဲ။  ၃နှစ်ကြာသွားရင်  ဒါရန်လည်း သေပြီ။ ထိုအချိန်မှ  ခွေးဘုရင်မှာ  အသက်၁၀ခု  ရှိလည်း  ပြန်အလျော်ပေးဖို့  မလုံလောက်ဘူး။

နင်အကြီးကဲမျက်နှာလည်း  ဒေါသစိတ်ကြောင့်  ခက်ထန်  မာကြာလာတယ်။  ယွမ်လော့ဖုန်းက  သူ့လေးစားမှုနဲ့  ထိုက်တန်တဲ့  နတ်ဆေးဆရာမလေး။  တော်ဝင်မျိုးနွယ်ကို  ခစားဖို့  လိုအပ်မယ်တဲ့လား။  သူမကို  နန်းတော်သွားခွင့်  မပေးနိုင်ဘူး။  သူလည်း  ဒီတိုင်းပြည်မှာ  ဆက်ပြီးတော့  မနေနိုင်တော့ဘူး။

“ငါ ရှာနေတဲ့လူက  စစ်သူကြီးအိမ်တော်က လူ။  မင်း ဘာမှ  ဆက်လုပ်စရာ  မလိုအပ်ဘူး။”

မုဝူချန်  ဒေါသထွက်နေတဲ့  ရုန်အကြီးကဲကို  ကြည့်လိုက်ပြီးတော့  အေးစက်စွာ  ပြောတယ်။

“မင်းသမီးကို  ခစားရတာကို  နှိုင်းယှဉ်မရတဲ့  တန်ဖိုးရှိမှုပဲ။  အရှက်သိက္ခာမဲ့တာ  မဟုတ်ဘူး။  အခုချိန်မှာ  စစ်သူကြီးက  အသက်ရွယ် အိုမင်းနေပြီ။  အသက်ရှင်မယ့်နှစ်တွေ သိပ်မကျန်တော့ဘူး။  စစ်သူကြီးသေဆုံးသွားရင်  သူမမှာ  နေစရာ နေရာရှိမှာ  မဟုတ်ဘူး။  ကြင်ယာတော်  မယ်မယ်က သူမကို  သနားလို့  ကူညီပေးဖို့  လမ်းစရှာတာလေ။”

လုံယွမ်တိုင်းပြည်မှာ  ရုန်အကြီးကဲကို  မြင်ဖူးတဲ့လူ  ရှားပါးတယ်။ ကျင်းလင်း  ပြသနာမရှာရင်  ရုန်အကြီးကဲကို  မြင်ဖူးတဲ့လူက  ၅ယောက်တောင်  ပြည့်မှာ  မဟုတ်ဘူး။

ကျင်းလင်း  ပြသနာရှာတဲ့အချိန်မှာ  ကံဆိုးပြီးတော့  မုဝူချန်က  မမြင်လိုက်ရဘူး။  သူရှေ့မှာ  ရပ်နေတဲ့လူက  တော်ဝင်မျိုးနွယ်က  နှစ်သက်ရတဲ့  ဆေးစံအိမ်တော်က  အကြီးကဲဆိုတာ  သူမသိဘူး။

“မိန်းကလေး”

နင်အကြီးကဲလည်း  ရုန်အကြီးကဲ  ကဲ့သို့ ဒေါသထွက်နေတယ်။  ယွမ်လော့ဖုန်းကို   ကြည့်လိုက်ပြီးတော့ တည်ငြိမ်စွာ  စကားပြောတယ်။

“အခုကိစ္စကို  မိန်းကလေး  ကိုယ်တိုင် ဆုံးဖြတ်ပါ။  မင်း  နန်းတော်ကို  မင်းသမီး  စာဖတ်ဖော်အဖြစ်  မသွားချင်ရင်တော့  အဘိုး ကူညီပေးပါမယ်။  အခုရက်ပိုင်း  အဘိုးမြေးလေးကို  အိမ်တော်မှာ  ထားခဲ့မယ်။ သူမ ရှိနေရင်  မင်းကို  အတင်းကျပ်  ခေါ်ဆောင်သွားလို့  မရပဘူး။”

နင်အကြီးကဲရဲ့  ဇစ်မြစ်ကို သူရိပ်မိသော်လည်း  အဘိုးနင်  အပြုမူတွေက  သူမနှလုံးသားကို  နွေးထွေးစေတယ်။

သူမနောက်ဘက်က  အဘိုးအိုနှစ်ယောက်ကို  ပြုံးပြီး  ကြည့်လိုက်တယ်။

“စိတ်မပူပါနဲ့ ။  ဘယ်သူမှ  ကျွန်မကို  အတင်းကျပ် ဖိအားပေးလို့ မရပါဘူး။”

သူမပြောတဲ့စကားလုံးတွေက  မာနဝင့်ကြွားနေပြီးတော့  သူမရှေ့နားက  မုဝူချန်ကို စိတ်ပျက်  အထင်သေးစွာ ကြည့်လိုက်တယ်။

Chapter-103

End

အပိုင်း(၁၀၄)

အံသြနေရသော အကြီးကဲနှစ်ယောက်(၁)

ယွမ်လော့ဖုန်း စကားသံကို  ကြားပြီးနောက်  အားလုံး  ချက်ချင်း တိတ်ဆိတ်သွားတယ်။

မုဝူချန်  လက်သီးကို  ကျစ်ကျစ်ဆုပ်ကိုင်ပြီးတော့  ပြိုင်ဘက်ကင်း  လှပပြီး  စွဲဆောင်မှုရှိတဲ့  ယွမ်လေ့ဖုန်းကို  မကျေမနပ်  ကြည့်လိုက်တယ်။  သူမျက်နှာက  တင်းမာနေပြီ။  လူတစ်ယောက်ကို  အရိုးတခြား  အသားတစ်ခြား  လုပ်ချင်နေတဲ့  ပုံစံနဲ့ပေါ့။

“ယွမ်လော့ဖုန်း….ကျေးဇူးမကန်းနဲ့။  မင်းသမီး စာဖတ်ဖော် ဖြစ်ရတာ  ဘာဂုဏ်သိက္ခာ  ကင်းမဲ့နေလို့လဲ။  လုံယွမ်တိုင်းပြည်က အမတ်သမီးတိုင်း  လိုချင်တဲ့  ကောင်းမွန်တဲ့  အခွင့်ရေးတစ်ခု  ။  ကြင်ယာတော် မယ်မယ်က  ကောင်းမွန်တဲ့  စိတ်ထားနဲ့  မင်းကို  ကူညီ ပေးတာလေ။  မင်းက ရိုင်းပျလိုက်တယ်ပေါ့။  ငါ မင်းကို  တစ်ခုပြောလိုက်မယ်။  ကြင်ယာတော်မယ်မယ်  အမိန့်စာကို  မနာခံခွင့်  မပေးနိုင်ဘူး။ မင်းသမီးစာဖက်ဖော် အဖြစ်  နန်းတော်ထဲကို  မင်း ဝင်ရမယ်။”

သူမ  ငြင်းဆိုတာနဲ့  အတင်းကျပ် ဖမ်းဆီးပြီးတော့  ခေါ်သွားမယ့်  လေသံနဲ့ပေါ့။

“မင်းသမီး စာဖတ်ဖော် ဖြစ်ရတာ  ဂုဏ်ယူစရာကောင်း

တယ်လို့  ထင်နေရင် ရှင်တို့  အိမ်တော်က  မုဝူစွမ်းကို  ဘာလို့  မပို့ရတာလဲ။  ဘယ်လို  သဘောရလဲ။”

ယွမ်လော့ဖုန်းလည်း  ပျင်းရိစွာ  သမ်းဝေလိုက်ပြီးတော့ မုဝူချန် သေလောက်အောင် ဒေါသထွက်နေတဲ့ပုံစံကို  စွဲဆောင်မှု ရှိတဲ့  မျက်လုံးနဲ့  ကြည့်ပြီးတော့  သနားချင်ယောင် ဟန်လုပ်  ပြုံးလိုက်တယ်။

“မင်း  ပြောရဲတယ်ပေါ့။”

မုဝူချန်  ဒေါသထွက်စွာ  အော်ဟစ်လိုက်တယ်။

“ယွမ်လော့ဖုန်း… မင်း  မုဝူစွမ်းကို  ဘာအဆင့်တန်း  ထင်နေလဲ။ သူမက ချောမောလှပပြီး  ဉာဏ်ပညာနဲ့  ပြည့်စုံတယ်။ ခမ်းနားကြီးကျယ်တဲ့  ပါရမီ ရှိတယ်။  သူမက အနာဂတ်မှာ  အိမ်ရှေ့စံမင်းသား  ကြင်ယာတော်  ဖြစ်လာမှာလေ။  အမှိုက်နဲ့တူတဲ့ မင်းက  သူမနဲ့  နှိုင်းယှဉ်ရဲတယ်ပေါ့။  ဟုတ်ကြတယ်မလား။  မင်းသမီး  စာဖတ်ဖော်  ဖြစ်ရတာက အမတ်သမီးတွေအတွက်  ဂုဏ်စရာပဲ။  ဒါပေမယ့်  မုဝူစွမ်းအတွက်တော့  မဟုတ်ဘူး။”

မုဝူချန် ထုတ်ဖော်မပြောရသေးတဲ့  အချက်တွေ  ရှိနေသေးတယ်။  မုဝူစွမ်းက  မထင်မှတ်ထားအောင် ထူးချွန်တယ်။ မုဝူစွမ်းအတွက်  မင်းသမီးစာဖတ်ဖော်  နေရာက  မထိုက်တန်ဘူး။ မုဝူစွမ်းက  အနာဂတ်မိဖုရားကြီး။ မင်းသမီး အားလုံးရဲ့  အထက်မှာ ရှိတယ်။

ယွမ်လော့ဖုန်းအတွက်တော့…..

သူမက အမှိုက်မ…။  မင်းသမီး စာဖတ်ဖော်နေရာ ပေးလိုက် တာကို မကျေနပ်နိုင်ဘူး။  လောကကြီးမှာ  သူမလောက် တုံးအသူ မရှိတော့ဘူး။  အတုံးဆုံး  လူသားပဲ။

မုဝူစွမ်းနဲ့  မုချင်ချောင်က  သူတို့ အစီစဉ်ကို  မုဝူချန်ကို  မပြောပြခဲ့ဘူး။ မုဝူချန်မာနဝင့်ကြွားမှုနဲ့ဆို  ထိုအစီစဉ်ကို  အားရကျေနပ်ပြီးတော့  သရော်နေမှာပဲ။ သူ့အဒါ်က  အမှိုက်မကို  မင်းသမီးစာဖတ်ဖော်  လုပ်ခိုင်းတာကို  နားမလည်နိုင်သေးဘူး။

ယွမ်လော့ဖုန်း …ခက်ထန်နေတဲ့  မျက်နှာထားနဲ့  မုဝူချန်ကို ကြည့်ပြီးတော့  မဲ့ပြုံး  ပြုံးလိုက်တယ်။

“ရှင်ကိုယ်တိုင်  အိမ်တော်က ထွက်သွားမလား။  ကျွန်မ  မောင်းထုတ်ရမလား။”

“ယွမ်လော့ဖုန်း….မင်းက  ကြင်ယာတော်မယ်မယ်  အမိန့်စာကို  တကယ်  လက်မခံချင်ဘူးပေါ့။”

ယွမ်လော့ဖုန်း  မျက်ခုံးတွန့်လိုက်ပြီးတော့

“ ကျွန်မ ခန့်မှန်းတာ  မမှားဘူးဆိုရင်တော့  မင်းသမီးစာဖတ်ဖော် လုပ်ခိုင်းတဲ့  ကိစ္စကို  သူမဘာသာ ဆုံးဖြတ်တာ ထင်တယ်။ မင်းကြီး  ဘာမှ မသိဘူးထင်တယ်။  ချီးမြှောက်ထားတဲ့  အမတ်မင်းမြေးက

မင်းသမီးစာဖတ်ဖော် ဖြစ်ဖို့  ထိုက်တန်လားလို့ ဘုရင်ကို သွားလျှောက်တင်ပါလား။  ကျွန်မကို  နန်းတော်ထဲ အတင်းဝင်ရောက်ခိုင်းမယ်ဆိုတဲ့  ကိစ္စက  မသေချာဘူး။ ”

ခွေးဘုရင်က  စစ်သူကြီးအိမ်တော်ကို  လုပ်ကြံဖို့အတွက် ရဲ့လင်းကို ပို့လိုက်ကတည်းက  ခွေးဘုရင်က လက်ရှိအချိန်မှာ  စစ်သူကြီးအိမ်တော်ကို  ရန်မစရဲသေးဘူး။  ခွေးဘုရင်က  ရဲ့လင်းနဲ့  သူမကို အသုံးချပြီးတော့  အခွင့်ကောင်း  စောင့်နေခဲ့တာ။  ဒီလိုအချိန်မှာ  သူမကို  ဘယ်လိုဖြစ်ပြီးတော့  နန်းတော်ထဲ  ဝင်စေချင်မလဲ။

ထိုအချက်နဲ့  ကြင်ယာတော်မယ်မယ် ကိုယ်ဘာသာ ဆုံးဖြတ်တယ်ဆိုတာ သေချာနေတာပေါ့။  ခွေးဘုရင် သတိမထားမိလိုက်တာ  ဖြစ်မယ်။

“ကောင်းပြီလေ။  ယွမ်လော့ဖုန်း …မင်း အခွင့်ရေးကောင်းကို  လက်လွတ် ဆုံးရှုံးသွားပြီ။ နောင်တ  မရစေနဲ့။ မင်း  တောင်းပန်နေလည်း အခွင့်ရေးရတော့မှာ  မဟုတ်ဘူး။”

ထွက်မသွားခင်မှာအင်္ကျီလက်ကို  ခါရမ်းသွားတယ်။ အမြန်ဆုံးခြေလှမ်းနဲ့  အိမ်တော်က  ထွက်ခွာသွားတယ်။

“တော်ဝင်မျိုးနွယ်တွေ အားလုံး ကိုယ့်ဘာသာ အထင်ကြီးလွန်းတယ်။”ရုန်အကြီးကဲ  ရယ်မောပြီး ပြောတယ်။

“ယွမ်မိန်းကလေး ဒီနေ့ကိစ္စကို မင်းဘာသာ ဖြေရှင်း နိုင်တာပဲ။ လိုအပ်တာရှိရင်  ဆေးစံအိမ်တော်ကို  လာခဲ့ပါ။ အဘိုး စွမ်းအားနဲ့  အရာရာကို  ကူညီပေးပါမယ်။”

Chapter-104

End

Bạn đang đọc truyện trên: Truyen247.Pro