
Ep 101+102
စာစဉ်(၇) ရပါပြီနော်
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
စာစဉ်(၅)
101+102
အပိုင်း(၁၀၁)
မုမိသားစု အလည်လာခြင်း(၄)
“ဧည့်သည်အဆောင်က ကျော့ရှင်းလှပပြီးတော့ စန္ဒကူးပင် ရနံ့လေး သင်းနေတယ်။”
မိန်းကလေးက သူမရှေ့က ငွေအပ်ကို နုတ်လိုက်ပြီးတော့ သူမကို စောင့်မျှော်နေတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်တယ်။
“ဆေးကုသမှု ပြီးဆုံးသွားပါပြီ။ အကျိုးသက်ရောက်မှု ဘယ်လိုနေလဲဆိုတာ မေးလိုက်ပါ။”
ထိုစကားကို ကြားတာနဲ့ ရုန်အကြီးနဲ့ နှလုံးသားများ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ ထိုင်နေတဲ့ သတ်လတ်ပိုင်း အမျိုးသားဆီ အလျင်မြန် ထွက်သွားပြီးတော့
“ဒါရန် ဘယ်လို ခံစားရလဲ။” ပြန်ပြောမယ့် စကားကို ကြောက်လန့် ရင်တုန်စွာ နားစွင့်နေမိတယ်။ ဒါရန်ရဲ့ အဖြူရောင် ဆံပင်တွေက တဖြည်းဖြည်း အမည်းရောင် ဘက်ကို ပြောင်းလဲသွားတယ်။ ပြောင်းလဲမှုအနည်းငယ်ရှိသော်လည်း ရုန်အကြီးကဲကို ခံစားစေရပြီးတော့ တုန်ရီလာစေတယ်။ ဒါရန် တစ်နေ့မှ ပုံမှန်ဖြစ်လာမယ်လို့ သူယုံကြည်တယ်။
“အဘိုး”
နင်ရှင်း သူမအဘိုး အနားကို အပြေးလေး သွားပြီးတော့ တွဲကူပေးတယ်။ စိုးရိမ်စွာ သူမမေးလိုက်တယ်။
“အဘိုး နေပိုကောင်းလာပြီလား။”
နင်အကြီးကဲ ပြုံးပြီးတော့ ခေါင်းညိတ်ပြတယ်။ ယွမ်လော့ဖုန်းကို အပြုံး မျက်နှာနဲ့ ကြည့်လိုက်တယ်။
“မိန်းကလေး …အပ်စိုက်ကုသပေးတဲ့အချိန်မှာ အဘိုးခန္ဓာကိုယ်တစ်ခုလုံး သက်တောင့် သက်သာ ဖြစ်သွားတယ်လို့ ခံစားရတယ်။ ဘယ်လို ကျေးဇူး ပြန်ဆပ်ရမလဲဆိုတာ မသိတော့ဘူး ။ မိန်းကလေးရဲ့ ကျေးဇူး ကြီးမားလှပါတယ်။”
ယွမ်မိန်းကလေးကြောင့်သာ မဟုတ်ရင် သူ နင်အိမ်တော်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရလောက်ပြီ။
“ဆေးညွှန်းပေးလိုက်မယ်။ ဆေးမြစ်တွေကိုရှာပြီးတော့
ဆေးကျိုချက်သောက်ပါ။ ဆေးကို နေ့စဉ် သောက်ပေးပါ။ ၃ရက်ခြား တစ်ခါ ပြန်လာပြီးတော့ အပ်စိုက် ကုသပေးပါ။ ခန္ဓာကိုယ်တစ်ခုလုံး ပြန်အဆင်ပြေလာတဲ့ အထိပေါ့။”
ယွမ်လော့ဖုန်းလည်း အသားရည် ဖြူဖျော့နေတဲ့ သတ်လတ်ပိုင်း အမျိုးသားကို ကြည့်လိုက်ပြီးတော့ ဆက်ပြောတယ်။
“ သူအတွက်တော့ မန်လော့အဆိပ် အားလုံးကို ဖယ်ထုတ်လိုက်ရင် အန္တရယ်များတယ်။။ သူ့ခန္ဓာကိုယ်က ခံနိုင်ရာ် သိပ်မရှိသေးဘူး။ ဒါကြောင့် နည်းနည်းချင်းစီ အဆိပ်ကို ဖယ်ရှားပေးသွားမယ်။”
“ငါ နားလည်ပါတယ်။ ငါ လုံး၀ နားလည်ပါတယ်။”
ရုန်အကြီးကဲ ခေါင်းညိတ်လိုက်ပြီးတော့ စိတ်လှုပ်ရှားပြီးတော့ ဗလုံးဗထွေး စကားပြောတယ်။
“ယွမ်မိန်းကလေး အဘိုး မင်းကို ကျေးဇူးအရမ်းတင်ပါတယ်။ မင်းက ဆေးစံအိမ်တော်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါ။ နောင်ဆို တစ်ခုခု လိုအပ်တာ ရှိရင် ဆေးစံအိမ်တော်မှာ အဘိုးကို လာရှာပါ။ ကြိုးစားပြီးတော့ ကူညီပေးပါမယ်။ ”
ယွမ်လော့ဖုန်း ပြုံးလိုက်တဲ့အချိန်မှာ ကြယ်လေးကဲ့သို့ လင်းလက်လှပနေတဲ့ မျက်ဝန်းနက်လေးတွေက တဖျတ်ဖျတ် အရောင်လက်နေတယ်။
သူမ ဆေးစံအိမ်တော်က လူနာကို ကယ်တင်ပေးရတဲ့ ပထမရည်ရွယ်ချက်က အနီရောင် ဖယ်ရီသီးအပင်ကို ရဖို့။ ဒုတိယအချက်က ဆေးစံအိမ်တော်က သူမကို သဘောကျနှစ်သက်လာဖို့ပဲ။ သူမ တော်ဝင်မိသားစုနဲ့ တိုက်ခိုက်ရရင် ဆေးစံအိမ်တော်က သူမဘက်က တစ်ကြိမ်တစ်ခါမျှလောက် ရပ်တည်ပေးဖို့ပဲ။
“အသက် ကယ်တင်ရတာ ပင်ပန်းလိုက်တာ။”
ယွမ်လော့ဖုန်း အခန်းတံခါးကို တွန်းဖွင့်ပြီးတော့ သူမနောက်ဖက်က လူတွေကို လှည့်ပြီးတော့ ပြောလိိုက်တယ်။
“ပြန်လို့ ရပါပြီ။”
သူမ အခန်းထဲက ထွက်တာနဲ့ ယွမ်အိမ်တော် သက်တော်စောင့် သူမကို ဂါရဝပြုပြီးတော့ သတင်းပို့တယ်။
“သခင်မလေး…မုအိမ်တော်က သားအကြီးဆုံးက ကြင်ယာတော်မယ်မယ် အမိန့်စာကို ကြေညာဖို့အတွက် အိမ်တော်ကို ရောက်နေပါတယ်။ သခင်မလေး ထွက်လာတာကို ကျွန်တော်မျိုးကို သခင်ကြီးက စောင့်နေခိုင်းလို့ပါ။”
“အမတ်ချုပ် မုအိမ်တော်က ကြင်ယာတော် မယ်မယ်လား။”
ယွမ်လော့ဖုန်း နောက်ကလိုက်လာတဲ့ ရုန်အကြီးကဲက ထိုစကားသံကို ကြားတာနဲ့ သူမျက်မှောင် ကြုတ်ပြီး စိတ်ပျက်စွာ စကားဆိုတယ်။
“မုအိမ်တော်က မိန်းကလေးကို အလွတ်မပေးဘူးပဲ။”
သူနောက်ဘက်မှ သတ်လတ်ပိုင်းအမျိုးသားဘက်ကို လှည့်ကြည့်လိုက်တယ်။
“ဒါရန်…မုအိမ်တော်က ယွမ်မိန်းကလေးကို အမြဲတမ်း ပြသနာရှာတယ်။ အခုချိန်မှာ ယွမ်မိန်းကလေးက ငါတို့တွေ အတွက် အရမ်း အရေးကြီးတယ်။ သူမကို ကာကွယ်ပေးလိုက်ရမလား။”
မုအိမ်တော်က လူတွေက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာတော့ မဖြစ်နိုင်ဘူး။ ထိုလူတွေနဲ့ ရင်ဆိုင်ရတာ ယွမ်မိန်းကလေး အတွက်လည်း မလွယ်ကူလောက်ဘူး။ သူမ သေဆုံးသွားရင် နောက်ထပ် နတ်ဆေးဆရာကို ထပ်ရှာလို့ ရတော့မှာ မဟုတ်ဘူး။
“ကောင်းပြီ။”
သတ်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြလိုက်တယ်။ သူ့အသံက နွမ်းလျ နေတယ်။ ဒါပေမယ့် ဆေးမကုသခင်တုန်းက စကားမပြောနိုင်တဲ့ အခြေနေထက် ပိုကောင်းလာတယ်။
“ဟား….”နင်အကြီးကဲ ရယ်မောလိုက်တယ်။
“သွားမယ်။ အဘိုးကြီး ….။ ထိုလူတွေ ယွမ်မိန်းကလေးကို ဘာလို့ လာရှာတာလဲဆိုတာ ငါလည်း သိချင်တယ်။”
Chapter-101
End
အပိုင်း(၁၀၂)
အမိန့်စာ လက်ခံယူဖို့ ဒူးထောက်စမ်း(၁)
တိတ်ဆိတ်နေသော အိမ်တော် ခန်းမဆောင်ထဲမှာ မုဝူချန် ပုံစံက အေးဆေး တည်ငြိမ်နေတယ်။ သူပုံစံက လေးအေးတွေ ထုတ်လအင့်နေသလိုပဲ။ သူနောက်ဘက်မှ အစေခံအားလုံး ကြောက်နေတယ်။ အသက်ပြင်းပြင်းတောင် မရှုရဲပေ။
“စစ်သူကြီးယွမ်” နောက်ဆုံးတော့ မုဝူချန် ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ စစ်သူကြီးကို ဒေါသထွက်နေတဲ့ မျက်နှာနဲ့ စကား စလာတယ်။ သူအသံကို နားထောင်ကြည့်ရတာ ဒေါသအထွတ်ထိပ်ထိ ရောက်နေ သလိုပဲ။
“နာရီပေါင်းများစွာ ဒီနေရာမှာ စောင့်နေခဲ့ပြီးပြီ။ သူမက ခုချိန်ထိ ငါတို့ကို လာမတွေ့နိုင်သေးဘူးလား။”
သူတို့တွေ သူမကို နေ့လည်ခင်းတည်းက စောင့်နေခဲ့တာပါ။ အခုတော့ နေဝင်ချိန်တောင် ရောက်နေခဲ့ပြီ။ ဒါပေမယ့် ခုချိန်ထိ ယွမ်လော့ဖုန်း မပေါ် လာသေးဘူး။ ထိုကိစ္စကို မုဝူချန် သံသယ ဖြစ်လာတယ်။ အဘိုးကြီးက ရည်ရွယ်ချက်ရှိရှိ သူတို့ကို ပညာပြတာလား။
အဘိုးအိုက သူလက်ထဲက လက်ဖက်ရည် ကျေနပ်မှု အပြည့်နဲ့ အရသာရှိရှိ ဇိမ်ခံ သောက်သုံးနေတယ်။ မုဝူချန်ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်တယ်။ မုဝူချန် ကြည့်ရတာ စောင့်နေရတာကို စိတ်မရှည်နိုင်တော့ဘူး ထင်တယ်။ ကျေနပ်အားရ ပီတိ ဖြစ်စွာ စကားဆိုလိုက်တယ်။
“ငါ့မြေးလေးက မင်းတို့ကဲ့သို့ အလုပ်အားလပ်ပြီး ပူပင်ကြောင့်ကြမဲ့နေတာ မဟုတ်ဘူး။ မင်းတို့တွေ ငါ့မြေးလေးကို တွေ့ချင်ရင် စောင့်နေရုံပဲ ရှိတယ်။”
မုဝူချန် မျက်နှာက ပိုပြီး ခက်ထန်မာကြောလာတယ်။ သူ ဆက်လက်ပြီးတော့ သည်းမခံနိုင်တော့တဲ့ ပုံစံပဲ။ ထိုအချိန် ခဏလေးအတွင်းမှာ အိမ်အပြင်ဘက်မှ အေးအေးဆေးဆေး လမ်းလျှောက်လာတဲ့ ပြိုင်ဘက်ကင်း လှပတဲ့ မိန်းကလေးရဲ့ အရိပ်လေးကို တွေ့လိုက်ရတယ်။ သူ ထပ်မံ ဒေါသထွက်မိမှာ စိုးတာကြောင့် ဒေါသစိတ်ကို လျော့ချလိုက်တယ်။
“အဘိုး”
ယွမ်လော့ဖုန်း မုဝူချန်ကို အနည်းငယ်မျှ မကြည့်ဘဲ လက်ဖက်ရည် စားပွဲခုံ ဘေးနားမှာ ထိုင်နေတဲ့ သူမ အဘိုးအနားကို အလျင်မြန် ပြေးသွားလိုက်တယ်။ လှပတဲ့ သူမမျက်နှာလေးမှာ အပြုံးတွေ ဝေဆာနေတယ်။
“အဘိုး မြေးလေးကို တွေ့ချင်လို့ဆို။”
အဘိုးအိုက မျက်နှာမည်းမှောင်နေတဲ့ မုဝူချန်ကို ကြည့်လိုက်ပြီးတော့
“မြေးလေးကို တွေ့ချင်တာ အဘိုး မဟုတ်ပါဘူး ။ ရေးကြီးခွင့်ကျယ်လုပ်နေတဲ့ မုမိသားစုက သူတို့ အကြီးကဲက ပေးလိုက်တဲ့ အမိန့်စာကို ကြေညာချင်လို့တဲ့။ မြေးလေးကို ပြသနာ လာရှာနေတာလေ။”
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ်လိုက်ပြီးတော့ ခက်ထန်နေတဲ့ မျက်နှာနဲ့ မုဝူချန်ကို ပြုံးပြီးတော့ ကြည့်လိုက်တယ်။ သူမအပြုံးမှာ အကျိုးဖျက်စီးလိုမှုတွေနဲ့ပေါ့။
“ ကျွန်မကို ပြသနာရှာဖို့အတွက် လာရှာတာလား။
သူမကို ပြသနာရှာဖို့အတွက် အရည်ချင်းရှိလာဆိုတာ ကြည့်ရတာပေါ့။ အခုချိန်ထိ လုံယွမ်တိုင်းပြည်မှာ ငါဆိုတဲ့ ယွမ်လော့ဖုန်းက မကောင်းတဲ့ အကျင့်ဆိုးကို ပိုင်ဆိုင်တယ်ဆိုတာ လူတိုင်း သိတယ်။ စစ်သူကြီးအိမ်တော်ရဲ့ အင်အားနဲ့ သူမကို ဖယ်ထုတ်ရဲမယ်တဲ့လား။ စစ်သူကြီးအိမ်တော် အထိ လာပြီးတော့ သူမကို ပြသနာရှာရဲတယ်ပေါ့။ ရှင်တို့တွေ နေရာမှားပြီးတော့ ရောက်လာခဲ့တာပဲ။ ရှင်တို့တွေကို ကန်ထုတ်ပစ်နိုင်တဲ့လူတွေ ကျွန်မမှာ ပိုင်ဆိုင်ထားရုံလေးပါပဲ။”
“အဟွန့် အဟွန့်။”
သူမနောက်မှ လိုက်လာခဲ့တဲ့ ရုန်အကြီးကဲက ထိုစကားကို ကြားပြီးနောက်ပိုင်းမှာ အရယ်လွန်းပြီးတော့ တံတွေးသီးပါလေရော်။ မရယ်မိအောင် မနည်း ထိန်းထားရတယ်။
မကောင်းတဲ့ အကျင့်ဆိုး။ သူမ အင်အားကို ဖယ်ထုတ်ချင်တာလား။
ထိုစကားမျိုးနဲ့ ကိုယ်ဘာသာ သတ်မှတ်တဲ့လူကို အဘိုးကြီးနှစ်ယောက် ပထမဆုံးတွေ့ဖူးတာပဲ။ ဒီ ကောင်မလေးကို ပုံမှန်အတိုင်း အကဲဖြတ်လို့ မရနိုင်ဘူးပဲ။
မုဝူချန် နောက်တစ်ကြိမ် သူ့ဒေါသကို ထိန်းချုပ်လိုက်ပြီးတော့
“ယွမ်လော့ဖုန်း ငါက ကြင်ယာတော်မယ်မယ် အမိန့်စာကို ကြေညာဖို့ ရောက်လာခဲ့တာ။ ဒူးထောက်ပြီးတော့ အမိန့်စာကို လက်မခံဘူးလား။”
ထိုစကားကို ပြောပြီးနောက် မုဝူချန် ခေါင်းမော့ ရင်ကော့ပြီး မာနဝင့်ကြွားနေတဲ့ ပုံစံနဲ့ သူရှေ့က မိန်းကလေးကို ဒူးထောက် ခိုင်းနေတယ်။
ခဏအကြာ စောင့်ဆိုင်းပြီးနောက်ပိုင်းမှာ ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။
မုဝူချန် မျောက်မှောင် ကြုတ်လိုက်ပြီးတော့ ယွမ်လော့ဖုန်းကို စိတ်မရှည်စွာ ကြည့်လိုက်တယ်။ သူမျက်လုံးက မကျေနပ်တဲ့ ပုံစံ အပြည့်နဲ့ပေါ့။
“ယွမ်လော့ဖုန်း…မင်းကို ဒူးထောက်ဖို့ ပြောနေတယ်လေ။ နင်က ငါပြောတာကို မကြားနိုင်တာလား။ နား ကန်းနေတာလား။”
ယွမ်လော့ဖုန်း လက်ပိုက်ပြီး မကျေမနပ် ပြန်ကြည့်လိုက်တယ်။ မဲ့ ပြုံး ပြုံးလိုက်တယ်။ သူမရဲ့ လှပစွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ တည်ငြိမ်စွာနဲ့ ပြန်လည် ချေပလိုက်တယ်။
“မြင့်မြတ်တဲ့လူကို စော်ကားမှုနဲ့ လုံယွမ်တိုင်းပြည်ဥပဒေအရ ဥပဒေအရ ရှင်ကို ဘယ်လို အပြစ်ပေးသင့်လဲ။”
မုဝူချန် ဘာပြန်ပြောရမှန်း မသိ မနားလည်စွာ ယွမ်လော့ဖုန်းကို ငေးကြည့်နေမိတယ်။ သူက ဘယ်အချိန်က မြင့်မြတ်တဲ့လူကို စော်ကားမိတာလဲ။
သူ ခဏတာ အတွေးလွန်သွားပြီးနောက်
“ယွမ်လော့ဖုန်း ငါကို အပြစ်ပုံချဖို့ မစဉ်းစားနဲ့။ ငါက ဘယ်အချိန်က မြင့်မြတ်တဲ့လူကို စော်ကားမိလို့လဲ။ အကြောင်းပြချက်လေး ငါကို ပြောစမ်းပါ။”
ထိုစကားကို ကြားပြီးနောက် ယွမ်လော့ဖုန်း မဲ့ရွဲ့လိုက်ပြီးတော့ သူမရဲ့ မာနဝင့်ကြွားပြီးတော့ မကျေနပ် မျက်ဝန်းနက်တွေနဲ့ မုဝူချန်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်တယ်။
Chapter-102
End
Bạn đang đọc truyện trên: Truyen247.Pro