Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

49

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(49)

"အိမ်ရှေ့စံမင်းသား... မုဝူစွမ်းအဆင်ပြေပါတယ်။ မနေ့ညက ယွမ်လော့ဖုန်း အတွက် ထူးချွန်ထက်မြတ်တဲ့ ယောကျာ်းတစ်ယောက်ရှာပေးဖို့အတွက် စဉ်းစားရင်နဲ့ မနေ့ညက အိပ်မပျော်ခဲ့ဘူး။ ဒါကြောင့် ပင်ပန်းနွယ်နေတာပါ။ ယွမ်လော့ဖုန်း အဆင့်တန်းက အရမ်းမြင့်မားနေတော့ ကျွန်မ ရွေးပေးတဲ့ သတိုးသားလောင်းကို လက်မခံမှာ စိုးရိမ်မိတယ်။ "

တကယ်တမ်း အမတ်ချုပ်မုအိမ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရာတွေကို မုဝူစွမ်း အိမ်ရှေ့စံမင်းသားကို လုံးဝ မပြောခဲ့ပါဘူး။အရာအားလုံးကို ယွမ်လော့ဖုန်းကို အပြစ်ပုံချလိုက်ပါတယ်။

ကွမ်လန်လည်း မုဝူစွမ်းစကားလုံးတွေကို ကြားပြီးနောက်ပိုင်းမှာ သူမျက်နှာပုံစံက ပိုပြီးတော့ မဲမှောင်လာတယ်။

"အချစ်လေးက ကိုယ်တိုင်ကြိုးစားအားထုတ်ပြီးတော့ သူမအတွက် အလုပ်ကြိုးစားပေးနေတာကို အမှိုက်မက ကျေးဇူးမသိတတ်ပဲ လက်မခံလို့ရမလား။ သူလို အမှိုက်မမှာ ဘယ်လိုလုပ်ပြီး မြင့်မားတဲ့ အဆင့်တန်းရှိမှာလဲ။ ဝူစွမ်း...ကို မင်းရဲ့ အရည်ချင်းကို ယုံကြည်ပါတယ်။ သင့်တော်တဲ့လူတစ်ယောက်ကိုသာ ရွေးချယ်လိုက်ပါ။ လက်ထပ်ထိပ်မြားပေးဖို့ ခမည်းတေည်ဆီက အမိန့်စာကို ရအောင်ယူလာပေးမယ်။ အမှိုက်မ သည်းမခံနိုင်ရင်လည်း သည်းခံပြီး လက်ခံရတော့မှာပေါ့။ "

အမှိုက်မတစ်ယောက်အနေနဲ့ သူမမှာ ရွေးချယ်ဖို့ အခွင့်ရေးမရှိဘူး။ တစ်ယောက်ယောက်က သူမကို လပ်ထပ်ချင်ရင်ပဲ သူမအတွက်က အတော်ကို ကံကောင်းနေပါပြီ။ သူမအတွက် မုဝူစွမ်းသာ ဆုံးဖြတ်ခိက်မချပေးရင် ဒီလောကကြီးမှာ အမှိုက်မကို ဇနီးအဖြစ်လက်ထပ်ချင်တဲ့လူ ရှိမှာမဟုတ်ဘူး။

ကွမ်လန်နဲ့ မုဝူစွမ်း စကားပြောနေစဉ်မှာ တခြားလူတွေ ဘေးနားမှာရှိနေတာကို မမေ့နေပါဘူး။ ဘေးနားကလူတွေကလည်း စစ်သူကြီးယွမ်လော့ကို ပိုပြီး နေရထိုင်ရခက်ခဲအောင် ပြုလုပ်နေတာပါ။

ပုံမှန်ဆိုရင် စစ်သူကြီးယွမ်လော့ရဲ့ အဆင့်တန်းနဲ့ အင်အားကြောင့် တခြားလူတွေက လွန်လွန်ကဲကဲ မပြောဆိုရဲပါဘူး။ ကွမ်လန်ရဲ့ အရိပ်မြွက် စကားတွေကြောင့် တခြားလူတွေအားလုံးက အနာဂတ်ဘုရင်နဲ့ မိဖုရားအတွက် အင်အားဖြည့်တင်းပြီး ပူးပေါင်းစော်ကားနေတယ်။ စစ်သူကြီးယွမ်လော့ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ ပုံစံနဲ့ပေါ့။

"စစ်သူကြီးယွမ် အမှိုက်မအတွက် အသုံးမဝင်နိုင်တဲ့ စိတ်စုစည်းဆေးရည်ကို ဝယ်ဖို့ ရက်ရက်ရောရော ငွေတွေ မသုံးချင်ပါနဲ့လို့ ငါပြောချင်တယ်။ လိုအပ်နေတဲ့လူတွေအတွက် ချန်ထားလိုက်တာ ပိုကောင်းပါတယ်။ ငါတို့နဲ့ ယှဉ်ပြိုင်နေတာကို ရပ်လိုက်ဖို့ တိုက်တွန်းချင်တယ်။"

လုံယွမ်တိုင်းပြည်မှာ အဆင့်တန်းမြင့်မားတဲ့ အမတ်တွေနဲ့ တော်ဝင်မျိုးနွယ်တွေက လွဲရင် တခြား မျိုးနွယ်စု လေးခုရှိနေပါသေးတယ်။ မထူးဆန်းတော့ပါဘူး ထိုစကားကိုပြောနေတဲ့လူက မျိုးနွယ်စု လေးခုမှ တစ်ခုဖြစ်တဲ့ လင်းမျိုးနွယ် ခေါင်းဆောင် လင်းရင်းဖြစ်နေတယ်။

" အဓိပါ္ပယ်မရှိတာ လာမပြောနဲ့။ ဘာ အမှိုက်မလဲ။ မင်း စကားကို ကြည့်ပြောလိုက်နော် သေချင်နေပြီးလား။"

စစ်သူကြီးယွမ်လော့ အရမ်းကို ဒေါသထွက်နေခဲ့တယ်။ သူ့မုတ်ဆိတ်မွေးတွေကို ခါရမ်းလိုက်ပြီး လင်းရင်းကို သတ်ချင်ဖြတ်ချင်တဲ့ ပုံစံနဲ့ကြည့်လိုက်တယ်။

"ငါ့မြေးလေးက နင်တို့တွေ အားလုံးထပ်ပိုပြီးတော့ ထူးချွန်တယ်။ စစ်သူကြီးရဲ့ မြေးမလေးကို ဘယ်သူက အမှိုက်မလို့ ထပ်ပြောရဲလဲ။ ဒီနေရာက ပျောက်ကွယ်သွားအောင် လုပ်လိုက်မယ်။"

လင်းရင်းလည်း အဘိုးအိုရဲ့ စွမ်းအားကို ကြောက်မိပါတယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားရှိနေတာကြောင့် အဘိုးကြီး စော်ကားမော်ကား မလုပ်ရဲလောက်ပါဘူး။ ဒါကြောင့် သူ အားခဲပြီး ထပ်ပြောလိုက်တယ်

"စစ်သူကြီးယွမ်... အရှက်ရလို ဒေါသထွက်လာတာလား။ငါက အမှန်ကိုပြောလိုက်လို့လား။ ဟား....လုံယွမ်တိုင်းပြည်ရဲ့ နံပါတ်၁ထူးချွန်သူနေရာကို အိမ်ရှေ့စံမင်းသားကွမ်လန်က ပိုင်ဆိုင်တယ်။ အမတ်ချုပ်မုအိမ်တော်က မွေးရာပါအရည်ချင်းရှိတဲ့ မုဝူစွမ်းတစ်ယောက်တည်းသာ အိမ်ရှေ့စံမင်းသားနဲ့ လိုက်ဖက်ညီတယ်။ သူတို့နှစ်ယောက်သာ ထူးချွန်တယ်ဆိုတဲ့ စကားလုံးကို သုံးနှုန်းနိုင်တယ်။

အဘိုးအိုရဲ့ ခန္ဓာကိုယ်က ဒေါသထွက်လွန်းလို့ တုန်ရီနေပါပြီ။ သူ့လက်သီးကို ကျစ်ကျစ်ဆုပ်ကိုင်ထားတယ်။ ပြင်းထန်တဲ့ စွမ်းအာကို သူ့ခန္ဓာကိုယ်က ထုတ်လွှင့်လိုက်တယ်။ သို့သော်လည်း အချိန် တခဏအတွင်းမှာပဲ ဆွဲဆောင်မှုရှိပြီးတော့ ချိုသာတဲ့ အသံတစ်ခု သူနောက်မှ ထွက်ပေါ်လာတယ်။ သူ့ခန္ဓာကိုယ်ကို ရုတ်တရက် အေးခဲသွားစေတယ်။

"သမီး မပြောခဲ့ဘူးလား။ စိတ်စုစည်းဆေးရည်ကို သမီး မလိုအပ်ပါဘူးလို့။ အဘိုး...ဘာလို့ လာနေသေးတာလဲ။"

ထိုအသံကိုကြားတာနဲ့ အဘိုးအိုမှာ ကူရာကယ်ရာမဲ့ဖြစ်ပြီး အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။

"ဖုန်းအာ.. သမီးဘာလို့ လာရတာလဲ။"

"သမီးက ဆေးမြစ်တွေ ဝယ်ဖို့ လာခဲ့တာပါ။"

ယွမ်လော့ဖုန်း ပြောတဲ့စကားတွေက အမှန်တရားပါ။ ဆေးစံအိမ်တော်ကလည်း သူမဝယ်ခဲ့တဲ့ ဆေးပင်တွေကို မှတ်တမ်းတင်ထားပါတယ်။ မနေ့က သူမ စိတ်စုစည်းဆေးရည်ကို လာရောင်းခဲ့တယ်။ ဆေးမြစ်တွေကို ထပ်ဝယ်နေရင်တော့ သူမအတွက် မသင့်တော်ဘူး။သူမ ပုံမှန်ဝယ်လေ့ရှိတဲ့ ဆေးမြစ်တွေက တစ်ဆင့် တခြားလူတွေက သူရဲ့ပုံစံအစစ်မှန်ကို ရှာတွေ့သွားလိမ့်မယ်။

"စစ်သူကြီးယွမ်.. နင့်မြေးမလေး ပိုပြီးတော့ စဉ်းစားတတ်တယ်ဆိုတာ ငါမြင်နိုင်တယ်။ သူမကိုယ်သူမ အမှိုက် ဆိုတာတော့ သိသားပဲ။ သူမအတွက် စိတ်စုစည်းဆေးရည်ကိုသုံးရင်တော့ အပိုဖြစ်နေမှာပဲဆိုတာ သိနေတာပဲ။ မင်း အနားယူဖို့ ပြန်သွားသင့်ပြီး။ ဘာလို့ ပိုက်ဆံကို ဖြုန်းနေမှာလဲ။ "

လင်းရင်းလည်း ကျယ်လောင်စွာ နှစ်ခါ အော်ရယ်လိုက်တယ်။ သူရဲ့ အထင်မြင်သေးပြီး မထီမဲ့မြင်အကြည့်တွေနဲ့ ကျက်သရေရှိတဲ့ ယွမ်လော့ဖုန်း မျက်နှာကို ကြည့်လိုက်တယ်။

မိန်းကလေးတစ်ယောက်က ဒီလောက်အထိတော့ လှပနေစရာ မလိုအပ်ပါဘူး။ သူမက အထင်ကြီးလောက်စရာကောင်းအောင် လှပတယ်။ ဒါပေမယ့် သူမက အသုံးမဝင်တဲ့ ပန်းအိုး တစ်လုံးကဲ့သို့ပဲ။ ဘယ် ယောကျာ်းလေးမှ သူတို့အိမ်တော်မှာ ထိုပန်းအိုကို ထားချင်မှာ မဟုတ်ဘူး။

Chapter-49

End

Bạn đang đọc truyện trên: Truyen247.Pro