Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

48

သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး

အပိုင်း(၄၈)

"သခင်မလေး...မုရှန်းစောင့်နေတာ နံနက်ခင်းတစ်ခုလုံးဖြစ်နေပါပြီ"

ယွမ်လော့ဖုန်း စာကြည့်ခန်းအပြင်ဘက်ကို ခြေလမ်း လှမ်းလိုက်တယ်။ အစေခံ ချင်ယန်က အမြန်ပြေးလာပြီး အလျင်စလို သတင်းပို့လာတယ်။

"နေ့တစ်ဝက်လောက် စောင့်ခိုင်းတာ မသင့်တော်ပါဘူး။ "

ယွမ်လော့ဖုန်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်တယ်။ သူမလက်လေးကို မြှောက်လိုက်ပြီး ချင်ယန်ရဲ့ ချစ်စရာကောင်းတဲ့ ပါးလေးကို ထိကိုင်လိုက်တယ်။ အစေခံမလေးက မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ သူမ အနောက်ဘက်စံအိမ်တော်ဘက်ကို လမ်းလျှောက်လာခဲ့တယ်။

"သွားမယ် မုရှန်းပြသနာကို အမြန်ဆုံး အရင်ဖြေရှင်းတာပေါ့။ ငါမှာ တခြားကိစ္စတွေ ရှိနေသေးတယ်။"

...........

အနောက်ဘက်စံအိမ်တော်

မုရှန်းတစ်ယောက် စိတ်ရှုပ်ထွေးစွာ အရှေ့နဲ့အနောက်ကို ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေတယ်။ သူ နေရောင်ခြည် ကို မျက်နှာမူနေစဉ်မှာ ပြိုင်ဘက်ကင်းပြီး သိမ်မွေ့နူးညံ့တဲ့ မိန်းကလေးရဲ့ အရိပ်လေးကို ရုတ်တရက် မြင်လိုက်ရတယ်။ သူ့မျက်ဝန်းတွေက တောက်ပလာတယ်။ သူကိုယ်သူလှဲချလိုက်ပြီး သူမရှေ့မှာဒူးထောက်လိုက်တယ်။

"နတ်ဆေးဆရာမလေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။ ကျွန်တော်မျိုး...ဒီနေရာမှာ အချိန်အကြာကြီး စောင့်မျှော်နေခဲ့တာပါ။"

ယွမ်လော့ဖုန်းသူကို မျက်စောင်းထိုး ကြည့်လိုက်တယ်။

"အရမ်းအကြာကြီး စောင့်နေလိုက်ရလို့ ပြသနာရှာချင်တာလား။"

"ကျွန်တော်မျိုး မဝံရဲပါဘူး။ ပြသနာလည်း မရှာဝံ့ပါဘူး။"

မုရှန်းတစ်ယောက် အရမ်းကိုကြောက်လန့်နေပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးက တုန်ရီနေပြီးတော့ ကတိုက်ကရိုက်နဲ့ပြောတယ်။

"အကယ်၍ နတ်ဆေးဆရာမလေးက ကျွန်တော်မျိုးကို တစ်လစောင့်ခိုင်းခဲ့ရင်လည်း ကျွန်တော်မျိုး ပြသနာ မရှာဝံ့ပါဘူး။အခု ကျွန်တော်မျိုး နေမကောင်းဖြစ်နေတာကို ကုသလို့ရပြီလား။"

ယွမ်လော့ဖုန်းလည်း အခန်းထဲကိုဝင်လိုက်တယ်။ သူမဦးခေါင်းကို နောက်ဘက်သို့ မလှည့်ဘဲနဲ့ စကားဆိုလိုက်တယ်။

"အခန်းထဲကို ဝင်လာခဲ့ပါ။ မနက်ဖြန်ကစပြီးတော့ နင်က ပုံမှန်ယောကျာ်းလေးတစ်ယောက်ဖြစ်လာလိမ့်မယ်။"

မုရှန်းတစ်ယောက် အံအားသင့်သွားခဲ့တယ်။ သူ အစက ထင်ခဲ့တာက သူ့ရောဂါကိုကုသဖို့ အချိန်အတိုင်းတာ တစ်ခုထိတော့ ကြာလိမ့်မယ်ပေါ့။ နတ်ဆေးဆရာမလေးအတွက်က တစ်ရက်ပဲ အချိန်ယူရတယ်ပေါ့။ ဒီအကြောင်းရာကို တွေးကြည့်နေရင်းနဲ့ သူ့ခံစားချက်တွေက အဖျားတက်သလိုဖြစ်လာပြီး အခန်းထဲကို အမြန်ဝင်လိုက်တယ်။

........

အချိနိအကြာကြီး ဆေးစံအိမ် မျက်နှာစာမှာ ဈေးကဲ့သို့ စည်ကားနေတယ်ပြီး အလုပ်များနေတယ်။ အဆင့်တန်းမြင့်မားသော အမတ်တွေနဲ့ လုံယွမ်တော်ဝင်မျိုးနွယ်တွေက ဆေးစံအိမ် ဝင်ပေါက်ကို ပိတ်ဆို့ထားတယ်။ ဆေးစံအိမ်တော်အတွင်းမှ အစောင့်တွေက အမိန့်အရ စောင့်နေရတယ်။

"စစ်သူကြီးယွမ်...ဒီနေရာကို တကယ်ရောက်လာခဲ့တာပဲ။ ငါကြားတာတော့ စစ်သူကြီးအိမ်တော်က စုထားတဲ့ငွေတွေအားလုံးကို ယွမ်လော့ဖုန်း သုံးလို့ ကုန်သွားပြီးလို့ ကြားထားတာပါ။ နင်ကို ရူးလောက်အောင် ဒေါသထွက်စေခဲ့တယ်မလား။ ဆေးစံအိမ်ကို လာနိုင်သေးတယ်ပေါ့။ ဟား...ငါပြောလိုက်မယ်။ နင်က နင့်အင်အားတွေကို ဖြုန်းတီးနေတာပဲ။ ယွမ်လော့ဖုန်းအတွက် စိတ်စုစည်းဆေးရည်ကို ဝယ်ပေးလည်း အမှိုက်ဖြစ်နေမှာပဲ။ "

လူအုပ်ကြားတဲ့မှ အမည်မသိတဲ့ တောက်ပတဲ့ မျက်ဝန်းပိုင်ရှင်နဲ့ လူတစ်ယောက်က ယွမ်လော့ ကိုကြည့်ပြီး စိတ်မထိန်းနိုင်စွာ လှောင်ရယ်နေတယ်။

ယွမ်လော့ပုံစံက စိတ်မချမ်းသာ ဖြစ်နေတယ်။ သို့သော်လည်း သူ ဘာမှပြန်မပြောတော့ပဲ မတ်တပ်သာ ဆက်ရပ်နေလိုက်တယ်။

ယွမ်လော့ဖုန်း ကသူကို စိတ်စုစည်းဆေးရည်ကို စွန့်လွှတ်ဖို့ ပြောခဲ့သော်လည်း သူတကယ်ကို လက်မခံနိုင်ဘူး။ သူ့မြေးမလေးမှာ မွေးရာပါကြောက်စရာကောင်းတဲ့ အရည်ချင်းတွေသာ ပိုင်ဆိုင်နေတာလေ။ စိတ်စုစည်းဆေးရည်သာ ထပ်ပေါင်းထည့်လိုက်ရင် အားထုတ်မှုတစ်ဝက်တည်းနဲ့ အကျိုးနှစ်ဆရမှာလေ။

ကံမကောင်းတာက ယွမ်လော့က ခေါင်းမာလိမ့်မယ်လို့ ယွမ်လော့ဖုန်း မထင်ထားခဲ့ဘူး။ စိတ်စုစည်းဆေးရည်အကြောင်းကို သူမပြောပြခဲ့သင့်တယ်။

"ငါ့ရဲ့ တော်ဝင်အာဏာနဲ့ စစ်သူကြီးယွမ်ကို ငွေချေးရဲတဲ့လူ မရှိပါဘူး။ စစ်သူကြီးယွမ်က ဒီနေရာကို ဘာလို့ လာနေသေးတာလဲ။"

အိမ်ရှေ့စံမင်းသား ကွမ်လန်သည် ယွမ်လော့ကိုကြည့်နေတယ်။ သူ့မျက်ဝန်းတွေက ယုတ်မာမှုတွေနဲ့ပြည့်နေတယ်။ သူလည်း သူ့ဘေးနားက အဝါရောင်ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်လိုက်ပြီး နူးညံ့သိမ့်မွေ့စွာ မေးလိုက်တယ်။

"ဝူစွမ်း...ဒီနေ့မင်းအသားရေတွေ မကောင်းပါလား။ တစ်ခုခု ဖြစ်လို့လား။"

"ဘာမှ မဟုတ်ပါဘူး။"

မုဝူစွမ်း...သူမခေါင်းလေးကို ဖြည်းညှင်းစွာ ခါလိုက်ပြီးတော့ မျက်လွှာချလိုက်တယ်။

သူမအိမ်တော်မှာ မနက်ကဖြစ်သွားတဲ့ကိစ္စကို အိမ်ရှေ့စံမင်းသား ကွမ်လန်ကိုမပြောတော့ပါဘူး။ သူမ အဘိုး အမတ်ချုပ်မုက သူမအတွက် စိတ်စုစည်းဆေးရည်ဝယ်ပေးဖို့ ငွေတိုက်က ငွေကိုအသုံးပြုချင်ခဲ့တာပါ။ ငွေတိုက်က ငွေတွေအားလုံး အခိုးခံရမယ်လို့ မထင်ခဲ့ဘူး။ သူတို့အိမ်တော်က ၄၅သန်း အကုန်လုံး အခိုးခံခဲ့ရတယ်။ ဒီနှစ်တွေမှာ အမတ်ချုပ်အိမ်တော်က စုစည်းထားတဲ့ ငွေတွေ အားလုံးပဲ။

ဒီလို ကိစ္စတွေဖြစ်သွားတော့လည်း သူမ မျက်နှာမကောင်းတာ မထူးဆန်းတော့ပါဘူး။

"ဝူစွမ်း...ဒီက အိမ်ရှေ့မင်းသားလေးကို အရာရာ ပြောပြလို့ရပါတယ်။ ဒီအိမ်ရှေ့မင်းသားလေးက မင်းလေးအတွက် ရပ်တည်ပေးမှာပါ။ "

ကွမ်လန်... မုဝူစွမ်းကို ချစ်ခင်မှုအပြည့်နဲ့ ကြည့်လိုက်တယ်။ သူမကဲ့သို့ ထူးချွန်ထက်မြက်တဲ့ မိန်းမပျိုလေးတစ်ယောက်သာ သူကဲ့သို့ ထူးချွန်တဲ့လူနဲ့ ထိုက်တန်တယ်။ အမှိုက်မ ယွမ်လော့ဖုန်းက သူ့ဇနီးဖြစ်ဖို့ အရည်ချင်း မမီဘူး။

Chapter-48

End

Bạn đang đọc truyện trên: Truyen247.Pro