
47
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၄၇)
ရှာတွေ့ခြင်း
ယွမ်လော့ဖုန်းလည်း အလွန်အံအားသင့်နေတဲ့ အဘိုးအိုကို ကြည့်လိုက်တယ်။
"အဘိုး မသိဘူးလား။"
ဒီကိစ္စကို အဘိုးအို မသိတာကြောင့် သူမပုံစံက တကယ်ကို အံအားသင့်နေတယ်။
"ချင်းယန်က အဘိုးကို အကြောင်းမကြားဘူးလား။ မနေ့က မုရှန်း ငွေ၄၅သန်းလာပေးသွားတယ်လေ။ ငွေတိုက်ကို ငွေပြန်ဖြည့်ခိုင်းလိုက်ပြီးလေ။ "
ထူးဆန်းသော တိတ်ဆိတ်မှုတွေ ဖြစ်ပေါ်နေတယ်။
သူမရဲ့ စကားလုံးတွေက တင်းမာနေတဲ့ စာကြည့်ခန်းပတ်ဝန်းကျင်ကို ချက်ချင်းလွင့်ပြယ်သွားစေတယ်။
"ဖုန်းအာ ဘာတွေဖြစ်နေတာလဲဆိုတာ အဘိုးကို ရှင်းပြပေးနိုင်မလား။ "
ဘယ်သူမှ သူနှလုံးသားထဲက တုန်လှုပ်နေမှုကို နားလည်မှာ မဟုတ်ပါဘူး။ ခုန်ထွက်တော့မလို တုန်လှုပ်နေတဲ့ သူနှလုံးသားကို အင်အားလေးနဲ့ ဖိနှိမ်ထားရတယ်။ တုန်ရီနေတဲ့ သူခန္ဓာကိုယ်က သူကို သစ္စာဖောက်နေပါတယ်။
"အဘိုး" ယွမ်လော့ဖုန်းသူမ ခေါင်းလေးကိုမော့လိုက်ပြီး အဘိုးအိုကို ကြည့်လိုက်တယ်။ သူမမျက်နှာမှာ အရင်လို လှပပြီး ချစ်စရာ ကောင်းတဲ့ပုံစံ မဟုတ်ပါဘူး။
"သမီး မိဘတွေ ရန်သူကို သမီး သေချာပေါက် ကလဲ့စားချေ မယ်။ ပထမဆုံး အမတ်ချုပ်မုအိမ်တော်ကို ကလဲ့စားချေ မယ်။ မုရှန်းက သူကိုကုသဖို့ လာရှာတော့လည်း ရက်စက်စွာ ငွေညှစ်ရတာပေါ့။ အခုမှ အစပဲရှိသေးတယ်။" တဖြည်းဖြည်းချင်း မုအိမ်တော်ကို နိမ့်ကျအောင် လုပ်ရမယ် တော်ဝင်အာဏာက ငါ့ခြေထောက်အောက် ရောက်ရမယ်။
သူမ ထိုစကားတွေကို ကျယ်လောင်စွာ ဖွင့်ဟမပြောရဲပါဘူး။
"ဟား" အဘိုးအို ခဏတာမှင်သက်သွားပြီးတော့ ကျယ်လောင်စွာ အော်ရယ်လိုက်တယ်။
နှစ်တွေကြာခဲ့ပြီး သူမပျော်ခဲ့ရတာကြာခဲ့ပြီး ။ ဖုန်းအာ မိဘတွေသေကတည်းက သူ ခက်ခဲစွာ ရှင်သန်ခဲ့ရတယ်။ အခု သူ့မြေးမလေးက ရက်စက်စွာ မုအိမ်တော်ကို ငွေလိမ်နိုင်ပြီ။ မုအဘိုးကြီးသိသွားရင် သေအောင်ဒေါသထွက်တော့မှာပဲ။
ယွမ်လော့ဖုန်း မျက်ခုံးတွန့်လိုက်ပြီးတော့
"ပိုက်ဆံ ဘာလို့ချေးရလဲဆိုတာ မပြောရသေးဘူးနော်။ "
အဘိုးအိုရဲ့ပုံစံက ပြောင်းလဲသွားတယ်
"မြေးရတနာလေး...မြေးလေးမသိသေးဘူးလား။ ဆေးစံအိမ်မှာ စိတ်စုစည်းဆေးရည်ပေါ်လာတယ်။ ဆေးတစ်ခွက်က အရမ်းတန်ဖိုးရှိတယ်။ မင်းမျိုးနွယ်တွေလည်း ဝယ်ချင်နေတာ။ အဘိုး နောက်မကျချင်တာကြောင့် ဝယ်ဖို့ ငွေကို နေရာတိုင်းလိုက်ရှာနေတာ။
စိတ်စုစည်းဆေးရည်?
ယွမ်လော့ဖုန်း မှင်သက်သွားမိတယ်။ သူမ မထင်ထားခဲ့ဘူး။ အဘိုးက သူမကိုကူညီဖို့ စိတ်စုစည်းဆေးရည်ကိုဝယ်ဖို့ ငွေလိုက်ချေးနေတာလား။ သူမနှလုံးသားထဲမှာ ကြည်နူးမိတယ်။
စိတ်စုစည်းဆေးရည်မလိုအပ်ပါဘူး။"
အဘိုးပုံစံကိုကြည့်ရတာ ဆေးဝယ်ဖို့ စိတ်လျော့မယ်မထင်ဘူး။ သူမလက်ရှိအခြေနေကိုပြောရင် အဘိုးနှလုံးက ခံနိုင်ရည်ရှိပါ့မလား။
"မြေးဆိုးလေး ဘာမဟုတ်တာတွေ ပြောနေတာလဲ။ အဘိုးတို့ မိသားစုမှာ အခုချိန်မှာ ဒီလောက်လောက်ငွေ ပိုင်ဆိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် အဘိုး...သမီးအတွက် ဆေးရအောင် ဝယ်ပေးမှာပါ။ "
ယွမ်လော့.... ယွမ်လော့ဖုန်းကို စိုက်ကြည့်လိုက်တယ်။ ပျော်ရွှင်မှု ကင်းမဲ့နေတယ်။
ယွမ်လော့ဖုန်း ပြုံးလိုက်တယ်။ သူမက စိတ်စုစည်းဆေးရည်ကို ငွေ၁၀သန်းနဲ့ ရောင်းလိုက်တယ်။ အခုတော့ အဘိုးက ဆေးကိုပြန်ဝယ်ဖို့ ငွေနှစ်ဆပြန်သုံးမယ်ပေါ့။ ကြီးမားတဲ့ စီးပွားရေး ဆုံးရှုံးမှုပဲ။
"သမီးရဲ့ အင်းအာကို ကြည့်ပါဦး။"
"ဖုန်းအာ သမီး ပြသနာရှာမနေနဲ့တော့ အဘိုးပြောပြီးပြီလေ..."
နောက်ဆုံးပြောနေတဲ့ စကားလုံးကို ရပ်တံ့လိုက်တယ်။ ယွမ်လော့ ရုတ်တရက် ကြည့်လိုက်ချိန်မှာ ကြောက်လန့်သွားမိတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတယ်။ သူ့မျက်ဝန်းတွေ ပြူးကျယ်သွားပြီးတော့ ယွမ်လော့ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။
"အစောပိုင်းအဆင့် အသင့်တင့်စိတ်စွမ်းအားလေ့ကျင့်သူဖြစ်နေပြီ။ အခက်ခဲကို ကျော်လွှားနိုင်ပြီးပေါ့"
လွန်ခဲ့တဲ့ ၅ရက်က ဒီကောင်မလေးက အစောပိုင်းအနိမ့်အဆင့်ပဲရှိပါသေးတယ်။ အချိန်တို၅ရက်အတွင်းမှာ အလယ်လတ်အဆင့်ကိုရောက်သွားပြီးလား။
မဖြစ်နိုင်လိုက်တာ။ အမှိုက်လေးက ဘယ်လိုဖြစ်သွားတာလဲ။ ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်နေတာလား။
"အဘိုး ကျွန်မရဲ့ အမြန်နှုန်းနဲ့ စိတ်စုစည်းဆေးရည် လိုအပ်သေးတယ် ထင်လို့လား။ " ယွမ်လော့ဖုန်း သူမလက်လေးကို ပိုက်လိုက်ပြီးတော့ ဆွဲဆောင်မှုရှိစွာ ပြုံးပြီး ကြည့်လိုက်တယ်။ စစ်သူကြီး ယွမ်လော့ရဲ့ စိတ်ရှုပ်ထွေးနေတဲ့ အကြည့်တွေအောက်က သူမထွက်ခွာသွားခဲ့တယ်။
Bạn đang đọc truyện trên: Truyen247.Pro