
44
သရဲဘုရင်ရဲ့ချစ်ဇနီးလေး💞
အပိုင်း(၄၄)
"ကောင်းပြီလေ"
ယွမ်လော့ဖုန်း ..ခေါင်းညိတ်ပြလိုက်တယ်။
"အစ်မ မြန်မြန်သွားစေချင်တယ် ကျွန်မ အလျင်လိုတယ်"
သူမ စကားသံကို ကြားတာနဲ့ ထိုအမျိုးသမီးက အတွင်းအခန်းထဲကို အလျင်မြန်ဝင်သွားတယ်။
သူမအကြောင်းကိုမသိတဲ့လူတွေက အခု သူမအခြေနေကိုသာ မြင်ရင် သူမ တစ်ခုခု ဖြစ်နေတယ်လို့ ထင်မှာပဲ။
အတွင်းခန်းထဲမှာ သက်လတ်ပိုင်းအရွယ်ရှိတဲ့ ရုန်သမားတော်အကြီးအကဲကို တံခါးဖွင့်သံက နှောက်ယှက်လိုက်တယ်။ သူ မျက်မှောင်ကြုတ်လိုက်တယ်။
"ရာအာ ဘာတွေအလျင်လိုနေတာလဲ"
ဖုန်းရာ သူမခြေလှမ်းတွေကို ရုန်သမားတော်အကြီးကဲရှေ့နားမှာ အလျင်မြန်ရပ်လိုက်တယ်။
"ရုန်သမားတော်ကြီး ဆေးရည်လာရောင်းတဲ့ မိန်းကလေးရောက်နေပါတယ်။ ဈေးဘယ်လိုဖြတ်ပေးရမလဲမသိလို့ ရုန်းသမားတော်အကြီးကဲဆီ လာခဲ့တာပါ။"
"ဆေးရည် ကိစ္စက ကိုယ့်ဘာသာဆုံးဖြတ်လိုက်ပါ ငါဆီလာစရာ မလိုပါဘူး။"
ရုန်သမားတော်အကြီးကဲက ခေါင်းခါပြပြီး စိတ်မရှည်စွာ ပြောတယ်။လာပြောတဲ့လူ ဖုန်းရာသာ မဟုတ်ရင် ဒေါသထွက်ပြီးတာ ကြာပြီ။
"ဒီလိုရှိပါတယ် ရုန်သမားတော် ကျွနိမအဘိုးက ဆေးစံအိမ်ကို အတွေ့ကြုံရအောင် လေ့လာခွင့်ပေးထားပါတယ်။ ကျွန်မကို ပေးထားတဲ့ငွေက အရမ်း မများဘူး။ ဒါကြောင့် ဆေးရည်ကို မဝယ်နိုင်မှာစိုးလို့ ရုန်သမားတော်အကြီးကဲကို လာမေးတာပါ။ "
"ဘာ"
ရုန်အကြီးကဲ မတ်တပ်ရပ်လိုက်ပြီး အံအားသင့်သွားတယ်။
"နင်မှာရှိတဲ့ငွေက အဲ့ဆေးရည်ကို မဝယ်နိုင်ဘူးလို့ပြောတာလား။ ငါသိတာတော့ နင့်လက်ထဲမှာ ငွေသန်းနဲ့ချီပြီး ရှိပါတယ်။"
ဖုန်းရာက ဒီနေရာကို လေ့လာဖို့ လာတယ်ဆိုပေမယ့် ဒါပေမယိ့ ဘိုးအိုရဲ့ မြေးတစ်ယောက် ဖြစ်တယ်။ အဘိုးအိုက ငွေနည်းနည်းပဲပေးမယ်ဆိုတာ မဖြစ်နိုင်ဘူး။သူမ ဆေးစံအိမ်မှာ စုဆောင်းထားတဲ့ ငွေနဲ့ဆိုရင်တော့ ဆေးရည်ကို မဝယ်နိုင်တာ မဖြစ်နိုင်ဘူး။
"ရုန် အကြီးကဲ ဒီဆေးရည်က စိတ်စုစည်ဆေးရည်ပါ။ "
ဖုန်းရာအသံက အရမ်းစိတ်လှုပ်ရှားနေတယ်။
"အမြင့်စား အဆင့်အောက်လေ့ကျင့်သူတွေအတွက် အသုံးဝင်တယ်။ နှစ်ခါသုံးတာနဲ့ တစ်ဝက်လောက်သာ ကျင့်ကြံအားထုတ်နိုင်တယ်။ တွေးကြည့်မယ်ဆိုရင် လုံယွမ်တိုင်းပြည်မှာ အလယ်လတ်စိတ်စွမ်းအားကျင့်ကြံသူတွေအများစုက သာမန်လူတွေလေ။ အထူးသဖြင့် တော်ဝင်မျိုးနွယ်တွေက စိတ်စွမ်းအား အမြန်ကျင့်ကြံချင်တာလေ။ စိတ်စုစည်းဆေးရည်သာ ဝယ်ထားရင် ဈေးကောင်းနဲ့ မရောင်းရမှာ စိတ်ပူစရာ မလိုဘူး။ "
ရုန်အကြီးကဲလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ကောင်းတာတစ်ခုက သူကအသက်ရှင်လာတာကြာပြီး ဖုန်းရာကဲ့သို့ အလျင်စလို မဆုံးဖြတ်နိုင်ဘူး။ ထိုကြောင့် သူ့နှလုံးသားက စိတ်လှုပ်ရှားနေတာကို ဖိနှိပ်လိုက်ပြီးတော့ သူ့လက်ကို သူမပခုံးပေါ်တင်လိုက်တယ်။
"စိတ်စုစည်ဆေးရည်ကို ယူလာခဲ့ ။ အကျိုးရှိလာဆိုတာ စစ်ဆေးကြည့်မယ်။ "
ဖုန်းရာလည်း သူမလက်ထဲက ကြွေပုလင်းကို ရုန်အကြီးကဲရှေ့ထားပေးလိုက်တယ်။
"ဒါက စိတ်စုစည်းဆေးရည်လား။"
ရုန်အကြီးကဲက သူရှေ့က ကြွေပုလင်းကို တုန်ရီစွာ ကိုင်လိုက်တယ်။ ပုလင်းအဖုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တယ်။ အနံရှုကြည့်ဖို့အတွက် ပုလင်းကို သူ့နှာခေါင်းထိပ်နားထားလိုက်တယ်။ ခဏအကြာမှာ မွှေးရနံ့က ပျံလွှင့်လာပြီးတော့ သူ့စိတ်ကို လန်းဆန်းစေတယ်။
"ဒီစိတ်စုစည်းဆးရည်က စိတ်စွမ်းအားကျင့်ကြံနိုင်ဖို့ တကယ်အကူညီပေးတယ်။ သို့သော်လည်း အားနည်းချက်ရှိနေသေးတယ်။ အခုပြောနိုင်တာက ဆေးရည်အကျိုးသက်ရောက်မှုက အလာအလားကောင်းတယ်။ စိတ်စွမ်းအားလည်း လေ့ကျင့်နိုင်တယ်ဆိုသော်လည်း သောက်လို့ မရဘူး သေချာပေါက်သေဆုံးသွားနိုင်တယ်။"
ဖုန်းရာ ရုန်းအကြီးကဲနားလည်မှုလွဲတာကို အမြန်ရှင်းပြလိုက်တယ်။
"ပါးစပ်ကတစ်ဆင့် စားသုံးရတာမဟုတ်ပါဘူး။ ဆေးရည်နဲ့ ရေချိုးရတာပါ။ရေချိုးနေစဉ် စိတ်စွမ်းအားလေ့ကျင့်မယ် စိတ်စွမ်းအင်တွေ ရရှိလာမယ်။"
"ဒါဆို ဒီလိုပေါ့ ဒါဆိုဒီလိုပေါ့။"
ရုန်အကြီးကဲလည်း နားလည်သွားပြီး စိတ်တွေလှုပ်ရှားနေတယ်။
"ဖုန်းရာ ဒီဆေးရည်ကိုဝယ်ရမယ်။ ဆေးစံအိမ်က ငွေသား၁၀သန်းထုတ်ယူခွင့်ပေးမယ်။ ထိုအမျိုးသမီးကို ဆေးရည်ထပ်ရှိသေးလား မေးလိုက်။ ရှိရင်ထပ်ဝယ်မယ်ပြောလိုက်။"
Chapter-44
End
Bạn đang đọc truyện trên: Truyen247.Pro