
41 to 42
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၄၁)
ရွှေရှာကြွက်လေး
"ငါက နင်တို့ကို လူတစ်ယောက် ရှာခိုင်းခဲ့တာ။ ဒါပေမယ့် ရက်တွေ အများကြီး ကြာခဲ့တယ် နင်တို့တွေ ရှာမတွေ့ခဲ့ဘူး။ နင်တို့တွေ အသုံးဝင်တာ ဘာရှိသေးတယ်။"
ရုန်အကြီးကဲ ဒေါသထွက်စွာ စားပွဲခုံကို လက်သီးနဲ့ ထိုးလိုက်တယ်။ချက်ချင်း ထိုစားပွဲခုံမှာ အစိတ်စိတ် ကြေမွသွားတယ်။ တခဏချင်း လူတိုင်းကို ကြောက်လန့် တုန်ရီသွားစေတယ်။
ထိုလက်သီးသာ သူတို့ ခန္ဓာကိုယ်ပေါ်သာ ရောက်သွားလို့ကတော့ မတွေးရဲစရာပဲ။
"ရုန်အကြီးကဲ... ကျွန်တော်မှာ အစီစဉ်ရှိပါတယ်။" လူအုပ်အတွင်းမှာ မီးခိုးရောင် ဝတ်စုံနဲ့လူက ဂါရဝပြုရင်း လေးစားစွာ ပြောတယ်။
"အရင်တစ်ခေါက်က နတ်ဆေးသမားတော်က မန်လော့အဆိပ်ဖြေဆေးကို ရေးခဲ့တယ်။ သမားတော်က ခက်ခဲ ထူးခြားတဲ့ ရောဂါတွေကို စိတ်ဝင်စားတယ်ဆိုတာ သေချာတယ်။ နရံမှာ နောက်ထပ် ခက်ခဲတဲ့ ရောဂါတစ်ခုကို ထပ်တင်လိုက်သင့်တယ်။ သူမပေါ်လာပြီး အဖြေလာဖြေရင် ကျွန်တော်တို့ သူမကို ရှာနိုင်ပြီးလေ။"
ရုန်းအကြီးကဲလည်း သူ့ဒေါသတစ်ဝက်လောက်ကို လျော့ပါးလွှင့်ပြယ်သွားစေတယ်။ ဒါပေမယ့် အသွင်ပြင်ကတော့ သိပ်တော့ မကောင်းသေးပါဘူး။
"ဒါဆို... ငါတို့တွေ သူပြောသလို လုပ်ဆောင်မယ်။ ငါခက်ခဲတဲ့ ပြသနာတစ်ခုပေးမယ် နံရံမှာ ကပ်ထားလိုက် သူမကို မျှားခေါ်ရမယ်။"
.................
၄ရက်ကြာပြီးနောက်
ယွမ်အိမ်တော်ရဲ့ အနောက်ဘက်တောင်တန်း အိမ်ငယ်လေးအတွင်းမှာတော့ ယွမ်လော့ဖုန်းတစ်ယောက် သူမမျက်ဝန်းတွေ ဖွင့်လိုက်တဲ့ အချိန်မှာ သူမခန္ဓာကိုယ်က စွမ်းအားတွေ ပွင့်ထွက်လာတယ်လို့ ခံစားရတယ်။ သူမ နှုတ်ခမ်းက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်တယ်။
"အစောပိုင်း အလယ်လတ်အဆင့် စိတ်စွမ်းအားလေ့ကျင့်သူ"
၄ရက်အတွင်းမှာ အစောပိုင်း အလယ်လတ်စိတ်စွမ်းအားလေ့ကျင့်သူ အဆင့်ကို ရောက်ရှိခဲ့တယ်။ သူမအရည်ချင်းကို ဖော်ပြလိုက်ရင် လုံယွမ်တိုင်းပြည်တစ်ခုလုံး သေချာပေါက် အံသြသွားမှာပါ။
"ကျန်ရှိတဲ့ စိတ်စုစည်း ဆေးရည် ပါဝင်ဆေးပမာဏကို ထပ်မံ့ ခွဲခြားကြည့်ရမယ်။ ဒီဆေးရည်ကို ဆေးစံအိမ်မှာ သွားရောင်းကြည့်ရမယ်။ ပိုက်ဆံအများကြီး သုံးရတဲ့ သမားတော်တစ်ယောက်အနေနဲ့ မုရှန်းပေးမယ့် ၄၅သန်းက မလုံလောက်ဘူး။ ၄၅သန်းကိုပဲ မှီခိုအားထားနေလို့ မရဘူး။" ယွမ်လော့ဖုန်းလည်း သူမတစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေမိတယ်။
သူမ ရေချိုးကန်က ထွက်လိုက်တဲ့အချိန်မှာ သေးငယ်တဲ့ ပုံရိပ်လေးက ရေချိုးကန်မှ ထွက်လာတဲ့ ကြမ်းပြင်မှာ ရှိနေတဲ့ရေစက်တွေကို သူလျှာနဲ့ လျက်နေတယ်။
"ရှောင်မို ...တစ်စုံတစ်ခု ဝင်လာတာကို ငါကို ဘာလို့ မပြောတာလဲ။"
ယွမ်လော့ဖုန်းလည်း အစားကြီးနေတဲ့ ကောင်သေးသေးလေးကို မျက်ခုံးပင့် စိုက်ကြည့်ရင်း ပြောတယ်။
မကြာခင်မှာပဲ ရှောင်မိုရဲ့ အပြစ်ရှိသော ကာကွယ်ပြောဆိုလိုသော စကားကို သူမစိတ်အတွင်းမှ ကြားရတယ်။
"သခင်... ဒီကောင်လေးက အစားကြီးတဲ့ ရွှေရှာ ကြွက်လေးပါ။ စိတ်စုစည်း ဆေးရည်က သူကို ဆွဲဆောင်လို့ပါ။ သူက သခင်ကို အန္တရယ်မပေးပါဘူး။ ဒါကြောင့် သတင်းမပေးတော့တာပါ။"
ဒီကြွက်လေးက အားနည်းတဲ့အတွက် သူ လစ်လျူရှုလိုက်ပြီးတော့ မပြောတော့တာပါ။
"ရွှေရှာ ကြွက်လေးက စိတ်စုစည်းဆေးရည်ကို ကြိုက်တာလား။"
ယွမ်လော့ဖုန်းလည်း နှင်းကဲ့သို့ ဖြူဖွေးနေသော ရွှေရှာ ကြွက်လေးကို တဖျတ်ဖျတ်လက်နေသော မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေလိုက်တယ်။
"ရွှေရှာ ကြွက်လေးက စိတ်စုစည်းဆေးရည်ကို စားတာ မဟုတ်ပါဘူး။ သူက ဆေးမြစ်တွေ စားရတာကို ကြိုက်တာပါ။ ဒါပြင့် ဆေးမြစ်တွေက သူ့အင်းအားကို တိုးစေတာပါ။ သို့သော် ဒီကြွက်လေးက အရင်က ဆေးမြစ်တွေကို မစားဖူးပါဘူး။ အခုချိန်မှာ သူက အရမ်းအားနည်းနေပါတယ်။ သခင်...အခုချိန်မှာတော့ ရတနာတစ်ပါး ရှာတွေ့တာပါပဲ။"
ရှောင်မိုအသံက အရမ်းကို စိတ်လှုပ်ရှားနေတယ်။
"ရွှေရှာ ကြွက်လေးမျိုးနွယ်က သန့်စင်တယ်။ သခင်နဲ့ အတူတူသာ ခေါ်ထားမယ်ဆိုရင် အလွန် တန်ဖိုးရှိတဲ့ ဆေးမြစ်တွေကို ရှာပေးဖို့ ကူညီလိမ့်မယ်။ ဒါပေမယ့် သခင် သတိတော့ထားရမယ်။ ရွှေရှာ ကြွက်လေးက အစားအရမ်းကြူးတယ်။ သူကို ရှာခိုင်းရင် တွေ့တာနဲ့ ချက်ချင်း အကုန်စားလိမ့်မယ်။"
"ရွှေရှာ ကြွက်လေး အရည်ချင်းက တန်ဖိုးရှိတဲ့ ဆေးမြစ်တွေ ရှာဖို့ အတွက်ပဲလား။"
"အဲလိုလည်း မဟုတ်ပါဘူး။ ရွှေရှာ ကြွက်လေး ကိုယ်ပိုင်ခွန်အားက အရမ်းသန်မာတယ်။ သူ့သွားတွေက အခိုင်မာဆုံးနဲ့ အကြာရှည်ခံဆုံးသော ဓားကို ကျိုးပဲ့ သွားအောင် ကိုက်နိုင်တယ်။ သူ့လက်သည်းတွေက ယွမ်အိမ်တော် နှစ်နာရီအတွင်း ကို ဖြတ်ပြီး တူးဆွနိုင်တယ်။ သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ ထက်တဲ့ သွားတွေ ပိုင်ဆိုင်တာကြောင့် စိတ်စွမ်းအား သားရဲကောင်တွေဖြစ်တဲ့ ခွေးအတွေနဲ့ ဝံပုလွေတွေကို တိုက်ခိုက်ရင်လည်း အကျိူးမဲ့တဲ့ အခြေနေ မရောက်နိုင်ပါဘူး။ ရွှေရှာ ကြွက်လေးကို အရွယ်ရောက်အောင် ပြုစုရပါမယ်။"
ရှောင်မို ပိုပြီးတော့ စိတ်လှုပ်ရှားလာသောကြောင့် စကားတွေ အများကြီး ပိုပြောလာတယ်။
"သို့သော်လည်း ရွှေရှာ ကြွက်လေးကို အင်အား သန်မာစေချင်တယ်ဆိုရင် တောင်နီးပါး မြင့်မားတဲ့ ဆေးမြစ် ပမာဏကို ရင်းနှီးမြှပ်နှံရပါမယ်။ ရွှေရှာ ကြွက်လေးကို ဒီပြည်နယ်စုတွေမှာ အောင်မြင်စွာ မပြုစုနိုင်တဲ့ သေချာတဲ့ အကြောင်းပြချက်ပဲလေ။ ဒါကြောင့်လည်း တစ်လောကလုံးက ရွှေရှာ ကြွက်လေးက အားနည်းပြီးတော့ အဆင့်မြင့်တာ နှေးတယ်လို့ ယုံကြည်နေတာပေါ့။"
ယွမ်လော့ဖုန်း တိတ်ဆိတ်နေလိုက်တယ်။ သို့သော်လည်း....ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ မျက်ဝန်းတစ်စုံက ရွှေရှာ ကြွက်လေးကို တောက်ပစွာ ကြည့်နေတယ်။
Chapter-41
End
သရဲဘုရင်ရဲ့ချစ်ဇနီးဆိုးလေး
အပိုင်း(၄၂)
"သခင်.... အရမ်းကံကောင်းတယ်။ သခင်မှာ ကျွန်တော်လည်းရှိနေတယ်။ တခြားသူတွေ အတွက်တော့ ရွှေရှာ ကြွက်လေးကို ပြုစုပျိုးထောင်ပေးဖို့ အတွက် သာမန်ဆေးမြစ်အတွက်တောင် ခက်ခဲတယ်။ ဒါပေမယ့် သခင်မှာ စိတ်စွမ်းအားဆေးမြစ်တွေ ရှိတယ်။ ဆေးမြစ်တွေကို အစာအဖြစ် အသုံးပြုမယ်ဆိုရင် ကြွက်လေး မြန်မြန် ကြီးထွားလာမယ်။"
ဒီပြည်နယ်စုတွေမှာ တော်ဝင်မျိုးနွယ် ပုံမှန် လူငယ်မျိုးဆက်တွေက သူတို့အဖော်အဖြစ် စိတ်စွမ်းအား သားရဲတွေကို ယဉ်ကျေးကျေးလာအောင် မွေးမြူးထားလေ့ရှိတယ်။ အတိတ်အချိန်က ယွမ်လော့ဖုန်းက ထိုကိစ္စတွေကို စိတ်ဝင်စားတဲ့ သဘောထားလည်းမရှိခဲ့ဘူး။ ဒါပေမယ့် သူမမှာ အနည်းငယ်သော စွမ်းအားမျှ မပိုင်ဆိုင်ဘူး။ ယွမ်မိသားစုဝင်တစ်ယောက်က သူမအတွက် စိတ်စွမ်းအား သားရဲကောင်ကို ပေးထားမယ်ဆိုရင်လည်း တစ်နေ့တော့ ထိုသားကောင်ရဲ့ သစ္စာဖောက်တာကို တွေ့ကြုံရတဲ့ နေ့ဆိုတာ ရှိလာမှာပါ။
ပျော်ရွှင်စွာ စားသောက်နေတဲ့ ရွှေရှာ ကြွက်လေးက နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ကို သူမကြည့်နေတာ ခံစားမိသွားတယ် ထင်ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းချင်း ခေါင်းလှည့်လာတယ်။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ ကြောက်ဖို့ကောင်းတဲ့ အပြုံးလေးကို ကြွက်လေးတွေ့သွားတယ်။
"ကြွက်အော်သံ"
ရွှေရှာ ကြွက်လေး အော်နေတယ်။ တခဏ အတွင်းမှာပဲ တံခါးဝအနားကို သွားချင်နေတဲ့ပုံပဲ။ သို့သော်လည်း ကြွက်လေးပြေးထွက်မသွားခင်မှာပဲ လက်တစ်ဖက်နဲ့ ကြွက်လေးကို ဖမ်းလိုက်ပြီးတော့ တခြားလက်ပေါ်မှာ ထားလိုက်တယ်။
"ကြွက်အော်သံ"
ယွမ်လော့ဖုန်းလက်ထဲမှာ ရွှေရှာ ကြွက်လေးက နှစ်ကြိမ်လောက် အော်ဟစ်နေတယ်။ ယွမ်လော့ဖုန်းလက်ချောင်းလေးတွေကို ကိုက်တယ်။ သို့သော်လည်း ကြွက်လေးရဲ့ တိုက်ခိုက်မှုမှာ အရေပြားပေါက်မသွားဘူး။ သူမရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေက ကြွက်လေးကို စိုက်ကြည့်နေတယ်။
"ကောင်လေး ငါနောက်ကို လိုက်ခဲ့မလား။"
ကြွက်လေး စိတ်ပျက်အားလျော့ပြီးတော့ ငြိမ်သွားတဲ့အချိန်မှာမှ ယွမ်လော့ဖုန်း ဖြည်းညှင်းစွာ စကားဆိုလိုက်တယ်။
ရွှေရှာ ကြွက်လေးပုံစံက ပြန် အသက်ဝင်လာတယ်။ သူ့ မျက်ဝန်းတွေကို တဖျတ်ဖျတ်ခတ်လိုက်တယ်။ အလွန်တရား ချောမောလှပတဲ့ မိန်းကလေးကို ကြည့်နေလိုက်တယ်။ သူမ ဘာဆိုလိုချင်တာပါလဲ။ ဒီမိန်းကလေးက ငါကို ဟင်းချက်စားတော့ မလို့လား။
"နင် နားလည်တယ်ဆိုတာ ငါသိနေတယ်။ ငါနောက်လိုက်ခဲ့မယ်ဆိုရင် နင်အတွက် နေ့တိုင်း ဆေးရစေရမယ်။ ဘယ်လိုလဲ။"
သူမပြောတဲ့ နေ့တိုင်းစားသောက်နိုင်ဖို့ ဆေးတွေ ပေးမယ်ဆိုတဲ့ စကားကို တခြားလူတွေသာ ကြားခဲ့ရင် နင်နောက်ကို လိုက်ပြီးတော့ နင်ကို ဝိုင်းရိုက်မှာပဲ။
ဒါပေမယ့် ရွှေရှာ ကြွက်လေးကတော့ ခြားနားတယ်။ ယွမ်လော့ဖုန်း စကားကိုကြားတာနဲ့ အမည်းရောင် မျက်ဝန်းတစ်စုံက ပွင့်လာပြီးတော့ အလျင်မြန် ကြောက်ရွံမှုမရှိစွာ ခေါင်းညိတ်တယ်။
"ဒါဆိုရင် ငါနင်ကို နာမည်ပေးမယ်" ယွမ်လော့ဖုန်းတစ်ယောက် ကြွက်လေးကို သူမလက်ထဲထည့်တာ ကစားနေတယ်။ သူမ မျက်နှာလေးမှာ အပြုံးလေးနဲ့
"နင့်အရောင်က နို့ရောင်နဲ့ တူနေတာကြောင့် အခုကစပြီးတော့ ငါ ...နင်ကို နို့လက်ဖက်ရည်လေးလို့ ခေါ်မယ်။"
"ကြွက်အော်သံ"
ကြွက်လေးက အသံပေးပြီးတော့ ပြန်တုန့်ပြန်တယ်။ နေ့တိုင်းစားဖို့ ဆေးတွေသာရှိမယ်ဆိုရင်တော့ ဘာနာမည်ကိုပဲ ပေးပေးကိစ္စမရှိပါဘူး။
"စိတ်စုုစည်းဆေးရည်တွေက ငါသုံးထားတဲ့ အပိုကျန်တာတွေဖြစ်နေတယ်။ နင့်စွမ်းအားတိုးတက်အောင် အသုံးမဝင်ဘူး။ မကြာခင် ငါ ဆေးစံအိမ်ကို သွားမယ်။ လိုအပ်တဲ့ ဆေးဘက်ဝင် ဆေးမြစ်တွေ ဝယ်မယ်။ နင်..ငါကို ကူညီပေး။ နင့်စားဖို့လည်း ဝယ်မယ်။ဒါပေမယ်....."
ယွမ်လော့ဖုန်း စကားကို ခဏရပ်လိုက်ပြီးတော့
"နင်...ငါနောက်ကိုလိုက်ခဲ့ရင် ဒီနေရာကနေ အပြင်ထွက်တဲ့အထိ တစ်ယောက်တည်း သီးသန့် မနေရဘူး။ အပြင်ကနေ ဆေးမြစ်တွေယူလာရင် ငါကို အရင်ဆုံးပြရမယ်။"
ထိုစကားလုံးတွေ ပြောပြီးနောက်မှာ ကြွက်လေးကို သူမအင်္ကျီလက်ထဲမှာ ဖွက်ထားလိုက်တယ်။ အခန်းပြင်ကို ထွက်လလာခဲ့တယ်။
၄ရက်လုံး တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့တယ်။ ဒီ၄ရက်အတွင်းမှာ သူမအနားမှာ စားသောက်စရာ လာပို့ပေးတဲ့ ယွမ်ရှောင်နဲ့ သူမ ကုသပေးဖို့ လိုအပ်နေတဲ့ ဒုတိယဦးလေးကလွဲရင် တခြား ဘယ်သူမှ မရှိခဲ့ဘူး။
"ယွမ်သခင်မလေး နောက်ဆုံးတော့ ထွက်လာခဲ့ပြီ။"
အစေခံ ချင်ယန်က အနောက်ဘက်တောင်တန်းဘက်ကို အမြန်လမ်းလျှောက်လာပြီးတော့ သခင်မလေး အမြန်လျှောက်တင်တယ်။
"သခင်မလေး မုရှန်း ထက်ရောက်လာပြန်ပြီ။"
"မုရှန်း .... ၄၅သန်း စုစည်းပြီးသွားပြီလား။"
ယွမ်လော့ဖုန်း သူမမေးစေ့လေးကို ထိလိုက်ပြီးတော့ ပြောလိုက်တယ်။
"ငါ..ခုချက်ချင်း ဆေးစံအိမ်ကိုသွားရမယ်။ ပိုက်ဆ့ထားခဲ့ခိုင်းလိုက်။ အကြောင်းရှိသေးရင် မနက်ဖြန်မှ လာစောင့်နေလို့ ပြောလိုက်။"
သူမ တကယ်ကိုနောက်ကျနေပြီ။ မုရှန်းကို အာရုံစိုက်ဖို့ အချိန်မရှိဘူး။ ချင်ယန် ဘာဆက်ပြောရမှန်း မသိအောင် စိုက်ကြည့်နေမိတယ်။ မကြာခင်မှာပဲ အရှေ့ဘက် တံခါးမကို သွားနေပြီးဖြစ်တယ်။ ချင်ယန်မျက်လုံးထဲမှာတော့ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေတယ်။
သခင်မလေး သတ်သေတာ မအောင်မြင်တဲ့အချိန်တည်းက သူမအလွန်ပြောင်းလဲသွားခဲ့တယ်။ သူမ မူလအရင်စိတ်က အိမ်ရှေ့စံမင်းသားနောက်ကို တစ်နေလုံး တစ်ချိန်လုံး လိုက်နေခဲ့တာ။ ဒါပေမယ့် အခုတော့ သူမက ဆေးစံအိမ်ကို နေ့တိုင်းသွားနေသလိုပဲ...။
Chapter-42
End
Bạn đang đọc truyện trên: Truyen247.Pro