Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

186+187+188+189+190

အပိုင်း(၁၈၆)

ကွမ်လန်ရဲ့ အိပ်မက်ဆိုး(၁)

 
“ငါဆိုတဲ့ ယွမ်ရှောင်က မိန်းကလေး တစ်ယောက်ကိုသာ နူးညံ့ညင်သာစွာ ပြောဆို နိုင်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ထိုမိန်းကလေးက မင်း မဟုတ်ဘူး”
ထိုအမျိုးသားရဲ့ အကြင်နာ ခေါင်းပါးမှုက နာကျင် ခံစားစေတယ်။ အနီရောင် ဝတ်စုံနဲ့ မိန်းကလေး မျက်နှာက  သေတော့မယ့် လူတစ်ယောက်ကဲ့သို့ ချက်ချင်း   ဖြူဖျော့လာတယ်။ ချက်ချင်းပဲ သရဲဘုရင် ပြောနေတဲ့ မိန်းကလေးကို မနာလို ဖြစ်လာရတယ်။
ထိုမိန်းကလေးက ဘာတွေ ထူးချွန် ထက်မြက်နေလို့ သရဲဘုရင်က သူမကို သူ့နှလုံးသားထဲမှာ နေရာယူခွင့် ပေးထားရတာလဲ။
“ကျွန်မ ဘယ်နေရာမှာ ရှုံးနိမ့်သွားလဲဆိုတာ သိချင်တာကြောင့် ထိုကောင်မလေးနဲ့ တွေ့ဖူးချင်တယ်”
လှောင်ပြုံးတစ်ခုက တည်ငြိမ်တဲ့ သူမ မျက်နှာပေါ်မှာ ပေါ်ပေါက်လာခဲ့တယ်။  သူမနှလုံးသားမှာ နာကြည်း ခါးသက်မှုကို ခံစားရတယ်။ နာကျင်ခံစားမှုကို သူမမျက်လုံးကို ကြည့်လိုက်တာနဲ့ သိနိုင်တယ်။
“ကျွန်မ ခန့်မှန်းတာ မမှားဘူးဆိုရင် ထိုကောင်မလေး လုံယွမ်တိုင်းပြည်မှာ လူသိများတဲ့ အမှိုက်မလေး ယွမ်လော့ဖုန်း ဟုတ်တယ်မလား”
ယွမ်လော့ဖုန်း နာမည်ကို ပြောပြီးသည့် နောက်ပိုင်းမှာ အကြင်နာကင်းမဲ့တဲ့ အမျိုးသားလေးမှ အေးစိမ့်စိမ့် အရှိန်ဝါကို ထုတ်လွှင့်နေတာကို သူမ ခံစား သိရှိလို့ရတယ်။ သူမကို မကျေမနပ်နဲ့ လူသတ်ချင်တဲ့ ပုံစံနဲ့ ကြည့်နေတယ်။ သူ့ရဲ့ တန်ခိုး အရှိန်ဝါက ချွန်မြတဲ့ ဓားတစ်လက်နဲ့ ထိုးစိုက်နေသကဲ့သို့ သူမနှလုံးသားကို နာကျင်စေတယ်။ ချက်ချင်းပဲ သူမကို သွေးများဖြင့် ရွှဲရွှဲ စိုစေတယ်။
သူမ မကြာသေးခင်က သိလိုက်ရတဲ့ သတင်းတစ်ခုကို ပြန်တွေးကြည့်နေရင်း အနီရောင် ဝတ်စုံနဲ့ မိန်းကလေးက သူမ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး မဲ့ပြုံ ပြုံးကာ ဆက်ပြောလိုက်တယ်။
“ရှင့်ကဲ့သို့ လေးစားရတဲ့ လူတစ်ယောက်က  မိန်းကလေး တစ်ယောက်ကြောင့် သက်တော်စောင့် အလုပ်ကို လိုလိုလားလား ပြုလုပ် ချင်ရတာလဲ။ ရှင် ကိုယ်ရှင် နိမ့်ကျခံပြီးတော့ သူမ ရှင့်ကို အသိမှတ်ပြုစေချင်တဲ့ ရည်ရွယ်ချက် ကြောင့်လား”
အကြင်နာ ခေါင်းပါးတဲ့ အမျိုးသားက သူ့နှုတ်ခမ်းကို နူးညံ့ညင်သာစွာ အနည်းငယ် တွန့်ကွေးလိုက်တယ်။ ခံစားချက် ကင်းမဲ့တဲ့ မျက်ဝန်း တစ်စုံနဲ့ အနီရောင် ဝတ်စုံနဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။
နောက်ဆုံးတော့ သူ ခြေလှမ်း လှမ်းလာပြီးတော့ အနီရောင် ဝတ်စုံနဲ့ မိန်းကလေး အနားကို လျှောက်လှမ်း လာတယ်။
ထိုအမျိုးသား လျှောက်လာတဲ့ ခြေလှမ်းတိုင်းနှင့် အတူတူ  အနီရောင် ဝတ်စုံနဲ့ မိန်းကလေး အတွက် အသက်ရှူရ ခက်ခဲလာစေတယ်။ သူမ အသက်ရှူရ မခက်ခဲစေဖို့ အတွက် သူမ နှလုံးသားကို လက်တစ်ဖက်ဖြင့် ဆွဲညှစ် ထားရတယ်။
“မင်းက ဒီအကြောင်းပြချက်ကို သိဖို့ အရည်အချင်း မရှိဘူး”
“ဟား… ”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက သူမကိုယ် သူမ လှောင်ပြုံး ပြုံးလိုက်တယ်။ အမြဲတမ်း ဒီအမျိုးသားလေးက အဆုံးစမဲ့စွာ နှလုံးသားမဲ့တာပဲ။ သူ့ရဲ့ အပြုအမူတိုင်း စကားတိုင်းက  ချွန်မြတဲ့ ဆူးတစ်လက် အတိုင်းပဲ။  သူမနှလုံးသားကို အညှာတာမဲ့စွာ ထိုးစိုက်နေတယ်။ သူမ နှလုံးသားကို  ထောင်ပေါင်း များစွာသော အပေါက်များဖြင့်  ဆန်ခါပေါက် ဖြစ်သွားစေတယ်။ တစ်စစီ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွား သကဲ့သို့ ခံစားရတယ်။
“ရှောင်…. ရှင် ကျွန်မကို သတ်ဖို့များ တွေးနေတာလား”
ထိုအမျိုးသား ခန္ဓာကိုယ်က လူသတ်ချင်တဲ့ အရှိန်အဝါကို အာရုံခံစား မိပြီးနောက်မှာ အနီရောင် ဝတ်စုံနဲ့ မိန်းကလေး ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားတယ်။  မျက်ဝန်းတစ်စုံက သူမအနားကို ချဉ်းကပ်လာတဲ့ အမျိုးသားကို ကြည့်လိုက်တယ်။ သူမ မျက်နှာက ပိုပြီးတော့ ဖြူဖျော့ လာရတယ်။
“မင်း သိတာတွေ အရမ်းများနေပြီ”
အကြင်နာကင်းမဲ့တဲ့ အမျိုးသားက စကားကို တိုတို ပြတ်ပြတ် ပြောတယ်။ သူမနဲ့ ဘာစကားမှ ဆက်ပြောချင်ပုံ မရဘူး။
“ဘာလို့လဲ” အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးလေးက  ယွမ်ရှောင်ပြောတဲ့ အဓိပ္ပာယ်ကို နားမလည်မနိုင် ဖြစ်ရတယ်။ သူမ အံ့ဩ မှင်တက်စွာ ငေးကြည့်နေမိတယ်။
“မင်းက သူမအကြောင်းကို သိသွားခဲ့ပြီ”
ထိုအမျိုးသားက အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကို အညှာတာ ကင်းမဲ့စွာ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က လူသတ်ချင်တဲ့ အရှိန်ဝါတွေက ပိုပြီးတော့ ပြင်းထန်လာတယ်။
“သူမကို အန္တရာယ်ပေးမယ့် ဘယ်သူ့ကိုမဆို ငါ အပြစ်မယူဘဲ မခွင့်လွှတ်ပေးနိုင်ဘူး”
ထိုအမျိုးသမီးက မာယာများလွန်းပြီး အန္တရာယ်ရှိတဲ့ မိန်းကလေးဆိုတာ သွယ်ဝိုက်ပြီးတော့ ပြောလိုက်တာပါပဲ။ သူမက ယွမ်လော့ဖုန်း အကြောင်းကို သိနေကတည်းက  သူမကို ရှင်သန်ခွင့် ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
“မဟုတ်ဘူး”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက ကြောက်ရွံ့မှုနဲ့ ငိုကြွေးနေရတယ်။ သူမခြေလှမ်းကို နောက်ဘက်သို့ ဆုတ်လိုက်တယ်။ သူမမျက်နှာက အရောင်ကင်းမဲ့နေပြီးတော့  အသည်းနှလုံး ကွဲကြေနေသည့် အကြည့်တွေနဲ့ ယွမ်ရှောင်ကို ကြည့်လိုက်တယ်။
“သူမက ဘယ်လို မိန်းကလေး မျိုးလည်း ဆိုတာ ကျွန်မ သိချင်ခဲ့ရုံပါ။ သူမကို ထိခိုက်အောင် ပြုလုပ်ချင်တဲ့ ဆန္ဓ မရှိပါဘူး။ ရှင် ကျွန်မကို ဒီလိုမျိုး ရက်စက်ဖို့တော့ မကောင်းပါဘူး”
ယွမ်ရှောင်က အနီရောင်ဝတ်စုံနဲ့ အမျိုးသမီး ရှေ့နားသို့ ရောက်ရှိ လာခဲ့ပါပြီ။ သူမ နောက်ထပ် ဆုတ်ဖို့လည်း နေရာ မရှိတော့ပါဘူး။ သူမ နှုတ်ခမ်းကို ကြမ်းတမ်းစွာ တတိတိ ကိုက်လိုက်တယ်။ သူမနှုတ်ခမ်းက အရင်လို နီရဲရဲလေး မဟုတ်တော့ပေ။
“ငါက မင်းကို စမ်းသပ်ဖို့အတွက် သူမကို အသုံးချမှာ မဟုတ်ဘူး။ သူမအတွက် ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် အားလုံးကို ဖယ်ရှားမယ်”
 ကစားပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီအမျိုးသမီးက ယွမ်လော့ဖုန်းကို လက်စားချေလိုသော ခံစားချက် ရှိနေမှာ သူ စိုးရိမ်မိတယ်။ ထိုကြောင့်လည်း သူ အရဲမစွန့်နိုင်ဘူး။
ဘန်း
 အမျိုးသမီးရဲ့ ခြေထောက် နှစ်ဖက်က ပျော့ခွေလာပြီး မြေပြင်ပေါ်သို့ ပစ်လဲကျ သွားတယ်။ သူမ လက်နှစ်ဖက်လုံးက သူမအောက်နားက မြေကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတယ်။ သူမရဲ့ ချွန်မြတဲ့ လက်သည်းတွေက  ရွှံ့ထဲသို့ နှစ်မြှုပ်ထားတယ်။ လက်တစ်ဆုပ်စာ မြေကြီးတွေကို ဆုပ်ကိုင်ထားတယ်။
ယွမ်ရှောင် အမှန်တရားကို ပြောနေတယ် ဆိုတာ သူမ သိပါတယ်။
ထိုအချိန်မှာ ယွမ်လော့ဖုန်းကို သတ်ချင်တဲ့ ဆန္ဒ မရှိသေးသော်လည်း  ယွမ်လော့ဖုန်းနဲ့တွေ့ရင် ပုံမှန်အတိုင်း ပြောဆို ဆက်ဆံနိုင်မလား ဆိုတာ သူမ ကိုယ် သူမလည်း မသေချာသေးဘူး။
 
***
အပိုင်း(၁၈၇)

ကွမ်လန်ရဲ့ အိပ်မက်ဆိုး(၂)

 
ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့ အချစ်ပြိုင်ဘက်နဲ့ ရင်ဆိုင်ဖို့အတွက် ခက်ခဲကြရတယ်။
“ယွမ်ရှောင် …. ကျွန်မ ဒီဘဝမှာ ရှင့်အချစ်ကို မရနိုင်တော့ဘူး ဆိုတော့လည်း ရှင့်လက်မှာ သေရတာ ကျွန်မအတွက် စိတ်သက်သာရာ ရစေပါတယ်”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက သူမမျက်လုံးကို ညင်သာစွာ ပိတ်လိုက်တယ်။ သူမ မချိပြုံး ပြုံးလိုက်တယ်။ 
ယွမ်လော့ဖုန်း နင့်ကို ငါတကယ် မနာလို ဖြစ်ရတယ်။ ငါ့ကို မနာလို ဝန်တိုစိတ် ဖြစ်အောင် နင် ပြုလုပ်နိုင်ပါတယ်လေ။ နင်က ဘာမှ မဟုတ်တဲ့ မိန်းကလေး တစ်ယောက်။ မကောင်းတဲ့ ဂုဏ်သတင်းနဲ့ ကျော်စောတဲ့ အမှိုက်မတစ်ယောက် ဖြစ်နေလည်း  အကြင်နာ ကင်းမဲ့တဲ့ အမျိုးသားလေးရဲ့ နူးညံ့ ကြင်နာမှုကို ခံစားရတဲ့ တစ်ဦးတည်းသော အမျိုးသမီး တစ်ယောက်…။ ငါ တကယ်ကို မနာလို ဖြစ်မိပါတယ်။
နင် ဘေးဒုက္ခဖြစ်မှာကို ကာကွယ်ဖို့အတွက် သူက ဖြစ်လာနိုင်တဲ့ ဘေးဒုက္ခ အားလုံးကို ဖယ်ရှားမယ်တဲ့လေ။ ဒီလို ထူးချွန်တဲ့ ယောက်ျားကောင်း တစ်ယောက်ကို ပိုင်ဆိုင်နိုင်ဖို့ နင် အရင်ဘဝက ဘာကုသိုလ်တွေများ ပြုလုပ်ခဲ့တာလဲ။ နင် ဘာလို့ အရမ်း ကံကောင်း နေရတာလဲ။
လက်သီးဖြင့် ထိုးသံ…။
ပြင်းထန်တဲ့ စွမ်းအားတစ်ခု သူမ ခေါင်းထိပ်ပိုင်းမှ ပျံ့နှံ့လာတယ်။ သူမ ခန္ဓာကိုယ်ကို ပေါက်ကွဲထွက် သွားစေတယ်။ သူမ မျက်ဝန်းကို အနည်းငယ် မှေးစင်း လိုက်ပြီးတော့ အကြင်နာ ကင်းမဲ့တဲ့ အမျိုးသားကို နက်နက်နဲနဲ တမ်းတမှုနဲ့ လွမ်းဆွတ်နေသော မျက်ဝန်းတစ်စုံနဲ့ ငေးကြည့်နေမိတယ်။ သူမမျက်လုံးမှာ သူပုံရိပ်လေး စွဲထင် နေစေတယ်။ သူမသေသည် အထိ သူပုံရိပ်လေးကို ရင်ထဲ သိမ်းထားမှာပါ။ သူ့ကို ငေး ကြည့်ရင် သူမ သေဆုံး သွားချင်တယ်။
“ယွမ်ရှောင်…. ယွမ်လော့ဖုန်း ကြောင့်သာ မဟုတ်ရင် ရှင့်နောက်ကို ကျွန်မကို လိုက်ခွင့်ပေးခဲ့မှာလား”
ထိုအမျိုးသားလေးကို တခြားမိန်းကလေး တစ်ယောက်ကို ရွေးချယ် လိုက်တာကို သူမ သိနေသော်လည်း သူမ လက်မလျှော့ချင်သော စိတ်နဲ့ သူမ ထိုမေးခွန်းရဲ့ အဖြေကို သိချင်နေမိတယ်။
ထိုအမျိုးသားက သူမ မေးတဲ့ မေးခွန်းကို မဖြေဘူး။
သူ့အတွက်တော့ နောက်ထပ် စကားတစ်ခွန်း ပြောတာက သူအတွက် အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။ သူစိတ်ထဲမှာ အဖြေက ရှိပြီးသားပါ။ အရေးမပါတဲ့ လူတစ်ယောက်ကို ပြောနေဖို့ မလိုအပ်ပေ။
“ယွမ်ရှောင် …. ရှင်နဲ့ သိကျွမ်းခွင့် ရလို့ ကျွန်မ နောင်တ မရဘူး”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေး အပြုံးက ခါးသက် နာကြည်းသော အပြုံးတစ်ခု ဖြစ်နေပြီး  နှလုံးသား ကြေကွဲနေသည့် ပုံစံပေ။ သူမကို နောက်ထပ် အခွင့်အရေး ပေးမယ် ဆိုရင်လည်း သူမ ထိုအမျိုးသားလေးကို နောက်တစ်ကြိမ် ထပ်ချစ်မိမှာ သေချာပါတယ်။ သို့သော်လည်း သူမ ဒီနေ့လိုတော့ အလျင် မလိုတော့ပါဘူး။
အလျင်စလို ပြုလုပ်ခဲ့ခြင်းကြောင့် သူ့ကို မပိုင်ဆိုင်ရတဲ့အပြင် သူမအသက်ကိုပါ ဆုံးရှုံးခဲ့ရတယ်။
လက်သီးနဲ့ထိုးတဲ့အသံ။ ရင်နင့်အောင် နာကျင်သော ညည်းညူသံက ပဲ့တင်ထပ် လာတယ်။ သူမခန္ဓာကိုယ်က ထောင်ပေါင်း များစွာသော အပေါက်များ တစ်ခဏချင်းမှာ ပေါ်ပေါက်လာတယ်။ လတ်ဆတ်တဲ့ သွေးတွေက ထို အပေါက်များမှ စီးဆင်း ထွက်လာတယ်။ သူမ ခန္ဓာကိုယ်က လေနဲ့အတူတူ တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်။
“သခင်”
ချင်ယွမ်က ယွမ်ရှောင် အနောက်ဘက်မှ ထွက်ပေးလာတယ်။ သူ့မျက်လုံးတွေက မြေပြင်ပေါ်မှာ လဲကျနေတဲ့ အမျိုးသမီးကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်တယ်။
သခင်ပြောတာ အမှန်ပဲလေ။ ဒီမိန်းကလေးကိုသာ မသတ်ရင် ဒီမိန်းကလေးက များစွာသော ပြဿနာတွေကို သယ်ဆောင်လာမှာ….။ အထူးသဖြင့် ယွမ်သခင်မလေး အတွက်ပေါ့။ 
ယွမ်မျိုးနွယ်က အိမ်သူသက်ထား မိန်းကလေးက သခင့်အချစ်ရဆုံး သူလေး။ သူမကို ခြိမ်းခြောက် ပြဿနာ ရှာမှာတွေကို သခင်က တခြား တစ်ယောက်ကို ခွင့်ပြုမယ် ထင်နေတာလား။ ဘာဘေး ဒုက္ခမှ မဖြစ်အောင် သခင်က အကုန်လုံးကို ဖယ်ရှား ပစ်မှာပဲလေ။
“ရှောင်မျိုးနွယ်ကိစ္စကို ဘယ်လို ဖြေရှင်းလိုက်ရမလဲ”
ချင်ယွမ် မျက်ခုံးကို တွန့်ကွေး လိုက်တယ်။
“ဒီအမျိုးသမီး ပြောတာ မှန်တယ်။ ရှောင်မျိုးနွယ်က တကယ်ကို သခင်ကို ပြောနေတာပဲ။ ဒါပေမဲ့ သူတို့က သခင့်လက်ရှိ အခြေနေကို မသိသေးပါဘူး။ မဟုတ်ရင်တော့ ရှောင်မျိုးနွယ်စုက လူတွေ သိသွားခဲ့ရင် သေချာပေါက်ကို သခင့်ကို ဒူးထောက်ပြီးတော့ တောင်းပန်မှာပါ”
ယွမ်ရှောင် မျက်ဝန်းက အနည်းငယ် ညွတ်ကိုင်း သွားတယ်။ မျက်နှာဖုံး နောက်ကွယ်က သူမျက်နှာက ခက်ထန် မာကျောသွားတယ်။ အစတည်းက သူ့လက်ကို နောက်ကျောဘက်သို့ ထားကာ မတ်တတ်ရပ် နေတယ်။ သူ့ပုံစံက မားမားမတ်မတ် ရပ်တည်နေတဲ့ တောင်တစ်ခုကဲ့သို့ပဲ။ သူ့ရဲ့ နီရဲတဲ့ နှုတ်ခမ်းပါးလေးတွေက အထင်မြင်သေးသည့် ပုံစံသို့ အနည်းငယ် တွန့်ကွေးလိုက်တယ်။
“ကွမ်လန် အခြေနေ ဘယ်လိုလဲ” ယွမ်ရှောင်ရဲ့ အမည်းရောင် မျက်ဝန်းတွေက ချင်ယွမ်ဘက်သို့ လှည့်လိုက်ပြီးတော့ အေးစက်စွာ စကားဆိုတယ်။
“အမ်” ချင်ယွမ် ခဏတော့ အံ့ဩမှင်တက် သွားမိတယ်။ ဒီအခြေနေမှာ ယွမ်ရှောင်က ကွမ်လန် အကြောင်းကို သိချင်မယ်လို့ မထင်ထားခဲ့ဘူး။  အချိန် အကြာကြီး တိတ်ဆိတ်နေပြီးတော့ သူ ပြန်ဖြေလိုက်တယ်။
“သူ သေဖို့ ဆုတောင်း နေမှာပါ”
အမှန်ပါပဲ။ လက်ရှိ ကွမ်လန်က သူ အသက် ဆက်ရှင်ရတာထက် သေသွားဖို့ ဆုတောင်း နေမှာပါ။ သူ သတ်သေဖို့ သတ္တိ မရှိတာကြောင့်သာ မဟုတ်ရင် သူသေသွားတာ ကြာခဲ့ပါပြီ။
ဒီရက်တွေမှာ သူ့ခန္ဓာကိုယ် နာကျင် ခံစားရတာထက် သူ့စိတ်ဝိညာဉ်မှာ လက်ခံ ရရှိတဲ့ သူ စိတ်တုန်လှုပ်မှုက အများဆုံး သူ့ကို ညှဉ်းပန်း နှိပ်စက်နေတယ်။  အထူးသဖြင့်  အပျော်စံအိမ်တော်က ဖောက်သည်တွေပေါ့ ။ သူတို့အားလုံးကို မောင်းထုတ်ပစ် ချင်တယ်။
 
***

အပိုင်း(၁၈၈)

မွေးစားသမီး တစ်ယောက်အဖြစ် လက်ခံခြင်း

 
“ဆက်နှိပ်စက်တာ…”
တောအုပ်အတွင်းမှ ထွက်မသွားခင်မှာ ယွမ်ရှောင်က ဒီစကားလုံး တစ်ခုကို ချန်ရစ်ထားခဲ့တယ်။ ချင်ယွမ် တစ်ယောက်ကတော့ အံ့ဩမှင်တက်စွာ ကျန်ရစ်ခဲ့တယ်။
ဆက်နှိပ်စက်ရမယ်….။
ဒီစကားက ဘာကို ဆိုလိုတာလဲ။
ဒီမကောင်းတဲ့ကောင် ကွမ်လန်က သခင်ကို ထပ်ပြီးတော့ ရန်စထားလို့လား။ မဖြစ်နိုင်ပါဘူးလေ။ အပျော်စံအိမ်တော်ရဲ့ မိခင်ကြီးကို သတင်းပို့ပြီး ပြောထား ရတော့မယ်။ ကွမ်လန်ကို ပေးတဲ့ ပြစ်ဒဏ်ကို တိုးမြှင့်ဖို့ ပြောရမယ်။
ယွမ်ရှောင် ပြောလိုက်တဲ့ ပုံမှန် စကားလေးကြောင့် ကွမ်လန်ဘဝမှာ စိတ်ကူးတောင် မယဉ်ဖူးခဲ့သော ညှဉ်းပန်း နှိပ်စက်မှုကို ခံစားရမယ်လို့ ကွမ်လန် တွေးခဲ့မိမှာ မဟုတ်ပါဘူး။
ထိုအချိန်က စပြီးတော့ သူ လက်ခံရရှိတဲ့ ဖောက်သည်တွေက ပုံမှန်လူတွေမှ ညစ်ညမ်းသော အပြုအမူကို ပြုလုပ်ရတာကို နှစ်သက်တဲ့ တဏှာ ရာဂကြီးမားတဲ့ နှာဘူးကောင်တွေ အဖြစ်သို့ ပြောင်းလဲသွားတယ်။ ရက်အနည်းငယ် ကြာပြီးနောက်မှ ရက်စက်မှု အကြောင်းရင်းကို နားလည်လာတယ်။
ဝါးစံအိမ်တော်မှ တွေ့ကြုံရတဲ့  အတွေ့ကြုံက သူ့ဘဝမှာ အဆုံးစမဲ့သော အိပ်မက်ဆိုးတွေသာ ဖြစ်တယ်။
 
 

***
 


 
“ဧကရာဇ်၏ အာဏာဖြင့် မင်းသား၃က ယွမ်သခင်မလေးကို ဧကရာဇ်ဖြင့် တွေ့ဆုံဖို့ ခေါ်ဆောင် သွားရတယ်”
တိတ်ဆိတ်သော မင်းသား၃ အိမ်တော် အတွင်းမှာ စူးစူးဝါးဝါး အော်သံက တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်တယ်။
စံအိမ်တော် အတွင်းမှာ ထိုင်နေတဲ့ ယွမ်လော့ဖုန်း ကတော့ သူမ မျက်ခုံးလေးကို အနည်းငယ် တွန့်ကွေးလိုက်တယ်။ သူမရဲ့အလွန်မင်း ချစ်ဖို့ကောင်းတဲ့ မျက်ဝန်းတစ်စုံက ပြုံးရိပ်သန်းနေတယ်။ သူမ နွမ်းလျလျ မတ်တတ်ရပ်လိုက် ပြီးတော့ သူမနောက်ဘက်မှာ ရပ်နေတဲ့ မိန်းကလေးကို မေးမြန်းရန် အပြုံးလေးဖြင့် နောက်ဘက်သို့ လှည့်လိုက်တယ်။
“ချင်ယန်….. နင့်ယောက်ျား မိသားစုကို သွားတွေ့ဖို့ ငါနဲ့အတူတူ လိုက်ခဲ့ချင်လား”
သူမ ခေါင်းကို အနည်းငယ်မော့ ပြီးတော့ ယွမ်လော့ဖုန်းကို မကြည့်မီမှာ ချင်ယန် တစ်ခဏကြာတော့ အံ့ဩမှင်တက် သွားမိတယ်။ 
ယွမ်လော့ဖုန်းရဲ့ အစနောက်သန်တဲ့ အပြုံးလေးကို ကြည့်ရင်း သခင်မလေးက သူမပြောအောင် စနောက်နေတယ် ဆိုတာ နားလည်ပါတယ်။ ဒေါသထွက်သည့်စိတ်ဖြင့် သူမ ခြေလှမ်းတွေ လေးလံလာတယ်။
“သခင်မလေး… ကျွန်မကို ထပ်ပြီးတော့ စနောက် နေပြန်ပြီ။  တော်ဝင်မိသားစုက ချင်ယန်ကို လက်မခံဘူးဆိုတာ အသိသာကြီးပါပဲ။ ဒါပေမဲ့လည်း သခင်မလေးက ဧကရာဇ် နန်းတော်ထဲကို ဝင်ရောက်မယ် ဆိုရင်တော့ သခင်မလေး အစေခံဖြစ်တဲ့ ချင်ယန်ကလည်း သခင်မလေး နောက်ကို လိုက်ပါခဲ့မှာပါ”
“သွားကြတာပေါ့”
ယွမ်လော့ဖုန်းလည်း သူမ ပခုံးကို အနည်းငယ် တွန့်လိုက်တယ်။ မနှစ်မြို့ဖွယ် ထူးဆန်းသည့် အကြည့်တွေကို သူမ မျက်ဝန်းတစ်စုံမှ တွေ့နေရတယ်။ သူမ တီးတိုး ကျိတ်ရယ် လိုက်တယ်။
“ဝူကျုံး ဘာရွေးချယ်မှုကို ပြုလုပ်မလဲဆိုတာ သိချင်မိတယ်”
ချင်ယန်လည်း သူမခေါင်းကို တွင်တွင် ညိတ်နေမိတယ်။
“သခင်မလေး ... ချင်ယန် ဒီနေ့ လော့ဖုန်း စံအိမ်တော်ကို ရောက်ခဲ့တယ်။ ဧကရီရုန်နဲ့ ထိပ်တိုက် တွေ့ခဲ့ရတယ်။ သူမ ပစ်မှတ်က ဝူကျုံးဆိုတာ သေချာတယ်။ ဝူကျုံးက သစ္စာ မရှိဘူး ဆိုရင်တော့ သခင်မလေးကို သစ္စာခံပြီး ခစားဖို့ မထိုက်တန်တော့ဘူး”
ယွမ်လော့ဖုန်းလည်း မချိပြုံး ပြုံးလိုက်တယ်။ တခြား မည်သူနဲ့မှ ဆက်မဆွေးနွေးတော့ဘဲ အိမ်တော်ခြံဝင်း အပြင်ဘက်သို့ ထွက်ခွာ သွားတယ်။ သူမ ခေါင်းကို မော့ပြီးတော့ မိုးပြာရောင် ကောင်းကင်ကြီးကို ငေးကြည့် လိုက်တယ်။ သူမ မျက်ဝန်းနက် အတွင်းမှ ဆွဲဆောင်မှု ရှိသည့် ပုံရိပ်စကို မြင်နေရတယ်။
သူမ လွေ့ကျင်း တိုင်းပြည် ဘုရင်ကို လာရောက် တွေ့ဆုံဖို့အတွက် ဒီနန်းတော်ကို လာရောက်တာ မဟုတ်ဘူး။ သူမ မိဘတွေကို သတ်တဲ့လူကို ရှင်းရှင်းလင်းလင်း သိရစေဖို့အတွက် ဒီနေရာကို လာရောက်ခဲ့တာ။
သူမ ဖြစ်စေခဲ့တဲ့ ကြီးမားတဲ့ ရန်ပွဲတွေကို အာရုံစိုက်ဖို့ မဟုတ်ဘူး။ သူမ ရန်သူ့ကို ရှာဖို့ နန်းတော်ထဲကို ဝင်လာခဲ့တာ။
နန်းတော် ခန်းမဆောင် အတွင်းမှာ အရပ်သားများနှင့် စစ်သည်တော်များ စုစည်း နေကြတယ်။ စစ်သူကြီးရိက ရာပေါင်းများစွာသော အမှုထမ်းများရဲ့ ခေါင်းဆောင် တစ်ယောက်အဖြစ် တည်ရှိနေတယ်။ စိုးရိမ်ပူပန်သည့် ပုံစံရှိနေပြီး နန်းဆောင် အတွင်းမှာ ရပ်နေသည့် ယွမ်လော့ဖုန်းကို ကြည့်နေတယ်။
သူ့အမြင်မှာတော့ ဧကရာဇ်က  သူမ ဘယ်သူလဲ ဆိုတာ သိသွားတာကြောင့် သူမကို ဆင့်ခေါ်တယ်လို့ ထင်နေတာ ဖြစ်တယ်။ ဒီလိုသာဆိုရင် သူမလေး ဘဝတော့ ဒုက္ခရောက်မှာကို သူကြောက် နေမိတယ်။
“အားလုံးပဲ ... နန်းတော်ကို ခေါ်လိုက်ရတာကတော့ ကြေညာ စရာတစ်ခု  ရှိလို့…”
အားလုံးရဲ့ အထက် ထိုင်ခုံပေါ်မှာ အဝါရောင်နဂါး ဝတ်စုံကို ဝတ်ဆင်ထားတဲ့  လူတစ်ယောက် ရှိနေတယ်။ ယောက်ျား တစ်ယောက်ရဲ့ ကြံ့ခိုင်မှု ပုံစံကိုလည်း မပြသနိုင်တော့ပေ။ သူ့မျက်နှာက ဖြူဖျော့နေတယ်။ ကြည့်ရတာတော့ လိုအင်ဆန္ဒနဲ့ တဏှာရာဂအတွက် အားအကုန် သုံးထားသည့် ပုံစံပဲ။ သူခန္ဓာကိုယ်က အလွန်မင်း ပျော့ခွေ အားနည်းနေတယ်။ လိင်ဆန္ဒနဲ့ ပတ်သက်သည့် ခွန်အားကိုသာ အသုံးပြုဖို့ တွေးတောနေသည့် ယောက်ျား တစ်ယောက်ပဲ။ ထို အကျိုးရလဒ်ကြောင့်လည်း ဒီပုံစံ ဖြစ်နေတာပေါ့။
လုံယွမ်တိုင်းပြည် ဧကရာဇ်က အရည်အချင်းမရှိတဲ့ ဧကရာဇ် ဖြစ်သော်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်တယ်။ သို့သော်ငြားလည်း မုမိသားစုကို အလွန်မင်း နှစ်သက်တော် မူတယ်။ လွေ့ကျင်းတိုင်းပြည် ဧကရာဇ်ရဲ့သုန်းက  လုံးဝကို ကိုယ်ပိုင် ဆုံးဖြတ်ချက် မချမှတ်နိုင်တဲ့ မင်းဆိုးမင်းညစ် တစ်ယောက် ဖြစ်တယ်။ တော်ဝင် မောင်းမဆောင်က ကိုယ်လုပ်တော်များနဲ့ ဘယ်လို ပျော်ပါးရမလဲ ဆိုတာကိုသာ သိသူ တစ်ယောက် ဖြစ်သည်။ တိုင်းပြည်အရေး ကိစ္စများကို စိတ်ဝင်စားခြင်း၊ ပူပန်ခြင်းများ မရှိပေ။
ရဲ့သုန်းလည်း ဟန်ဆောင် ချောင်းတုကို နှစ်ကြိမ်တိတိ ဆိုးလိုက်တယ်။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာက ဘာကိုမျှ ဂရုမစိုက်သည့် မျက်နှာပေဖြင့် ဟန်ဆောင် ဟန်တုနေတယ်။
“မနေ့က ဧကရီရုန်က မင်းသား၃ အိမ်တော်ကို အလည်သွားခဲ့ပြီး ယွမ်မိန်းကလေးနဲ့ တွေ့ခဲ့တယ် ပြောတယ်။ သူမနဲ့ တွေ့ရတော့ ရင်းနှီး ချစ်ခင်မှုကို ခံစားရလို့ သမီးတော်အဖြစ် မွေးစားချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောထားတဲ့တယ်။ ဒါကြောင့် ယွမ်မိန်းကလေးကို သမီးအဖြစ် မွေးစားမယ့် သတင်းကို ကြေညာချင်လို့ အားလုံးကို ခေါ်လိုက်ရတာပဲ”
လော့ဖုန်းစံအိမ်တော်ရဲ့ ကြီးကြပ်သူ ဝူကျုံးက ဒီမိန်းကလေးကို ကြိုက်တယ် ဆိုကတည်းက ဒီမိန်းကလေးကို နန်းတော်ကို ကြိုးတုပ်ပြီး ခေါ်လာရလည်း ကိစ္စမရှိဘူး။ ဒီကောင်မလေးကို ကြီးကြပ်ရေးမှူး ဝူကျုံးကို လက်ဆောင်ပေးလို့ တော်ဝင် မိသားစုအတွက် ကြီးမားတဲ့ အကျိုး မြတ်ရမယ်ဆိုရင် ဘာကိုမျှ ဂရုစိုက်နေစရာ မလိုအပ်ဘူး။
 
 
***

အပိုင်း(၁၈၉)

သစ္စာဖောက်ခြင်းကို လက်မခံဘူး(၁)

 
မှူးမတ်တွေ အားလုံးရဲ့ ကန့်ကွက်ခြင်းက မုန်တိုင်း တစ်ခုကဲ့သို့ ပြင်းထန် လာရတယ်။ တစ်ယောက်နဲ့ တစ်ယောက် တုန်လှုပ် ချောက်ချားစွာ ကြည့်နေမိတယ်။ သူတို့ မျက်လုံးတွေက  အံ့ဩမှင်တက်မှုကို ဖော်ပြနေတယ်။ သူတို့တွေ အားလုံးက ဒီမိန်းကလေးကို အခုမှ တွေ့ဖူးတာလေ။ ဒီမိန်းကလေးက ဧကရီ သဘောကျ နှစ်သက်လောက်အောင် ဘာအရည်အချင်းတွေ ရှိနေလည်းဆိုတာ သိချင်မိတယ်။
“ကျွန်တော်မျိုး ငြင်းဆိုတယ်”
ရဲ့သုန်းရဲ့ မကျေနပ်တဲ့ အကြည့်တွေအောက်မှာ စစ်သူကြီးရိက ဂါရဝပြုပြီးတော့ စကားဆိုလာတယ်။
“တကယ်လို့ ဧကရီရုန်က ဒီမိန်းကလေးကို သမီးအဖြစ် မွေးစားလိုက်ရင် ဒီမိန်းကလေးက လွေ့ကျင်းတိုင်းပြည်ရဲ့ မင်းသမီးတစ်ပါး ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော်မျိုး လက်မခံနိုင်ဘူး။ ကျွန်တော်မျိုးက ကျိုးကြောင်း မစဉ်းစားတဲ့ ဆုံးဖြတ်ချက်မျိုးကို ငြင်းဆိုပါတယ်”
သူအစက ကြားတဲ့သတင်းက ဧကရီရုန် တစ်ယောက် မင်းသား၃ အိမ်တော်မှ ဒေါသထွက်ပြီး ပြန်သွားတယ်လို့သာ ကြားသိခဲ့ရတာပါ။ သူမမှာ သွေးသား တော်စပ်ချင်သည့် စိတ်တွေ ဘယ်လို ဖြစ်ပြီးတော့ ဖြစ်ပေါ်လာရတာလဲ။ သူတို့မှာ ဘာအကြံစည်တွေ ရှိနေရှိနေ ဒီကိစ္စကိုတော့ သူလုံးဝ သဘောမတူနိုင်ဘူး။
“နှာမှုတ်သံ”
ရဲ့သုန်းလည်း ခနဲ့လိုက်တယ်။
“စစ်သူကြီးရိ ….. ငါ့ကိုယ်တော်မြတ် ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ။ မင်း ဘာကိုမှ ဆက်ပြောနေစရာ မလိုအပ်တော့ဘူး။ ဒီနေ့ကစပြီးတော့ သူမလေးကို  ငါ ကိုယ်တော်မြတ်ရဲ့ မွေးစားသမီးတော် တစ်ယောက်အဖြစ် သတ်မှတ်တော် မူမယ်။ နောက်မှ သူမနာမည်ကို ဆွေစဉ်မျိုးဆက် မှတ်တမ်းမှာ ထည့်သွင်းတော် မူမယ်”
အစတည်းက ရဲ့သုန်းက ယွမ်လော့ဖုန်း၏ အမြင်ကို မမေးမြန်းခဲ့ပေ။ သူ့စိတ်ထဲမှာတော့ သူမအမြင်က  အရေးမကြီးပေ။ ဧကရာဇ်တစ်ယောက် အနေနဲ့ သူမကို မွေးစားသမီးတော် တစ်ယောက်အဖြစ် အသိမှတ် ပြုပေးတာက သူမအတွက် ကံကောင်းမှုလို့ ယူဆထားတယ်။ သူ့အတွက်လည်း ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပေ။
ရဲ့သုန်းလည်း သူ့မျက်လုံးကို အနည်းငယ် စောင်းလိုက်ပြီး အသက်ရှူ မှားလောက်အောင် ချောမောလှပတဲ့ သူမမျက်နှာကို ငေးကြည့်လိုက်တယ်။ သူမကို သူ့မောင်းမဆောင်မှာ ခေါ်ထားချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာရတယ်။
လော့ဖုန်း စံအိမ်တော်က လူနဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ရမှာ ကြောင့်သာ မဟုတ်ရင် ဒီလို လှပချောမောတဲ့ မိန်းကလေးကို ဘယ်တော့မှ လက်ဆောင်အဖြစ် ပေးချင်မှာ မဟုတ်ဘူး။
“အရှင်မင်းကြီး”
ရိပုဖန်လည်း အလေးနက်ထားပြီး သစ္စာစောင့်သိသော အသံနှုန်းဖြင့်  ဖွင့်ဟပြောဆို လိုက်လေတယ်။
“ဒီကိစ္စကို ၃ကြိမ်လောက်တော့ ပြန်စဉ်းစား သင့်တယ်လို့ ထင်ပါတယ်”
“တိတ်စမ်း…”
ရဲ့သုန်းလည်း ဒေါသစိတ် ပေါက်ကွဲ ပွင့်ဟလာပြီး သူ့လက်ချောင်းများဖြင့် စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်တယ်။
“စစ်သူကြီးရိ မင်း စကားပြောတာ အတော်ကို များလွန်းသွားပြီ။  ငါကိုယ်တော်မြတ်က ဆုံးဖြတ်ချက် ပြီးတာကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”
ရိပုဖန်လည်း စိတ်ပျက်စွာ ခေါင်းကိုသာ တွင်တွင်ခါလိုက်တယ်။ နာကြည်း ခါးသက်စွာ ပြုံးလိုက်တယ်။ တော်ဝင် အကြံပေးတွေက အကောင်းမြင်တဲ့ စိတ်နဲ့ အကြံပေးတာကို ဧကရာဇ်က နားမထောင်ချင်ဘူး။
ထိုအချိန်မှာ အလွန်မင်း ချစ်ဖို့ကောင်းပြီး နားဝင်ချိုတဲ့ အသံလေးက သူတို့နားဆီသို့ အလည်ပတ် ရောက်ရှိလာတယ်။ ခန်းမထဲမှ ပတ်ဝန်းကျင်ကို ပိုပိုပြီးတော့ သာယာလှပစေတယ်။
“ရှင်တို့ အပြုအမူတိုင်း၊ စကားတိုင်းက ကျွန်မ ကံတရားကို ထိန်းချုပ်နေတာပဲ။ ရှင်တို့တွေ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ကို မေးမြန်းဖော်ရရဲ့လား”
ရဲ့သုန်း မကျေမနပ်နဲ့ မျက်မှောင်ကြုတ်နေတာကို ရပ်တန့်လိုက်ပြီးတော့ ခန်းမဆောင် အတွင်းမှ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးဘက်သို့ လှည့်ကြည့် လိုက်တယ်။
“မင်းက မွေးစားသမီးတော် ဖြစ်လာရမှာလေ။ ဘာအကျိုးယုတ်မှုမှ မရှိဘဲ အကျိုးမြတ်တွေသာ ရရှိလာမှာလေ။ တော်ဝင် မင်းသမီးဘွဲ့ မရှိဘဲ လော့ဖုန်း စံအိမ်တော်က လူက မင်းကို ဇနီးမယားအဖြစ် ယူမယ်လို့ မင်းက ထင်နေတာလား”
ရဲ့သုန်းက တိုင်းပြည် အရှင်သခင် တစ်ယောက် ဖြစ်နေသောကြောင့် သူ့မှာ မာနဝင့်ကြွားတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်တယ်။ သို့သော်လည်း  သူ လော့ဖုန်း စံအိမ်တော် အင်အားကို ရှင်းရှင်းလင်းလင်း နားလည်နေတယ်။ အထူးသဖြင့် ကြီးကြပ်ရေးမှူး ဝူကျုံးကိုပေါ့။ သူ လော့ဖုန်း စံအိမ်တော်မှာ အလုပ် မလုပ်ကိုင်ခင် ကတည်းက သူ့နာမည်က လွေ့ကျင်း တိုင်းပြည်မှာ သတင်းမွှေးနေတာလေ။ သူ့ကို ဈေးကောင်းကောင်း ပေးပြီးတော့ နန်းတော်မှာ ခေါ်ထားချင်ခဲ့တာ။ ဒါပေမဲ့ သူက လော့ဖုန်း စံအိမ်တော်ကို ရွေးချယ် သွားမယ်လို့ မထင်ထားခဲ့ဘူး။
“ဝူကျုံးက သဘောတူလိုက်ပြီလား”
ရဲ့လင်း မျက်ဝန်းတွေမှ အေးစက် ခက်ထန်မှုတွေကို ခံစားရတယ်။
လော့ဖုန်း စံအိမ်တော်မှာ သူဘယ်သူလဲ ဆိုတာကို ဖုံးကွယ်ပြီးတော့ နေထိုင်ခဲ့တယ်။  လက်ထောက် သခင်အဖြစ် နေထိုင်ရန် မိသားစုအမည် လင်းကိုသာ အသုံးပြုခဲ့တယ်။ သို့သော်လည်း လော့ဖုန်း စံအိမ်တော် အတွင်းမှ လူတိုင်းက သူ တော်ဝင် မိသားစုကို ကြိုက်နှစ်သက်မှု မရှိဘူးဆိုတာ ကောင်းစွာ နားလည်တယ်။
တကယ်ပဲ ဝူကျုံးက ဧကရီရုန် တောင်းဆိုချက်ကို လက်ခံလိုက် တာလား။ ဝူကျုံး အပြုအမူက သူ့ကို ရန်စနေတယ်ဆိုတာ ရှင်းနေတာပဲလေ။
“အတင့်ရဲလိုက်တာ”
ရဲ့သုန်း မျက်နှာပုံစံက အေးတိအေးစက် အဖြစ်သို့ ပြောင်းလဲသွားတယ်။ ခက်ထန်သော လေသံဖြင့် ဆူပူ ကြိမ်းမောင်းလေတယ်။
“ကျေးဇူး မသိတတ်တဲ့သား ငါ့အမိန့်မရှိဘဲနဲ့ ဝင်ရောက် ပြောဆိုတယ်။ မင်းကို ဝင်ပါခိုင်းလို့လား။ မင်းက လွေ့ကျင်း တိုင်းပြည်ရဲ့ ဓားစားခံတစ်ယောက် ဒါပေမဲ့ မင်းက လျှို့ဝှက်ပြီးတော့ ပြန်လာခဲ့တယ်။ အခု ငါ လုံယွမ်တိုင်းပြည်ကို အကြောင်းကြားဖို့ အတွက် လူတစ်ယောက်ကို လွှတ်လိုက်ပြီ။ သိပ်မကြာခင်မှာ လုံယွမ်တိုင်းပြည်က ပြန်လာခေါ်တဲ့လူနဲ့ လိုက်သွားလိုက်တော့”
သူ…. ရဲ့လင်းကို ဘယ်တော့မှ ပြန်ခေါ်မှာ မဟုတ်ဘူး။ ရဲ့လင်း လွတ်မြောက်လာခြင်းက တိုင်းပြည်နှစ်ခုကို စစ်ပွဲ နောက်တစ်ကြိမ် ဖြစ်လာနိုင်စေသည် ဆိုတာကိုတော့ ဘုရားသခင် သိနေမှာပါ။
ရဲ့သုန်းရဲ့ စကားကို ကြားတော့ ရဲ့လင်း နှလုံးသား တည်ငြိမ် သွားရတယ်။ သူနဲ့ ရဲ့လော်က သားတော်စပ်တာချင်း အတူတူ ဖြစ်သော်လည်း အမှန်စစ်စစ် သူတို့ ခမည်းတော်က သူတို့ ပြုမူပြောဆိုတာ ခြားနားချက်ကတော့ အနည်းငယ်မျှ ကွာခြားတာတော့ မဟုတ်ပေ။  သူ ဘာကြောင့်လည်းဆိုတာ နားမလည်ခဲ့ဘူး။ သူ စိတ်ကူးယဉ်ထားတဲ့ အတွေးနဲ့တော့ တခြားစီပါပဲ။ ဒီနေရာက သူနဲ့ မထိုက်တန်တဲ့ နေရာတစ်ခုပဲ။
 
***

အပိုင်း(၁၉ဝ)

သစ္စာဖောက်ခြင်းကို လက်မခံဘူး(၂)

 
သူ၏ အနည်းငယ် ဝေဖန်ချက်က မှူးမတ်တွေနဲ့ စစ်သည်တွေ နှလုံးကို ကွဲကြေစေတယ် ဆိုတာ ရဲ့သုန်း အနည်းငယ် နားလည် သွားခဲ့တယ်။
ရိပုဖန်လည်း ဝမ်းနည်း ပူဆွေးစွာ ရဲ့လင်းကို ငေးကြည့်လိုက်ပြီးတော့ သူခေါင်းကို တွင်တွင်ခါလိုက်တယ်။ သူ့မျက်နှာမှာ  နာကြည်း ခါးသက်သော အပြုံးတစ်ခုကို ဖော်ပြထားတယ်။ ပထမဆုံးအကြိမ်… ထိုဧကရာဇ်ကို နှလုံးသားနဲ့ ရင်းပြီး သစ္စာတော်ခံခဲ့တာကို နောင်တရမိသွားတယ်။
“ရှင် သေချာ သိသွားပြီမလား”
ယွမ်လော့ဖုန်းလည်း ရဲ့လင်းအနားကို သွားပြီးတော့ ဘေးနားမှာ ရပ်နေလိုက်တယ်။ သူမလည်း  စိတ်မကောင်းဖြစ်စွာနဲ့ အားပေးအပြုံး ပြုံးလိုက်ပြီးတော့ ခနဲ့လိုက်တယ်။
“ဒါမျိုးကို မိသားစုလို့ ခေါ်တယ် ထင်တယ်”
ရှေးယခင်တည်းက တော်ဝင်မျိုးနွယ်က အကြင်နာတရား ခေါင်းပါးကြတယ်။ မိသားစု တစ်ခုမှာ ဒီလို ဆိုးယုတ်တဲ့ ဖခင်နဲ့သား ရှိနေရတာလဲ။
ရဲ့လင်းလည်း မထီမဲ့မြင် ပြုံးလိုက်ပြီးတော့
“လုံယွမ် တိုင်းပြည်ကို ဓားစားခံအဖြစ် ပို့လိုက်တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ကျွန်တော် နားလည်ခဲ့ပြီးပါပြီ”
ရဲ့သုန်း မျက်နှာပုံစံက ချက်ချင်း တည်ငြိမ်သည့်ဘက်သို့ ပြောင်းလဲသွားသည်။ (ရုပ်တည်ကြီး ဖြစ်သွားတယ်။)
“ကျေးဇူး မသိတတ်တဲ့သား…။ တိုင်းပြည်ရဲ့ မင်းသားတစ်ပါး အနေနဲ့ တိုင်းပြည်အတွက် မင်း စွန့်လွှတ် အနစ်နာခံသင့်တယ်လေ။ မင်းက လုံယွမ်တိုင်းပြည်က ထွက်ပြေး လာရတာကို အားမရလို့ အစေခံ တစ်ယောက်ကိုပါ လက်ထပ်တော့မယ်ပေါ့။ ဒါက တော်ဝင်မျိုးနွယ် မျက်နှာကို အိုးမဲသုတ်တာပဲ။ ဒီလိုဖြစ်လာပြီ ဆိုတော့လည်း လုံယွမ်တိုင်းပြည်မှာ မင်း သေတဲ့အထိ ထာဝရ နေသွားသင့်တယ်။ အစောင့်တွေ လာခဲ့စမ်း။ လုံယွမ်တိုင်းပြည်က သံတမန်တွေလာတဲ့အထိ မင်းသား၃ကို ထောင်ထဲမှာ ဖမ်းချုပ်ထားစမ်း”
“ကျွန်တော်မျိုးတို့ အရှင်မင်းကြီး အမိန့်ကို နာခံပါ့မယ်”
တော်ဝင် သက်တော်စောင့်တွေက ရိုသေစွာ ဂါရဝပြုပြီးတော့  ရဲ့လင်း အနားကို လျှောက်လာတယ်။ များစွာသော အစောင့်တွေက ခန်းမဆောင် အတွင်းသို့ ရောက်ရှိလာပြီး ခက်ထန် မာကျောသော ပုံစံကို ဝန်းရံထားတယ်။
ယွမ်လော့ဖုန်းလည်း လက်ပိုက်ပြီး အထာကျကျ ဘာဖြစ်မလဲဆိုတာ ရပ်ကြည့် နေလိုက်တယ်။ သူမခန္ဓာကိုယ် တစ်ခုလုံးက ရက်စက်မှုကို ဖော်ပြနေသည်။ သို့သော်လည်း ချစ်ဖို့ကောင်း နေပါသေးတယ်။ မျက်ဝန်းနက် တစ်စုံက ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခုကို ဖော်ပြနေပါတယ်။
“ရဲ့လင်းကို ထောင်ထဲကို ထည့်ဖို့ ရှင်တို့မှာ အခွင့်အရေး မရှိမှာ စိုးရိမ်မိတယ်နော်”
သူမ ထိုစကားကို ပြောပြီးသည့်နောက်မှာ ခန်းမအပြင်ဘက်မှာ တေးဂီတသံကို ကြားလိုက်ရတယ်။ တစ်ခဏအတွင်းမှာ မင်္ဂလာဝေါယာဉ်ကို များစွာသော အစေခံများက သယ်ဆောင် လာကြတယ်။ မင်္ဂလာဝေါယာဉ်ကို အောက်သို့ ချလိုက်တယ်။ ရှေ့ဆုံးမှ သက်လတ်ပိုင်း အမျိုးသားက သူမတို့အနားသို့ ချဉ်းကပ်လာတယ်။
သက်လတ်ပိုင်း အမျိုးသားက အသက်၅ဝကျော်နေပြီး ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သေချာ ထိန်းသိမ်း စောင့်ရှောက်ပုံ ရတယ်။ သူ စိတ်အခြေနေက ပျော်ရွှင်နေသည့်ပုံပေ။ မသေမသပ် အမည်းရောင် နှုတ်ခမ်းမွေးများနှင့် အတူ ခန်းမအတွင်းသို့ ကျေနပ်မှု အပြည့်ဖြင့် ဝင်ရောက်လာတယ်။
“အရင်နေ့က ဧကရီရုန်က သူ့မွေးစားသမီးလေး ကျွန်တော့်ကို ချစ်ခင် နှစ်သက်တော် မူနေတယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော် ဆက်ပြီးတော့ မစောင့်နေချင်တော့ဘူး။ သူမလေးကို ဇနီးမယားအဖြစ် လက်ထပ် ထိမ်းမြားချင်ပါတယ်။ ကျွန်တော့်ဇနီးလေး ဘယ်နေရာကိုများ ရောက်နေပါသလဲ”
ဝူကျုံးလည်း လှိုက်လှိုက်လှဲလှဲ ရယ်မောပြီး ခန်းမအတွင်းသို့ လျှောက်လှမ်း လာတယ်။ သူ ခန်းမအတွင်းကို ဝင်လိုက်တဲ့ အချိန်မှာ  အလွန်မင်း ကျက်သရေရှိတဲ့ အဖြူရောင် ဝတ်စုံနဲ့ မိန်းကလေးကို သတိထားမိသွားခဲ့တယ်။ သူမကို အကဲခတ်နေရင်း သူမျက်ဝန်းက အံ့ဩမှုကို ဖုံးကွယ်ထားလို့ မရပေ။
“အမ်….”
ဝူကျုံးလည်း အသက်ရှူမှားလောက်တဲ့ မိန်းကလေးအလှကို ကျေနပ်သည်အထိ အကဲဖြတ်ပြီး နောက်ပိုင်းမှာ သူမဘေးနားမှာ ရပ်နေသည့် ရဲ့လင်းကို ဖျတ်ခနဲ ကြည့်လိုက်တယ်။ သူ့မျက်နှာက ကျောက်ရုပ် တစ်ရုပ်ကဲ့သို့ တောင့်တင်း သွားရတယ်။ သူ့မျက်လုံးက အံ့ဩမှုကို ဖော်ပြနေတယ်။
လက်ထောက် စံအိမ်သခင် ပါလား။
ဘယ်လိုဖြစ်ပြီးတော့ ဒီနေရာကို ရောက်နေရတာလဲ။ ထို့ပြင် သခင်ကို တော်ဝင်မိသားစုရဲ့ သက်တော်စောင့်တွေက ဝိုင်းထားတယ်။
လက်ရှိ အခြေအနေကို နားမလည်နိုင်တဲ့ ဝူကျုံး တစ်ယောက်လည်း သူ့ခြေလှမ်းကို ရပ်တန့်လိုက်တယ်။ သူ့စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားရတယ်။ ကံမကောင်းစွာနဲ့ ရဲ့သုန်းက သူ့ရဲ့ထူးဆန်းနေတဲ့ မျက်နှာပုံစံကို သတိမထားမိပေ။ ပြုံးရွှင်ပြီးတော့ စကားပြော လာတယ်။
“သူမက မွေးစား သမီးတော်လေးပါ။ မကြာသေးခင်ကမှ မွေးစား ထားတာလေ။ လက်ထပ် ထိမ်းမြားခြင်းဖြင့် လွေ့ကျင်းတိုင်းပြည်နဲ့ လော့ဖုန်း စံအိမ်တော်ကို အဆက်သွယ်တစ်ခု အဖြစ် ဆောင်ရွက်ပေးလိမ့်မယ်။ ကြီးကြပ်ရေးမှူး ဝူကျုံးက သူမကို ကျေနပ်မှု ရှိရဲ့လား”
ရဲ့သုန်းလည်း ယွမ်လော့ဖုန်းရဲ့ ငြင်းဆိုမှုကို လုံးဝ မေ့လျော့သွားခဲ့တယ်။ သူမ ကံတရားကို ချုပ်ကိုင်ဖို့ ကြိုးစား စီစဉ်နေတယ်။
ထိုအခြေအနေ ရောက်မှသာ  ရိပုဖန်လည်း ဧကရီရုန် သူမကို မွေးစားသမီး အဖြစ် အသိမှတ်ပြုချင်တာကို နားလည် သွားခဲ့ရတယ်။ ဒီလိုဆိုတော့  သူတို့တွေက ယွမ်မိန်းကလေးကို အသုံးချပြီးတော့ လော့ဖုန်း စံအိမ်တော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက် ချင်တာပေါ့။ ထိုကိစ္စကို သူတို့ကို သစ္စာတော် ခံထားသည့် သူ့ကို စိတ်ပျက်စေတယ်။
အားလုံး အကြည့်တွေကို သွေဖည်ပြီး ရဲ့လင်းအကြည့်က ဝူကျုံးဘက်သို့ ပြောင်းလဲသွားတယ်။ ချောမောလှပတဲ့ မျက်နှာက တစ်မူထူးခြားနေတယ်။ မချိပြုံး ပြုံးလိုက်ပြီးတော့ အထင်မြင်သေးသော အပြုံးတစ်ခုကို ဖော်ပြလိုက်တယ်။
“ခင်ဗျားကို ဒီနေရာ တွေ့ရလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့မိဘူး။ ခင်ဗျားက ကျုပ် စိတ်ပျက်အောင် ပြုလုပ်လိုက်တာပဲ”
“ကျေးဇူးကန်းတဲ့သား”
ရဲ့သုန်း မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီးတော့  ဒေါကန်စွာ ပြစ်တင် ကြိမ်းမောင်းတယ်။
“မင်းက လော့ဖုန်း စံအိမ်တော်က လူကို ဒီလို အမူအရာမျိုးနဲ့ ပြောဆိုရဲတယ်…။ မြန်မြန် ဒူးထောက်ပြီးတော့ တောင်းပန်လိုက်စမ်း”
လော့ဖုန်း စံအိမ်တော်က အင်အားနဲ့ အာဏာက မထင်မှတ်ထား လောက်အောင် ရှိန်လောက်တယ်။ နောက်ကွယ်က လူက လော့ဖုန်း စံအိမ်တော်က လူတွေကို မြင့်မြင့်မားမား အသိမှတ်ပြုထားတယ်။ ထိုလူ အမိန့်ကြောင့်သာ မဟုတ်ရင် ဒီလိုအပြုအမူမျိုးနဲ့  လော့ဖုန်း စံအိမ်တော်က လူ နှစ်သက်မှု ရရှိအောင် ကြိုးစားမှာ မဟုတ်ပေ။
 
 
***

Bạn đang đọc truyện trên: Truyen247.Pro