Chào các bạn! Vì nhiều lý do từ nay Truyen2U chính thức đổi tên là Truyen247.Pro. Mong các bạn tiếp tục ủng hộ truy cập tên miền mới này nhé! Mãi yêu... ♥

181+182+183+184+185

အပိုင်း(၁၈၁)

ကိုယ့်သေတွင်း ကိုယ်တူးသူများ(၆)

 
"သခင့်စိတ်ကူး အရမ်း ကောင်းတယ်”
ရဲ့လင်းလည်း ချင်ယန်ကို နူးညံ့ညင်သာစွာ ကြည့်ပြီး အပြုံးနှင့် စကားဆို၏။
"ချင်ယန်... မင်းလေးက ကိုယ် လက်ထပ်ချင်တဲ့ မိန်းကလေး။ မင်းရဲ့ ဇွဲလုံ့လ၊ အင်အား၊ သစ္စာရှိမှု၊ သခင်ကို ကာကွယ်ပေးတာ  အားလုံးကို ကိုယ် နှစ်သက်တယ်။ ကိုယ် မင်းကို လက်ထပ် ယူချင်သမျှ ဘယ်သူမှ ကိုယ်ကို တားဆီးလို့ မရစေရဘူး”
သူ တကယ်ကို သူမရဲ့ ကိုယ်ရည် ကိုယ်သွေးကို သဘောကျပါတယ်။ သူမနဲ့ လွန်ခဲ့တဲ့ ခြောက်လခန့် တည်းက သူမနဲ့ စကားပြောဆို ရင်းနှီးလာရာမှ သူမကို ချစ်တဲ့ ခံစားချက်က တဖြည်းဖြည်း တိုးတက် လာတယ်။
သူက ရာထူးဂုဏ် အဆင့်အတန်း ခွဲခြားတဲ့ ယောက်ျားလေး တစ်ယောက် မဟုတ်ဘူး။ သူ.... လူတစ်ယောက်ကို နက်နက်နဲနဲ ချစ်မိခဲ့ရင် သူချစ်မိတဲ့ မိန်းကလေးက သူတောင်းစား ဖြစ်လည်း သူမကို လက်ထပ်မယ်။ သူချစ်မိတဲ့ မိန်းကလေးက အသုံးအဝင်တဲ့ မိန်းကလေး ဖြစ်လည်း၊ ကောင်းကင်ဘုံ မိုးနတ်မင်း သမီးတော်ဖြစ်လည်း သူ နောက်ဆုတ်မှာ မဟုတ်ဘူး။
"ကျွန်မ ... သခင်မလေး အမိန့်ကို နာခံပါမယ်”
သူမစကားက သူမ သဘောတူကြောင်း ပြသတယ်။ ဒါပေမဲ့ သူမ ရှက်ရွံ့နေသောကြောင့် ထိုစကားကို ရဲ့လင်းအား တိုက်ရိုက် မပြောရဲပေ။
ရဲ့လင်းနှလုံးသားက ပျော်ရွှင်မှုနှင့် ပြည့်လျှံနေတယ်။ ယွမ်လော့ဖုန်း ရှေ့မှာ ဒူးထောက် လိုက်ပြီးတော့
"သခင်... ဒီလက်အောက်ငယ်သား... သခင်ကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ သခင့်ကြောင့်သာ ကျွန်တော်မျိုး ချင်ယန်နဲ့ တွေ့ဆုံခွင့် ရခဲ့တာပါ။ အခုချိန်က စပြီးတော့ သူမကို ကျွန်တော် တစ်ဘဝလုံးနဲ့ ရင်းပြီးတော့ ကာကွယ်သွားပါ့မယ်။ ဒါကြောင့် သခင် စိတ်အေးအေး ထားပါ”
ရဲ့လင်း.... ရှင်ချစ်ရတဲ့မိသားစုနဲ့ ရန်သူတွေ ဖြစ်ရမယ် ဆိုရင်တောင် ရှင် ... ချင်ယန် အနားမှာ ရပ်တည်ပေးရမယ် ဆိုတဲ့ ကတိပေးရမယ်။ ရှင် ကတိပေးနိုင်လား”
"ကျွန်တော် ကတိပေးနိုင်ပါတယ်”
ရဲ့လင်း ထိုစကားကို စိတ်ခိုင်မာစွာ ရေရွတ်လိုက်တယ်။ 
"ကောင်းပြီးလေ... ဒါဆို ရှင်တို့တွေ စေ့စပ်ထားဖို့အတွက် သင့်လျော်တဲ့ နေ့ရက်ကို ရွေးပြီးတော့ စီစဉ်တာပေါ့”
ယွမ်လော့ဖုန်းလည်း သူမနှုတ်ခမ်းကို ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် မြင့်တက်လိုက်တယ်။ ချင်ယန်... သူမကို အဖော်ပြုပေးခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါကြောင့် သေချာပေါက် သူမလေးအတွက် ခင်ပွန်းကောင်း ရှာပေးရမယ်။ အခု လက်ရှိအချိန်မှာ ရဲ့လင်းက သူမ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ အကိုက်ညီဆုံးပဲ။
"သခင် တစ်ခုတော့ သတိထားရလိမ့်မယ်။ ဧကရီရုန်က သခင်ကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ဘူး။ သူမ သေချာပေါက် ဝူကျုံးကို သွားရှာမှာပဲ။ ဝူကျုံး ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာ ကြည့်ချင်နေပြီ”
ဝူကျုံး စိတ်ဓာတ်ကို စမ်းသပ်ဖို့ အတွက်သာ မဟုတ်ရင်  သေသည့်အထိ ကြိမ်ဒဏ်ပေးဆိုတဲ့ စကားကို ပြောခဲ့သည့်အတွက် ဧကရီရုန်ကို ထိခိုက်ဒဏ်ရာ မရစေဘဲ ထွက်သွားခိုင်း လိမ့်မည် မဟုတ်ဘူး။
ယွမ်လော့ဖုန်း မျက်ဝန်းမှာ လူသတ်ချင်သည့် အငွေ့တွေ လွှမ်းခြုံနေတယ်။ သူမ ခံစားချက်မဲ့စွာ ရယ်လိုက်တယ်။
သွေးကြွေး ပြန်ဆပ်ဖို့ ဆိုတာ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ သူမမိဘတွေ သေဆုံးမှုက ဧကရီရုန်နဲ့ ဆက်စပ်မှု ရှိတယ်ဆိုရင်  ဧကရီရုန်ကို သတ်ဖို့လည်း သူမ တွန့်ဆုတ်နေမည် မဟုတ်ပေ။ ရန်သူဟောင်းနဲ့ မုန်းရတဲ့လူတွေကို သူမလက်နဲ့ တစ်ယောက်ချင်းစီ ရှင်းပစ်မယ်။
 
***
 
 
လော့ဖုန်းစံအိမ်....
ဧကရီရုန်က ခန်းမဆောင် အတွင်းမှာ ထိုင်နေတယ်။ သူမလက်မှာ လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်ထားတယ်။ သူမနှုတ်ခမ်းက ကျက်သရေရှိပြီး လှပသော အပြုံးလေးကို ပန်ဆင်ထားတယ်။
"ကြီးကြပ်ရေးမှူး ဝူကျုံး  ဒီတစ်ခေါက် လာလည်ရတာတော့ ရှင့်ကို လက်ဆောင် တစ်ခုပေးစရာ ရှိလို့ပါ”
"ဘာ လက်ဆောင်လဲ”
ဝူကျုံးက သူ့လက်ထဲမှ လက်ဖက်ရည် ခွက်ကိုသာ ကြည့်နေပြီး ဧကရီရုန်ကို လုံးဝ မကြည့်ပေ။ သူအသံက ဘာကိုမှ ဂရုမစိုက် အထင်သေးသည့် အသံ ဖြစ်တယ်။
လော့ဖုန်းစံအိမ်က လွေ့ကျင်းတိုင်းပြည်မှာ ခမ်းနားထည်ဝါသည့် အဆင့်အတန်း ရှိတယ်။ ထို့ကြောင့်လည်း ဝူကျုံးက လွေ့ကျင်းတိုင်းပြည် ဧကရီကို အထင်မြင်သေးဖို့ အခွင့်အရေး ရှိတာပေါ့။
ဧကရီရုန် စိတ်မသာမယာ ဖြစ်ရတယ်။ သို့သော်လည်း သူမနှလုံးသားထဲက မကျေနပ်ချက်ကို  ဖိနှိပ်ထားလိုက်တယ်။ အပြုံးလေးဖြင့် သူမ ဆက်ပြောလိုက်တယ်။
"ဒီလိုပါ… ငယ်ရွယ်ပြီး ချောမောတဲ့ မိန်းကလေးနဲ့ အမှတ်မထင် ရင်းနှီးသွားခဲ့တယ်။ သူမက ကြီးကြပ်ရေးမှူး ဝူကျုံးကို ကြိုက်နှစ်သက်တယ်လို့ ပြောတယ်။ သူမ ကိုယ်စား လာရောက် ပြောဆိုပေးဖို့ တောင်းဆို ထားလို့ပါ။ သူမက ကြီးကြပ်ရေးမှူး ဝူကျုံးရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်လို့ပါတဲ့။ လော့ဖုန်းစံအိမ်က အလုပ်သမား တစ်ယောက်နဲ့ သူမကို လာခေါ်ခိုင်း လိုက်ပါတယ်”
 
***

အပိုင်း(၁၈၂)

ယွမ်ရှောင်မိသားစု(၁)

 
ကြီးကြပ်ရေးမှူး ဝူကျုံးက အလှလေးတွေက လွဲရင် တခြား ဘာကိုမှ စိတ်မဝင်စားဘူး ဆိုတာ အားလုံးက သိနေခဲ့တယ်။ တစ်ယောက်ယောက်က သူနဲ့ ရင်းနှီးချင်ရင် ဒီနည်းလမ်း တစ်ခုသာ ရှိတယ်။ (အလှလေးတွေကို လက်ဆောင်ပေးတာ)
ထင်ထားတဲ့အတိုင်းပဲ... ဧကရီရုန်စကားကို ကြားပြီးသည့်နောက် ဝူကျုံး မျက်လုံး အရောင်တောက်လာပြီး စိတ်ဝင်စားမှု အပြည့် ဖြစ်သွားတယ်။
"အို့စ်"
သူ့နဖူးကို အနည်းငယ် တွန့်လိုက်တယ်။ သူ့ပုံစံက အရမ်းကို စိတ်လှုပ်ရှားနေသည့် ပုံစံဖြစ်နေတယ်။
"ဒါဆို... အဲ့ မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ။ သူမ ပုံတူ ပန်းချီကား ရှိလား”
ဧကရီရုန်းလည်း အကြံပိုင်သည့် အပြုံး ပြုံးလိုက်တယ်။ သူမလက်ကို မလိုက်ပြီး လက်ခုပ် နှစ်ချက် တီးလိုက်တယ်။
"အစောင့်တွေ ပန်းချီကားချပ် ယူလာခဲ့စမ်း”
"အမိန့်တော်မြတ် အတိုင်းပါ မယ်မယ်”
အမိန့်ပေးသံကို ကြားသည်နှင့် ဧကရီရုန်နောက်မှ နန်းတော် အစေခံနှစ်ယောက်က ပန်းချီကားကို ထုတ်ယူပြီး သွက်လက်သော ခြေလှမ်းများဖြင့် ဝူကျုံး အနားသို့ သွားတယ်။
"ဒါက မိန်းမပျိုလေး ပုံတူပန်းချီကားပါ။ ကြီးကြပ်ရေးမှူး ဝူကျုံးက သူမကို နှစ်သက်ရင် ဒီက ဧကရီကြီးက အောင်သွယ်တော် ပြုလုပ်ပေးပါမယ်။  တော်ဝင်မိသားစုရဲ့ မင်းသမီးလေး တစ်ပါးအနေနဲ့ သူမကို လက်ထပ်စေပါမယ်”
ဧကရီရုန်က ကျက်သရေရှိစွာ ပြုံးလိုက်တယ်။ ပုံမှန်ဆို ဧကရီရုန်က ပုန်းကွယ် လှုပ်ရှားတတ်သူ မဟုတ်ပေ။ သူမ ဝူကျုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးချင်တာကြောင့် တော်ဝင်မိသားစု အနေနဲ့ ယွမ်လော့ဖုန်းကို မွေးစားသမီးအဖြစ် အသိမှတ်ပြုဖို့ လိုအပ်တယ်။
ဒီနည်းလမ်းနဲ့ တော်ဝင် မိသားစုအတွက် အကျိုး ရှိလာနိုင်တယ်။
ဝူကျုံးလည်း သူ့လက်ထဲမှ ပန်းချီကားကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ မာန ဝင့်ကြွားနေတဲ့ အဖြူရောင်ဝတ်စုံနဲ့ မိန်းမပျိုလေး တစ်ယောက်။ သူနှလုံးသားက ရပ်တော့မည့် သကဲ့သို့ ခံစားရတယ်။ 
ပန်းချီကားက တကယ်ကို အသက်ဝင်တယ်။ သူမရဲ့ မျက်နှာ တစ်ခုလုံးက မာနဝင့်ကြွားနေပြီး အဖြူရောင် ဝတ်စုံလေးက လေထဲ လွင့်နေတယ်။ သူမ မေးရိုးကို မော့ထားပြီး ကောင်းကင်ပြာကြီးကို မော့ကြည့်နေတယ်။ သူမနှုတ်ခမ်းက လှောင်ပြုံး ပြုံးနေတယ်။ မိုးကောင်းကင်ကိုတောင် ဂရုမစိုက်သည့် ပုံစံအတိုင်းပင်။
"မဆိုးပါဘူး....။ အရမ်းကို ချောမောပါတယ်။  အသက်ရှူမှားသည့် အထိ ချောမောသည့် မိန်းကလေးကို သူ တစ်သက်လုံးတွင် တစ်ခါမျှ မတွေ့ဖူးပေ”
ဝူကျုံးလည်း ပန်းချီကားချပ်ကို ပြန်ပိတ်လိုက်တယ်။ သူ ရိုးသားစွာ ချီးမွမ်းလိုက်တယ်။
"ဧကရီရုန် ဒီမိန်းကလေးက ကျုပ်ကို လက်ထပ်ချင်တယ် ဆိုတာ ခင်ဗျား သေချာရဲ့လား”
ဧကရီရုန်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်တယ်။
"ဒီမိန်းကလေးက ဝူကျုံးရဲ့ ဂုဏ်သတင်းကို ကြားကတည်းက လေးစား အထင်ကြီး နေတာပါ။ သူမကို လက်မထပ်ချင်လည်း ကိစ္စမရှိပါဘူးတဲ့။ ဒါကြောင့် ကြီးကြပ်ရေးမှူး ဝူကျုံးက စိတ်အေးအေး ထားပါ။ ကြီးကြပ်ရေးမှူး ဝူကျုံးက မင်္ဂလာရှိတဲ့ နေ့ရက်လေးကို ရွေးချယ်ပြီးတော့ ပြင်ဆင် ထားလိုက်ပါ”
လော့ဖုန်းစံအိမ်ရဲ့ လွှမ်းမိုးမှုက မထင်ထား လောက်အောင် ကြီးမားတယ်။ ဝူကျုံးက သူမကို ဇနီးအဖြစ် လက်ထပ်ယူမယ် ဆိုရင် ဒီ မကောင်းတဲ့ မိန်းကလေး ပျော်ရွှင်နေမှာ သေချာတယ်။
"ဒီမိန်းကလေးရဲ့ နာမည်ကို သိခွင့်ရှိမလား”ဝူကျုံးလည်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။
"သူမ နာမည်ကိုတော့ မသိဘူး။ သူမ မျိုးရိုး နာမည်ကိုတော့ သိတယ်။ မျိုးရိုးနာမည်က ယွမ်...။
ယွမ်....။
ဝူကျုံး ထိတ်လန့် သွားရတယ်။ သူ သေချာ ပြန်စဉ်းစား ကြည့်ရင်တော့ လော့ဖုန်း စံအိမ် လက်ထောက် သခင် ပြောဖူးတာတော့ သူတို့ရဲ့ တကယ်သခင့် မျိုးရိုးနာမည်က ယွမ်တဲ့။
တိုက်ဆိုင်တာပဲ ဖြစ်သင့်ပါတယ်လေ။ သူ့အတွေးနဲ့ သူ အပျော်ကြီး ပျော်ကာ သူခေါင်းကို ခါယမ်းရင် ရယ်နေမိတယ်။ သူ သံသယ စိတ်ကို ငြင်းဆန် နေမိတယ်။
သူ သခင့်မျက်နှာကို မမြင်ဖူးဘူး။ လော့ဖုန်း စံအိမ်တော်ကို တည်ထောင် ထားတာ ဆိုတော့ အသက် လေးဆယ်ကျော် မိန်းမကြီး ဖြစ်မှာပါလေ။
ဒီမိန်းကလေးက သူတို့ သခင် မဖြစ်နိုင်ပါဘူး။
ကံမကောင်းစွာဘဲ အရာရာက သူ တွေးထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေမယ်လို့ လက်ရှိ ဝူကျုံး တွေးမိလိမ့်မည် မဟုတ်ပေ။ သူတို့သခင်က အသက် လေးဆယ်ကျော် မိန်းမပျိုကြီး မဟုတ်တာကိုတော့ ဝူကျုံး သိနိုင်မည် မဟုတ်ပေ။
သူ ထိုကိစ္စကို သိသွားရင်တော့ နောင်တရမှာ သေချာပါတယ်။
 
***
 
ဧကရီရုန် ထွက်သွားဖို့ ပြင်နေစဉ်မှာ လော့ဖုန်းစံအိမ် တံခါးပေါက်နားတွင် ချောမောသည့် မိန်းကလေး ဝင်လာသည်ကို တွေ့လိုက်ရတယ်။ သူမ မျက်နှာကို မရီမပြုံး တည်ငြိမ် သွားစေတယ်။
"နေဦး”
ဧကရီရုန်လည်း သူမလမ်းကို ပိတ်ရပ်ထားသည့် မိန်းကလေးကို ခနဲ့ပြီး မကျေမချမ်း ကြည့်လိုက်တယ်။
"နင်က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ”
ချင်ယန်လည်း ဧကရီရုန်ကို ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး။ သူမလည်း အံ့ဩ မှင်တက်စွာ ငေးကြည့်နေမိတယ်။
 
 
***

အပိုင်း(၁၈၃)

ယွမ်ရှောင်မိသားစု(၂)

 
 
“ရဲတင်းလိုက်တာ…။ ငါ့တို့ ဧကရီက နင့်ကို မေးနေတယ်လေ။ နင်က ပြန်မဖြေဘူးပေါ့”
နန်းတော် အစေခံက  ချင်ယန် တွေဝေနေတာကို တွေ့သည့် အချိန်မှာ မျက်နှာ မဲ့ရွဲ့ကာ  ချင်ယန်ကို  ကျယ်လောင်စွာ ပြစ်တင် ဝေဖန်တယ်။
သူမ သတိပြန်ဝင် လာချိန်မှာ သူမရဲ့ နှစ်သက်ဖွယ် ချစ်ဖို့ကောင်းတဲ့ မျက်နှာမှာ ပြက်ရယ်ပြုသော အပြုံး တစ်ခုကို ဖန်ဆင်းလိုက်တယ်။
“တော်ဝင် မိသားစုက ဒီနေရာကို လာနိုင်တော့ ကျွန်မကလည်း မလာနိုင်စရာ အကြောင်း မရှိပါဘူး”
“အရိုသေမဲ့တယ်”
နန်းတော် အစေခံ မိန်းကလေးက မေးဖျားကို အနည်းငယ် မော့လိုက်ပြီးတော့ ချင်ယန်ကို အထင်မြင်သေးစွာ ကြည့်နေခဲ့တယ်။
“နင်က သေးငယ်နုံချာတဲ့ အစေခံတစ်ယောက်။  နင်က ငါတို့ ဧကရီနဲ့ နှိုင်းယှဉ် ရဲတယ်ပေါ့။ ငါတို့ ဧကရီကြီးက မိုးကောင်းကင် အောက်က တိုင်းပြည် မိခင် တစ်ယောက်။ သူမက ဘယ်နေရာကို မဆို သွားနိုင်တယ်။ နင် ကိုယ် နင် ဘယ်သူ ထင်နေလဲ။ ငါတို့ ဧကရီနဲ့ ယှဉ်ဖို့ နင့်မှာ ဘာအရည်အချင်း ရှိလို့လဲ။  ဧကရီနဲ့ တွေ့ရင် ဒူးထောက် ဂါရဝပြုပြီးတော့ ဧကရီပြောတာကို နားထောင်ရမယ်လို့ နင့် သခင်က နင်ကို မသိဘူးလား”
ဒါကို သခင် အာဏာကို မှီခိုပြီး သခင်ကို တုပနေတယ်လို့ ယူဆတယ်။ ဒီ နန်းတွင်း အစေခံမက သခင် အားကိုးနဲ့ မောက်မာနေတာ။ 
သူတို့အားလုံးက အစေခံ ဖြစ်သော်လည်း သူတို့ကိုယ် သူတို့ တခြား သူတွေထက် မြင့်မြတ်တယ်လို့ ယူဆထားတယ်။ သူမတို့ အသံကို နားထောင်ကြည့်တာနှင့် ချင်ယန်ကို မကြောက်ဘူးဆိုတာ ရှင်းနေတာပဲလေ။
“ငါက အစေခံတစ်ယောက် ဖြစ်သော်လည်း ငါ ခစားမယ့် သခင်က တစ်ယောက်တည်း ရှိတယ်။ ဒီကမ္ဘာကြီးမှာ ငါ ဒူးထောက် ခစားမယ်လူက ငါ့သခင်မလေး တစ်ယောက်တည်း ရှိတယ်။ ရှင်တို့ကိုယ် ရှင်တို့ ဘာထင်နေလဲ။ ငါဆိုတဲ့ ချင်ယန်က  ခေါင်းမာတဲ့ စရိုက် လက္ခဏာ ရှိတယ်။ ဘယ်တော့မှလည်း အခွင့်အရေးကို အလွဲသုံးစား မပြုလုပ်ဘူး။ သူ တစ်ပါးကိုလည်း အာဏာ မပြနေဘူး”
စိတ်ဓာတ် ကြံ့ခိုင်မှုကို ဘာကိုမျှ ဂရုမစိုက်သည့် ချင်ယန် မျက်နှာမှာ မြင်တွေ့နေရတယ်။ သူ မမေးငေါ့ပြီး ဘာကိုမှ ကြောက်ရွံ့သည့် ပုံစံ မရှိပေ။ သူမ၏ တောက်ပသည့် မျက်ဝန်းက ကြည်လင်သည့် စမ်းရေကဲ့သို့ အဆင်း ရှိတယ်။
“နင်….”
ထိုအစေခံမက သူမကို ဒီလို အပြုအမူမျိုးနဲ့ ပြောရဲမယ်လို့ ဧကရီရုန် မထင်ထားခဲ့ပေ။ ဒေါသစိတ်ကြောင့် သူမမျက်နှာကို အနီရောင်သို့ ပြောင်းလဲ သွားစေတယ်။ သူမ လက်ကို ဆန့်လိုက်ပြီး ချင်ယန် နှာခေါင်းနားကို ညွှန်းလိုက်တယ်။
“နင်က မင်းသား၃ ကိုယ်လုပ်တော် ဖြစ်ချင်တယ် ဆိုကတည်းက ဒီလို အပြုအမူမျိုး မပြုလုပ်သင့်ဘူး။ အစောင့်တွေ ဒီကောင်မလေးကို ဖမ်းလိုက်စမ်း။ သူမကို နန်းတော်ကို ပို့မယ်။ အကြီးကဲတွေကို ဘယ်လို လေးစားရမလဲ ဆိုတာ သူမကို သင်ပေးရမယ်။ တော်ဝင်မိသားစုရဲ့  ချွေးမ တစ်ယောက် ဖြစ်လာနိုင်ဖို့ သင်ပေးရမယ်”
သူမ နောက်ဆုံး စကားပြောပြီးသည့် နောက်မှာ  ဧကရီရုန် အံကြိတ်လိုက်တယ်။ ခက်ထန် ကြမ်းတမ်းသည့် သူမ ပုံစံက ချင်ယန်ကို ဝါးစားတော့မည့် အတိုင်းပင်။
ထိုအချိန် တစ်ခဏလေး အတွင်းမှာ အစေခံမက သူမကို အရိုအသေမဲ့စွာ ဆက်ဆံရဲတယ်။ အခုချိန်မှာ သူမ သင်ခန်းစာ မပေးရင်  အနာဂတ်မှာ လွေ့ကျင်း တိုင်းပြည်မှာ သူမ အမိန့်ကို မနာခံရဲတဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်။
“အမိန့်တော် မြတ်အတိုင်းပါ မယ်မယ်”
နန်းတော်အစေခံ တချို့က သူတို့ အင်္ကျီလက်ကို ခေါက်တင် လိုက်ပြီးတော့ ချင်ယန် အနားသို့ လျှောက်လှမ်း လာတယ်။ သူတို့တွေ မျက်နှာပုံစံက သူတစ်ပါးကို မကောင်းကြံချင်နေတဲ့ မြေခွေး မျက်နှာတွေဆိုတာ သေချာတယ်။ သူတို့ မျက်လုံးတွေက အတိတ် နိမိတ် မကောင်းသော ပုံရိပ်တွေကို ထုတ်လွှင့်နေတယ်။
“ရှင်က ကျွန်မကို စည်းမျဉ်းတွေ သင်ပေးနိုင်မယ် ထင်နေတာလား။ ရှင်တို့မှာ အခွင့်အရေး ရှိတယ် ထင်နေတာလား” ချင်ယန် ခနဲ့လိုက်တယ်။
သခင်နဲ့ အစေခံက စိတ်နေ စိတ်ထား တူတယ်ဆိုတဲ့ စကားက သိပ်မှန်တယ်။ ဒီခြောက်လ အတွင်းမှာ ချင်ယန် တခြား အရာတွေကို သင်ယူရတာထက် ယွမ်လော့ဖုန်းကဲ့သို့ မာန ထောင်လွှားခြင်းကို သင်ယူခဲ့တယ်။ သူမ နားလည်တာကတော့ သူမက သခင်မလေးရဲ့ အစေခံတစ်ယောက်။ သူမက သခင်မလေးကို သိက္ခာ မကျဆင်း စေရဘူး။ ဘာပဲဖြစ်ဖြစ် သခင်မလေး ရန်သူတွေကို သူမ အားနည်းချက်ကို ပြသမည် မဟုတ်ပေ။
ဘန်း….။
နန်းတော် အစေခံတွေက ချင်ယန် လက်မောင်းကို ဖမ်းဆုပ်ကိုင်လိုက်သည့် အချိန် တစ်ခဏလေး အတွင်းမှာ ချင်ယန် ခန္ဓာကိုယ်မှာ စွမ်းအား ပွင့်ဟ ထွက်လာပြီး  အစေခံများကို အဝေးသို့ ချက်ချင်း လွင့်ထွက် သွားစေတယ်။ သနားစရာ ကောင်းစွာ မြေပြင်ပေါ်သို့ လဲကျသွားတယ်။
ဧကရီရုန် ကျောက်ရုပ် တစ်ရုပ်ကဲ့သို့  မလှုပ်မယှက် ဖြစ်သွားရတယ်။ တခြားလူ တစ်ယောက်ကို ခစားရင် သူမကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပေ။
“မကောင်းတဲ့ မိန်းကလေး  ညည်း မင်းသား၃ ကိုယ်လုပ်တော် ဖြစ်ချင်ရင် ငါဧကရီကြီးရဲ့ ခွင့်ပြုချက် လိုအပ်တယ်။ ညည်းက စည်းကမ်း မလိုက်နာဘူး ဆိုရင်တော့ ဒီကိစ္စကို ဧကရာဇ်ကို တိုင်ကြား ရလိမ့်မယ်။ ဒီတစ်သက်… ရဲ့လင်းနဲ့ အတူတူ နေရမယ်လို့ မမျှော်လင့်နဲ့”
ချင်ယန်လည်း မျက်နှာဖြူနေတဲ့ ဧကရီရုန်ကို အထင်မြင်သေးစွာ ကြည့်လိုက်ပြီးတော့ မကျေမနပ် ပြောလိုက်တယ်။
“မင်းသား၃ရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်တယ်လို့ ကျွန်မက ဘယ်တုန်းကမှ မပြောခဲ့ပါဘူး”
သူမ သဘောကျ နှစ်သက်တဲ့ လူက ရဲ့လင်း….။ ရဲ့လင်းက မင်းသား ဖြစ်ချင်ရင် သူမက သူ့ကိုယ်လုပ်တော် ရာထူးကို ယူမယ်။ တကယ်လို့ သူက မင်းသားတစ်ပါး မဖြစ်ချင်ရင် သူမက သူ့ရဲ့ အနာဂတ် ဇနီးလောင်း နေရာကိုသာ ယူမယ်။ 
 
***

အပိုင်း(၁၈၄)

ယွမ်ရှောင်မိသားစု(၃)

 
“ကောင်းပြီလေ။ ညည်းစကား ညည်း မှတ်ထားလိုက်”
စိတ်ပျက်မှု အရိပ်ယောင်ကို ဧကရီရုန် မျက်နှာမှာ မြင်နေရတယ်။ သူမ တစ်သက်တွင် ထိုကဲ့သို့ သူမကို အာခံရဲတယ် မိန်းကလေးမျိုး မတွေ့ဖူးခဲ့ပေ။ သူမအကြည့်ကို အစေခံမမှ တစ်ဆင့်  လော့ဖုန်း စံအိမ်တော် အစေခံ ဘက်သို့ ပြောင်းလဲလိုက်တယ်။ သူမ အံကြိတ်ပြီးတော့ သူမ  မကျေနပ်ချက်ကို အစေခံဘက်သို့ အပြစ်ပုံချလိုက်တယ်။
“လော့ဖုန်း စံအိမ်တော်က သက်တော်စောင့်တွေက အတော်ကို တာဝန် ပေါ့လျော့တာပဲ။ လူတိုင်းကို အိမ်တော်ထဲ ဝင်ခွင့် ပြုတယ်။ စစ်ဆေးခြင်းလည်း မရှိဘူး။ ကြီးကြပ်ရေးမှူး ဝူကျုံး သိသွားရင် မင်း တာဝန် ဘယ်လို ယူမလဲ။ ပြစ်ဒဏ်ပေးတာ ခံယူချင်နေတယ် ထင်တယ်”
“စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ဧကရီရုန်…”
ဧကရီရုန် စကားပြောသံ ကြားတော့ အစေခံက ကင်းလှည့်နေတာကို ရပ်လိုက်တယ်။ သူ မျက်နှာကို မျက်နှာချိုသွေးကာ ပြုံးထားတယ်။
 ဧကရီရုန် မျက်နှာမှာ ကျေနပ်ပီတိ ဖြစ်နေသည့် အပြုံးတစ်ခု ပေါ်ပေါက်လာတယ်။ ချင်ယန်ကို  လော့ဖုန်း စံအိမ်တော် အပြင်ဘက်ကို မောင်းထုတ်ပစ်ဖို့ အစေခံတွေကို ညွှန်ကြားဖို့ ပြင်နေဆဲမှာ  အစေခံ ပြောနေသည့် လေသံ ပြောင်းသွားမယ်လို့ သူမ မထင်ထားခဲ့ပေ။
“မယ်မယ် ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ လော့ဖုန်း စံအိမ်တော်က လူတိုင်း ဝင်လို့ ရတဲ့ နေရာ မဟုတ်ပါဘူး။ ဒါကြောင့် ဧကရီရုန်ကို ထွက်သွားပေးဖို့ တောင်းဆိုပါတယ်”
ဧကရီရုန် မျက်နှာအမူအရာက ခက်ထန်မာကျော သွားတယ်။ သူမ အံ့ဩရလွန်းလို့ မျက်လုံး ပြူးကျယ်သွားရတယ်။ သူမရဲ့ ဖြူဖျော့သည့် လက်ချောင်းလေးတွေက  လော့ဖုန်း စံအိမ်တော်မှ အစေခံကို ဒေါသထွက်စွာ လက်ညှိုး ထိုးလိုက်တယ်။ သူမ မယုံကြည်နိုင်သည့် လေသံဖြင့် မေးလိုက်တယ်။
“ဘာပြောလိုက်တယ် ထပ်ပြောလိုက်စမ်းပါ”
“ဧကရီရုန်  ဒီနေရာက ကျွန်တော်တို့ရဲ့ လော့ဖုန်း စံအိမ်တော် ပိုင်နက်ပါ။ ဧကရီရုန် … ဒီနေရာမှာ ပြဿနာ ရှာချင်တယ်ဆိုရင် မယ်မယ်တို့ကို မောင်းထုတ်ဖို့ တစ်ယောက်ယောက်ကို ခေါ်ရလိမ့်မယ်”
 အစေခံက ခေါင်းကို အနည်းငယ် ကွေးညွတ်လိုက်တယ်။ သူ့အပြုအမူက ရိုသေ ကျိုးနွံသည့် ပုံစံ မဟုတ်သလို နှိမ်ချသည့် ပုံစံမျိုး မဟုတ်ပေ။
“ငါက ကြီးကြပ်ရေးမှူး ဝူကျုံးကို တိုင်မှာ မကြောက်ဘူးလား”
ဧကရီရုန် ဒေါသတွေ ပေါက်ကွဲ ထွက်လာတယ်။ အံကြိတ်ထားလိုက်ပြီးတော့  ဒေါသထွက်စွာ ရေရွတ်နေမိတယ်။
ထိုစကားသံကို ကြားတော့ အစေခံမျက်လုံးမှာ ပမာမခန့်ပုံစံ ပေါ်ပေါက်လာတယ်။
“လော့ဖုန်း စံအိမ်တော် ပိုင်နက်မှာ  တခြားလူတွေ ညစ်ပေအောင် ပြုလုပ်တာ ကာကွယ်ချင်တာပါ။ တခြား အရာတွေ မရည်ရွယ်ပါဘူး။ ဒါကြောင့် ဧကရီရုန်က  တိုင်လို့ ကြီးကြပ်ရေးမှူးက အပြစ်ပေးမယ် ဆိုရင်လည်း ကျွန်တော် ကံမကောင်းဘူးလို့သာ ယူဆလိုက်ပါမယ်”
“ကောင်းပြီလေ”
ဧကရီရုန် အကြည့်က ပိုပြီးတော့ ခက်ထန် မာကျောလာတယ်။ ချင်ယန်ကို မကျေနပ် ဒေါသဖြစ်နေရာမှ သူ့ဒေါသက လော့ဖုန်း စံအိမ်တော် အစေခံဘက်သို့ ပြောင်းလဲ သွားရတယ်။
“ဒီနေ့ ကိစ္စကို သေချာ မှတ်ထားလိုက်….။ နင် တို့အားလုံး သတိထားပြီးတော့ နေလိုက်...။ ငါ နင်တို့ကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ဘူး”
ဘာပဲဖြစ်ဖြစ် ဒီနေရာက လော့ဖုန်း စံအိမ်တော် ပိုင်နက် အတွင်းမှာသာ ရှိနေသေးတယ်။  သူမ အလျင်စလို ပြုမူလို့ မရသေးဘူး။ ဒီအစေခံက မကောင်းတဲ့ ကောင်မကို ကူညီပေးနေ ကတည်းက သူတို့နှစ်ယောက်က စိတ်ကူးယဉ် အချစ်ဇာတ်လမ်းလေး ရှိနေမှာ သေချာတယ်။   သူတို့ကို ပြန်လာပြီးတော့ ပြဿနာ မရှာခင်မှာ ဝူကျုံးရဲ့ ယုံကြည်မှုကို ရယူနိုင်ဖို့ လိုအပ်တယ်။
“သွားမယ်”
ထိုအကြောင်းကို တွေးမိရင်း ဧကရီရုန်လည်း သူမအသံက လေးလံလာသလို ဖြစ်လာရတယ်။ သူလည်း စိတ်ပျက်စွာ အမိန့်ပေးလိုက်ရတယ်။ သူမ ဒီရန်ငြိုးကို မှတ်ထားလိုက်မယ်။
“ဟုတ်ကဲ့….. မယ်မယ်”
နန်းတော် အစေခံက ရိုသေစွာ ပြန်လည် ဖြေကြားတယ်။  လွေ့ကျင်း တိုင်းပြည် မိခင် တစ်ယောက်ဖြစ်တဲ့ ဧကရီရုန်က လော့ဖုန်း စံအိမ်တော်က လူတွေကို နှစ်သက် သဘောကျနေရလည်း ဆိုတာ သူမတို့တွေ  နားမလည်နိုင်ဘူး။
အစေခံ တစ်ယောက်နဲ့ ရင်ဆိုင်ရတာတောင် စိတ်ရှိတိုင်း ပြုမူလို့ မရဘူး။
“မိန်းမကလေး ချင်ယန်”
ထိုအစေခံက ဒေါသနဲ့ ပြန်ထွက်သွားတဲ့  ထပ်ကြည့်မနေတော့ဘဲ ချင်ယန်ဘက်သို့ လှည့်လိုက်တယ်။ ချင်ယန်ကို ရိုသေစွာ ဂါရဝပြုလိုက်တယ်။
“ရှင့်နာမည် ဘယ်လို ခေါ်လဲ”
ချင်ယန်လည်း သူမ မျက်ခုံးကို မြှင့်တင်လိုက်ပြီး သူမ ရှေ့မှာ ရပ်နေတဲ့ အမျိုးသားကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။
“ကျွန်တော့်နာမည်  ဖန့်ယုပါ။ မိန်းကလေး ချင်ယန်မှာ တခြား ဘာအရေးကိစ္စ ရှိသေးလို့ပါလဲ”
ဖန့်ယုအသံက အရမ်း ရိုသေကျိုးနွံနေသည့် ပုံစံ မဟုတ်သော်လည်း ဧကရီရုန်နဲ့ ပြောဆိုခဲ့သည့်ထက် ပိုပြီးတော့ လေးစားမှု ရှိတယ်။
ချင်ယန်က ဘယ်သူလဲ ဆိုတာကို သူ သေချာ မသိသော်လည်း  ဒီနှစ်ဝက် အတွင်းမှာ  ချင်ယန်ကို လက်ထောက်သခင် ဘေးနားမှာ အမြဲတွေ့ရတယ်။ သူတို့ စကားပြောတာကို ကြည့်ရတာ သူငယ်ချင်းတွေ ဖြစ်ပုံရတယ်။
ထိုအချက်နဲ့ ချင်ယန်က လက်ထောက် သခင်ကဲ့သို့ လော့ဖုန်း စံအိမ်တော် သခင် လက်အောက်ငယ်သား ဖြစ်မယ်လို့ အားလုံးက ခန့်မှန်းထားတယ်။ ဒါကြောင့်လည်း လက်ထောက်သခင်က သူမကို လေးစား ယုံကြည်တာပေါ့။
“အလုပ်ကို သေချာ လုပ်ကိုင်တာပဲ” ချင်ယန် ကျေနပ်စွာ ခေါင်းညိတ် လိုက်တယ်။
“ဒီလို ပြဿနာမျိုးကို ဖြေရှင်းနိုင်တဲ့လူဆိုတာ ရှားသွားပြီ။ ဒီကိစ္စကို သခင်ကို တင်ပြပေးပါမယ်။ ရှင်ကို ရာထူးတိုးပေးပါ့မယ်”
ချင်ယန်ပြောတဲ့ သခင်က လော့ဖုန်း စံအိမ်တော်ရဲ့ စစ်မှန်တဲ့ သခင် ဖြစ်ပြီးတော့ လက်ထောက် သခင်ကို ဆိုလိုတာ မဟုတ်ပေ။
သူမ စကားကို ကြားတော့ ဖန့်ယု အံ့ဩ မှင်တက် သွားရတယ်။  ထွက်ခွာသွားတဲ့ ချင်ယန်ကို ငေးကြည့်နေရင် မျက်ခုံး အနည်းငယ် မြင့်တက်လိုက်တယ်။ သူ့အကြည့်မှာ နက်နက်နဲနဲ အံ့ဩ ထိတ်လန့်မှုတွေ ပါဝင်နေတယ်။
ထင်တဲ့အတိုင်းပဲ မိန်းကလေး ချင်ယန်က  သခင့်အနားက လူယုံတစ်ယောက်ပဲ။ ရာထူးတိုးတော့မယ်ဆိုတဲ့ အတွေးက ဖန့်ယု စိတ်ကို လှုပ်ခတ်စေတယ်။
***

အပိုင်း(၁၈၅)

ယွမ်ရှောင်မိသားစု(၄)

 
“ရှောင်…. ရှင်က ဒီနေရာကို ရောက်နေတာပဲ။ ရှင်ကို ရှာဖို့ အတော်ကို အားထုတ် လိုက်ရတယ်”
တိမ်မည်းတွေ အုံ့ဆိုင်းနေတဲ့ တောအုပ်အတွင်းမှာ အနီရောင် ဝတ်စုံနဲ့ မိန်းကလေးက အမျိုးသား တစ်ယောက်ကို လျှောက်လှမ်း လာတယ်။ သူမ မျက်လုံးတွေက နူးညံ့ ညင်သာမှုနှင့် တမ်းတမှုကို ဖော်ပြနေတယ်။   သူမ မျက်ဝန်းအတွင်းမှာ  အမျိုးသား တစ်ယောက်ရဲ့ ခံစားမှုမဲ့တဲ့ ပုံရိပ်ကို မြင်နေရတယ်။
ထိုအမျိုးသားက မျက်နှာကို ရေခဲကဲ့သို့ အေးစက်တဲ့ မျက်နှာဖုံးဖြင့် ဖုံးကွယ် ထားတယ်။ တခြားသူတွေကို သူ့ကို ချဉ်းကပ်တာကို ကာကွယ်ရန် အေးစက်သော အရှိန်ဝါကို ထုတ်လွှင့်နေတယ်။
“ဒီအချိန် အတောအတွင်းမှာ ရှင့်ကို ရှာနေတဲ့ လူအုပ်စု နှစ်စု ရှိတယ်။  တစ်ယောက်က ဝိညာဉ်မျိုးနွယ်စုက သမီး ဖြစ်ပြီး နောက်တစ်ယောက် ကတော့ ရှောင်မိသားစုကပါ။  သူတို့တွေ အားလုံးက ရှင့်နာမည်ကို မဖော်ပြထား သော်လည်း  သူတို့ရှာနေတဲ့လူက ရှင်ဆိုတာ သေချာပါတယ်”
ယွမ်ရှောင်လည်း သူ၏ ပါးလွှာပြီး နီရဲတဲ့ နှုတ်ခမ်း ပါးလေးတွေက  မချိပြုံး ပြုံးလိုက်တယ်။ အနီရောင် ဝတ်စုံနဲ့ အမျိုးသမီး ပြောနေသည့် စကားတွေကို နားမထောင်သည့် သဘောမျိုးဖြင့် သူ့အကြည်ကို သူအနားက မြေကြီးပေါ်ကိုသာ ကျဆင်းစေတယ်။  
“ဝိညာဉ်မျိုးနွယ်စုက သမီးက ငါ့ကို ဘာလို့ ရှာနေရလဲဆိုတာ နားမလည်နိုင်ဘူး”
အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးက ရှက်ကိုး ရှက်ကန်းဖြင့် ပြုံးလိုက်တယ်။ သူမ၏ လှပတဲ့ မျက်ဝန်းတွေက နေရောင်ခြည်မှ ဖြာဆင်းလာတဲ့ ရောင်ပြန် အလင်းလှိုင်းကဲ့သို့ အရောင် တောက်နေတယ်။
“ပြောရမယ် ဆိုရင်တော့ ရှင်က အရမ်းကို ဆွဲဆောင်မှု ရှိတယ်။ မျက်နှာဖုံး တပ်ထားလည်း မိန်းကလေးတွေ အများကြီးကို ဆွဲဆောင်နိုင် သေးတယ်။ ရှင့်မျက်နှာဖုံးကိုသာ ဖယ်ရှားလိုက်ရင် ရှင်ကြောင့် မိန်းကလေး ဘယ်နှယောက်လောက် အရူးမူး ဖြစ်မလည်း ဆိုတာ ကျွန်မ သေချာ မသိနိုင်လောက်တော့ဘူး”
ကံမကောင်းစွာနဲ့ ထိုအမျိုးသားက ခံစားချက် ကင်းမဲ့တယ်။ သူ့ရဲ့ အမည်းရောင် မျက်ဝန်းတစ်စုံက  တည်ငြိမ်လွန်းတယ်။ မိန်းကလေးတွေ မာယာ ကျော့ကွင်းကို ရှောင်ရှားနိုင်တယ်။ သူ့ကို စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်တဲ့ လူတစ်ယောက် ဒီလောကကြီးထဲမှာ ရှိမယ်ဆိုရင် သူမ ထိုလူကို သိချင်မိတယ်။
“ရှောင် မျိုးနွယ်စုက…..”
သူမ စကားကို ယွမ်ရှောင်က နားမထောင်သည်ကို မြင်ရတော့ အနီရောင် ဝတ်စုံနဲ့ မိန်းကလေး အတွက်တော့ စိတ်အနှောင့်ယှက် မဖြစ်စေပါဘူး။ သူမ အပြုံးလေးနဲ့ ဆက်ပြောလိုက်တယ်။
“ကျွန်မ ကြားဖူးတာတော့ ရှောင်မျိုးနွယ်စုမှာ အသုံးမဝင်တဲ့ သခင်လေး တစ်ယောက် ရှိခဲ့တယ်တဲ့။ သူ အသက်၇နှစ်မှာ အိမ်တော်က မောင်းထုတ် ခံခဲ့ရတယ်တဲ့။ ထိုအချိန်တည်းက စပြီးတော့ သူနဲ့ ပတ်သက်တဲ့ သတင်း တစ်စုံတစ်ရာ မကြားရတော့ဘူး။ ရှောင်မိသားစုက သခင်လေးက ရှင်နဲ့ ဘယ်လို ဆက်စပ်မှု ရှိတာလဲ”
သူမ စကားပြောနေစဉ်မှာ လှပတဲ့ သူမမျက်လုံးတွေက ယွမ်ရှောင်ကို ခိုးခိုး ကြည့်နေမိတယ်။ သူမကို စိတ်ပျက်စေတာက ဒီလူက သူမပြောတာကို အစတည်းက အာရုံမထားဘူး။ သူမက အသေးဖွဲ ကိစ္စလေးကို ပြောနေသည့် အတိုင်းပင်။
ယွမ်လော့ဖုန်း ဒီနေရာမှာသာ ရှိနေခဲ့ရင် သူ့မိသားစုက မောင်းထုတ် ခံလိုက်ရတဲ့ ကောင်လေးက ယွမ်ရှောင်ဆိုတာ ခန့်မှန်းမိမှာပါ။
ဘာအကြောင်းပြချက် ကြောင့်လည်း ဆိုတာတော့ သူမသိဘူး။ ယွမ်ရှောင် ခန္ဓာကိုယ်က စိတ်စွမ်းအား လေ့ကျင့်လို့ မရနိုင်ဘူးလို့ သတ်မှတ်ခံခဲ့ရတယ်။ သူ့အသက် ၁ဝနှစ်မတိုင်ခင်ထိ စိတ်စွမ်းအား ကျင့်ကြံဖို့ မဖြစ်နိုင်ခဲ့ဘူး။ သူ့အသက် ၁ဝနှစ်ရောက်တော့မှ စိတ်စွမ်းအား ကျင့်ကြံနိုင်ခဲ့တယ်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားတွေ တိုးတက်ပြီး ပေါက်ကွဲထွက် လာရတယ်။ ရှောင်မျိုးနွယ်ကဲ့သို့ ကြီးမားတဲ့ မျိုးနွယ်စုက သူတို့ မောင်းထုတ်လိုက်တဲ့ ကောင်လေးက အရည်အချင်း မြင့်မားတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့ ထင်ထားခဲ့မှာ မဟုတ်ပေ။
“ရှောင်”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက ချိုသာစွာ ပြုံးလိုက်တယ်။
“ရှောင်မိသားစုက ရှင့်ပုံစံ အစစ်မှန်ကို မသိသေးပါဘူး။ မာနဝင့်ကြွားနေတဲ့ ရှောင်မိသားစုက ရှင့်လက်ရှိ အင်အားကို မသိစေချင်ဘူး မလား။ ကျွန်မ ရှင့်နောက်ကိုလိုက်ဖို့ ခွင့်ပြုမယ်ဆိုရင် ဒီလျှို့ဝှက်ချက်ကို လုံခြုံစေဖို့ ကျွန်မ ကူညီပါ့မယ်။ ဘယ်လိုလဲ…။ သဘောတူလား”
သူမမျက်ဝန်းမှာ မျှော်လင့်ချက် ရောင်ခြည်တွေ သန်းနေတယ်။
“ကျွန်မက ရှင့်ဇနီးနေရာကို တောင်းဆိုနေတာ မဟုတ်ပါဘူး။ ရှင့်ဘေးနားမှာ နေချင်ရုံလေးပါ။ ရှင့်အတွက် ရေပူ၊ ရေအေး ကမ်းပေးရတဲ့ မိန်းကလေး တစ်ယောက် ဖြစ်ချင်ခဲ့တာပါ”
ယွမ်ရှောင် အကြည့်က အနည်းငယ် ပြောင်းလဲ သွားတယ်။ သူ့ရဲ့ စိတ်မပါသော အကြည့်တွေနဲ့ အနီရောင် ဝတ်စုံနဲ့ မိန်းကလေး ကြည့်လိုက်တယ်။ စိတ်ပျက်စွာ ပြောလိုက်တယ်။
“လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်တဲ့ လူအမျိုးအစား တစ်မျိုး ရှိသေးတယ်။ ဘာလဲဆိုတော့ သေသွားတဲ့လူလေ”
အနီရောင်ဝတ်စုံနဲ့ မိန်းကလေး အမူအရာက ပြောင်းလဲသွားတယ်။ သူမ နှုတ်ခမ်းကို တစ်တိတိ ကိုက်နေတယ်။
“ရှောင် …. ရှင်…..”
“ငါ့နာမည်က ယွမ်ရှောင်…။ ရှောင်ဆိုတဲ့ နာမည်ကို ခေါ်ဖို့ မင်းမှာ အရည်အချင်း မရှိဘူး”
“ခစ်ခစ်”
အနီရောင် ဝတ်စုံနဲ့ မိန်းကလေးက နာကြည်းစွာ ရယ်လိုက်တယ်။ ထိုလူရဲ့ အရှိန်အဝါနဲ့ ဖိနှိပ်ထားတာကြောင့် သူမခန္ဓာကိုယ်က   ကြီးမားတဲ့ တောင်အောက်သို့ နစ်ဝင်သွားသကဲ့သို့ ခံစားရတယ်။
“သရဲဘုရင်က ခံစားချက်မဲ့ပြီး ရက်စက်တဲ့  လူသား တစ်ယောက်လို့ သာမန်လူတွေ ပြောနေတာ အမှန်ပဲပေါ့။ ကြင်နာ သနားတတ်မှုလည်း မရှိဘူး။ မိန်းကလေးတွေကိုလည်း မကာကွယ်ပေး တတ်ဘူး။ တခြားလူတွေ ပြောနေတာက သေချာပေါက် မှန်နေတာပဲ”
ယွမ်ရှောင် အသံက တည်ငြိမ်နေတယ်။ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကို အကြင်နာ ကင်းမဲ့စွာ ကြည့်လိုက်တယ်။
“ငါဆိုတဲ့ ယွမ်ရှောင်က မိန်းကလေး တစ်ယောက်ကိုသာ ကြင်နာမှုဖြင့် ပြောဆိုနိုင်တယ်။ အဲဒီမိန်းကလေးက မင်း မဟုတ်ဘူး”
 

***


Bạn đang đọc truyện trên: Truyen247.Pro