
171+172+173174+175
အပိုင်း(၁၇၁)
ကောက်ကျစ်စဉ်းလဲသော ဧကရီရုန်(၅)
အချိန် အတော်ကြာသည့်အထိ တွေဝေ မိန်းမော နေပြီးနောက် ရဲ့လော့ မေးလိုက်တယ်။
“သူမက လော့ဖုန်း စံအိမ်တော်က အရေးပါတဲ့လူကို ဖြားယောင်း သွေးဆောင်ဖို့ အတွက် သဘောတူပါ့မလား”
ထိုစကားကို ကြားတော့ ဧကရီရုန် သရော်လိုက်ပြီး သူမ နှုတ်ခမ်းကို လှောင်ပြောင် သရော်သည့် ပုံစံ ဘက်သို့ ပြောင်းလဲပြီး တွန့်ကွေးလိုက်သည်။
“သားတော် သြဇာ အာဏာရှိသည့် ယောက်ျား တစ်ယောက်၏ ချစ်ခင်မှုကို မနှစ်သက်တဲ့ မိန်းကလေးဆိုတာ လောကကြီးမှာ မရှိဘူး။ အခုချိန်မှာ လော့ဖုန်း စံအိမ်တော်က နေ့လယ်ခင်းမှာ ထွန်းတောက်နေသည့် နေရောင်ခြည် အတိုင်းပဲ။ မယ်တော်တို့ တော်ဝင်မိသားစုလည်း သူတို့ကို လေးစားရတယ်။ သူတို့အတွက် စဉ်းစားပေးရတယ်။ စဉ်းစား ကြည့်မယ်ဆိုရင် ထိုမိန်းကလေးက ဒီအခွင့်ရေးပေးလို့ မယ်တော်တို့ကို ကျေးဇူးတင်နေမယ်လို့ ခံစားရတယ်။ မယ်တော်တို့ ကြောင့်သာ မဟုတ်ရင် လော့ဖုန်း စံအိမ်တော်က ထိပ်တန်း အရေးပါ အရာရောက်သူနှင့် တွေ့ခွင့်ရမည် မဟုတ်ပေ”
ညအလင်းရောင် အောက်မှာ မိန်းကလေး တစ်ယောက်သည် လရောင်အောက်မှာ မတ်တတ် ရပ်နေသည်။ သူမ၏ အဖြူရောင် ဝတ်စုံလေးသည် လေထဲမှာ တလွင်လွင် ဖြစ်နေသည်။ ထိုအဖြူရောင် ဝတ်စုံသည် နှင်းကဲ့သို့ ဖြူဖွေးသည့် အဆင်းရှိသည်။ မည်းမှောင်သော ညကောင်းကင်ယံနှင့် အတူတူ အပြိုင် လှပနေသည်။
သို့သော်လည်း ည၏ တိတ်ဆိတ်ခြင်းသည် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ သစ်ပင်ပေါ်မှာ ပုစဉ်း ရင်ကွဲသံကိုသာ ကြားနေရသည်။
ယွမ်လော့ဖုန်းလည်း ဖယောင်းတိုင် မီးရောင်ကြောင့် တောက်ပနေသည့် အခန်း ပြတင်းပေါက်ကို ကြည့်နေတယ်။ သားအမိ နှစ်ယောက် ဆွေးနွေးနေသည့် အကြောင်းရာကို ကြားပြီးနောက် သူမ နှုတ်ခမ်းက ချစ်ဖို့ကောင်းသည့် အပြုံးကို ပြုံးလိုက်သည်။ သူမ မျက်ဝန်းက ခံစားချက်မဲ့သည့် အလင်းရောင်ကို ထုတ်လွှင့်နေသည်။
ဒီည သူမ၏မိဘတွေ သေဆုံးရသည့် အမှန်တရားကို ရှာဖွေဖို့ အတွက် ဒုတိယမင်းသား အိမ်တော်သို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။ ဒီသားအမိ နှစ်ယောက် လျှို့ဝှက် ကြံစည်နေတာကို ကြားခဲ့ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ထပ်ပြောရရင်… သူတို့ လျှို့ဝှက် ကြံစည် နေသည့် ပစ်မှတ်က သူမ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။
“ရဲ့လင်း…. ဝူကျုံးဆိုတာ ဘယ်သူလဲ”
သူမနောက်ကို နောက်ယောင် ခံလိုက်နေသည့် ချောမောသည့် ယောက်ျား တစ်ယောက် တစ်ယောက် သူမ နောက်ကျောဘက်တွင် ရှိသည်။ ထို့ကြောင့်လည်း သူမ ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
ဘာကိုမှ ပြန်လည် အဖြေကြားခင်မှာ ရဲ့လင်း ထိတ်လန့်သွားတယ်။
“ဝူကျုံးက လော့ဖုန်း စံအိမ်တော်က အကြီးကဲ တစ်ယောက်ပါ။ လော့ဖုန်း စံအိမ်တော် စတင် တည်ထောင် ကတည်းက ရှိနေခဲ့တာပါ။ သူ့အင်အားက အမြင့်တန်းအဆင့် တိုးတက်သော စိတ်စွမ်းအား ကျင့်ကြံသူပါ။ သူက ကျွန်တော်နဲ့ အင်အား ညီမျှပါတယ်”
“ရဲ့လင်း…. ဒီနေ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ ဘာမှ မကြားခဲ့သလို့ ဟန်ဆောင် သင့်တယ်။ လော့ဖုန်း စံအိမ်တော်က လူအားလုံးကို သစ္စာ ရှိ မရှိဆိုတာ စမ်းသပ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။ ဝူကျုံးက လော့ဖုန်း စံအိမ်တော်အတွက် လှိုက်လှိုက်လှဲလှဲ သစ္စာ ရှိမလားဆိုတာ ကြည့်ရတာပေါ့”
“အမိန့်အတိုင်း လိုက်နာပါ့မယ် သခင်”
ရဲ့လင်း ရိုသေလေးစားစွာ ပြန်လည် ဖြေကြား လိုက်သည်။
တကယ်တမ်း ပြောရရင် အခုချိန်ထိ ယွမ်လော့ဖုန်း အပြုမူကြောင့် သူ အံ့သြ ထိတ်လန့်နေရစဲပါ။
ဒီည သူတို့နှစ်ယောက် မင်းသား အိမ်တော်ကို ရောက်လာတဲ့ အချိန်မှာ သူမ ကင်းလှည့် ရဲမက်တွေကို ဘာတွေ ကျွေးလိုက်လည်းတော့ မသိဘူး အားလုံး မျက်လုံးတွေက အသက် မရှိတော့သည့် လူတစ်ယောက်ကဲ့သို့ ဘာမှ မမြင်နိုင်ပေ။ သူတို့နှစ်ယောက် ရောက်ရှိ နေတာကိုလည်း ရှာဖွေ တွေ့ရှိခြင်း မရှိပေ။
“တကယ်တမ်း… ပိုပြီးတော့ အသုံးဝင်တဲ့ သတင်းကို ဒီနေ့ည မစုံစမ်းနိုင်ခဲ့ဘူး”
ယွမ်လော့ဖုန်း မျက်မှောင်ကြုတ် လိုက်ပြီး ညကောင်းကင်ယံ ဘက်သို့ ဖြည်းညင်းစွာ ခေါင်းကို လှည့်လိုက်တယ်။ သူ့အသံက ချစ်ဖို့ ကောင်းပြီးတော့ ညှို့ငင်နိုင်စွမ်း ရှိသည်။
“ရဲ့လင်း ကျွန်မတို့တွေ အရင်ဆုံး ပြန်ကြတာပေါ့”
“လက်အောက်ငယ်သား သခင် အမိန့်ကို နာခံပါ့မယ်”
ရဲ့လင်းလည်း သူ့ခေါင်းကို ငုံ့လိုက်ပြီးတော့ ရိုသေစွာ ပြန်လည် ဖြေကြား လိုက်သည်။
သူတို့နှစ်ယောက်လုံး ပြတင်းပေါက် အပြင်ဘက်မှာ တစ်နာရီနီးပါး မတ်တတ် ရပ်ခဲ့သည်။ ဘယ်သူမှ သူတို့နှစ်ယောက် ရှိနေသည်ကို သတိမထားမိခဲ့ပေ။ ကင်းလှည့်ရဲမက် အများပြားလည်း ယခင်အချိန်က သူတို့အနားမှ ဖြတ်လျှောက် သွားခဲ့သော်လည်း အသံတစ်သံမှ ထွက်မလာခဲ့ပေ။ တစ်ယောက်ယောက်က အာရုံစူးစိုက်ပြီး ကြည့်ရင်တော့ အစောင့်အားလုံး ကန်းနေသည့်ဟု ထင်မှတ်မိမှာ သေချာသည်။ ည ကောင်းကင်ယံမှာ လှည့်လည် သွားလာနေသည့် ရုပ်သေးရုပ်များနှင့် ပုံစံတူနေသည်။
ရဲ့လင်းနှင့် ယွမ်လော့ဖုန်း ထွက်ခွာသွားသည့် အချိန်ထိ သူတို့အားလုံး အမြင်တွေထိ ဝေးဝါးနေခဲ့သည်။ တဖြည်းဖြည်းနှင့် တော်ဝင် သက်တော်စောင့်တွေ မျက်လုံးက အမြင်အာရုံ ရှင်းလင်း လာခဲ့သည်။ မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့သည့် ဧည့်သည် နှစ်ယောက် အကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်ပြီး ပုံမှန်အတိုင်း ဆက်လက်ပြီး ကင်းလှည့်နေခဲ့သည်။
အဖော်မဲ့သော ညကောင်းကင်ယံ အောက်မှာ နေ့ခင်းပိုင်း အချိန်ကဲ့သို့ သောင်းသောင်းဖြဖြ အသံကို လမ်းမပေါ်များတွင် မကြားရပေ။ တိတ်ဆိတ်မှုသာ ကြီးစိုး ခြယ်လှယ်ထားသည်။
ထိုအချိန်မှာ ယွမ်လော့ဖုန်း၏ အင်္ကျီလက်ထဲမှ နို့လက်ဖက်ရည်လေးသည် တစ်ခုခုကို သတိထားမိတာကြောင့် အသံဖြင့် သတိပေးလေသည်။ သူမအတွက် ဘေးဒုက္ခကို သတိပေးသည့် ကြွက်အော်သံကို မရပ်မနား ကြားနေရတယ်။
“ယွမ်မိန်းကလေး”
ရုတ်တရက် အရိပ်တချို့ ကောင်းကင်ယံ အောက်သို့ ကျရောက် လာသည်။ သူမ ရှေ့သို့ ရောက်ရှိ လာခဲ့သည်။
“ကျွန်တော်မျိုးတို့ စစ်သူကြီးက မိန်းကလေးကို အလည် ဖိတ်ခေါ်ချင်လို့ပါ”
စစ်သူကြီး…
ယွမ်လော့ဖုန်းလည်း သူမ မျက်ခုံးများကို မြှင့်တင်လိုက်ပြီးတော့ သူမသွားမည့် လမ်းကို ပိတ်နေသည့် လူတချို့ကို ကြည့်လိုက်သည်။ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီးတော့
“စစ်သူကြီး ရိလား”
“ဟုတ်ပါတယ်”
စစ်သည်တော်က အေးတိအေးစက် ပြန်ဖြေသည်။
“ကျွန်တော်တို့ ရည်ညွှန်းတဲ့ စစ်သူကြီးက စစ်သူကြီးရိပါ”
စစ်သူကြီးရိက သူမ အဘိုးလက်မှာ ရှုံးနိမ့်ခဲ့သည့် စစ်သူကြီး တစ်ယောက်…။ စစ်ပွဲ ရလဒ် အနေနှင့် သူ့တူတော်က ဓားစားခံ ဖြစ်ခဲ့ရသည်။ အခုတော့ စစ်သူကြီးရိက သူမကို ရုတ်တရက် ဖိတ်ခေါ်တယ် ဆိုတော့ သူမ ဘယ်သူဆိုတာ သိသွားတာလား။
***
အပိုင်း(၁၇၂)
စစ်သူကြီးရိ၏ သတိပေးချက်(၁)
“ကောင်းပြီလေ”
ယွမ်လော့ဖုန်းလည်း သူမပါးရိုးလေးကို ပေါ့ပါးစွာ ထိလိုက်တယ်။ သူမအတွေးကို သူမ မျက်လုံးမှ တစ်ဆင့် ခန့်မှန်းလို့ မရရှိနိုင်ပေ။
“ကျေးဇူးပြုပြီးတော့ လမ်းပြပေးပါ”
“ကျွန်တော် အတူတူ လိုက်ခဲ့မယ်”
ရဲ့လင်းလည်း ညကောင်းကင်ယံ အောက်မှာ များစွာသော စစ်သားတွေကို တစ်ချက် ကြည့်ပြီးတော့ ယွမ်လော့ဖုန်း ဘေးနားမှာ ကာကွယ်သည့် သဘောဖြင့် မားမားမတ်တတ် ရပ်နေတယ်။
“ဒီလမ်း အတိုင်း ကြွပါ”
စစ်သားသည် စကားပြောသည့်အခါ ယွမ်လော့ဖုန်းကို ယဉ်ကျေး ပျူငှာစွာ ပြောဆိုသည်။
စစ်သူကြီးအိမ်တော် ကြည်လင် အေးချမ်းသည့် ညကောင်းကင်ယံ အောက်မှာ စာကြည့်ဆောင် အတွင်းမှာ သက်လတ်ပိုင်း အမျိုးသား တစ်ယောက်သည် လက်တွေကို ကျောနောက်ဘက်သို့ ထားကာ မတ်တတ် ရပ်နေသည်။ ဆံပင်ကို ကျောနောက်ဘက်သို့ ဖြန့်ခင်းထားသည်။ တစ်ခေါင်းလုံး ဆံပင်များသည် မင်ကဲ့သို့ မည်းနက်နေသည်။
သူ၏ ကျောဘက်သည် စာကြည်ခန်းကို မျက်နှာမူထားသည်။ ကြီးမားသည့် တောင်တစ်ခုကဲ့သို့ တည်ငြိမ် အေးဆေးစွာ မတ်တတ် ရပ်နေသည်။
“စစ်သူကြီး” ရုတ်တရက် ထွက်ပေါ်လာသည့် အသံက သူ့အတွေးစကို ဖျောက်လိုက်သည်။
“စစ်သူကြီး ဖိတ်ခေါ်ထားသည့် ဧည့်သည်တော် ရောက်ရှိလာပါပြီ။ ဒါပေမဲ့ အိမ်တော်ကို တတိယ မင်းသားက ထိုမိန်းကလေးကို အဖော်ပြုပြီး ရောက်ရှိ လာပါတယ်”
ရိပုဖန်လည်း ရဲမက် သတင်းပို့သည်ကို ကြားပြီးသည့် နောက်မှာ စည်းကမ်း တင်းကျပ်သည့် ပုံစံဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“ဝင်လာခိုင်းလိုက်”
“အမိန့်တော်မြတ် အတိုင်းပါ စစ်သူကြီး”
ရဲမက်သည် အမိန့်ကို နာခံပြီးတော့ ပြန်လည် ထွက်ခွာ သွားသည်။ သိပ်မကြာခင်မှာ မည်းမှောင်သော ကောင်းကင်ယံ အောက်မှာ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ယောက်သည် သူ့အမြင် အာရုံထဲသို့ ဝင်ရောက် လာသည်။
အခန်းထဲသို့ ဝင်ရောက်လာသည့် မိန်းကလေးကို တည်ကြည်ပြီး ခက်ထန်သော သူ့မျက်ဝန်း တစ်စုံနှင့် အမှတ်တမဲ့ ငေးကြည့် နေမိတယ်။ သူ အမြင်အာရုံသည် ထိုမိန်းမပျိုလေးမှ ဝေးရာသို့ မရွေ့လျားနိုင် ဖြစ်နေရသည်။
ထပ်တူ ထပ်မျှ တူတယ်။ အရမ်းကို တူလွန်းတယ်။ဒီမိန်းကလေးနဲ့ သူ့မိခင် ပိုင်လင်းက ပုံတူပွားထားသည့် အတိုင်း အရမ်း တူလွန်းသည်။ သူမ၏ ကျက်သရေရှိပြီး လှပမှုကို ယှဉ်နိုင်သည့် မိန်းကလေး ဆိုတာ မရှိဘူး။
“ဦးလေး”
သူ့ဦးလေးက ယွမ်လော့ဖုန်းကို မျက်တောင်မခတ် ငေးကြည့်နေသည်ကို ရဲ့လင်း သတိထားမိသည်။ ဦးလေး မျက်နှာကို ကြည့်ရတာ စိတ်ရှုပ်ထွေး နေသလိုပဲ။ သူ့ဘေးနားမှ ယွမ်လော့ဖုန်းကို ကြည့်လိုက်သည်။ သူမဘက်မှ ဒေါသဖြစ်သည့် အရိပ်ယောင်ကို မတွေ့ရမှ သူ စိတ်သက်သာရာ ရနိုင်တယ်။
ရိပုဖန်လည်း အသိပြန်ဝင် လာခဲ့တယ်။ မိန်းကလေးကို ကြည့်သည့် အကြည့်သည် မနှစ်မြို့သည့် ဘက်သို့ ပြောင်းလဲ သွားသည်။
“မင်းကို ယွမ်မိန်းကလေးလို့ ခေါ်သင့်လား။ ယွမ်လော့ဖုန်းလို့ ခေါ်သင့်လား ဆိုတာတော့ မသိဘူး”
ရိပုဖန် မျက်နှာပုံစံသည် ခက်ထန်နေသည်။ သူမကို အမှတ်မထင် ငေးကြည့်နေသည်က တခြား တစ်ယောက် ဖြစ်ခဲ့သည့် အတိုင်းပဲ။
“စစ်သူကြီးရိ ခေါ်ချင်သည့်အတိုင်း လွတ်လွတ်လပ်လပ် ခေါ်လို့ ရပါတယ်”
ယွမ်လော့ဖုန်းလည်း တံခါးပေါင်ကို မှီလိုက်ပြီး မျက်ဝန်းနက်များနှင့် ရိပုဖန်ကို ကြည့်လိုက်တယ်။
“သို့သော်လည်း စစ်သူကြီးရိနဲ့ ကျွန်မက ဘာဆက်စပ်မှုမှ မရှိပါဘူး။ ဒါကြောင့် ကျွန်မကို စစ်သူကြီးရိ ဘာလို့ လာရှာလဲ ဆိုတာ မေးပါရစေ”
ခံစားချက်မဲ့စွာ ပြန်လည် မဖြေကြားခင်မှာ ရိပုဖန် အချိန် အတော် ကြာသည့်အထိ တိတ်ဆိတ်နေသည်။
“လုံယွမ်တိုင်းပြည် စစ်သူကြီး တစ်ယောက်၏ မြေးတစ်ယောက် အနေနဲ့ လွေ့ကျင်း တိုင်းပြည်ကို ဘာလို့ လာလဲဆိုတာ သိချင်ရုံပါပဲ။ အကြံစည် မရှိဘဲ ဒီတိုင်းပြည်ကို လာတယ် ဆိုရင်တော့ ကျုပ် ဝင်နှောင့်ယှက် စရာ မလိုအပ်ဘူး”
ထိုစကားသံကို ကြားပြီး ယွမ်လော့ဖုန်း မျက်စောင်းထိုးပြီး ကြည့်လိုက်တယ်။ ထိုမျက်လုံးများမှ အန္တရာယ်ရှိသော အလင်းရောင် ဖြတ်ပြေးသွားတယ်။
ထင်ထားတဲ့ အတိုင်းပဲ ဒီ စစ်သူကြီးက သူမ အကြောင်းကို သိနေတာပဲ။ အခုချိန်မှာ သူမ ငြင်းချင်လည်း အပို ဖြစ်မှာပဲ။
နောက်ပြီးတော့ သူမ ဒီတိုင်းပြည်ကို ရောက်လာကတည်းက သူမ ဘယ်သူဆိုတာ ဖုံးကွယ်ထားဖို့ မတွေးထားဘူး။ သူမ မိဘတွေ အတွက် ကလဲ့စားချေဖို့ ရည်ရွယ်ချက်နှင့် ဒီနေရာကို ရောက်လာတယ် ဆိုတာ တစ်လောကလုံးကို သိစေချင်တယ်။ အာဃာတ အမုန်းကို ဖယ်ရှားမယ်။
“စစ်သူကြီးရိက သတင်းစုံစမ်းတာ အရမ်းတော်တာပဲ။ ကျွန်မ… ယွမ်လော့ဖုန်းက လုံယွမ်တိုင်းပြည်မှာ ဘာမှ ကောင်းတာ မရှိတဲ့ အမှိုက်မ တစ်ယောက်ပါ။ ကျွန်မ ဘယ်သူဆိုတာ ရှင် တကယ် တွေးမိတာပဲ”
ယွမ်လော့ဖုန်း သူမလက်နှစ်ဖက်ကို ပိုက်ပြီး ရင်ဘတ်ပေါ် တင်ထားလိုက်တယ်။ ကောက်ကျစ် စဉ်းလဲသော အပြုံးလေးဖြင့် စကားဆက်လိုက်တယ်။
“ဟုတ်ပါတယ်… ကျွန်မက ယွမ်လော့၏မြေး…။ ယွမ်ယန်နဲ့ ပိုင်လင်း၏ သမီးလည်း ဖြစ်တယ်”
ထိုစကားသံက ရိပုဖန်နှလုံးသားကို လေးလံသော တူတစ်ချောင်းဖြင့် အညှာတာ ကင်းမဲ့စွာ ရိုက်နှက် နေသကဲ့သို့ သူ့ခြေလှမ်းတွေကို အနည်းငယ် ယိမ်းယိုင်စေတယ်။
သူမက တကယ်ပဲ ပိုင်လင်း သမီးလား….။
တကယ်တမ်း ယွမ်လော့ဖုန်း လွေ့ကျင်း တိုင်းပြည်ကို ပထမဆုံး ဝင်လာခဲ့သည့် အချိန်တည်းက သူ့အမြင်အာရုံထဲသို့ ရောက်နေခဲ့ပြီး ဖြစ်တယ်။ တတိယမင်းသား အိမ်တော်မှ လူတိုင်းက သူမကို ယွမ်မိန်းကလေးလို့ ခေါ်ကတည်းက သူမ ဘယ်သူလဲဆိုတာ စုံစမ်းခဲ့ပြီးသား ဖြစ်တယ်။
သူ့ရှေ့မှ စိတ်လှုပ်ရှားစေသော မျက်နှာပုံစံကို ကြည့်ရင်း ရိပုဖန် အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူ၏ အမည်းရောင် မျက်ဝန်းနက်တွေက သူမကို စေ့စေ့စပ် ကြည့်ရှုနေစဉ်မှာ သူ စိတ်ထဲမှာ ကသောင်းကနင်း ဖြစ်နေတာကို ထိန်းချုပ် နှစ်သိမ့်နေရသည်။
***
အပိုင်း(၁၇၃)
စစ်သူကြီးရိ၏သတိပေးချက်(၂)
“ယွမ်မိန်းလေး… မင်းမိဘတွေနဲ့ ကျုပ်က အချိန်အကြာကြီး မိတ်ဆွေ ဖြစ်ခဲ့တယ်။ သို့သော်လည်း ကျုပ်တို့တွေမှာ မတူညီတဲ့ အရှင်သခင် ရှိနေတယ်။ စစ်ပွဲမှာ ရန်သူအဖြစ် တွေ့ဆုံရတယ်။ မင်း မိဘတွေနဲ့ မိတ်ဆွေ ဖြစ်ခဲ့တာကို ထောက်ထားပြီးတော့ လွေ့ကျင်း တိုင်းပြည်က ထွက်သွားဖို့ အကြံပေးချင်တယ်။ လွေ့ကျင်း တိုင်းပြည်ကို ဝင်ရောက်လာလို့ မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ မင်း…. လွေ့ကျင်း တိုင်းပြည်က မထွက်သွားရင် ကျုပ်ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့”
ရိပုဖန်အသံက ထူးဆန်းနေတယ်။ ရိပုဖန်က စည်းကမ်း တင်းကျပ်ပြီး ချောမောသည့် မျက်နှာကို ပိုင်ဆိုင်သည်။
သူက လွေ့ကျင်း တိုင်းပြည်၏ စစ်သူကြီး တစ်ယောက်။ ဒါကြောင့် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ခြင်းက သူ၏တာဝန် ဝတ္ထရား ဖြစ်သည်။ သူ စစ်သူကြီး တစ်ယောက် မဟုတ်ခဲ့လျှင် လွန်ခဲ့သော ၁ဝနှစ်ခန့်က သူ ချစ်ရသည့် မိန်းကလေးနှင့် စစ်ပွဲမှာ ရန်သူအဖြစ် တွေ့ဆုံရမည် မဟုတ်ပေ။
ကံမကောင်းစွာ … ကောက်ကျစ်သည့် အစီအစဉ်ကို အသုံးပြုဖို့အတွက် ငြင်းဆိုခဲ့တာကြောင့် စစ်ပွဲ မပြီးဆုံးမီမှာ ဧကရာဇ်က သူ့ကို စစ်ပွဲမှ ပြန်ခေါ်ခဲ့သည်။ နောက်ပိုင်း စစ်ပွဲမှာ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ သူ မေ့မေ့ ပျောက်ပျောက် ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှ သူ သိလိုက်ရတာက ယွမ် ဇနီးမောင်နှံ စစ်ပွဲမှာ သေဆုံးခဲ့ပြီး ဝိညာဉ်ကို ဇာတိမြေကို ပြန်လည် သယ်ဆောင် သွားတယ်လို့ သတင်း ကြားလိုက်ရသည်။
ထို ပူဆွေးသောက ရောက်စေသည့် သတင်းက သူ့ကို ယူကျုံးမရ ဖြစ်စေခဲ့သည်။ သူ မေ့ပျောက်ပြီး မူးဝေနေစေဖို့ အရက်နှင့် သူစိတ်ကို အပန်းဖြေခဲ့သည်။
“လွေ့ကျင်း တိုင်းပြည်က ထွက်သွားတဲ့လား…”
ယွမ်လော့ဖုန်း ကောက်ကျစ် စဉ်းလဲစွာ ပြုံးလိုက်တယ်။
“ကျွန်မ… ဒီတိုင်းပြည်ကို ရောက်လာခဲ့ ကတည်းက အလွယ်တကူ ထွက်သွားမယ်လို့ ထင်နေတာလား”
ရိပုဖန်၏ ချောမောသည့် မျက်နှာသည် တည်ငြိမ်သည့် ဘက်သို့ ပြောင်းလဲသွားသည်။
“ယွမ်မိန်းကလေး ….. ကျုပ် လွေ့ကျင်း တိုင်းပြည်ကို ကာကွယ် စောင့်ရှောက် နေသရွေ့ ဒီတိုင်းပြည်ကို မင်း ထိခိုက်အောင် ပြုလုပ်ဖို့ ခွင့် မပြုနိုင်ဘူး။ မင်းက ပိုင်လင်း သမီး ဖြစ်နေလည်း မင်း အပြုအမူကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး”
ယွမ်လော့ဖုန်းလည်း ရိပုဖန်ကို ကောက်ကျစ် စဉ်းလဲစွာ ကြည့်လိုက်တယ်။
“ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းက ကျွန်မမိဘတွေအတွက် ကလဲ့စားချေပေးဖို့ အတွက်ပဲ။ ဘယ်သူမှ ကျွန်မကို တားဆီးလို့ မရစေရဘူး”
“ယွမ်လော့ဖုန်း…” ရိပုဖန် ကို ဒေါသထွက်စေတယ်။
“တိုင်းပြည်နှစ်ခု စစ်ဖြစ်ရင် ဒဏ်ရာရသူနဲ့ သေဆုံးသူဆိုတာ သေချာပေါက် ရှိတယ်။ လွေ့ကျင်းတိုင်းပြည်မှာ စစ်ပွဲကြောင့် သေဆုံးခဲ့ရသည့် လူအများကြီးလည်း ရှိတယ်။ အားလုံးအတွက် ကျုပ်က ကလဲ့စား လိုက်ချေပေးနေရမလား။ ကလဲ့စားချေတာကို မွေးမြူတာက ဘယ်တော့မှ အဆုံးသတ်သွားမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒါက စစ်ပွဲတစ်ခု သေဆုံးရတာ။ ဒီလို အရာတွေကို မရှောင်ရှားနိုင်ဘူး”
“တကယ်တမ်း တိုင်းပြည်နှစ်ခုက စစ်ပွဲကို ဆင်နွှဲရင် သေချာပေါက် သေဆုံးမှုဆိုတာ ရှိတယ်။ ကံမကောင်းစွာဘဲ ကျွန်မက အမှိုက်တွေရဲ့ သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ဘူး။ သူတို့တွေ ဘယ်လို သေဆုံးရတယ်ဆိုတဲ့ အချက်ထက် ကျွန်မသိတာက ကျွန်မ မိသားစုကို ထိခိုက်အောင် ပြုလုပ်တဲ့လူတွေက ကျွန်မ ရန်သူ ဖြစ်တယ်” သိသားတဲ့ ကျူးကျော်ရန်စမှုကို ဖော်ပြဖို့ ယွမ်လော့ဖုန်း ခနဲ့လိုက်တယ်။ ကလဲ့စားချေတာ အဆုံးမသတ်ဘူး ဆိုလည်း သူမ ဂရု မစိုက်ဘူး။
လုံးဝ ဟာသ မြောက်တယ်။ မကောင်းဆိုးဝါးနဲ့ တူတဲ့ လူယုတ်မာတွေကို ကောင်းကောင်း ဆက်ဆံရာ မလိုဘူး။ သွေးကြွေးကို သွေးနဲ့ ပြန်လည် ပေးဆပ်ရမယ် ဆိုတာကိုသာ သူမ သိတယ်။
ရိပုဖန် မျက်မှောင်ကြုတ် လိုက်တယ်။ ဒေါသကို သူ့မျက်နှာမှာ အတိုင်းသား တွေ့နေရတယ်။
သူတို့ စစ်သူကြီး ဒေါသထွက်နေသည်ကို ခံစားသိရှိရတော့ ပတ်ဝန်းကျင်နားက ရဲမက်တွေက သူတို့ လက်နက်ကို ဆွဲထုတ်တယ်။ တင်းမာသော ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေတယ်။
“ယွမ်မိန်းကလေး … မင်းတကယ် ဆုံးဖြတ်ပြီးပြီလား”
ရိပုဖန်လည်း ရဲမက်တွေကို ရပ်တန့်ဖို့ လက်မြှောက်ပြီး သတိပေးလိုက်တယ်။ သူ ခံစားချက်မဲ့စွာ ထိုမေးခွန်းကို မေးလိုက်တယ်။
ယွမ်လော့ဖုန်းက သူ မေးခွန်းကို မဖြေဘဲ အသံတိတ် ရယ်နေသည်။ သူမေးခွန်းကို နောက်ထပ် မေးခွန်းတစ်ခုဖြင့် ပြန်လည် တုံ့ပြန်လာတယ်။
“စစ်သူကြီးရိ…. ကျွန်မ အမေကို နှစ်သက်လား”
မိန်းကလေး၏အသံက ဖြားယောင်း သွေးဆောင်သည့်အသံ နွမ်းလျလျ ဖြစ်သည်။ သူမက အရေးမပါတဲ့ မေးခွန်းကို မေးနေတာပဲ။
သို့သော်လည်း သူမ စကားလုံးတွေက ရိပုဖန် နှလုံးသားကို ပြင်းထန်စွာ ဆွဲညှစ်ထားသည့် အတိုင်းပေ။ အခုချိန် သူစိတ်ထဲမှာ ချိုမြိန်သော အပြုံးနှင့် လှပသော အဆင်းရှိသည့် မိန်းကလေး တစ်ယောက် ပုံရိပ်သည်သာ သူ့စိတ်လွှာမှာ စွဲထင် ကျန်နေတယ်။
“ကျွန်မအမေက ရှင်ကို ဘာလို့ မရွေးချယ်လဲ ဆိုတာ သိလား” ယွမ်လော့ဖုန်း ကောက်ကျစ်စဉ်းလဲစွာ ပြုံးလိုက်တယ်။
“သူမ ချစ်တဲ့ ယောက်ျား တစ်ယောက်က ဘယ်အရာကိုမဆို ရဲဝံ့တဲ့ ယောက်ျားတစ်ယောက် ဖြစ်ရမှာ ကြောင့်ပဲ။ ရှင်ကဲ့သို့ လက်အောက်ခံ ဖြစ်နေတဲ့ ယောက်ျား တစ်ယောက်ကို မရွေးချယ်ခဲ့တာ။ ကျွန်မ အဖေ အသက်ရှင်နေခဲ့ရင် ကျွန်မ အမေကို ဘယ်သူမှ ထိခွင့်ပေးမှာ မဟုတ်ဘူး။ တော်ဝင်မျိုးတော် တစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းမှာ။ စစ်သူကြီးဆိုတဲ့ ရာထူးကို အစွန့်လွှတ်ခံပြီးတော့ အမေကို အနည်းငယ်မှ သူတစ်ပါး ထိခွင့်ပေးမှာ မဟုတ်ဘူး”
မိန်းမငယ်လေး၏ စကားက ရိပုဖန်ကို နာကျင်စေတယ်။ သူ၏ခြေလှမ်းတွေကို နှေးကွေး သွားစေတယ်။ ဝမ်းနည်း ပူဆွေးသော ပုံစံဖြင့် ကုလားထိုင်ပေါ်သို့ လဲကျသွားတယ်။
လွေ့ကျင်း တိုင်းပြည်က အောင်မြင် ကျော်ကြားသည့် စစ်သူကြီး တစ်ယောက် ဂရုမဲ့စွာ သူအတွေး ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ သိသာ ထင်ရှားစွာ မြင်စေခဲ့တယ်။
***
အပိုင်း(၁၇၄)
စစ်သူကြီး ရိပုဖန်၏ သတိပေးချက်(၃)
“ရဲ့လင်း ပြန်မယ်”
အဆုံးစမဲ့သော ညကောင်းကင်ယံ အောက်သို့ လှည့်မထွက်သွားခင်မှာ မျက်တွင်းကျနေသော ရိပုဖန်ဘက်သို့ ယွမ်လော့ဖုန်း တစ်ချက် ကြည့်လိုက်တယ်။
အပြင်ကို ပြန်ထွက်သွားဖို့ အစတည်းက ယွမ်လော့ဖုန်းကို အဖော်ပြုပေးချင်တဲ့ ရဲ့လင်း ခြေလှမ်းတွေ ရပ်သွားတယ်။ လက်ရှိအခြေနေမှာ ရိပုဖန်ကို မစွန့်ပစ်နိုင်ဘူး ထင်တယ်။ ကျောပေးရပ်နေသည့် သက်လတ်ပိုင်း အမျိုးသားကို စကားပြောလိုက်တယ်။
“ဦးရီးတော်က ကျွန်တော် မယ်တော်ရဲ့ အစ်ကိုတော် တစ်ယောက် အနေနဲ့ ကျွန်တော် တစ်ခုကို သတိပေးလိုက်မယ်။ လွေ့ကျင်း တော်ဝင်မိသားစုက မကြာခင်မှာ အဆုံးသတ်ဖို့ ကံကြမ္မာ ရှိနေပြီးသားပါ။ ဦးရီးတော်လည်း ဧကရာဇ်အတွက် တိုက်ခိုက်ပေး မနေသင့်တော့ဘူး”
သူ ထိုစကားကို ပြောပြီးတာနဲ့ နောက်ဘက်မှာ ရပ်နေသည့် အမျိုးသားကို တစ်ချက်မှ ကြည့်မနေတော့ဘဲ ယွမ်လော့ဖုန်း ထွက်ခွာသွားသည့် လမ်းဘက်သို့ ပြေးလွှားထွက်ခွာ သွားခဲ့တယ်။
ဘန်း
ရိပုဖန်းလည်း ကုလားထိုင်ပေါ်သို့ ပစ်လဲသွားပြီး နာကြည်းစွာ ပြုံးလိုက်တယ်။
“ပိုင်လင်း … မင်း ကိုယ်ကို မရွေးချယ်ရတဲ့ အကြောင်းရင်းက ကိုယ်က တရားမျှတပြီး စည်းကမ်းကြီးတဲ့ ယောက်ျား တစ်ယောက် ဖြစ်တာကြောင့်လား။ ယွမ်ယန်က အချစ်စိတ် ပြင်းထန်သည့် ယောက်ျားတစ်ယောက် ဖြစ်တာကြောင့် သူ့ကို ရွေးချယ်ခဲ့တာလား။ ဧကရာဇ်ကို သစ္စာ ရှိခဲ့တာက ကိုယ့်အမှားလား”
ချောမော ခန့်ညားသည့် မျက်နှာမှာ နာကျင်ခံစားမှုတွေနှင့် ပြည့်နှက်နေတယ်။ အတိတ်မှာ နှစ်မြှုပ်နေတယ်။
“ဘဝကို အသစ်က ပြန်လည် စတင်ရမယ်ဆိုရင် ဘာတာဝန်မှ မရှိတဲ့ သာမန် လူတစ်ယောက်သာ ဖြစ်ချင်တယ်။ ဒီလိုဆိုရင် ချစ်ရတဲ့ မိန်းကလေးကို ဆုံးရှုံးရမှာလည်း မဟုတ်တော့ဘူး။ ချစ်ရသည့် မိန်းကလေးကို အလေးမထားသလို ဖြစ်လာမှာလည်း မဟုတ်တော့ဘူး။ ကံမကောင်းစွာဘဲ မင်းကို ရင်နှစ်အောင် ချစ်မြတ်နိုးရတဲ့ ယောက်ျား တစ်ယောက် ဖြစ်ခွင့် မရှိတော့ဘူး”
သူ အဖြူရောင် စိတ်ဝိညာဉ်ကို ယူဆောင်လာဖို့ အမိန့်ပေးလိုက်တယ်။ (အရက်နာမည်) နှစ်တွေ ကြာညောင်းသည့်အထိ ချစ်ရသည့် မိန်းကလေးကို လွမ်းဆွတ် တမ်းတခဲ့ရတယ်။ သူ စိတ်ငြိမ်း အေးချမ်းစွာ အိပ်စက်နိုင်ဖို့အတွက် အရက်ကို အရူးတစ်ယောက်လို မူးသည့်အထိ သောက်ခဲ့ရသည်။ သူ အိပ်စက်သွားချိန်မှာတော့ ချစ်ရတဲ့ မိန်းကလေးကို တွေ့ဆုံချင်တယ်။
“သခင်မလေး…. ပြန်လာပြီလား”
မင်းသား ၃ အိမ်တော်။
ချင်ယန်က ယွမ်လော့ဖုန်းကို တစ်ချက် ကြည့်လိုက်တာနှင့် မှတ်မိသည်။ ယွမ်လော့ဖုန်းကို အလျင်မြန် ကြိုဆိုပြီးတော့ ပျော်ရွှင်စွာ စကားဆိုတယ်။
“သခင်မလေး… တစ်ညလုံး အပြင်ထွက် သွားရတာကြောင့် သခင်မလေး ပင်ပန်းနေမှာကို ခန့်မှန်းမိတာကြောင့် မီးဖိုချောင်ကို စွပ်ပြုတ်ချက်ထားဖို့ ပြောထားတယ်။ မအိပ်ခင် … သောက်လိုက်ပါ”
“ကောင်းပြီလေ”
ယွမ်လော့ဖုန်း မီးဖိုချောင်ထဲသို့ ဝင်လိုက်ချိန်မှာ ရုတ်တရက် ရနံ့ တစ်ခုက သူမအနံ့အသိကို ရန်စနေလေတယ်။ စွပ်ပြုတ် ပန်းကန်ရှေ့နားမှာ ထိုင်လိုက်တယ်။ မွှေးကြိုင်သည့် ရနံ့ကို ထုတ်လွှင့်နေသည့် စွပ်ပြုတ်ကို ဇွန်းအပြည့် ခပ်ယူလိုက်ပြီး သူမပါးစပ်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်တယ်။
“ဒီအစားအစာက နေ့လယ်က စားတာနဲ့ ခြားနားနေရတာလဲ” ယွမ်လော့ဖုန်းလည်း မျက်မှောင်ကြုတ် လိုက်တယ်။
“ချက်ပြုတ်တာ တော်ပါတယ်။ စစ်သူကြီး အိမ်တော်က စားဖိုမှူးတွေထက် သာလွန်ပါတယ်။ ရဲ့လင်း မနက်ဖြန်တော့ ဒီစွပ်ပြုတ် ချက်ပြုတ်တဲ့ နည်းလမ်းကို ကျွန်မကို ပေးပါ။ စားဖိုမှူးကိုလည်း လက်ဆောင်အဖြစ် ပေးလိုက်ပါ။ စွပ်ပြုတ်ချက်ပြီး အဘိုးကို လက်ဆောင်ပေးရင် အဘိုး ကြိုက်မှာ သေချာတယ်”
ယွမ်လော့က စားသောက်ရတာထက် တခြား ဝါသနာ မရှိပေ။ ထို့ကြောင့်လည်း စားဖိုမှူးများကို ဈေးနှုန်းမြင့်မြင့်ဖြင့် ငှားရမ်းလေ့ ရှိတယ်။ စစ်သူကြီး အိမ်တော်က အစားသောက်ကို စားသောက်လေ့ရှိတဲ့ ယွမ်လော့ဖုန်းက လွေ့ကျင်း တိုင်းပြည်က အစားသောက်တွေနှင့် လိုက်လျောညီထွေ ဖြစ်ဖို့ ခဲယဉ်းတယ်။ မင်းသား၃ အိမ်တော်မှာ အရည်အချင်းရှိတဲ့ စားဖိုမှူး ရှိမယ်လို့ မထင်ထားခဲ့ဘူး။
ချင်ယန်လည်း ယွမ်လော့ဖုန်းကို အပြစ်ရှိသော ခံစားချက်နှင့် ကြည့်နေတယ်။ “သခင်မလေး…. ဒီလို မလုပ်သင့်ဘူးလို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် စားဖိုမှူးက ရဲ့လင်း အိမ်တော်ကလေ….”
“ဘာလို့လဲ” ယွမ်လော့ဖုန်းလည်း စွပ်ပြုတ်ကို ကုန်အောင် သောက်ပြီးနောက် ချင်ယန်ပေးသည့် လက်သုတ်ပဝါဖြင့် ပါးစပ် သုတ်လိုက်တယ်။ သူမ အကြောဆန့်လိုက် ပြီးတော့ ထိုင်ခုံပေါ်မှ ထလိုက်တယ်။
“မနက်ဖြန်မှ ရဲ့လင်းနဲ့ ဆက်ဆွေးနွေးတော့ပေါ့။ ချင်ယန် နင်အခု ပြန်သင့်ပြီ”
“ဟုတ်ကဲ့ပါ သခင်မလေး။ အစေခံမလေး ပြန်လိုက်ပါဦးမယ်”
ချင်ယန်လည်း ဘာမှ မရှိတော့သည့် စွပ်ပြုတ်ခွက်ကို သယ်ဆောင်ရင်း အပြစ်ရှိစွာ အပြင်ဘက်သို့ အလျင်မြန် ထွက်ခွာ သွားတယ်။ ဆက်ပြီးတော့ လိမ်ထားနိုင်ပါ့မလား ဆိုတာ တွေးတော ချိန်းဆနေမိတယ်။
အိမ်တော် ခြံဝင်းအတွင်း အမည်းရောင် ညချမ်းအတွင်းမှာ အမည်းရောင် ဝတ်စုံနှင့် အမျိုးသား တစ်ယောက်သည် ညအမှောင်နှင့်အတူ ပျောက်ကွယ် နေတယ်။ ချင်ယန် တစ်ချက် ကြည့်လိုက်တာနှင့် ခံစားချက်မဲ့နေသည့် အမျိုးသားကို မြင်နိုင်သည်။ သူမ အတွေးလွန်နေပြီးနောက် ထိုလူအနားသို့ လျှောက်လှမ်းသွားတယ်။
“ကျွန်မ … ရှင့်အမိန့်ကို နာခံပြီးတော့ သခင်မလေးကို စွပ်ပြုတ် တစ်ခွက် သွားပို့ပေးပြီးပါပြီ။ ဒီ စွပ်ပြုတ်ကို ရှင်ချက်တယ်ဆိုတယ် ဆိုတာ မပြောခဲ့ပါဘူး”
“ကောင်းပြီလေ”
ထိုအမျိုးသားအသံက တင်းမာနေတယ်။
ယွမ်လော့ဖုန်းထက် တခြားလူတွေကို လိုအပ်သည်ထက် ပိုပြီးတော့ စကားမပြောချင်ပေ။
“သူမကို ဒါလေး ပေးလိုက်”
***
အပိုင်း(၁၇၅)
စစ်သူကြီးရိ၏သတိပေးချက်(၄)
ချင်ယန်အတွေးကမ္ဘာထဲ နစ်မျောနေပြီး အသိပြန်ဝင် လာချိန်မှာ ထိုလူ လက်ထဲမှ စပျစ်သီး ပန်းကန်က သူမအမြင်အာရုံထဲ ဝင်ရောက်လာတယ်။ သူမကို အလွန်မင်း အံ့ဩစေတယ်။
“သခင်မလေးက မင်းသာ၃ အိမ်တော်က အစားသောက်ကို မနှစ်သက်သော်လည်း ဒီ စပျစ်သီးကတော့ ဘာမှ ခြားနားမှု မရှိပါဘူး။ ဘာလိုရှင်….”
“ခြားနားတယ်….”
ခြားနားတယ်….။
စပျစ်သီး အားလုံးက အတူတူပဲလေ…။ ဘာတွေ ခြားနားနေတာလဲ။
ချင်ယန် ထို ကိုရေခဲတုံးကို နားမလည်နိုင် ဖြစ်ရတယ်။ တစ်ချိန်လုံး လျှို့ဝှက် ဆန်းကြယ်မှုတွေ လုပ်ဆောင် နေရတာလဲ။ သခင်မလေးကို ကာကွယ်ဖို့ အတွက် သခင်မလေးနောက်ကို သူ လိုက်နေတယ်ဆိုတာ ရှင်းနေတာပဲလေ။ ဘာလို့ သူလိုက်လာတာကို သခင်မလေးကို မသိစေချင်ရတာလဲ။
ထိုကိုရေခဲတုံးက ခံစားချက်မဲ့သောအသံ ခပ်သြသြ လေသံဖြင့် ဆက်ပြောတယ်။
“မနက်ဖြန်…. အစားသောက်တွေ ဆက်ပြီးတော့ ပို့ပေးမယ်”
သိသိသာသာ ထိုစပျစ်သီးတွေက ခြားနားမှု ရှိပါတယ်။
ယွမ်လော့ဖုန်းက အစားသောက်နှင့် ပတ်သက်ရင် အရမ်း ဇီဇာကြောင်တယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် သူမ စပျစ်သီး စားမယ်ဆိုရင် စပျစ်သီး အစေ့တွေကို ဖယ်ရှားပေးဖို့ လိုအပ်တယ်။ ထို ပန်းကန်ပြားထဲမှ စပျစ်သီး အစေ့တွေကို သူ စိတ်ဝိညာဉ် စွမ်းအားနှင့် တစ်ခုချင်း ဖယ်ရှားထားပြီးသား…။ သို့သော်လည်း ဒါတွေ အားလုံးကို ချင်ယန်ကို ရှင်းပြဖို့ စိတ်မဝင်စားဘူး။ ရှင်းပြချင်စိတ်လည်း မရှိဘူး။
“စပျစ်သီးကို သူမ စားပွဲပေါ်ကိုသာ တင်ထားပေးလိုက်ပါ။ သူမကို မနှောင့်ယှက်နဲ့”
အချိန် အတော်ကြာ ပြီးတော့မှ ထိုရေခဲတုံးက သူမကို နောက်တစ်ကြိမ် ထပ်ပြီးတော့ အမိန့်ပေးတယ်။
သူ၏အမည်းရောင် မျက်ဝန်းနက်တွေက ဖယောင်းတိုင်မီး ထွန်းညှိထားတဲ့ အခန်းကို ငေးကြည့်နေတယ်။ ချက်ချင်း လှည့်ထွက်သွားပြီး ညကောင်းကင်ယံ အောက်မှာ ပျောက်ကွယ်သွားတယ်။
အခုချိန်မှာ မနက်ဖြန် သူမအတွက် မနက်စာကို ပြင်ဆင်ဖို့ စတင်သင့်ပြီ။
***
“ချင်ယန်…. ဒီစပျစ်သီးကို ဘယ်က ယူလာတာလဲ”
မိုးသောက်အချိန်မှာ အခန်းကို မနက်ခင်း အရုဏ်ဦး အလင်းရောင်များနှင့် ဖြည့်စွက် ထားတယ်။ သူမ၏ သေးသွယ်တဲ့ လက်ချောင်း ရှည်ရှည်လေးတွေက စားပွဲခုံကို ထိထားတယ်။ သာမန်ကာလျှံကာ ကြည့်လိုက်ပြီး မေးသည့်ပုံစံပေ။
“အမ်”
မလုံမလဲဖြစ်သော စိတ်ဖြင့် ပြန်လည် မဖြေကြားမီမှာ ချင်ယန်လည်း ဘာဆက်ပြောရမှန်း မသိအောင် ဆွံ့အသွားမိတယ်။
“သခင်မလေးအတွက် ကျွန်မ ပြင်ဆင် ပေးထားတာပါ”
“အဲ့လိုလား။ ဒါဆို စပျစ်သီးစေ့တွေကို ဖယ်ရှားဖို့အတွက် နင် ဘာနည်းလမ်းကို သုံးခဲ့တာလဲ”
မိန်းကလေး၏ နူးညွတ်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ကြည့်ပြီး ပြုံးပြီးတော့ မေးလိုက်တယ်။
“ဘယ်လို….”
မိန်းကလေးက အံ့ဩမှုဖြင့် ရုတ်တရက် ထအော်လေသည်။
“ဘယ်လိုလိုလဲ ဆိုတော့… ကျွန်မ…”
ချင်ယန် သူမကိုယ်တိုင် ရှင်းပြချင်ခဲ့တယ်။ ဒါပေမဲ့ သခင်မလေးကို လိမ်နေရတယ်လို့ တွေးမိတိုင်း အလွဲလွဲ အချော်ချော် ဖြစ်ပြီး စကားတွေ ထစ်လာတယ်။
ယွမ်လော့ဖုန်းလည်း အကြောင်းအရာ တချို့ကို အမှတ်ရမိတာကြောင့် သူမ ချိုသာစွာ ပြုံးလိုက်တယ်။
“ချင်ယန် တခြားလူကို ကူညီပေးဖို့အတွက် ငါ့ကို ဘယ်လို လိမ်ရမလဲဆိုတာ ဘယ်အချိန်က စသင်ကြားခဲ့တာလား။ နင့်ရင်ထဲမှာ ငါ့ကို အရင်တိုင်း ခံစားချက် ရှိသေးရဲ့လား”
ယွမ်လော့ဖုန်း တကယ် ဒေါသဖြစ်သွားပြီးဟု ချင်ယန် ထင်မှတ်မိတာကြောင့် စိုးရိမ်စွာ အလျင်မြန် ရှင်းပြလေတယ်။
“သခင်မလေး…. ကျွန်မ ရည်ရွယ်ချက်ရှိရှိ သစ္စာ ဖောက်တာ မဟုတ်ပါဘူး။ သခင်မလေးကို တခြား တစ်ယောက်က ဘေးဖြစ်စေတဲ့ အစားသောက်တွေနဲ့ ဒုက္ခပေးချင်လို့ ကျွန်မကို လာဘ်ထိုးရင် ကျွန်မ… သခင်မလေးကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ချင်ယန်…”
ယွမ်ရှောင်နဲ့ သခင်မလေးက ဆက်ဆံရေး ကောင်းမွန်ပြီး ယွမ်ရှောင်က သခင်မလေးကို ဒုက္ခရောက်အောင် မပြုလုပ်ဘူးလို့ ယုံကြည်မိတာကြောင့် သူမ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုရက်ပိုင်းမှာ ဖုန်းအာ စားချင် သောက်ချင်စိတ် မရှိဖြစ်နေတာကို ယွမ်ရှောင် သတိထားမိခဲ့တယ်။ သူမနောက်ကို တိတ်တဆိတ် လိုက်နေတာကိုလည်း မသိစေချင်ခဲ့ဘူး။ ထို့ကြောင့် ချင်ယန်ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်တယ်။
တခြား တစ်ယောက် ဆိုရင်တော့ ယွမ်လော့ဖုန်း ဘယ်တော့မှ သတိထားခဲ့မိမည် မဟုတ်ပေ။
ချင်ယန် ပါးလေးကို ညှစ်လိုက်ပြီးတော့ သဘောတကျ ရယ်မောလိုက်တယ်။ ပြုံးနေသော မျက်နှာလေးဖြင့် သူမ စကားဆိုတယ်။
“ကောင်းပါပြီ…. ချင်ယန် နင်ကို ထပ်ပြီး မကျီစားတော့ဘူး။ နင် ငါ့ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံတယ် ဆိုတာ သိပါတယ်။ ထိုကိစ္စကို မသိသလို ဟန်ဆောင် ပေးနေပါမယ်။ သူနဲ့ ဆက်ပြီးတော့ ဆက်သွယ်ပြီး သူ့ကို ကူညီပေးလိုက်ပါ”
စပျစ်သီး တစ်ပန်းကန်လောက်က သူ ဘယ်သူလည်း ဆိုတာ ခန့်မှန်းနိုင်စေသည့် အကြောင်းရင်း ဖြစ်လာမယ်လို့ ယွမ်ရှောင် တွေးခဲ့မိမည် မဟုတ်ပေ။
“သခင်မလေး”
ချင်ယန်လည်း ရှက်စိတ်နှင့် မခံချိမခံသာ ဖြစ်သော စိတ်တို့ကြောင့် နှုတ်ခမ်းကိုက်ပြီး ခြေဆောင့်လေသည်။
သူမ သခင်မလေးက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးတော့ ဆိုးလာတယ်။ သူမကို တစ်ချိန်လုံး ကျီစားနေတာတာ။ သူမမှာတော့ တကယ် စိတ်ဆိုးသွားပြီး ထင်ပြီးတော့ စိုးရိမ်နေလိုက်ရတာ…။
“ဧကရီနဲ့ မင်းသား၂ ကြွမြန်းလာတယ်”
ယွမ်လောဖုန်း တံခါးအပြင်ကို ခြေလှမ်းလိုက်ချိန်မှာ အပြင်ဘက်မှ အသံက သူမနားထဲသို့ ထိုးဖောက် ဝင်ရောက်လာတယ်။ ထိုအသံက သူမ၏လှပသော မျက်နှာကို အကျည်းတန်စေတယ်။ သူမ၏ အမည်းရောင် မျက်ဝန်းနက်တွေမှ လူသတ်ချင်နေတဲ့ အရိပ်ယောင်တွေကို ထုတ်လွှင့်စေတယ်။
***
စာစဉ်(၇)ပြီးပါပြီ
ဆက်ပါဦးမည်။
***
Bạn đang đọc truyện trên: Truyen247.Pro